ဆိုးဝါးတဲ့နေ့တွေမှာ သင်ပြန်သတိရသင့်တဲ့အချက်များ
အဆိုးဝါးဆုံးနေ့တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သင်ထိုင်ပြီးစိတ်ညစ်နေရုံနဲ့တော့ အခက်အခဲကပြေလည်သွားမှာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ အဆိုးတွေကို သင်ဖြေရှင်းနိင်မယ့်နည်းလမ်းကိုစဉ်းစားရမှာဖြစ်သလို၊ သင်မဖြေရှင်းနိုင်ဘူးဆိုရင် သင့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ထပ်မံကြိုးစားနိုင်ဖို့ အားတင်းရမှာဖြစ်ပါတယ်။ အဲဒီ့လို ဆိုးဝါးတဲ့နေ့တွေကြုံလာတဲ့အခါမှာ သင်ပြန်ပြီးသတိရသင့်တဲ့အချက်တွေဖတ်ပြီးအားတင်းလိုက်ပါ။
သင့်စိတ်ဖိစီးမှုကိုလျော့နည်းစေမယ့် အရိုးရှင်းဆုံးနည်းလမ်း ၇ ချက်
အခုခေတ်က အပြိုင်အဆိုင်များလာသလို၊ ပိုပြီးလည်း ကြိုးစားလာရတဲ့အတွက် စိတ်ဖီစီးမှုက ပိုများလာကြပါတယ်။ သင့်စိတ်ထဲမှာ အရမ်းဖိစီးနေတယ်လို့ခံစားရတဲ့အခါ အရိုးရှင်းဆုံးနည်းလမ်းလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အရင်ကုစားကြည့်ပါ။ အကျင့်လုပ်ပြီး ကျင့်ယူတတ်သွားတဲ့အခါ စိတ်ဖိစီးမှုတိုးလာတယ်လို့ ထင်တိုင်း လုပ်ပေးရုံနဲ့ သိသိသာသာသက်သာစေပါလိမ့်မယ်။
ကိုယ်က အရမ်းကြီး အထူးတလည်ဂရုစိုက်နေပေမယ့် တကယ်တမ်း ဂရုမစိုက်သင့်တဲ့အရာတွေလည်းရှိပါသေးတယ်. တခါတလေ ကိုယ်ကသာ အရမ်း တဖက်လူဘယ်လိုထင်မလဲတွေးနေပေမယ့် ကိုယ်အကြောင်းကို တဖက်လူက သိတောင်မသိလိုက်ဘူးဆိုတဲ့အခြေအနေမျိုးတွေပေါ့။ တခါတလေ ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်တာမျိုးပဲဖြစ်ဖြစ်၊ တခုခုပေါ့. ။ အဲဒါဆိုရင် သင်ဂရုမစိုက်သင့်တဲ့အရာတွေကို ဖတ်ကြည့်လိုက်ပါအုံးနော်။
အခုလက်ရှိအလုပ်က ကိုယ့်ဘဝအတွက်အာမခံချက်မရှိဘူးဆိုရင် ဘာလုပ်သင့်လဲ။
အတော်များများကတော့ ကိုယ့်ဘဝအတွက်အာမခံချက်ရှိတဲ့အလုပ်ကိုပဲလိုချင်ကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်လက်ရှိအခြေအနေအကြောင်းကြောင့် လုပ်နေရတဲ့အလုပ်က ကိုယ့်ဘဝအတွက်ရည်ရှည်အာမခံချက်မရှိဘူးဆိုရင် နောက်ထပ်အလုပ်တစ်ခုခုကို မပြောင်းခင် ပြင်ဆင်သင့်တာတွေ၊ ဖြည့်သင့်တဲ့ဝမ်းစာကိုဖြည့်ထားသင့်ပါတယ်။ ဘာအချက်တွေဖြစ်မလဲဆိုတာဖတ်ကြည့်ပါအုံး။
ကလေးရဲ့ EQ ကောင်းဖို့ဘာတွေသင်ပေးမလဲ။
ကလေးတွေကို IQ / EQ ၂မျိုးလုံး သင်ပေးဖို့လိုပါတယ်။ IQ ကတော့ ဥာဏ်ရည်ထက်မြင်ခြင်းပေါ်မတူည်ပြီး EQ ကတော့ လူမှုဆက်ဆံရေးနဲ့ ဘဝမှာ အဆင်ပြေအောင်နေထိုင်နိုင်ခြင်းပေါ်မူတည်နေပါတယ်။ တကယ်တမ်းက EQ ကောင်းတဲ့သူတွေဟာ ဘဝမှာပိုပြီးအောင်မြင်အဆင်ပြေကြတယ်လို့ဆိုပါတယ်။ ၂မျိုးလုံးကို ကလေးတစ်ယောက်ငယ်စဥ်ကတည်းက ပြုပြင်ထိန်းကျောင်းပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ EQ ကောင်းဖို့အတွက် အဓိကကတော့ လူကိုလူလို့မြင်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့၊ ကိုယ်မကြိုက်ရင် အခြားသူမကြိုက်တာမျိုးကိုလည်း မလုပ်မိစေဖို့ဆိုတဲ့ အခြေခံကျတဲ့ နည်းလမ်းကို စသင်ပေးရင်း ကလေးစိတ်ထဲ ကိုယ်ချင်းစာတရားကိုထည့်ပေးလို့ရပါတယ်။
အလုပ်ခွင်မှာအောင်မြင်ဖို့ထားသင့်တဲ့စိတ်ထားများ (၃)
အလုပ်ခွင်မှာ အောင်မြင်တဲ့လူတွေက သူတို့ရဲ့ အလုပ်ခွင်နဲ့ ပတ်သက်တဲ့ခံယူချက်တွေရှိတတ်ပါတယ်။ အလုပ်ခွင်မှာ ကိုယ်က အားနည်းချက်ရှိနေတယ် ဒါမှမဟုတ် ကိုယ်တိုင်လည်း အလုပ်ခွင်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ လက်ရှိလုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့သူတွေကို လေ့လာပြီး အတုယူဖို့လိုပါတယ်။ အလုပ်ခွင်မှာအောင်မြင်နေတဲ့လူအချို့ရဲ့စိတ်ထားတွေကိုဖော်ပြပေးလိုက်ပါတယ်။
ဝမ်းနည်းမှုတွေခံစားရတဲ့အခါ ပြန်တွေးကြည့်သင့်တဲ့အချက်များ
ဝမ်းနည်းမှုတွေခံစားနေရတဲ့အချိန်မှာ ဖြေသိမ့်နိုင်ဖို့အတွက် အတိုဆုံးနဲ့အထိရောက်ဆုံံးဖြစ်စေမယ့် အချက်လေးတွေကို နှလုံးသွင်းကြည့်လိုက်ပါနော်။
တချို့လူတွေကို ပြုပြင်ပေးဖို့ ကြိုးစားလို့မရနိုင်ပါဘူး။ ဘုရားတောင်မှ ကျွတ်ချိန်တန်တဲ့သူကိုမှ အကျွတ်တရားရအောင် တရားဟောနိုင်တာပါ။ တကယ်တော့ ကိုယ်တိုင်ပြုပြင်ချင်စိတ်မရှိတဲ့လူကို ပြုပြင်ပေးဖို့ မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်ကို ပြုပြင်ဖို့ ကြိုးစားပေးရခြင်းက အင်မတန်ပင်ပန်းပါတယ်။ ပြုပြင်ပေးချင်တဲ့သူကသာ ဘေးကနေ အတင်းဖြစ်ချင်စိတ်များနေပေမယ့် ကာယကံရှင်ကိုယ်တိုင်က ဘာမှ စိတ်မပါတဲ့အခါ ဘယ်လိုမှ ပြုပြင်ယူလို့မရနိုင်ပါဘူး။ အဲဒီ့အတွက် ကိုယ်တိုင်ပြုပြင်ဖို့သာ ကြိုးစားသင့်ပါတယ်။ “အခြားသူကို ပြုပြင်မယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ ပြုပြင်ဖို့ကြိုးစားလိုက်ပါ” ဆိုတဲ့စကားအရ အခြားသူကိုပြုပြင်ရတာ ပင်ပန်းပါတယ်။ သင့်စေတနာကို နားမလည်တဲ့အခါမှာလည်း စေတနာက အလကားဖြစ်တတ်ပြန်ပါတယ်။