အခုလက်ရှိအလုပ်က ကိုယ့်ဘဝအတွက်အာမခံချက်မရှိဘူးဆိုရင် ဘာလုပ်သင့်လဲ။

အတော်များများကတော့ ကိုယ့်ဘဝအတွက်အာမခံချက်ရှိတဲ့အလုပ်ကိုပဲလိုချင်ကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်လက်ရှိအခြေအနေအကြောင်းကြောင့် လုပ်နေရတဲ့အလုပ်က ကိုယ့်ဘဝအတွက်ရည်ရှည်အာမခံချက်မရှိဘူးဆိုရင် နောက်ထပ်အလုပ်တစ်ခုခုကို မပြောင်းခင် ပြင်ဆင်သင့်တာတွေ၊ ဖြည့်သင့်တဲ့ဝမ်းစာကိုဖြည့်ထားသင့်ပါတယ်။ ဘာအချက်တွေဖြစ်မလဲဆိုတာဖတ်ကြည့်ပါအုံး။


၁) ကိုယ့်ရဲ့နောက်ထပ်သွားမယ့်နယ်ပယ်ကဘာလဲသိပါစေ။
ခုလက်ရှိလုပ်နေတဲ့အလုပ်နဲ့ နောက်ခံနယ်ပယ်တူတဲ့လုပ်ငန်းခွင်ဖြစ်ရင်ပိုကောင်းပါတယ်။ ဒါမှသာ ခုလက်ရှိလုပ်ငန်းကအတွေ့အကြုံကိုပြောပြနိုင်မှာပါ။ နောက်ထပ်လည်းသင်ယူနိုင်ဖို့လွယ်ကူစေမှာပါ။ အဲဒါအပြင် ခုလက်ရှိအချိန်ကုန်ထားရကျိုးလည်းနပ်စေမှာပါ။ အဲဒါကြောင့် ခုလက်ရှိလုပ်ငန်းခွင်နဲ့နယ်ပယ်ခြင်းတူတာပိုအဆင်ပြေစေမှာပါ။ နယ်ပယ်မတူတာကို မကြာခဏအလုပ်ပြောင်းနေလို့လည်း အချိန်ကုန်တာသာရှိမှာမို့ ကိုယ်တကယ်ဖြစ်ချင်တဲ့နယ်ပယ်ကိုသာ အဓိက သိဖို့လိုပါတယ်။

၂) ကိုယ့်မှာ လိုအပ်နေတဲ့ဝမ်းစာကို ဆန်းစစ်ပါ။
ကိုယ်သွားမယ့် နယ်ပယ်အတွက် ကိုယ့်မှာ နောက်ထပ်တဆင့်တက်နိုင်ဖို့ ဘာ Skill တွေလိုအပ်နေသလဲဆိုတာ လေ့လာဆန်းစစ်ပါ။ လိုအပ်နေတာတွေကို ကြိုတင်သင်ယူထားပါ။

၃) အသိအမှတ်ပြုလက်မှတ်ထက် တကယ်ကျွမ်းကျင်ပါစေ။
အသိအမှတ်ပြုလက်မှတ်က ကိုယ်တတ်ကျွမ်းကြောင်းသက်သေပြဖို့လိုအပ်သလို၊ ကိုယ်တိုင်လည်းတကယ်တတ်ကျွမ်းဖို့လိုအပ်တာမို့ သင်တန်းတွေတက်ပြီး သင်ယူပါ၊ အဲဒါအပြင် ကိုယ်တိုင်လည်း ကျွမ်းကျင်အောင်လေ့ကျင့်ပါ။

၄) အခွင့်အရေးကိုမျက်ခြေမပြတ်ပါစေနဲ့။
လက်ရှိအလုပ်မှာ နေရင်း တဖက်ကလည်း ကိုယ့်အတွက် အာမခံချက်ရှိတဲ့လုပ်ငန်းခွင်ကို လေ့လာပါ။ အခွင့်အရေးရလာရင် လက်လွတ်မခံဘဲ ဝင်ပြီး ဆင်နွဲသင့်ပါတယ်။ အဲဒါကြောင့် အခွင့်အရေးရလာတဲ့အချိန်ကိုယ်လည်း အဆင်သင့်ဖြစ်နေဖို့လိုတာမို့ လိုအပ်ချက်မှန်သမျှကို လေ့လာပြင်ဆင်ထားပါ။ သင်ယူထားပါ။
အထက်ပါအချက်တွေကတော့ အကြမ်းဖြင်းအားဖြင့် လိုအပ်ချက်တွေပါပဲ။ အဓိကကတော့ လက်ရှိလုပ်နေတဲ့လုပ်ငန်းနယ်ပယ်ခြင်းတူတဲ့အခါ ကိုယ့်အတွက်နောက်ခံအတွေ့အကြုံရပြီးသားမို့ ပိုအဆင်ပြေစေမှာဖြစ်ပါတယ်။ အချိန်လည်းအလကားမကုန်တော့ဘဲ အသစ်ကနေစပြီး ပြန်လည်သင်ယူစရာမလိုတော့တာမို့ ပိုအဆင်ပြေစေမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။