ကိုယ်မဟုတ်တဲ့အခြားလူတစ်ယောက်ကို ပြုပြင်ပြောင်းလဲပေးဖို့မကြိုးစားလိုက်ပါနဲ့။ ကိုယ်တိုင်ပြုပြင်ပြောင်းလဲချင်စိတ်မရှိတဲ့သူအတွက် သင့်စေတနာအလကားပါပဲ။ အဲဒီ့အစား သင့်ကိုယ်သင်သာ ပြုပြင်ပြောင်းလဲပစ်လိုက်ပါ။

တချို့လူတွေကို ပြုပြင်ပေးဖို့ ကြိုးစားလို့မရနိုင်ပါဘူး။ ဘုရားတောင်မှ ကျွတ်ချိန်တန်တဲ့သူကိုမှ အကျွတ်တရားရအောင် တရားဟောနိုင်တာပါ။ တကယ်တော့ ကိုယ်တိုင်ပြုပြင်ချင်စိတ်မရှိတဲ့လူကို ပြုပြင်ပေးဖို့ မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်ကို ပြုပြင်ဖို့ ကြိုးစားပေးရခြင်းက အင်မတန်ပင်ပန်းပါတယ်။ ပြုပြင်ပေးချင်တဲ့သူကသာ ဘေးကနေ အတင်းဖြစ်ချင်စိတ်များနေပေမယ့် ကာယကံရှင်ကိုယ်တိုင်က ဘာမှ စိတ်မပါတဲ့အခါ ဘယ်လိုမှ ပြုပြင်ယူလို့မရနိုင်ပါဘူး။ အဲဒီ့အတွက် ကိုယ်တိုင်ပြုပြင်ဖို့သာ ကြိုးစားသင့်ပါတယ်။ “အခြားသူကို ပြုပြင်မယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ ပြုပြင်ဖို့ကြိုးစားလိုက်ပါ” ဆိုတဲ့စကားအရ အခြားသူကိုပြုပြင်ရတာ ပင်ပန်းပါတယ်။ သင့်စေတနာကို နားမလည်တဲ့အခါမှာလည်း စေတနာက အလကားဖြစ်တတ်ပြန်ပါတယ်။


များသောအားဖြင့် မိန်းကလေးတွေက ကိုယ့်ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ကို ပြုပြင်ပြောင်းလဲနိုင်တယ်လို့ အထင်မှားတတ်ကြပါတယ်။ အဲဒါကြောင့်သာ ဆေးလိပ်ဖြတ်ရမယ်တို့၊ ကွမ်းမစားရဘူးတို့၊ အရက်မသောက်ရဘူးဆိုတဲ့ တားမြစ်ချက်တွေပေးတတ်ကြတာပါပဲ။ အဲဒီ့အတွက် လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းဖက်တဲ့အခါမှာလည်း တဖက်လူရဲ့ပင်ကိုယ်ဗီဇကို ကိုယ်တိုင်လက်ခံနိုင်သလားဆိုတာမျိုး စဥ်းစားပြီးမှ ဆုံးဖြတ်သင့်တာဖြစ်ပါတယ်။

တကယ်တော့ ကိုယ်တိုင်ပြုပြင်ချင်စိတ်မရှိတဲ့လူကို ဘယ်လိုမှ ပြုပြင်လို့မရနိုင်ပါဘူး။ လူတစ်ယောက်အတွက် သူလက်ခံထားပြီး သူအသားကျနေတဲ့အရာတစ်ခုကို အခြားလူတစ်ယောက်က ပြုပြင်ပေးလိုက်လို့မဖြစ်နိုင်ဘဲ သူကိုယ်တိုင်ပြုပြင်ချင်စိတ်ရှိမှ ဖြစ်နိုင်တာပါ။ “If you can’t change it, Change your attitude” ဆိုတဲ့စကားအတိုင်းပဲ။ ကိုယ်က မပြုပြင်နိုင်ဘူးဆိုရင် ကိုယ့်ရဲ့အမြင်ကိုသာ ပြောင်းလဲပစ်လိုက်မှရမှာပါ။ “သူ့ကိုတော့ ပြုပြင်ပေးလို့မရနိုင်ပါလား” ဆိုတဲ့အမြင်မျိုးပေါ့။

ပိုးဖလံတွေလိုပါပဲ။ ပိုးဖလံတွေက မီးကို ပူမှန်းမသိလို့တိုးတာပဲဖြစ်ဖြစ်၊ မူမှန်းသိရက်နဲ့တိုးတာပဲဖြစ်ဖြစ်၊ ကိုယ်က ပိုးဖလံကို “မီးမို့ ပူတယ်မီးကိုမတိုးနဲ့” ရယ်လို တားမြစ်လို့မရနိုင်ပါဘူး။ အဲဒီ့သဘောတရားပါပဲ။ တချို့လူတွေကလည်း ပိုးဖလံလိုပါပဲ။ ကိုယ်ကပြုပြင်ပေးဖို့ကြိုးစားရင်း ကိုယ့်ရဲ့ အချိန်တွေ သူ့အတွက်နဲ့ကုန်သွားမယ်၊ ကိုယ့်ရဲ့ စိတ်ရှုပ်မှုတိုးလာမယ်၊ သူ့အတွက်ပူပန်ရတဲ့ပူပန်မှုတိုးလာမယ်၊ ကိုယ့်အတွက် အမှန်တကယ်လုပ်စရာရှိတဲ့ကိစ္စတွေတောင် မလုပ်နိုင်တော့အောင် အချိန်တွေအလကားဖြစ်စေပါတယ်။

အလားတူသဘောတရားပေါ့့။ တချို့လူငယ်လေးတွေ သင်တန်းတက်ဖို့အိမ်က ထားပေးလိုက်ပါတယ်။ ဒါပေမယ့် သင်တန်းသာပြီးသွားတယ်၊ ဘာမှမတတ်ဘူးဆိုတာမျိုးက မိဘက ဘယ်လောက်ဖြစ်စေချင်ပါစေ၊ ကာယကံရှင်ကိုယ်တိုင်က ဒီအရာအပေါ််််မှာ တက်ကြွပြီး ဖြစ်ချင်စိတ်နဲ့ကြိုးစားတာမျိုး မရှိလို့ပါပဲ။ တနည်းအားဖြင့် ငွေဘယ်လောက်အကုန်ခံပါစေ၊ ကိုယ်တိုင်တကယ်ဖြစ်ချင်စိတ်မရှိရင် တိုးတက်ချင်စိတ်မရှိရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ လိုတရအိုးရသွားတဲ့အရက်သမားပုံပြင်ကြားဖူးကြမယ်ထင်ပါတယ်။ အရက်သမားရဲ့အဖေဖြစ်သူဟာ သေလွန်တဲ့အခါ ရုက္ခစိုးနတ်ဖြစ်နေပါတယ်။ သားဖြစ်သူအရက်သမားရဲ့ဘဝအဆင်မပြေတာကို ကြည့်ပြီီး စိတ်မကောင်းတဲ့အဖေဖြစ်သူ ရုက္ခစိုးနတ်မင်းဟာ သူ့အပင်နားကို အရက်သမားအလာမှာ လိုချင်တာရနိုင်တဲ့လိုတရရွှေအိုးတစ်လုံး ပစ်ချပေးလိုက်ပါတော့တယ်။ အဲဒီ့အရက်သမားဟာ ရွှေအိုးကို ရသွားပြီး ဝမ်းသာအားရ ပျော်််််ပျော်််််ကြီး ပျော်််ပါးသောက်စားတော့တာပါပဲ။ သူ့ရဲ့အပေါင်းအသင်းအရက်သမားတွေနဲ့ ဝိုင်းဖွဲ့ပျော်််ပါးတယ်၊ လိုချင်တာ မှန်သမျှ လိုတရအိုးထဲက နှိုက်ယူတယ်။ သူ့ဘဝမှာ လိုတရရွှေအိုးအကူအညီနဲ့ ဒီတစ်သက်တော့ ဘာမှမလိုတော့ဘူးဆိုတဲ့စိတ်နဲဲ့ ပျော်််ပါးသောက်စားလိုက်တာမှာ မူးမူးရူးရူးနဲ့ရွှေအိုးကို မြှောက်ပင့်ကစားရာကနေ ရွှေအိုး ကျကွဲသွားပြီီး ဘဝပျက်ပါလေရောတဲ့။
အဲဒါကြောင့် တချို့လူတွေကို ကယ်မရဘူးလို့ပြောတတ်ကြတာပါ။ သူတို့ကိုယ်တိုင်တောင်မှ သူတို့အတွက် ကြိုးစားရကောင်းမှန်း၊ ပြုပြင်ရကောင်းမှန်းမသိရင် အခြားဘယ်လိုတန်ခိုးရှင်မျိုးကမှ သူတို့အတွက် ဖန်ဆင်းပေးလို့လည်း အရာမရောက်နိုင်ပါဘူး.။

အဲဒါကြောင့်သာ ဆေးရုံတက်အရက်ဖြတ်ရက်နဲ့ အရက်သောက်ရင်းသေသွားရတဲ့လူတွေ၊ ဆေးရုံတက်ဆေးဖြတ်ပေမယ့် ဆေးသမားပြန်ဖြစ်သွားတဲ့လူတွေရယ်လို့ရှိလာတာပါပဲ။ တကယ်လို့များ သင့်ဘဝမှာ လူတစ်ယောက်ကို ပြုပြင်ယူမယ်လိုစဥ််းစားဖူးတယ်ဆိုရင် ထိုလူက သူကိုယ်တိုင်ပြုပြင်ချင်စိတ်ရှိရဲ့လား၊ သေချာရဲ့လားဆိုတာကို စောင့်ကြည့်ဖို့က အချိန်အတိုင်းအတာတစ်ခုလိုပါသေးတယ်။ တခါတလေမှာ တချို့လူတွေဟာ သိကြားမင်းဆင်းပြီးပြုပြင်ပြောင်းလဲပေးရင်တောင် ရမှာမဟုတ်နိုင်ဘူးဆိုတာကို လက်ခံသင့်လက်ခံရပါလိမ့်မယ်နော််။
အဲဒီ့အစားပြုပြင်မရတဲ့သူကို မပြုပြင်ဘဲ ကိုယ်တိုင်သာ သူတို့ကိုကြည့်ပြီး သင်ခန်းစာယူ ပြုပြင်လိုက်တာ အကောင်းဆုံးပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။