ကိုးကားစာများ

ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

ဆွဲဆောင်မှုမြင့်မားသောလူတွေရဲ့အကျင့် ၇မျိုး

ဆွဲဆောင်မှုရှိတဲ့သူဆိုတာ မြင်လိုက်တာနဲ့ ဟာ….ခနဲဖြစ်သွားလောက်အောင် ရုပ်ရည်ချောမောသူကိုပြောတာမျိုးမဟုတ်ပါဘူး။ သူနဲ့ပေါင်းသင်းရတဲ့အခါ ပေါင်းသင်းခင်မင်ချင်စိတ်ဖြစ်လာအောင် ပေါင်းသင်းဆက်ဆံရအဆင်ပြေတဲ့သူမျိုးပါ။ အဲဒါအပြင် သူက လူအများကြားရောက်လာပြီဆိုတာနဲ့ လူတိုင်းက သူနဲ့စကားပြောရတာကို ၊ သူဘာပြောမလဲဆိုတာမျိုးကို ဂရုတစိုက်စောင့်ကြည့်ချင်စိတ်ဖြစ်လာစေတဲ့သူမျိုးပေါ့။ အဲလိုလူမျိုးဖြစ်ဖို့ သင့်ရုပ်ရည်က မှုန်နေအောင် ချောနေစရာမလိုပါဘူး။ အောက်ကအချက်လေးတွေပဲရှိရင်ရပါပြီနော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

တစ်ကိုယ်ရေ သန့်ရှင်းရေး၏အရေးပါပုံ

တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုတဲ့အထဲမှာ မနက်အိပ်ရာထတာနဲ့ မျက်နှာသစ်မယ်၊ သွားတိုက်မယ်၊ ရေချိုးမယ်၊ ခေါင်းလျှော်မယ်၊ သန့်ရှင်းတဲ့ အဝတ်အထည်တွေ ဝတ်ဆင်မယ် စတဲ့အချက်တွေ အကုန်လုံးပါဝင်ပါတယ်။ ကျွန်တော်တို့က ဘာလို့ အဲဒီ့သန့်ရှင်းရေးတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို လုပ်နေကြတာလဲ။ သင်ငယ်စဉ်ကတည်းက အဲလိုနေပါ၊ အဲလိုသန့်ရှင်းရေးလုပ်ပါလို့ သင်ကြားပေးခြင်းခံခဲ့ရတာမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအချက်တွေက သင့်ကို နည်းလမ်းပေါင်းများစွာနဲ့ အကျိုးသက်ရောက်စေပါတယ်။ အဲလို ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ကျန်းမာရေးနဲ့ အများကြီး တိုက်ရိုက်ပတ်သက်မှုရှိနေပါတယ်။ အဲဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးက ဘာလို့အရေးကြီးတာလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ရုံးပတီသီးစားခြင်းရဲ့ကောင်းကျိုးများ

ရုံးပတီသီးကို lady’s finger လို့လည်း ခေါ်ကြပါတယ်။ အစိမ်းရောင်ဖြစ်ပြီး ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အသီးအနှံထဲမှာလည်း တွေ့နေကျဖြစ်မှာပါ။ ရုံးပတီသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝပြီး ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီနဲ့စီ၊ ကယ်လဆီယမ် နဲ့အမျှင်ဓာတ်များ ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်တွေက ကျန်းမာရေးအတွက်အများကြီးအကျိုးရှိပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

သင့်ကို ကျရှုံးအောင်နှောင့်ယှက်နေသောအကျင့် ၆ခု

သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်လား ဒါမှမဟုတ် ရည်မှန်းချက်ရှိပြီး ထိုရည်မှန်းချက်ကိုအကောင်အထည်ဖော်ရာမှာ ဘာလို့များ မအောင်မြင်နိုင်သေးတာပါလဲလို့ အတွေးခက်နေလား။ တခါတလေ ကိုယ့်ကိုကိုယ်ကျရှုံးအောင်လုပ်နေမိတဲ့အကျင့်ဆိုးတွေ ကိုယ်တောင်မသိလိုက်ဘဲ ရှိနေတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာ သင့်ကိုကျရှုံးအောင်လုပ်နေမိတဲ့အကျင့် ၆ခုကိုဖော်ပြပေးထားပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

အခြားသူများက သင့်ကိုဘယ်လိုထင်မလဲဆိုတဲ့အတွေးတွေကို အဆုံးသတ်လိုက်ပါတော့။

လူတိုင်းကိုလိုက်ပြီး ဂရုစိုက်နေဖို့က မလွယ်ပါဘူး။ သင့်နောက်ကွယ်မှာ သင့်ကိုမနာလိုတဲ့သူမျိုး၊ အတင်းပြောတဲ့သူမျိုးက အမြဲတမ်းလိုရှိနေမှာပါပဲ။ ဒါပေမယ့် သင့်ကျေနပ်မှုကိုသာ သင်အာရုံစိုက်သင့်ပါတယ်။ အခြားသူတွေက သင်နဲ့ပတ်သတ်ပြီး ဒါမှမဟုတ် သင့်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာတွေတွေးနေမလဲ၊ ဆိုတာကို စိုးရိမ်ပူပန်နေခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုမှာ ဖိစီးမှုတွေဖြစ်လာနိုင်တာကလွဲပြီး ဘာမှမကောင်းပါဘူး။ သင်မှတ်ထားရမှာက ဘဝမှာသင်တစ်ခါပဲအသက်ရှင်ခွင့်ရမှာပါ ၊ အဲဒါကြောင့် အကောင်းဆုံးဖြစ်အောင်ရှင်သန်ဖို့ပါပဲ။ အခြားသူများရဲ့အမြင်နဲ့ သင့်ဘဝကို ချုပ်ကိုင်ထားဖို့ခွင့်မပြုပါနဲ့။ သင်ယုံကြည်တာအတွက် ရဲရဲရပ်တည်လိုက်ပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သဘောၤသီးစားသုံးခြင်းရဲ့ကျန်းမာရေးကောင်းကျိုး ၁၃ခု

သဘောၤသီးက အတွင်းပိုင်းမှာ ဂျယ်လီကဲ့သို့အစေ့လေးတွေပါတဲ့ လိမ္မော်ရောင်ရှိတဲ့အပူပိုင်းဒေသအသီးတစ်မျိုးဖြစ်ပါတယ်။ သူတို့မှာ မယုံနိုင်စရာကောင်းလောက်အောင် ကျန်းမာရေးအတွက်အကျိုးရှိပါတယ်။ အစာခြေစနစ်ကိုကောင်းမွန်စေဖို့ ၊ ခုခံအားကောင်းဖို့ ၊ ဝိတ်ကျစေဖို့၊ အမြင်အာရုံကောင်းစေဖို့နဲ့ ဖိစီးမှုတွေအတွက် ကောင်းမွန်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တော်တော်များများလည်း ပါဝင်ပြီး အစွမ်းထက် antioxidants တွေနဲ့ အဆီ၊ ကယ်လိုရီနည်းပါးတဲ့အတွက် အာဟာရအတွက် အကောင်းဆုံးဖြစ်တဲ့အသီးဖြစ်ပါတယ်။ အရသာရှိပြီး အာဟာရပြည့်ဝတဲ့သင်္ဘောသီးရဲ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

ကလေးတွေကို မအော်၊ မဆူဘဲ ပြောစကားနားထောင်အောင်လုပ်ဖို့

ကလေးကို ဘယ်လိုပြောဆိုဆက်ဆံခြင်းက ကလေးနဲ့ကိုယ်ကြား နားလည်မှုမလွယ်ဘဲ ပဋိပက္ခမဖြစ်ရဘဲ ကိုယ်ပြောတဲ့စကားကို ကလေးနားလည်လက်ခံအောင် ဘယ်လိုလုပ်မလဲဆိုတာမျိုးက ပညာပါပါတယ်။ ကလေးတစ်ယောက်ကို ထိန်းကျောင်းရတာက အခြားအရာတွေထက်အများကြီးခက်ပါတယ်။ အဲဒါကြောင့် သင့်နဲ့သင်ကလေးကြား မအော်ဟစ်ရဘဲ၊ မဆူပူရဘဲ အဆင်ပြေစေမယ့်နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။

ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

သင့်ကိုယ်သင်ကတိပေးသင့်သောအချက် ၇ခု

သင်ပေးတဲ့ကတိတိုင်းကိုတည်နိုင်အောင်ထိန်းပါ၊ သင်တည်အောင်ထိန်းနိုင်တဲ့အရာတွေကိုသာ ကတိပေးပါဆိုတဲ့စကား ကြားဖူးကြမယ်ထင်ပါတယ်။ ကတိဆိုတာ အခြားသူများကိုပေးပြီးရင် တန်ဖိုးထားတည်အောင်ကြိုးစားဖို့ အရေးကြီးပါတယ်။ အဲဒါဆိုရင် ကိုယ့်ကိုကိုယ်ကတိပေးပြီး တည်အောင်ကြိုးစားဖို့ကော မလိုဘူးလား။ ကိုယ့်ဘဝတိုးတက်စေမယ့်ကတိ၊ ကိုယ့်ရဲ့နေ့စဉ်လုပ်ရပ်တွေမှာ ကောင်းတာတွေဖြစ်စေမယ့်ကတိ စသည်ဖြင့် ကိုယ့်အတွက်အကောင်းတွေဖြစ်စေမယ့်ကတိတွေ ကိုယ့်ကိုကိုယ်ပေးပြီး တည်အောင်ကြိုးစားမယ်ဆိုရင် ကိုယ့်ဘဝက ဒီထက်တောင် တိုးတက်လာနိုင်တယ်မဟုတ်ဘူးလား။ အဲဒါကြောင့် သင့်ကိုသင်ဘယ်လိုကတိတွေပေးသင့်တယ်ထင်ပါသလဲ။ သင့်ကိုယ်သင် ကတိပေးပြီး တည်အောင်ကြိုးစားသင့်တဲ့ကတိ ၇ခုကိုဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဖရုံသီးစားခြင်းရဲ့ ကောင်းကျိုး ၁၀ ချက်

ဖရုံသီးမှာ ဗီတာမင်အေ၊ ဘီကွန်ပလက်၊ စီနဲ့ အီး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်၊ မဂ္ဂနီစ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ ဖော့စရတ်၊ ကြေးနီ၊ ဖောလိတ်၊ ကာရိုတီးနွိုက်နဲ့ အခြား အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းတွေပါဝင်ပါတယ်။ ဖရုံသီးစားခြင်းက သင့်ကျန်းမာရေးကို ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာ အချက် ၁၀ချက်နဲ့ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

သင့်အလုပ်ခွင်မှာ ပျော်ရွှင်စေမယ့် နည်းလမ်း ၆ခု

အလုပ်ခွင်မှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အလုပ်ခွင်ကို ထိခိုက်စေတဲ့ မတူညီကြတဲ့ ရိုက်ခတ်မှုတွေအမျိုးမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာအချိန်သုံးပုံတစ်ပုံကို အလုပ်ခွင်မှာကုန်ဆုံးနေရတာမို့ ထိုအချိန်ပိုင်းအတွင်းမှာ ပျော်ရွှင်နေတာပိုကောင်းပါတယ်။ ပိုပြီးလည်း အလုပ်တွေပြီးမြောက်နိုင်သလို၊ ပိုပြီးအောင်မြင်နိုင်တာပေါ့။ အောက်မှာဖော်ပြထားတဲ့အချက် ၆ချက်က အလုပ်ခွင်မှာ ပျော်ရွှင်ဖို့နဲ့ အနှောင့်အယှက်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။