ရုံးပတီသီးစားခြင်းရဲ့ကောင်းကျိုးများ

ရုံးပတီသီးကို lady’s finger လို့လည်း ခေါ်ကြပါတယ်။ အစိမ်းရောင်ဖြစ်ပြီး ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အသီးအနှံထဲမှာလည်း တွေ့နေကျဖြစ်မှာပါ။ ရုံးပတီသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝပြီး ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီနဲ့စီ၊ ကယ်လဆီယမ် နဲ့အမျှင်ဓာတ်များ ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်တွေက ကျန်းမာရေးအတွက်အများကြီးအကျိုးရှိပါတယ်။


၁) ဆီးချိုရောဂါအတွက် သင့်တော်သောအစားအစာဖြစ်ခြင်း
အမျှင်ဓာတ်များပြားစွာပါဝင်မှုကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာစားချင်စိတ်ကိုလျော့ကျစေနိုင်ပါတယ်။ အချိန်တန်ကြာအောင် ဗိုက်ပြည့်နေစေပါတယ်။ ဆီးချိုသမားတွေအတွက် အထူးသင့်တော်တဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုထိန်းပေးနိုင်ပါတယ်။ myricetin ဓာတ်ပါဝင်တာကြောင့် သွေးထဲကသကြားစုပ်ယူမှုပမာဏ နည်းစေပါတယ်။
၂) နှလုံးရောဂါကို ကာကွယ်ဖို့ကူညီပေးနိုင်ခြင်း
အမျှင်ဓာတ်က သွေးထဲက မကောင်းတဲ့ကိုလက်စထေရောတွေကိုကျစေဖို့ ကူညီပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီသီးလိုစားစရာမျိုးက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်းကို အန္တရာယ်ကိုလျော့ကျစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်လည်း ပေါများတဲ့အတွက် ပုံမှန်သွေးဖိအားပမာဏဖြစ်အောင်ထိန်းပေးနိုင်ပြီး သွေးခဲခြင်းကိုလျော့ကျခြင်းကြောင့် နှလုံးကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
၃) ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း
ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ lectin ဓာတ်ပါဝင်ပါတယ်။ ထိုဓာတ်က ရင်သားကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ရာတွင်ကူညီနိုင်ပါတယ်။ ကင်ဆာဆဲလ်ကြီးထွားခြင်းကို ၆၃ရာခှိုင်နှုန်းအထိ လုံးဝအမြစ်ဖြတ်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဖောလိတ်ဓာတ်လဲကြွယ်ဝတဲ့အတွက် ကင်ဆာကိုကာကွယ်ဖို့မရှိမဖြစ်ဓာတ်ပါပဲ။ ဖောလိတ်ဓာတ်ချို့တဲ့သောအခါ ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်လည်တံကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုအန္တရာယ်များတယ်လို့ဖော်ပြကြပါတယ်။
၄) အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
အမျှင်ဓာတ်ကြောင့်ပဲ ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့ကူညီပေးနိုင်ပြီး အစာခြေစနစ်ပုံမှန်ဖြစ်ဖို့ တာဝန်ယူပါယတ်။ အမျှင်ဓာတ်ပေါများစွာ ပါဝင်ခြင်းက အူမကြီးကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းနည်းပါးစေနိုင်ပါတယ်။ အမျှင်ဓာတ်က ပြည့်အင့်စေတဲ့အတွက် ဝိတ်ကျဖို့အကူအညီဖြစ်စေနိုင်ပါတယ်။
၅) အမြင်အာရုံကောင်းမွန်စေခြင်း
ဗီတာမင်အေနဲ့ ဘီတာကရိုတင်းဓာတ်ကြွယ်ဝခြင်းက သင့်ရဲ့အမြင်အာရုံကို ကောင်းမွန်စေတဲ့အာဟာရဓာတ်နှစ်မျိုးဖြစ်ပါတယ်။
၆) ကိုယ်ဝန်ဆောင်အတွက် အကျိုးရှိစေနိုင်ခြင်း
ဖောလိတ်ဓာတ်က ကိုယ်ဝန်ဆောင်ချိန်အတွင်း အရမ်းလိုအပ်ပြီး အရေးကြီးတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်လမစေ့ဘဲ မီးဖွားခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဗီတာမင်စီလည်းပါဝင်တဲ့အတွက် သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်၊ အဲဒါကြောင့် သံဓာတ်မပြည့်ဝလို့ ကိုယ်ဝန်ဆောင်ချိန်အတွင်းဖြစ်နိုင်တဲ့ပြဿနာတွေ သွေးအားနည်းခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှု၊ ကြီးထွားမှုနောက်ကျခြင်းမျိုးမဖြစ်စေနိုင်တော့ပါဘူး။ သွေးနီဥတွေတိုးပွားစေပြီး သန္ဓေသားကြီးထွားမှုအတွက်လိုအပ်ပါတယ်။
၇) အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း
ဗီတာမင်အေနဲ့ ဘီတာကရိုတင်းပါဝင်ပါတယ်။ ဘီတာကရိုတင်းက အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အရေပြားကိုလည်း ကြည်လင်စေပါတယ်။ ဗီတာမင်အေကတော့ အရေအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

https://www.stylecraze.com/articles/amazing-benefits-of-okraladys-finger/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။