အခြားသူများက သင့်ကိုဘယ်လိုထင်မလဲဆိုတဲ့အတွေးတွေကို အဆုံးသတ်လိုက်ပါတော့။

လူတိုင်းကိုလိုက်ပြီး ဂရုစိုက်နေဖို့က မလွယ်ပါဘူး။ သင့်နောက်ကွယ်မှာ သင့်ကိုမနာလိုတဲ့သူမျိုး၊ အတင်းပြောတဲ့သူမျိုးက အမြဲတမ်းလိုရှိနေမှာပါပဲ။ ဒါပေမယ့် သင့်ကျေနပ်မှုကိုသာ သင်အာရုံစိုက်သင့်ပါတယ်။ အခြားသူတွေက သင်နဲ့ပတ်သတ်ပြီး ဒါမှမဟုတ် သင့်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာတွေတွေးနေမလဲ၊ ဆိုတာကို စိုးရိမ်ပူပန်နေခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုမှာ ဖိစီးမှုတွေဖြစ်လာနိုင်တာကလွဲပြီး ဘာမှမကောင်းပါဘူး။ သင်မှတ်ထားရမှာက ဘဝမှာသင်တစ်ခါပဲအသက်ရှင်ခွင့်ရမှာပါ ၊ အဲဒါကြောင့် အကောင်းဆုံးဖြစ်အောင်ရှင်သန်ဖို့ပါပဲ။ အခြားသူများရဲ့အမြင်နဲ့ သင့်ဘဝကို ချုပ်ကိုင်ထားဖို့ခွင့်မပြုပါနဲ့။ သင်ယုံကြည်တာအတွက် ရဲရဲရပ်တည်လိုက်ပါ။


အခြားသူများကို ဂရုစိုက်နေခြင်းကို ရပ်ပစ်ပါ၊ တကယ်တမ်း ဘယ်သူကမှ သင့်ကို ဂရုမစိုက်အားပါဘူး။
ကျွန်တော်တို့ရဲ့နေ့ရက်တွေတိုင်းကို အခြားသူတွေက ငါတို့ကိုဘယ်လိုထင်မလဲ၊ အခြားသူတွေက ငါတို့ကိုဘယ်လိုလေ့လာနေသလဲဆိုတာလောက်ပဲတွေးပြီး ကုန်ဆုံးနေတတ်ပါတယ်။ ဒါပေမယ့် တကယ်တော့ အခြားသူတွေကလည်း ဒါကိုပဲတူညီစွာတွေးနေကြတာပါပဲ။ လူတစ်ယောက်ရဲ့ကမ္ဘာက သူတို့တွေးနေတဲ့အရာတွေ နဲ့ သူတို့ရဲ့အတ္တတွေနဲ့ဆက်စပ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒါကဘာကိုဆိုလိုချင်တာလဲဆိုတော့ သင်ကအခြားသူတစ်ယောက်ကို တိုက်ရိုက်သက်ရောက်အောင် ဒါမှမဟုတ် အခြားသူတွေရဲ့ဘဝကို မထိခိုက်စေပြီးဆိုရင် သင့်အကြောင့်ကိုချည်း အချိန်ပြည့်လိုက်စဉ်းစားနေဖို့တောင် သူတို့မှာအချိန်မရှိဘူးဆိုတာပါပဲ။ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သင်နားလည်လာတဲ့အခါ သင့်အတွက် ကြီးမားတဲ့လွတ်မြောက်မှုကြီးတစ်ခုလိုဖြစ်သွားမှာပါ။
သင့်အတွက် ဘယ်အရာကအကောင်းဆုံးဖြစ်သလဲဆိုတာကို သိတဲ့သူက သင်တစ်ဦးတည်းသာရှိပါတယ်။
သင့်အတွက်အကောင်းဆုံးကဘာလဲဆိုတာကို သင်သာလျှင်သိနိုင်တာပါ။ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာသင်ပြုလုပ်ပြီး အဲဒီ့အတွက် အပြည့်အဝတာဝန်ယူဖို့ သင်ယူပါ။ သင်ကျရှုံးခဲံ့ရင်တောင် အခြားသူတွေကိုအပြစ်ဖို့မယ့်အစား အနည်းဆုံးတော့ သင်ထိုကျရှုံးမှုတွေထဲက ပြန်သင်ယူနိုင်ပါသေးတယ်။ အဲဒါကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်နိုင်တာကို ကိုယ့်ဆုံးဖြတ်ချက်နဲ့သာ ကိုယ်လုပ်ပါ။ အခြားသူရဲ့အထင်တွေ၊အမြင်တွေနဲ့ အခြားသူစကားနားယောင်ပြီးမဆုံးဖြတ်ပါနဲ့။
သင့်တန်ဖိုးကို သင်သိပါစေ။
သင့်ဘဝမှာ သင်တကယ်တန်ဖိုးထားတဲ့အရာကဘာလဲ ၊ ဘယ်အရာကအရေးကြီးတာလဲဆိုတာကို သင်သိပါ။ သင့်မှာတကယ့်အစစ်အမှန်ကဘာရှိတာလဲ၊ ဘာတွေဖြစ်နိုင်သလဲဆိုတာကို သိပါ။ အခြားသူတွေက သင့်ကိုဘယ်လိုထင်ထင် အရေးမကြီးပါဘူး။ အဓိကက သင်မှန်ကန်တာကိုလုပ်တယ်၊ သင်ကိုယ်တိုင်အတွက်လည်း တန်ဖိုးရှိတယ်၊ အခြားသူအတွက်လည်း အကျိုးမယုတ်စေဘူးဆိုရင် အခြားသူကဘယ်လိုထင်ထင်ကိစ္စမရှိပါဘူး။
သင့်ရဲ့အိမ်မက်တွေနဲ့အတူရှင်သန်ပါ။
အခြားသူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲလို့တွေးပြီး ပူပန်နေရင် သင်လိုချင်တဲ့ဘဝမျိုါ်ကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ သင့်ရဲ့ဂုဏ်သတင်းနဲ့ သင့်ရဲ့အကျင့်သိက္ခာကို သင်သာလျှင်မြင့်တင်နိုင်တာပါ။ အခြားသူတွေက ဘယ်လိုထင်နေမလဲဆိုတာကို တွေးနေသရွေ့တော့ မှန်ကန်တာတွေလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။
ဘဝကတိုတိုလေးပါ။
သင့်ရည်မှန်းချက်ကိုရောက်အောင်သွားပါ။ အခြားသူတွေကိုဂရုစိုက်နေခြင်းကို ရပ်တန့်ပစ်ပါ။ သင့်ဘဝကို သင်တစ်ကြိမ်သာရှင်သန်ခွင့်ရမှာမို့ သင်ဖြစ်ချင်တဲ့ဘဝဖြစ်ခွင့်ရအောင်ကြိုးစားပါ။ အခြားသူတွေရဲ့အတွေးကို လိုက်ပူပန်ခြင်းနဲ့သာ ကုန်ဆုံးမနေပါနဲ့။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။