ဆွဲဆောင်မှုမြင့်မားသောလူတွေရဲ့အကျင့် ၇မျိုး

ဆွဲဆောင်မှုရှိတဲ့သူဆိုတာ မြင်လိုက်တာနဲ့ ဟာ….ခနဲဖြစ်သွားလောက်အောင် ရုပ်ရည်ချောမောသူကိုပြောတာမျိုးမဟုတ်ပါဘူး။ သူနဲ့ပေါင်းသင်းရတဲ့အခါ ပေါင်းသင်းခင်မင်ချင်စိတ်ဖြစ်လာအောင် ပေါင်းသင်းဆက်ဆံရအဆင်ပြေတဲ့သူမျိုးပါ။ အဲဒါအပြင် သူက လူအများကြားရောက်လာပြီဆိုတာနဲ့ လူတိုင်းက သူနဲ့စကားပြောရတာကို ၊ သူဘာပြောမလဲဆိုတာမျိုးကို ဂရုတစိုက်စောင့်ကြည့်ချင်စိတ်ဖြစ်လာစေတဲ့သူမျိုးပေါ့။ အဲလိုလူမျိုးဖြစ်ဖို့ သင့်ရုပ်ရည်က မှုန်နေအောင် ချောနေစရာမလိုပါဘူး။ အောက်ကအချက်လေးတွေပဲရှိရင်ရပါပြီနော်။


၁) ဟာသအမြင်ရှိခြင်း
ဘဝက အချိန်တိုင်းလို ခက်ခဲနေတတ်ပါတယ်။ ကျွန်တော်တို့က များပြားလှတဲ့စိန်ခေါ်မှုတွေနဲ့ အမြဲ မျက်နှာချင်းဆိုင်ပြီး စမ်းသပ်ခံနေရတာပါ။ အဲဒါကြောင့် အခက်အခဲမှန်သမျှကို ရယ်မောပစ်လိုက်ခြင်းက ဝေဒနာတွေကို လျော့စေပါတယ်။ ရယ်မောခြင်းက ကျွန်တော်တို့ကို တိုက်ရိုက်ပဲဖြစ်စေ အခြားသူများကိုလည်းဖြစ်စေ ကောင်းမွန်စေပါတယ်။ အဲဒါကြောင့် အခြားသူများကို ရယ်မောစေနိုင်တဲ့ ဟာသအမြင်ရှိတဲ့သူက အခြားသူများတွေထက်ကို ပိုပြီးဆွဲဆောင်မှုရှိစေတာပေါ့။
၂) ဘဝအတွက်စိတ်အားထက်သန်တဲ့ရည်မှန်းချက်ရှိခြင်း
အခြားသူတွေက သူတို့ရဲ့အကြံံဉာဏ်တွေကို ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်တယ်ဆိုရင် ထိုသူမျိုးကို ကျွန်တော်တို့က အသိအမှတ်ပြုကြတာပဲလေ။ စိတ်အားထက်သန်ခြင်းက ရည်မှန်းချက်အတွက် မျိုးစေ့ပါပဲ။ ရည်မှန်းချက်အတွက် စိတ်အားထက်သန်တယ်ဆိုရင် ဦးတည်ရာလမ်းကြောင်းနဲ့ စိတ်ဓာတ်က ခိုင်မာတာပါပဲ။ အဲဒါကြောင့် ဘဝမှာ တစ်စုံတစ်ခုအတွက် စိတ်အားထက်သန်ခြင်းမရှိရင် အဓိပ္ပါယ်မရှိနိုင်ပါဘူး။ အဲဒါကြောင့် ဘယ်လောက်ခက်ခဲပါစေ….တစ်စုံတစ်ခုအတွက် ရှင်သန်ပါ။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အပေါ်မှာ စိတ်အားထက်သန်စိတ်များတဲ့အခါ တကိုယ်ကောင်းဆန်ခြင်းကင်းမဲ့လာတတ်ပါတယ်။ အဲဒါက လူတွေကိုပိုပြီး ဆွဲဆောင်နိုင်တဲ့အချက်ဖြစ်သွားပါတယ်။ သင်ချစ်တဲ့မိသားစုတွေ၊ သူငယ်ချင်းတွေ၊ အလုပ်နဲ့ တစ်စုံတစ်ခုအတွက်ပေါ့။
၃) ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိခြင်း
တစ်ခုခုဆို ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိခြင်းက တိုက်ရိုက်အာရုံသိရှိနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ခက်ခဲတဲ့ဆုံးဖြတ်ချက်လို ဆုံးဖြတ်ချက်မျိုးကို ချက်ချင်းချပြီး ချက်ချင်းလုပ်ဆောင်တတ်ခြင်းက ပင်ကိုယ်အရည်အချင်းတစ်မျိုးပါပဲ။ အဲဒါက လူတွေကို ဆွဲဆောင်မှုရှိစေတာပါ။
၄) အခြားသူများကိုကော ကိုယ့်ကိုကိုယ်ကော ကြင်နာတတ်ခြင်း
ကျွန်တော်တို့ကို အမြဲကြင်နာတတ်သောလူတွေနဲ့သာ ဝန်းရံထားဖို့ ကြိုးစားတတ်ကြပါတယ်။ လူတော်တော်များများက ကြင်နာတတ်တဲ့သူကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။ သူစိမ်းပဲဖြစ်ဖြစ် မိတ်ဆွေပဲဖြစ်ဖြစ် ကြင်နာတတ်သူဖြစ်ရင်ပေါ့။ ကိုယ်ချင်းစာတတ်တဲ့စိတ်နဲ့ ကြင်နာစွာပြုမူတတ်တဲ့အပြုအမူမျိုးကို လူသားဆန်ခြင်းဆိုပြီး လူတိုင်းလိုသဘောကျတတ်ကြတယ်မဟုတ်လား။
၅) ပွင့်လင်းခြင်း
မပွင့်လင်းခြင်းက လျစ်လျူရှုခြင်းလက္ခဏာပါပဲ။ ကျွန်တော်တို့ကိုလျစ်လျူရှုခြင်းကို ကျွန်တော်တို့ ရွံ့ရှာမုန်းတီးတတ်ကြပါတယ်။ ဖော်ရွေပြီး ပွင့်လင်းတဲ့ဆက်ဆံမှုပုံစံမျိုးက လူတွေကို စည်းလုံးမှုပိုရှိလာစေတယ်နိုင်ပါတယ်။ အဲလိုပွင့်လင်းပြီး ဖော်ရွေတဲ့သူမျိုးကို လူတော်တော်များများက စိတ်ဝင်စားတတ်ကြပါတယ်။
၆) ကိုယ့်ကိုကိုယ်ယုံကြည်မှုတယ်လို့ထင်ရခြင်း
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာအောင် လေ့ကျင့်ဖို့က ခက်ခဲပါတယ်။ လူအများစုက စိတ်မလုံခြုံသလိုခံစားချက်ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အချို့ကတော့ သူတို့လုပ်ချင်တဲ့အရာပေါ် အာရုံစိုက်နိုင်ကြတာမို့ ပိုကောင်းတဲ့သူဖြစ်လာနိုင်ပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတယ်လို့ထင်ရတဲ့သူတွေနဲ့ ဝန်းရံထားခြင်းက စိတ်မလုံခြုံမှုခံစားနေရတဲ့သူတွေအတွက် ပိုပြီးလုံခြုံမှုရှိသလို ခံစားရစေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းက ဆွဲဆောင်မှုမဟုတ်ပါဘူး၊ ကူးစက်တတ်တဲ့ရောဂါလိုမျိုးပါပဲ။
၇) အခြားသူများရဲ့အမြင်ကိုလက်ခံပေးခြင်း
ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်က အခြားသူများရဲ့အမြင်ကိုလည်း အတင်းမငြင်းဆန်တတ်ပါဘူး။ လူတိုင်း သူ့အမြင်နဲ့သူလွတ်လပ်စွာ ထင်မြင်ခွင့်ရှိတာကို နားလည်တတ်သူပါ။ သူ့အမြင်မှန်တယ် ကိုယ့်အမြင်မှန်တယ်လို့ ငြင်းနေတာထက် “မင်းအမြင်က ဒီလိုလား….ဖြစ်နိုင်ပါတယ်။ ငါ့အမြင်လည်း ဖြစ်နိုင်မလား နားထောင်ပေးကြည့်အုံး” ဆိုပြီး ငြင်းခုံတာထက် ညှိုနှိုင်းတဲ့ဘက်ကို ရောက်အောင်သွားတတ်ပါတယ်။ အဲလိုမျိုး အခြားသူရဲ့အမြင်ကိုလည်း လက်ခံပေးတတ်သူကို လူအများစုက သဘောကျတတ်ကြပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။