စိတ်ဓာတ်ခွန်အား

စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

မိမိကိုယ်သာ ကိုးကွယ်ရာ……

Life isn't finding shelter in the storm. It's about learning to dance in the rain. Sherrilyn Kenyon ပြောထားတဲ့စကားလေးက သိပ်ကိုလှပါတယ်။ “ဘဝဆိုတာ မုန်တိုင်းထဲမှာ ခိုလှုံရာရှာရမှာမဟုတ်ပါဘူး။ မိုးစက်တွေနဲ့အတူ ကခုန်တတ်ဖို့ သင်ယူရမှာဖြစ်ပါတယ်”တဲ့။ ဒီစာသားလေးဖတ်မိတော့ တွေးမိသွားပါတယ်။ တကယ်တော့ ဘဝကမုန်တိုင်းထန်တယ်ဆိုရင် ဒီမုန်တိုင်းထဲကနေ လွတ်မြောက်ဖို့ရာအတွက် ခိုလှုံနိုင်မယ့်နေရာတစ်ခုကိုရှာရမှာမဟုတ်ပါဘူးတဲ့။ မုန်တိုင်းထဲက မိုးရေစက်တွေစိုရွှဲနေရင်းနဲ့တောင် ပျော်ရွှင်အသားကျနေအောင် နေတတ်ဖို့သင်ယူရမယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင့်ဘဝက အရမ်းကိုဆိုးဝါးနေတယ်လို့ ခံစားရချိန်မှာ ပြန်တွေးသင့်တဲ့အရာများ

"ကိုယ့်ဘဝက အရမ်းကိုဆိုးဝါးလိုက်တာ…..အခြားသူတွေက ကိုယ့်ထက်အများကြီးကံကောင်းပါသေးတယ်” လို့ တွေးမိတဲ့အချိန်မျိုး ဘဝမှာ ကြုံဖူးကြမှာပါ။ အဲဒီလိုအချိန်မျိုးဆိုတာ လူတိုင်း တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြမှာပါ။ ဒါပေမယ့် ခံစားနေတဲ့အချိန်အတောအတွင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ အဆုံးဝါးဆုံးလို့ ထင်နေတတ်ကြပါတယ်။ အဲဒီ့လိုအချိန်မှာ ကိုယ့်စိတ်ကို ပြန်ပြီးကုစားနိုင်ရင်ကုစား၊ မကုစားနိုင်ရင် စိတ်ပျက်အားငယ်မှု၊ သိမ်ငယ်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုပါ ရလာနိုင်ပါတယ်။ လုံးဝပြန်ပြီး နလန်မထူနိုင်တော့တဲ့အထိ မဆိုးဝါးခင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ဖို့ကြိုးစားသင့်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ဘဝမှာနေတတ်စေဖို့အတွက် အဆိုအမိန့်များ

ဘဝမှာကြုံလာတတ်တဲ့အခက်အခဲတွေ၊ အနှောင့်အယှက်တွေ၊ အတိုက်အခံတွေကို ဘယ်လိုကျော်လွှားမလဲ။ ဘယ်လိုကြုံတွေ့လာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ပတ်သက်တဲ့ နိုင်ငံတကာမှပညာရှိများရဲ့အဆိုအမိန့်များကိုဖော်ပြပေးလိုက်ပါတယ်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား

ကျရှုံးမှုတွေကနေ ပြန်လည်ရှေ့ဆက်နိုင်ဖို့ နည်းလမ်း (၅) ချက်

ကျရှုံးမှုဆိုတာ လူတိုင်းလိုလိုကြုံဖူးကြမယ့်အရာပါပဲ။ ကျရှုံးမှုကို ရင်မဆိုင်ခဲ့ဖူးသူရှိမယ်မထင်ပါဘူးနော်။ ကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး ပြန်လည်အောင်မြင်အောင်ကြိုးစားတဲ့သူနဲ့ လုံးဝပြန်မကြိုးစားတဲ့သူသာ ကွဲပြားသွားတာဖြစ်မှာပါ။ ကျရှုံးမှုတွေကြုံရတိုင်း ပြန်ပြီးရှေ့ဆက်ကြိုးစားမှသာ ပြန်လည်အောင်မြင်နိုင်တာပါ။ အောင်မြင်မှုကိုလိုလားသူတိုင်း ကျရှုံးမှုအခါခါရင်ဆိုင်ရမှာပါပဲ။ အဲဒါကြောင့် ကျရှုံးမှုတွေဟာ အောင်မြင်သူတွေအတွက်တော့ စာမေးပွဲစစ်တဲ့သဘောပါပဲ။ ကျရှုံးမှုတွေကနေ ပြန်လည်ရှေ့ဆက်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား

ဘဝရဲ့ခက်ခဲချိန်ကို ကျော်လွှားနိုင်မယ့် အရိုးရှင်းဆုံးနည်လမ်း ၅ချက်

ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုတာက ကိုယ့်တွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ခက်ခဲနေချိန်ကို ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အဖြေပေါ်မူတည်ပြီ ကျွန်တော်တို့ဘဝတွေကို သင်ခန်းစာပေးသွားတာဖြစ်သလို၊ သင်ခန်းစာတွေကနေမှ ကြိုးစားသင်ယူရင်း ပျော်ရွှင်မှုအဖြစ်ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ဘဝက မမျှတဘူးဆိုတာကိုလက်ခံပြီးတော့ မမျှတာကို ကြိုစားပြုပြင်ယူရမှာဖြစ်ပါတယ်။ အရိုးရှင်းဆုံး ကျော်ဖြတ်နိုင်တဲ့နည်းလမ်း ၅ ချက်ကတော့….....

စွမ်းရည် ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင်ကသာ စိန်ကောင်းတစ်ပွင့်ဖြစ်ခဲ့ရင် ဘယ်သူကမှ သင့်ကိုတန်ဖိုးမဲ့အောင်မလုပ်နိုင်ပါဘူး။

သင်ကသာစိန်ကောင်းတစ်ပွင့်ဖြစ်နေခဲ့ရင် သင့်ကို ဘယ်သူက လာပြီး သင့်တန်ဖိုးမရှိပါဘူးလို့ ပြောလို့ရပါ့မလဲ။ အချိန်တန် ကိုယ့်တန်ဖိုးက ပေါ်လာမှာပါပဲ။ များသောအားဖြင့် လူငယ်အချို့ပြောတာကြားဖူးလို့ပါ။ ကိုယ့်ကိုဘယ်သူတွေက ဘယ်လိုပြောတယ်၊ စိတ်ဓာတ်ကျတယ်၊ “ကိုယ့်စီနီယာအချို့က ကိုယ့်ကိုနေရာမပေးဘူး” ကိုယ့်ရဲ့အဖွဲ့အစည်းမှာ ကိုယ်က နေရာမရဘူးလို့။ ကိုယ့်ကို အသုံးမကျတဲ့လူတစ်ယောက်လို ဆက်ဆံခံရတယ်တို့ ဆိုတာ အတော်များများကြားဖူးခဲ့သလို ကိုယ်တိုင်လည်း အဲဒီလိုလူမျိုးတွေနဲ့ ကြုံဖူးခဲ့ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကောက်ရိုးမီးလိုဖြစ်နေတုန်းလား ?

ဘယ်နေရာမှာမှ မအောင်မြင်ရတဲ့အကြောင်းရင်းတွေထဲမှာလည်း ကောက်ရိုးမီးလိုအကျင့်ကြောင့်ပါပါတယ်။ ကောက်ရိုးမီးဆိုတာက စိတ်ဆန္ဒပြင်းထန်နေတယ်လို့ ထင်ရတဲ့အချိန်မျိုးမှာတော့ အားပါးတရ တက်ကြွနေပြီး ကောက်ရိုးမီးလို ဝုန်းခနဲထတောက်တာမျိုးပေါ့။ အရှိန်ပြင်းပြင်းနဲ့ လောင်စာက ခဏသာ လောင်ပြီးကုန်သွားတဲ့နောက်တော့ မီးငြိမ်းသွားတာပါပဲ။ အဲဒီလိုပေါ့….စိတ်ထဲမှာ သွေးပူနေတုန်းတော့ လုပ်ချင်စိတ်တဖွားဖွားဖြစ်နေပြီးတော့ သွေးအေးသွားချိန်မှာတော့ နောက်ထပ်အာရုံတစ်ခုဆီရောက်သွားတာမျိးပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

စိတ်ချမ်းသာပြီး ဘဝမှာ ပျော်ရွှင်တတ်စေဖို့

စိတ်ချမ်းသာဖို့ဆိုတာ အင်မတန်မှ ဘဝမှာအရေးကြီးတဲ့အရာတစ်ခုပါပဲ။ လူကိုစိတ်ဆောင်နေတာဖြစ်တဲ့အတွက် စိတ်မချမ်းသာခြင်းဟာ ဘဝမှာ ငွေဘယ်လောက်ပေါပေါ နေပျော်စရာကောင်းမှာမဟုတ်ပါဘူး။ အဲဒီလိုပါပဲ…..လိုအပ်တဲ့အချိန် လိုအပ်တဲ့ငွေနဲ့အခြားသောအရာတွေမရှိခြင်းဟာလည်း စိတ်မချမ်းသာစေပြန်ပါဘူး။ အဲဒါတွေအကုန်လုံးရဲ့ အခြေခံဟာ စိတ်အရေးကြီးတယ်ဆိုတာကို ပြနေတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် စိတ်ကိုထားတတ်ဖို့ဟာလည်း အရေးကြီးလာပါတယ်။ စိတ်မထားတတ်တဲ့အခါ ဘဝမှာကြုံတွေ့သမျှ အရာအားလုံးကို လိုက်ခံစားနေပြီး စိတ်ချမ်းသာစရာတစ်ကွက်မှ ရှိနိုင်မှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် သင့်စိတ်ကို ဘယ်လိုထားမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။ #BAWA101

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။