ဘဝရဲ့ခက်ခဲချိန်ကို ကျော်လွှားနိုင်မယ့် အရိုးရှင်းဆုံးနည်လမ်း ၅ချက်

ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုတာက ကိုယ့်တွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ခက်ခဲနေချိန်ကို ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အဖြေပေါ်မူတည်ပြီ ကျွန်တော်တို့ဘဝတွေကို သင်ခန်းစာပေးသွားတာဖြစ်သလို၊ သင်ခန်းစာတွေကနေမှ ကြိုးစားသင်ယူရင်း ပျော်ရွှင်မှုအဖြစ်ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ဘဝက မမျှတဘူးဆိုတာကိုလက်ခံပြီးတော့ မမျှတာကို ကြိုစားပြုပြင်ယူရမှာဖြစ်ပါတယ်။ အရိုးရှင်းဆုံး ကျော်ဖြတ်နိုင်တဲ့နည်းလမ်း ၅ ချက်ကတော့….....


၁) ဖြေရှင်းဖို့ကိုသာ အာရုံစိုက်ပါ။ ပြဿနာကိုချည်း ညည်းတွားမနေပါနဲ့။
ပြောချင်တာက ဘဝရဲ့ပြဿနာတွေကတော့ ကိုယ်မသေမချင်းတစ်ခုမဟုတ် တစ်ခုကြုံကြိုက်နေမှာပါပဲ။ အဲဒီ့အတွက် ပြဿနာတွေကိုပဲ ထိုင်ပြီး ညည်းတွားနေလို့တော့မဖြေရှင်းနိုင်ပါဘူး။ အဲဒါကြောင့် ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ပေါ်မှာသာ အာရုံထားသင့်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်။ ပြဿနာပေါ်မှာသာ ညည်းတွားနေခြင်းက အခက်အခဲတွေကိုသာမြင်စေပြီး စိတ်ညစ်၊ စိတ်ရှုပ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။
solution-focused mindset ဆိုတဲ့ ဖြေရှင်းဖို့ကိုသာ အာရုံထားလိုက်တဲ့အခါ ဖြေရှင်းနိုင်မယ့်နည်းလမ်းပေါင်းများစွာကို ရှာဖွေလာပြီး အသင့်တော်ဆုံးအဖြေကို တွေ့လာနိုင်ပါတယ်။ အဲဒါကြောင့် အခက်အခဲနဲ့တွေ့ကြုံရချိန်မှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းရှာဖို့ကိုသာ အာရုံထားဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ပါ။

၂) ပြဿနာတွေမတိုင်ခင်ကတည်းက ရှင်သန်နိုင်ခဲ့ပြီးသားပါ။
ဘဝမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကြုံရမှာပါ။ အောင်မြင်အောင်ဖြတ်သန်းနိုင်တဲ့အခါ ပြန်တွေးကြည့်ရင်လည်း ဘာမှမဟုတ်တော့ပါဘူး။ အဲဒါကြောင့် အဲဒီလိုအခက်အခဲကြုံချိန်မှာ သင်ရအောင်ဖြတ်သန်းရှင်သန်နိုင်ဖို့လိုပါတယ်။ ပြန်တွေးကြည့်ရင်ဘာမှဟုတ်တော့မှာမဟုတ်ဘူးလေ။ အခက်အခဲတွေနဲ့ကြုံလာမှသာ ကိုယ်ကဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာ သိရမှာပါ။ အဲဒါကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်အောင် အသေအလဲကြိုးစားနိုင်လေလေ သင့်ရဲ့ခံနိုင်ရည်တိုးလာလေလေမို့ အခက်အခဲတွေက သင့်ခံနိုင်ရည်ကို တိုးလာစေပါတယ်။ အဲဒီ့အတွက် အခက်အခဲကြုံလာရင် “အခက်အခဲဆိုတာသည် ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းအားကို တိုးလာစေတာပဲ။ ကြိုးစားကျော်ဖြတ်မယ်” လို့ တွေးထားလိုက်ပါ။

၃) သင့်ကိုယ်သင်အတွက်ဘာလုပ်သင့်လဲဆုံးဖြတ်ပါ။
ဘဝဆိုတာ အတက်အကျနဲ့ပါ။ သင့်ရဲ့ပုံစံအစစ်အမှန်ကို ထိန်းချုပ်ဖို့၊ လွှမ်းမိုးဖို့ ခွင့်မပြုလိုက်ပါနဲ့။ ခက်ခဲတဲ့အခြေအနေတွေနဲ့ ပျော်ရွှင်တဲ့အခြေအနေတွေဆိုတာလည်း တလှည့်စီဖြစ်နေမှာပါ။ အဲဒါကြောင့် ဘဝကကြုံလာတဲ့အခက်အခဲမှန်သမျှကနေ ကိုယ့်အတွက် ဘာရနိုင်မလဲဆိုတာကိုသာ တွေးပါ။ ခက်ခဲစမ်းပါစေ……ဒီအခက်အခဲကနေ တစ်ခုခုရအောင် ယူပစ်မယ်။ ဒီအခက်အခဲကနေ စွမ်းရည်တိုးလာစေရမယ်။ သင်ခန်းစာတစ်ခုခုရအောင် ယူမယ်။ ဒီအခက်အခဲတွေကနေ ကိုယ့်အတွက် ကိုယ်ဘာလုပ်သင့်သလဲဆိုတာကိုသာ အဓိက စဉ်းစားကြည့်လိုက်ပါ။

၄) သင်ပြောင်းလဲပစ်နိုင်တာကို ပြောင်းလဲပစ်လိုက်ပါ။
ကြုံလာတဲ့အခက်အခဲတွေကြားမှာ ကိုယ်ပြောင်းလဲပြုပြင်ယူနိုင်တာရှိသလား တွေးကြည့်ပါ။ ကိုယ်ပြုပြင်ပြောင်းလဲနိုင်တဲ့အရာကို ကိုယ်တိုင်မရရအောင်ပြုပြင်ပြောင်းလဲယူပါ။ နောက်ဆုတ်စရာခြေလှမ်းမရှိတဲ့အခါ ရှေ့တိုးဖို့အတွက်ကိုပဲ အာရုံစိုက်ရပါလိ့မ်မယ်။ အဲဒီ့အတွက် ရှေ့တိုးဖို့ရာ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲရမလား၊ ကိုယ့်ပတ်ဝန်းကျင်ကိုပြောင်းလဲရမလား၊ အကျင့်တွေကိုပြောင်းလဲရမလား။ ကိုယ်တကယ်ပြောင်းလဲနိုင်တာကို မငြင်းဘဲ ပြောင်းလဲနိုင်အောင် ကြိုးစားပြောင်းလဲပစ်လိုက်ပါ။ အခက်အခဲကို တကယ်ဖြေရှင်းနိုင်လာပါလိမ့်မယ်။

၅) ဘဝအတွက်သင်ခန်းစာရအောင်ယူပါ။
အခက်အခဲတွေကြားမှာ ရှင်သန်နိုင်တဲ့အခါ ကောင်းတဲ့အတွေ့အကြုံပဲဖြစ်ဖြစ် ဆိုးတဲ့အတွေ့အကြုံပဲဖြစ်ဖြစ် တန်ဖိုးထားပြီး သင်ခန်းစာယူပြီး မှတ်သားပါ။ ထိုသင်ခန်းစာတွေကို နောက်ထပ်ဘဝရဲ့ခြေလှမ်းတွေအတွက် ပြန်အသုံးချပါ။ အဲဒါမှ ဘဝက အရင်ကထက် ပိုပြီး လွယ်ကူလာမှာပါ။
ဘဝဆိုတာ မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် ကြုံဖူးတဲ့အခက်အခဲတွေကနေ သင်ခန်းစာယူပြီး နောက်ထပ်လျှောက်လှမ်းမယ့် ဘဝရဲ့ခြေလှမ်းတွေမှာတော့ ပြန်လည်သုံးသပ် ဆင်ခြင်နိုင်ပါတယ်။ အခက်အခဲတွေကို တည်ငြိမ်စွာဖြေရှင်းနိုင်လေလေ သင့်ရဲ့စွမ်းရည်တွေတိုးလာလေလေနဲ့ သင့်ဘဝက ရှေ့ဆက်ပြီး ပိုလွယ်ကူလာစေပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အခက်ခဲကို မဖြေရှင်းနိုင်ဘူးလို့တွေးတောပြီး ထိုင်ညည်းတွားနေခြင်းက ဖြေရှင်းနိုင်မယ့်နည်းလမ်းကို မြင်လာမှာမဟုတ်ပါဘူး။ အဲဒါအပြင် အခက်အခဲကို မဖြေရှင်းနိုင်လေလေ ဘ၀ ပိုပြီးခက်ခဲလာလေလေဖြစ်လာမှာဖြစ်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။