အဆိုးတွေကြုံလာတဲ့အချိန်မှာ အကောင်းဘက်ကဘယ်လိုတွေးမလဲ (သင့်ကိုသင်ပြန်မေးသင့်သည့်မေးခွန်းများ)
အက်မင်တို့ရဲ့နေ့စဉ်ဘဝမှာ အကောင်းတွေချည်းကြုံနေကြတာမဟုတ်ပါဘူး။ အဆိုးတလှည့်အကောင်းတလှည့်ဖြစ်နေတာမို့ အကောင်းတွေနဲ့ကြုံလာချိန်မှာ ပျော်ရွှင်ရပေမယ့် အဆိုးတွေနဲ့ကြုံလာရတဲ့အခါ ယူကြုံးမရဖြစ်မိတာမျိုး၊ လက်မခံနိုင်တာမျိုးတွေ ခံစားရတတ်ပါတယ်။ အဲလို အဆိုးတွေကြုံလာတတ်တဲ့အခါ အခြေအနေကို ကောင်းဘက်က ပြန်တွေးလိုက်တဲ့အခါ ရလဒ်ကလည်း ပြောင်းလဲသွားတတ်ပါတယ်။ အဓိကက အဆိုးတွေအပေါ်မှာပူဆွေးမနေဘဲ အကောင်းဘယ်လိုပြန်တွေးမလဲဆိုတာအရေးကြီးတာပါ။ အဲဒါကြောင့် အဆိုးတွေကြုံလာတဲ့အခါ သင့်ကိုသင် ပြန်မေးသင့်တဲ့မေးခွန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ မေးခွန်းက ၈မျိုးဖော်ပြပေးထားပေမယ့် တကယ်တမ်းဘဝမှာ မလိုချင်တာတွေကြုံလာတဲ့အခါ ထိုမေးခွန်းတွေလိုအတိအကျမဟုတ်ပေမယ့် အဓိပါ္ပယ်ခပ်ဆင်ဆင်လေးတွေ ကိုးကားပြီး တွေးလိုက်ပါနော်။ အတွေးလေးတွေပြောင်းတွေးလိုက်ရုံနဲ့ သင့်ဘဝက အံ့သြစရာ ပြောင်းလဲသွားနိုင်ပါတယ်။
ပိုပြီးပျော်ရွှင်ဖို့အတွက် အလွယ်ဆုံးအချက် ၂၀
ဘဝမှာ ရှင်သန်ရတာ ပျော်စရာမကောင်းဘူး၊ နေ့စဉ် အသက်ရှင်သန်မှုအတွက် ရုန်းကန်ရတာနဲ့တင်အချိန်ကုန်နေတယ်ထင်ရင် အောက်ကအချက်လေးတွေကို ရသလောက် လိုက်နာကြည့်လိုက်ပါ။ တစ်ချို့အချက်လေးတွေက ရိုးရှင်းပြီး လွယ်ကူသလို၊ သင်ပျော်ရွှင်ဖို့ အကျိုးများပါတယ်။ လိုက်နာနိုင်သလောက် သင့်ဘဝပျော်ရွှင်လာစေပါလိမ့်မယ်။
ဘဝအတွက် ဘာကြောင့်စာဖတ်သင့်တာလဲ
တိုးတက်သောလူမျိုးသည် စာဖတ်၍ စာဖတ်သောလူမျိုးသည် တိုးတက်ကြသည်တဲ့ ကြားဖူးကြမယ်ထင်ပါတယ်။ အမှန်ပါပဲ ၊ ဘာကွာသွားလို့လဲ ဆိုတာ…..ပြောပြပေးချင်ပါတယ်။ တစ်ချို့ကတော့ ပြောတတ်ပါတယ်၊ ဘွဲ့ရတိုင်းပညာတတ်တာမဟုတ်ပါဘူးတဲ့။ မှန်ပါတယ်…..ပညာဆိုတာ အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်တဲ့ဉာဏ်ကို ပြောတာပါ။ ဘယ်ကဘယ်လိုရထားပါတယ်ဆိုတဲ့ ဘွဲ့လက်မှတ်တွေကို ပြောတာမဟုတ်ပါဘူး။ အတန်းပညာမှာတော်တတ်လွန်းလို့ ဘွဲ့လက်မှတ်တွေ တသီတတန်းကြီးရတိုင်း ပညာတတ်တာမဟုတ်ပါဘူး။ ထိုဘွဲ့လက်မှတ်တွေက ကိုယ့်ရဲ့အရည်အချင်းတစ်ခုကို သတ်မှတ်ပေးထားတဲ့ အရေအတွက်တစ်ခုပါ။ ထိုအရေအတွက်တွေအားဖြင့်တော့ အကြမ်းဖျင်း သတ်မှတ်ပြီး အလုပ်ခွင်မှာ ရာထူးနေရာကွဲပြားတာ၊ ဝင်ငွေကွဲပြားတာတွေ ဖြစ်လာရတာပါ။
ဘဝမှာ အခက်အခဲတွေ ဘယ်လောက်များများ ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင်ဘယ်လိုနေထိုင်မလဲ။
ဘဝဆိုတာတိုက်ပွဲ…..ဆိုတဲ့စကားကို လူတိုင်းလိုလိုကြားဖူးကြမယ်ထင်ပါတယ်။ သဘောကတော့ ဘဝဆိုတာ အမြဲအခက်အခဲတွေ၊ ပြိုင်ဆိုင်မှုတွေ၊ တိုက်ခိုက်ရမှာတွေများတယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ အဲဒါက ထုံးစံပါပဲ။ မွေးကတည်းက ငိုခြင်းနဲ့စပြီးမွေးလာတဲ့ဘဝမဟုတ်ပါလား။ ဒါပေမယ့် ဘဝကြီးကဆိုးလိုက်တာ…..လို့ ညည်းပြီး အမြဲ ငိုကြွေးနေလို့တော့ တစ်သက်လုံးပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ဘဝက ဆိုးတယ်ဆိုတာ မွေးကတည်းက ငိုလာခဲ့ရလို့ ထုံးစံပါပဲ။ ထုံးစံမဟုတ်တာကတော့ ပျော်ရွှင်အောင်နေတတ်ဖို့ပါပဲ။ “ဆိုးစမ်း ဘယ်လောက်ဆိုးတဲ့ဘဝဖြစ်မလဲ…….၊ ငါကတော့ ပျော်ပျော်နေပြမယ်ဟဲ့” လို့များတွေးဖူးလား။ မတွေးဖူးရင်ခုပဲတွေးကြည့်လိုက်ပါနော်။ တွေးပြီးပြီဆိုရင်တော့ ဘယ်လိုပျော်အောင်နေနိုင်မလဲ ပြောပြပေးပါ့မယ်။