သင့်ဘဝအတွက် အကြီးကျယ်ဆုံးနောင်တရလာနိုင်သော အမှားများ
သင့်ဘဝမှာ အကြီးကျယ်ဆုံးနောင်တရလာနိုင်သောအမှားတွေရှိနိုင်ပါတယ်။ လုံးဝပြန်သွားပြီး မပြင်နိုင်တဲ့အမှားမျိုးတွေပေါ့။ တချို့တွေကတော့ တော်တော်များများပြောတတ်ပါတယ်။ အမှားဆိုတာ အမှားမှန်းသိရင် ပြင်လို့ရတယ်လို့ပေါ့။ တကယ်တမ်းတော့ ဘဝတစ်လျှောက်လုံးရှင်သန်ရသမျှမှာ လုံးဝပြန်ပြင်မရတဲ့အမှားတွေရှိပါတယ်။ တချို့အမှားတွေက အမှားမှန်းသိတာနဲ့ ချက်ချင်းပြုပြင်ဖို့ မလွယ်ကူတာမျိုး၊ အခြေအနေအကြောင်းအကြောင့် မှားမှန်းသိနေပေမယ့် မပြုပြင်နိုင်တာမျိုးတွေ ကြုံနေရတဲ့လူတွေအများကြီးပါပဲ
ဘဝအတွက် အကောင်းဆုံးအကြံပေးချက်များ
ဘဝမှာ မဖြစ်မနေ သတိလေးထားပြီး လုပ်သင့်တဲ့အကြံပေးချက်တွေကို လိုက်နာထားသင့်ပါတယ်။ အဲဒါမှသာ ပြုပြင်မရတဲ့အမှားမျိုးကို မလုပ်မိစေဖို့ သတိထားနိုင်မှာဖြစ်ပါတယ်။ အဲဒီ့လို အကောင်းဆုံးအကြံပေးချက်တွေထဲက အချို့သောအချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
“အဆိုးဆုံးကို ကြိုတွေးပြီး အကောင်းဆုံးကိုပြင်ဆင်ထားပါ” ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ လူတစ်ချို့ကတော့ အဆိုးဆုံးကို ကြိုတွေးပြီး တဖွဖွပြောနေတတ်တာမျိုးကို မကြိုက်တတ်ကြပါဘူး။ နမိတ်မရှိဘူးလို့လည်း ယူဆတတ်ကြပါသေးတယ်။ တကယ်တော့ ဒီစကားပုံက အမြဲတမ်းအဆိုးတွေကိုချည်းတွေးနေခိုင်းတာမဟုတ်ပါဘူး။ အဆိုးတွေကြားထဲမှာပဲ အတွေးပေါင်းစုံနဲ့ ပိတ်မိနေပြီး အဆိုးကို တသသ ခံစားရင်း Drama ချိုးပြီး အချိန်ပြည့်ဝမ်းနည်းနေခိုင်းတာမျိုးလည်း မဟုတ်ပါဘူးနော်။ ဘယ်လိုနေရာမှာမဆို အစွန်းရောက်တာကတော့ မကောင်းနိုင်ပါဘူး။ ဒုက္ခမလာခင် ဒုက္ခကို ကြိုမြင်ယောင်ပြီး ထိုင်ပူဆွေးနေခိုင်းတာမျိုးမဟုတ်ပါဘူးနော်။
သင့်ဘဝပိုပြီးပျော်ရွှင်စရာကောင်းစေဖို့ လုပ်သင့်တဲ့အချက်များ
တခါတလေ တချို့အရာတွေက အရမ်းရိုးရှင်းပြီး ကိုယ့်အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးရရှိနိုင်ပေမယ့် သတိမမူမိတာရှိပါတယ်။ တကယ်တမ်းက ပျော်ရွှင်မှုဟာ ငွေနဲ့ဝယ်စရာမလိုဘဲ ကိုယ့်အပေါ်မူတည်နေတာပဲဖြစ်ပါတယ်။ ငွေမလိုတဲ့ဘယ်လိုပျော်ရွှင်မှုရအောင်လုပ်မလဲဆိုတာလေးဖတ်ကြည့်လိုက်ပါအုံး။
ကလေးကိုအချိန်ပေးဖို့ အရေးကြီးပါတယ်။
ကလေးကိုအချိန်ပေးဖို့ အရေးကြီးပါတယ်။
ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ ကိုးကားစာများ
ဘဝမှာ ဒုက္ခဆိုတာ ကြုံဖူးမှ လူပီသမှာဆိုတဲ့စကားကို ထောက်ခံပါသလား။ သင်ကသာမသိလို့ပါ၊ လူတိုင်းက ဒုက္ခတစ်မျိုးမဟုတ်တစ်မျိုးတော့ ရင်ဆိုင်နေကြတဲ့လူတွေချည်းပါပဲ။ သင့်ထက်အများကြီး အဆင်ပြေနေတယ်လို့ထင်ရတဲ့လူကလည်း သူ့အတိုင်းအထွာနဲ့သူ အကြပ်အတည်းရှိနေကြတာပါပဲ။ ဒုက္ခရယ်ကြုံရပြန်တာပါပဲ။ အဲဒါကြောင့် ငါမှာမှ ဒုက္ခတွေများလှချည်ရဲလို့တွေးမိနေရင် “လူတိုင်းမတူညီတဲ့ ဒုက္ခကိုရင်ဆိုင်နေကြတာချည်းပဲလို့ဖြေတွေးလိုက်ပါနော်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေဖို့ လုပ်သင့်တဲ့အချက်များ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေဖို့ ဆိုတာက ကိုယ်တိုင် ပြုမူကျင့်သုံးရမှာဖြစ်ပါတယ်။ အဓိကက ကိုယ်လုပ်နိုင်တာကို သိဖို့လိုပါတယ်။ ပြီးတော့ ကိုယ့်က ကိုယ့်ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ခြင်းကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေပါတယ်။ အဓိကက ကိုယ့်ရဲ့လုပ်နိုင်စွမ်းအရည်အချင်းပေါ်မှာလည်းမူတည်ပါသေးတယ်.။
ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ကြင်နာနိုင်မယ့်အလွယ်ဆုံးနည်းလမ်းများ
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ကြင်နာနိုင်မယ့်နည်းလမ်းတွေက အလွယ်ဆုံးနည််းလမ်းတွေချည်းပါပဲ။ ဒါပေမယ့် တော်တန်ရုံဘယ်သူကမှ သတိမထားမိသလို၊ တကူးတကလည်း မလုပ်မိတတ်ကြပါဘူး။ ဘဝရဲ့ကြိုးစားမှုတွေကြားမှာ၊ ပူပန်မှုတွေကြားမှာ၊ ဖိစီးမှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ်အတွက် ချစ်ခင်ကြင်နာမှသာလျှင် ဘဝဆိုတဲ့တိုက်ပွဲကို ရေရှည်တိုက်ဖို့ ဖြစ်နိုင်မှာပါ။ အဲဒါကြောင့် အောက်ပါအချက်လေးတွေက ခပ်စိပ်စိပ်လေး လုပ်ကြည့်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ပြန်လည်ချစ်ခင်ကြင်နာဖို့အချိန်ပေးလိုက်ပါနော််။
ကျောင်းကသင်မပေးလိုက်သောအရာများ
ကျောင်းကသင်ခန်းစာထဲမှာ သင်မပေးလိုက်တဲ့အရာတွေအများကြီးရှိပါတယ်။ အဲဒါကြောင့်သာ ဘွဲရပညာတတ်ပေမယ့် လိုအပ်ချက်အများကြီးရှိသေးတဲ့လူတွေ၊ လူ့ကျင့်ဝတ်ကိုနားမလည်သေးတဲ့လူတွေကို လူ့မှုလောကမှာ ကြုံနေရတာပဲဖြစ်ပါတယ်။ အဓိကကတော့ လူသားချင်းစာနာစိတ်နဲ့ ကိုယ်ချင်းစာစိတ်ကိုအခြေခံပြီး ဖြစ်တည်လာတာမျိုးတွေပါ။ အဲဒါကြောင့် ကျောင်းသင်ခန်းစာတွေထဲမှာ မသင်ပေးလိုက်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ရဲ့အဆင့်အတန်းကိုသတ်မှတ်ပေးသောအရာများ
အဆင့်အတန်းလို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်ကြပါသလဲ။ အပေါ်ယံသာ အထင်ကြီးတတ်သူ အတော်များများကတော့ ရုပ်ရည်၊ အဝတ်အစား၊ ရာထူး၊ ဝင်ငွေ စတာတွေကို အဆင့်အတန်းလိုထင်မြင်နေတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်အတွက် အဆင့်အတန်းကိုသတ်မှတ်ပေးနေတဲ့အရာတွေကတော့ အောက်ပါအတိုင်းပါပဲ။
ဘာအတွက်ကြောင့်မှ စိတ်ထဲ နောက်ဆံမတင်းသင့်သောအရာများ
ဒီအချက်တွေကို သင့်စိတ်ထဲ နောက်ဆံတင်းနေတယ်ဆိုရင်တောင် ခုချက်ချင်းမေ့ပစ်လိုက်ပါတော့နော်။ တကယ်တော့ တချို့ကိစ္စတွေမှာ ကိုယ့်လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်းဖြစ်တာမို့ နောက်ဆံတင်းနေမသင့်ပါဘူး။
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်မထိခိုက်စေဖို့ ဘယ်လိုဂရုစိုက်မလဲ။
ဒိနေ့ခေတ်မှာ ဆိုရှယ်မီဒီယာအသုံးများလာခြင်းကလည်း ဆိုးကျိုးရောကောင်းကျိုးရောရှိပါတယ်။ သုံးတတ်ရင်အကျိုးရှိပေမယ့် မသုံးတတ်ရင်ဘေးဖြစ်စေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်သမျှတွေကို ကြည့်ပြီး ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာတာမျိုးရှိတတ်ပါတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာသုံးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အနေနဲ့ ဘယ်လိုသုံးမလဲဆိုတာမျိုး ဖော်ပြပေးလိုက်ပါတယ်။