ကျောင်းကသင်မပေးလိုက်သောအရာများ

ကျောင်းကသင်ခန်းစာထဲမှာ သင်မပေးလိုက်တဲ့အရာတွေအများကြီးရှိပါတယ်။ အဲဒါကြောင့်သာ ဘွဲရပညာတတ်ပေမယ့် လိုအပ်ချက်အများကြီးရှိသေးတဲ့လူတွေ၊ လူ့ကျင့်ဝတ်ကိုနားမလည်သေးတဲ့လူတွေကို လူ့မှုလောကမှာ ကြုံနေရတာပဲဖြစ်ပါတယ်။ အဓိကကတော့ လူသားချင်းစာနာစိတ်နဲ့ ကိုယ်ချင်းစာစိတ်ကိုအခြေခံပြီး ဖြစ်တည်လာတာမျိုးတွေပါ။ အဲဒါကြောင့် ကျောင်းသင်ခန်းစာတွေထဲမှာ မသင်ပေးလိုက်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) စိတ်ဓာတ်ကြံ့ခိုင်ခြင်း
ကျောင်းသင်ခန်းစာတွေထဲမှာ စိတ်ဓာတ်ကြံခိုင်ခြင်းမပါဝင်နိုင်ပါဘူး။ ဘဝမှာ ကြုံလာသမျှကို သင်ခန်းစာယူရင်း အခါခါ လဲကျတဲ့အခါ ရင့်ကျက်၊ တည်ငြိမ်မှုကနေ အတွေ့အကြုံတွေကနေ ရလာနိုင်တာမျိုးပါပဲ။ အဓိကကတော့ ငယ်စဥ်မှာကတည်းက မိဘကိုယ်တိုင်ကလည်း သင်ကြားပေးသင့်ပါတယ်။

၂) သင့်ရဲ့အတွေးအခေါ်ကိုဘယ်လိုပြောင်းလဲပြုပြင်ရမလဲ။ က်
တဖက်စွန်းရောက်နေတဲ့အတွေးအခေါ်၊ အယူအဆတွေကို ဘယ်ဘွဲ့လက်မှတ်တွေကမှ မပြုပြင်ပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ အမြင်ကျယ်တဲ့စိတ်ဓတ်အခြေခံကနေမှ အခြားလူဘက်ကို တွေးတောပြီး မျှတစွာစဥ်းစားနိုင်တာဖြစ်ပါတယ်။

၃) ကိုယ့်ရဲ့စွမ်းရည်ကိုဘယ်လိုအသုံးချမလဲ။
ကိုယ့်ရဲံဗီဇကဘာလဲ၊ ကိုယ့်ရည်မှန်းချက်ကဘာလဲ၊ ကိုယ်စွမ်းရည်ကဘာလဲဆိုတာတွေက ကျောင်းသင်ခန်းစာမှာ မပါဝင်ပါဘူး။ ကိုယ့်အတွက် ကိုယ့်ရဲ့အတွေးအခေါ်ခံယူချက်ကနေဖြစ်လာနိုင်တာမျိုးပါ။ ဒပေမယ့် ဒီအချက်တွေကိုသာ သိထားရင်လည်း ဘဝမှာ ကိုယ်ကြိုးစားဆောက်တည်မယ့်ဘဝကို နားလည်ပြီး တည်ဆောက်နိုင်မှာပါ။

၄) ကိုယ့်ကိုယ်ကိုယ်ဘယ်လိုအပြည့်အဝယုံကြည်မလဲ။
ကျောင်းမှာ ဘွဲတွေ၊ ဒီဂရီတွေအများကြီးရထားပေမယ့်ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအပြည့်အဝလက်ခံယုံကြည်မလဲဆိုတာက စိတ်ထဲကို သင်ပေးလို့ရတာမျိုးမဟုတ်ပါဘူး။ ကိုယ်တိုင်ကြိုးစား တည်ဆောက်မှ ဖြစ်လာတဲ့စိတ်ပါ။

၅) ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုဘယ်လိုရှာဖွေမလဲ။
ဒါကတော့ ဘဝမှာ ကိုယ်လျှောက်ချင်တဲ့လမ်းက ဘာလဲဆိုတာကို သိခြင်းဖြစ်တာမို့ အလားတူပါပဲ။ ဘယ်သူကမှသင်မပေးနိုင်ပါဘူး။ ကိုယ်တိုင်တကယ့်လိုချင်တဲ့ရည်မှန်းချက် မှန်ကန်ရဲလားဆိုတာ သိဖို့သာလိုတာပါ။

၆) ငွေထက်အရေးကြီးတဲ့အရာတွေကိုတန်ဖိုထားတတ်စေခြင်း
ဒါသည်လည်း အလားတူပါပဲနော်။ ငွေထက်အဖိုးတန်တဲ့အရာတွေကို ကိုယ်တိုင်နှလုံးသားနဲ့ ခံစားတတ်လာတဲ့အခါမှ ပိုတန်ဖိုးသိတာဖြစ်ပါတယ်။ နာကျင်စရာတွေကိုလည်း ကိုယ်တိုင် နှလုံးသားမှာ နာကျင်လာမှ သိတတ်လာတာမျိုးပါ။
အဲဒါကြောင့် ကျောင်းသင်ခန်းစာမှာမပါဝင်ပေမယ့် ကိုယ်တိုင်ဘယ်လိုသိအောင်ကြိုးစားမလဲဆိုတာက သင့်အပေါ်မှာအများကြီးမူတည်နေပါတယ်ဆိုတာ လက်တို့လိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။