ပျော်ရွှင်သောဘဝ

ပျော်ရွှင်သောဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

အောင်မြင်တဲ့လူတွေ လက်ကိုင်ထားတဲ့ အတွေးများ

အောင်မြင်တဲ့လူတွေက ကံကောင်းလို့အောင်မြင်လာကြတယ်ဆိုတာမျိုး မရှိပါဘူး။ သူတို့ရည်မှန်းထားတဲ့အရာကို သေချာလေး စိတ်ကူးပုံဖော်တတ်ပြီး တစိုက်မတ်မတ် ဇွဲမလျော့ အရှုံးမပေး လုပ်တတ်တဲ့စိတ်ဓာတ်ကြောင့်ပါပဲ။ အဲဒါကြောင့် အောင်မြင်သူတွေရဲ့ စိတ်ထားအချို့ကို ကိုယ့်အတွက် အသုံးတည့်မယ်ဆိုရင် သင်ယူသင့်တာသင်ယူရပါလိမ့်မယ်။ ကိုယ့်အတွက် အရှုံးပေးမိတော့မယ်ဆိုတဲ့အခြေအနေမျိုးမှာ ပြန်လည်အတုယူနိုင်အောင် အောင်မြင်သူတွေရဲ့စိတ်ထားနဲ့ သူတို့ကိုယ်သူတို့ဘယ်လိုမြင်ပြီး ဘယ်လိုအတွေးတွေကို လက်ကိုင်ထားသလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

နူးညံပေမယ့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝပြီး စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဘာလုပ်သင့်သလဲ။

ခေတ်အဆက်ဆက်မှာ မိန်းကလေးဆိုရင် အားနွဲ့သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ မိန်းကလေးမို့ အားနွဲ့တယ်ဆိုပြီး “တပါးသူကို အားကိုးရမယ်၊ စာဆိုရင် သေစာရှင်စာလောက်ပဲတတ်ရင်တော်ပြီ၊ အချိန်တန် အိမ်ထောင်ပြု၊ အမျိုးသားကိုအားကိုရုံပဲ” ဆိုတဲ့ ဘယ်သူစပြီးသတ်မှတ်ခဲ့မှန်းမသိတဲ့အတွေးအမြင်တော်တော်များများကို အချိန်အတော်ကြာကြာဆုပ်ကိုင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ အတော်များများကလည်း ပွင့်လင်းလွတ်လပ်မြင်သာလာပြီမို့ မိန်းကလေးမှန်ရင် နူးညံပျော့ပျောင်းတာမှန်ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း လိုအပ်လာပြီး ‌ောကျ်ားတွေနဲ့တန်းတူရင်ဘောင်တန်းလာကြပါပြီ။ အဲဒါကြောင့် အမျိုးသမီးမို့ နူးညံ့ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ဖို့ရာ အတွက် အမြဲ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်နေဖို့လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာသပ်ရပ်သန့်ရှင်းဖို့ လှပဖို့ ပြင်ဆင်သလိုပဲ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ပိုပြီး ပြင်ဆင်ထားဖို့လိုပါတယ်။ အဲဒါကြောင့် အများနဲ့တန်းတူထက် ပိုသာပြီး အရည်အချင်းရှိတဲ့အမျိုးသမီးတွေဖြစ်ဖို့ လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

တန်ရာတန်ရာဆက်ဆံလိုက်တဲ့အခါ လူဆိုးဖြစ်သွားတတ်ပါတယ်။

လောကမှာ ဘယ်တော့မှ အကောင်းနဲ့မတန်တဲ့လူမျိုးတစ်စုသီးသန့်ကိုရှိပါတယ်။ စေတနာနဲ့ဘယ်လောက်ဆက်ဆံပါစေ၊ စေတနာကို ဝေဒနာထင်တဲ့လူမျိုးတွေ၊ အကောင်းဘက်က ဘယ်လောက်ဖြည့်တွေးပေးပါစေ၊ ကိုယ့်အတွက်ကျမှ အဆိုးချည်းမြင်ပြီး အပြစ်ပြောတတ်သူတွေ၊ ဘယ်လောက်အနစ်နာခံပါစေ၊ အသိအမှတ်မပြုဘဲ အနစ်နာမခံနိုင်တော့တဲ့အခါကျမှ တာဝန်မကျေသလို အသံကောင်းဟစ်တတ်သူတွေ၊ အများကြီးကြုံရမှာပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

"ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ။"

တစ်နေ့တာအချိန်ကို သေချာခွဲတမ်းချပြီး စီမံခန့်ခွဲနိုင်ခြင်းက သင့်ရဲ့အလုပ်ပြီးမြောက်မှုအပေါ်် အကျိုးသက်‌ရောက်မှုရှိစေပါတယ်။ အဲဒါကြောင့် အလုပ်ပြီးမြောက်လေ အချိန်ပိုထွက်လာလေလေ နဲ့ သင့်ကိုသင့် အခြားနေရာတစ်ခုခုလုပ်နိုင်ဖို့ရာ အချိန်ရလာစေပါတယ်။ အဲဒါအပြင် တစ်နေ့တာရဲ့အချိန်ကို အကျိုးရှိရှိနဲ့စနစ်တကျအသုံးချနိုင်လာတဲ့အတွက် ရက်မှလ နှစ်ပြောင်းသောအခါ အကျင့်ကောင်းကြောင့် သင့်ဘဝက အခြားအချိန်ကိုအလကားဖြုန်းတီးနေသူတွေထက် အဆပေါင်းများစွာ ပိုသာနေပါလိ့မ်မယ်။ အဲဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို စီမံခန့်ခွဲဖို့ရာ နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်နော််။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင်ကြိုးစားပြီး နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်တွေကို အနိုင်ယူလိုက်ပါ။

ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင် ကြိုးစားခြင်းက သင့်ရဲ့နာကျင်မှုတွေကို ကုစားနိုင်တယ်ဆိုရင် ယုံမလား။ သင့်ရဲ့အောင်မြင်မှုတွေဟာ သင့်ရဲ့ဘဝတစ်ခုလုံးကို နေပျော်လာနိုင်စေတာမို့ တကယ်လုပ်ကြည့်လိုက်ပါနော်။ အောင်မြင်မှုဆိုတဲ့နေရာမှာ ကျိကျိတက်ချမ်းသာမှ၊ ငွေတွေသုံးမကုန်ဖြုန်းမကုန်အောင်ရှိမှ၊ ကားအကောင်းစားနဲ့ အိမ်တွေအများကြီးပိုင်ဆိုင်မှဆိုတာမျိုးကဲ့သို့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ယုံကြည်မှုတိုးလာစေပြီး သင်ရည်မှန်းထားတဲ့အရာတွေအပေါ်မှာ ဖြစ်မြောက်အောင်၊ အောင်မြင်အောင်ကြိုးစားနိုင်လာတဲ့စိတ်ကို ပြောချင်တာပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

Covid ကာလအတွင်း ကိုယ့်အတွက် အကျိုးရှိမယ့်အရာတစ်ခုခု ကြိုးစားသင်ယူဖြစ်ခဲ့လား ?

Covid ကာလအတွင်း ကိုယ့်အတွက် အကျိုးရှိမယ့်အရာတစ်ခုခု ကြိုးစားသင်ယူဖြစ်ခဲ့လား ? ဘာတွေလုပ်ဖြစ်ခဲ့လဲ မျှဝေကြရအောင်‌နော်❤

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ပေးဆပ်မှုမှန်ကန်ပါစေ။

တကယ်တော့ ပေးဆပ်တယ်ဆိုတဲ့နေရာမှာ တချို့တွေက ဘာမှပြန်မလိုချင်ပါဘူးလို့ပြောတတ်ကြပါတယ်။ အမှန်ပါပဲ.....ဘာကို ပြန်ရမလဲ...ဆိုတဲ့မျှော်လင့်ချက်နဲ့ပေးဆပ်ရတာက ပင်ပန်းပါတယ်။ ဘာကိုမှ ပြန်မလိုချင်ဘဲ ပေးဆပ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် သင်ဘယ်လောက်ပေးဆပ်ပါစေ......မသိတတ်တဲ့၊ အသိအမှတ်မပြုတတ်တဲ့လူတန်းစားတစ်ရပ်လည်းရှိပါသေးတယ်ဆိုတာ မမေ့လိုက်ပါနဲ့အုံး။ အဲဒီလိုလူမျိုးတွေကို သင်က ဘာမှမလိုချင်ပါဘူးဆိုပြီး ပေးဆပ်လိုက်ပေမယ့်လည်း သင့်ထံက ရသမျှသာ ယူသွားပြီး ရလေလိုလေ အိုတစ္ဆေဆိုတဲ့ပုံစံမျိုးနဲ့ထပ်ပြီးတော့တောင် သင့်ကို ဒုက္ခပေးနိုင်ပါသေးတယ်။ ဘယ်နေရာမှာ မဆို အစွန်းရောက်တယ်ဆိုတာ မကောင်းနိုင်ပါဘူး။ အခုလို လူတစ်ယောက်လုံးကို ပေးဆပ်တယ်ဆိုတဲ့ကိစ္စမှာလည်း အလားတူပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သင်ခက်ခဲစွာ သင်ယူရမယ့် လူတွေအကြောင်း

ဘဝမှာ ရှင်သန်ရတဲ့အခါ လူတွေဆီကနေပဲ သင်ခန်းစာတွေအများကြီးပြန်သင်ယူရပါတယ်။ သင်ယူတတ်ရင်တတ်သလို သင်ခန်းစာများစွာကို ကိုယ်တိုင်သင်ယူလိုက်၊ အခြားသူတွေမှားခဲ့ဖူးတာတွေကိုသင်ယူလိုက်၊ ကိုယ်ပေါင်းသင်းဆက်ဆံ၇တဲ့ပတ်ဝန်းကျင်ကလူတွေကို ကြည့်ပြီးသင်ယူရင်းနဲ့ပဲ ရင့်ကျက်လာရတာဖြစ်ပါတယ်။ အဲဒါကြောင့် လူတွေဆီကနေ ရတဲ့သင်ခန်းစာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

အစားအစာ, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

Super Sunday အားလပ်ချိန်မှာ ဘာတွေလုပ်မလဲ။

Super Sunday မှာဘာတွေလုပ်ဖြစ်ကြလဲ။ ခုလိုအချိန်မှာ အပြင်လည်းလျှောက်သွားလို့အဆင်မပြေဘူးဆိုတော့ကာ တစ်ယောက်တည်းအဆင်ပြေသလို အပန်းဖြေပါ။ တစ်ပတ်လုံး အားကြိုးမာန်တက်နဲ့ ရုန်းကန်ရတာမို့ ကိုယ့်ကိုယ်ကိုယ်ဒီတစ်ရက်တော့ အချိန်ပေးအပန်းဖြေဖို့ တိုက်တွန်းလိုက်ပါတယ်။ အဓိကက ကိုယ့်ရဲ့စိတ်ကို relax ဖြစ်စေတဲ့အရာတွေကို ကိုယ်တိုင်သိပြီးနားလည်ရင် ကိုယ့်ကိုယ်ကိုယ်အချိန်ပေးတတ်သွားပါပြီ။ အောက်မှာဖော်ပြထားတဲ့အချက်တွေဆို အင်မတန်ရိုးရှင်းပေမယ့် စိတ်ကို relax ဖြစ်စေပါတယ်။ ငွေကုန်ကြေးကျလည်းမများပါဘူး။ ကိုယ်တိုင်ကိုယ့်ကိုယ်ကိုယ်ဘယ်လိုနည်းလမ်းတွေနဲ့ relax လုပ်ဖြစ်လဲဆိုတာလေး အခြားသူတွေသိအောင် မျှဝေသွားပါအုံးနော်။

အစားအစာ ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။