ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေဖို့ လုပ်သင့်တဲ့အချက်များ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေဖို့ ဆိုတာက ကိုယ်တိုင် ပြုမူကျင့်သုံးရမှာဖြစ်ပါတယ်။ အဓိကက ကိုယ်လုပ်နိုင်တာကို သိဖို့လိုပါတယ်။ ပြီးတော့ ကိုယ့်က ကိုယ့်ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ခြင်းကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေပါတယ်။ အဓိကက ကိုယ့်ရဲ့လုပ်နိုင်စွမ်းအရည်အချင်းပေါ်မှာလည်းမူတည်ပါသေးတယ်.။


၁) ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ မနှိုင်းယှဥ်ပါနဲ့။
အခြားလူတွေနဲ့ သင်က မတူပါဘူး။ အချိန်တိုင်းကြိုးစားနေတဲ့လူအတွက်အခွင့်အရေးအများကြီးရှိပါသေးတယ်။ အဲဒီ့အတွက် အခြားသူတွေနဲ့ နှိုင်းယှဥ်မယ့်အစား မနေ့ကသင်နဲ့ ဒီနေ့သင့်ကိုယ်သင်သာ နှိုင်းယှဥ်ပါ။

၂) ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်တဲ့စကားမျိုးမပြောပါနဲ့။
အဆိုးမြင်တဲ့စိတ်နဲ့ကြည့်ခြင်းက သင့်ရဲ့ယုံကြည်မှုကိုလျော့ကျစေပါတယ်။ “ ငါမလုပ်နိုင်ဘူးထင်တယ်၊ ငါမဖြစ်နိုင်ဘူး” ဆိုတဲ့အတွေးတွေက သင့်ကို တကယ်ဖြစ်လာအောင် ကြိုးစားဖို့ တွန့်ဆုတ်သွားစေနိုင်ပါတယ်။ အဲဒါကြောင့် “ ငါဖြစ်အောင်ကြိုးစားမယ်” ဆိုတဲ့စိတ်သာထားပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်တဲ့စကားမျိုးမပြောမိအောင် ကြိုးစားကြည့်ပါ။

၃) နေ့တိုင်း အသစ်တစ်ခုခုကို ပြုလုပ်ပါ။ သင်ယူနေပါ။
နေ့တိုင်းသင်ယူနေခြင်းက သင့်စွမ်းရည်တိုးလာစေပါတယ်။ နောက်ဆုံး အင်္ဂလိပ်စာလုံးတွေ တစ်နေ့၁၀လုံးပဲကျက်နေပါစေအုံး တစ်လပြည့်ရင် မနည်းဘူးသင်သိသွားလောက်ပါပြီ။ တခုခုကို သင်ယူနေခြင်းက မှတ်ဥာဏ်လည်းကောင်းစေပြီး သင့်စွမ်းရည်တိုးလာလေလေ သင့်ကိုယ်သင်လည်း ယုံကြည်မှုတိုးလာလေလေပါပဲ။

၄) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေတဲ့ဝတ်စားဆင်ယင်မှုမျိုးပဲ ဝတ်ဆင်ပါ။
ကိုယ့်စိတ်ကိုယ်မလုံမလဲဖြစ်စေတဲ့အဝတ်အစားမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ အခြားလူဘယ်လိုထင်မလဲမသိဘူးဆိုတဲ့စိတ်မျိုးနဲ့ ဝတ်ရတဲ့အဝတ်အစားက ဘယ်လောက်စျေးကြီးကြီး ဘယ်လောက်ပဲ brand ဖြစ်ဖြစ် ကိုယ့်စိတ်မလုံမလဲဖြစ်နေရင် သင့်မျက်နှာမှာ ကိုယ့်ကိုယ်ကိုယ်မယုံကြည်မှုတွေပေါ်နေမှာပဲဖြစ်ပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ် ဖြစ်အောင်လုပ်မယ်လို့ ကတိပေးထားချက်တွေကို ဂျာနယ်ချရေးပါ။ ဖြစ်အောင်လုပ်ကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ်ကတိပေးပါဆိုတာ “ဒီနေ့တော့ ဘာပြီးအောင်လုပ်မယ်၊ ဒီလတော့ ငွေဘယ်လောက်ရအောင်စုမယ်” ဆိုတာမျိုးတွေပေါ့။ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ကတိကို တည်အောင်ကြိုးစားဖို့ပါ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်ကတိတည်လေ ကိုယ့်ရဲ့ယုံကြည်မှုကတိုးလာလေလေပါပဲ။
၆) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ စကားပြောပါ။
စကားပြောတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိမှန်းသိသာစေတဲ့စကားမျိုးတွေကို မသုံးနှုန်းပါနဲ့။ တိုတိုရှင်းရှင်းနဲ့ တိတိကျကျပြောဖို့ အထောက်အထားနဲ့ပြောတတ်တာက ပိုပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေပါတယ်။
အထက်ကအချက်တွေက သင့်ကိုယ်သင်ယုံကြည်မှုတိုးစေဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။ အဓိကကတော့ သင့်ကိုယ်သင်ယုံကြည်မှုတိုးစေခြင်းဟာ သင့်ရဲ့အသုံးအဆောင်တွေနဲ့ သင်ငွေဘယ်လောက်ရှိကြောင်းဆိုတဲ့အရာတွေပေါ် အလုံးစုံမူတည်နေတာမဟုတ်ဘဲ သင့်ရဲ့အရည်အချင်းထက်မြက်မှုနဲ့ တိုးတက်မှုပေါ်မှာ သင့်ရဲံစိတ်ကျေနပ်မှုအပေါ်မူတည်နေတာပဲဖြစ်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။