အချစ်ဘာသာစကားများ

စိတ်ဝင်စားဖို့ ကောင်းတာက 🌹 ချစ်မေတ္တာမှာလည်း ဘာသာစကားတွေ ရှိပါသတဲ့။ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေး ခိုင်မြဲကောင်းမွန်ချင်တယ်ဆိုရင် အချစ်ဘာသာစကားတွေကို သိထားဖို့ လိုပါတယ်။


🗨️ ဘာသာစကားဆိုတာ ရှိနေလို့သာ ကျွန်တော်တို့တွေ နိစ္စဓူဝ ပြောဆိုဆက်သွယ်နေနိုင်တာပါ။

စိတ်ဝင်စားဖို့ ကောင်းတာက 🌹 ချစ်မေတ္တာမှာလည်း ဘာသာစကားတွေ ရှိပါသတဲ့။ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေး ခိုင်မြဲကောင်းမွန်ချင်တယ်ဆိုရင် အချစ်ဘာသာစကားတွေကို သိထားဖို့ လိုပါတယ်။

အချစ်ဘာသာစကားဆိုတာ အလွယ်ပြောရရင် ကိုယ်က ချစ်ပေးတတ်တဲ့ ပုံစံနဲ့ ကိုယ်ကပြန်ပြီး အချစ်ခံချင်တဲ့ ပုံစံပေါ့ဗျာ။ 💑 နှစ်ယောက်လုံးပြောတဲ့ အချစ်ဘာသာစကားက တူတူပဲဆိုရင်တော့ အတိုင်းထက်လွန်ပေါ့၊ အဆင်ပြေဆုံးပါပဲ။

အဲ့လိုမဟုတ်ဘူးဆိုရင်‌တော့ ပြဿနာရှိတတ်ပါတယ်။ 🗯️ မချစ်ဘူး ချစ်တယ် ကိစ္စနဲ့ စကားတွေ များရတော့တာပဲ။ ဒါကြောင့် အချစ်ဘာသာစကားချင်း မတူကြရင်တောင်မှ တစ်ယောက်ပြောတာ တစ်ယောက်နားလည်ထားဖို့ အရေးကြီးပါတယ်။

မဟုတ်ရင် တစ်ယောက်ကို တစ်ယောက် အချစ်တွေပေးနေလည်း အချစ်နဲ့ဝေးနေဆဲ ဖြစ်နေမှာပါ။ ဆိုတော့ လိုရင်းကို ပြောရရင် 🩷 အချစ်ဘာသာစကား စုစုပေါင်း (၅) မျိုး ရှိပါတယ်။ အဲ့တာတွေက ...

1️⃣ ချီးမွမ်းစကား (Words of Affirmation)
လူတွေရဲ့ဗီဇကိုက အသိအမှတ်ပြုခံချင်တဲ့သဘာဝ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ချစ်ရသူဆီက အကောင်းပြောခံရတဲ့အခါ၊ ချီးမွမ်းခံရတဲ့အခါမှာ လူတွေဟာ စိတ်ပျော်ရွှင်ပြီး ပိုမိုတက်ကြွတတ်ကြတာ ထုံးစံပါပဲ။ ဒါကြောင့် ကောင်းသောစကားတွေကို စိတ်ထဲမှာပဲ သိမ်းမထားပါနဲ့။ ကိုယ့်ချစ်သူရဲ့ အချစ်ဘာသာစကားက ချီးမွမ်းစကားဖြစ်နေမယ်ဆိုရင် သူ့ရဲ့ အားသာချက်၊ ကောင်းကွက်နဲ့ အလိုက်သိမှုတွေကို ထုတ်ဖော်ပြောပေးပါ။

2️⃣ အတူရှိချိန် (Quality Time)
အတူတူရှိနေရုံနဲ့ အချိန်ပေးတယ်လို့ မဆိုနိုင်ပါဘူး။ နှစ်ယောက်အတူ ကော်ဖီဆိုင်ထိုင်ပြီး ဖုန်းချည်းပဲသုံးနေရင်တော့လည်း မဟုတ်သေးဘူ။ ဒါဆိုရင် တစ်ယောက်ဘေးနားတစ်ယောက်ရှိနေပေမဲ့ စိတ်ချင်းနီးစပ်မှုကိုတော့ ခံစားနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ချစ်သူရဲ့ အချစ်ဘာသာစကားက အတူရှိနေချိန်ဆိုရင် သူ့အတွက် သီးသန့်အချိန်ပေးပါ။ အတူရှိနေခိုက်မှာလည်း သူ့အပေါ်မှာ အပြည့်အဝ အာရုံစူးစိုက်မှုပေးသင့်ပါတယ်။

3️⃣ ချစ်သက်လက်ဆောင် (Gifts)
လက်ဆောင်ပေးတဲ့အခါမှာ လက်ခံသူဘက်က လက်ဆောင်ပဲရသွားတာမဟုတ်ဘဲ ကိုယ်ကသူ့ကို သတိတရရှိနေတယ်ဆိုတဲ့ အတွေးလေးကိုပါ ရရှိသွားတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို လက်ဆောင်ဆိုတဲ့ ကြားခံတစ်ခုကိုသုံးပြီး ထုတ်ဖော်ပြသခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူရဲ့ အချစ်ဘာသာစကားက ချစ်သက်လက်ဆောင်ဆိုရင် အမှတ်တရ လက်ဆောင်လေးတွေ ဝယ်ပေးပါ။ တန်ဖိုးကြီးစရာ မလိုပါဘူး၊ ချစ်တဲ့စိတ်နဲ့ ပေးတာဖြစ်ဖို့ပဲ လိုပါတယ်။

4️⃣ အလိုက်သိမှု (Acts of Service)
ပါးစပ်ကထုတ်မပြောပေမဲ့ ကိုယ့်အတွက်စဥ်းစားပေးပြီး အလိုက်တသိလုပ်ဆောင်ပေးတဲ့ အပြုအမူတွေကို လူတိုင်း သဘောကျလေ့ရှိပါတယ်။ ချစ်သူတွေကြားမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါကြောင့် ကိုယ့်လက်တွဲဖော်ရဲ့ အချစ်ဘာသာစကားက အလိုက်သိမှုဖြစ်နေမယ်ဆိုရင် လမ်းလျှောက်တဲ့အခါ ကိုယ်က ကားလမ်းမဖက်ကနေ ကာပြီးလျှောက်ပေးတာ၊ လမ်းဖြတ်ကူးတဲ့အခါ လက်ကိုင်ပေးထားတာ စတဲ့ အပြုအမူတွေနဲ့ ချစ်မေတ္တာကို ဖော်ပြနိုင်ပါတယ်။

5️⃣ အထိအတွေ့ (Physical Touch)
အထိအတွေ့ဆိုတိုင်း စိတ်ဆန္ဒကို လှုံ့ဆော်ပေးတာတစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှာ ညင်သာတဲ့အပြုအမူမျိုးလည်း ပါဝင်ပါတယ်။ လက်တွဲပြီး လမ်းလျှောက်တာ၊ ပင်ပန်းနေရင် ဇက်ကြောဆွဲပေးတာ နှိပ်နယ်ပေးတာ၊ ဝမ်းနည်းနေတဲ့အခါ ပွေ့ဖက်အားပေးတာမျိုးပေါ့။ ဒါကြောင့် ကိုယ့်ချစ်သူရဲ့ အချစ်ဘာသာစကားက အထိအတွေ့ဆိုရင် အတူရှိနေချိန်မှာ ထိတွေ့ခြင်းဖြင့် ချစ်မေတ္တာကို ဖော်ပြသင့်ပါတယ်။

စာဖတ်ပရိတ်သတ်တွေလည်း ဒီအချက်လေးတွေကို ကြည့်ပြီးတော့ ကိုယ်နဲ့ ကိုယ့်ချစ်သူရဲ့ အချစ်ဘာသာစကားက ဘာတွေလဲဆိုတာ အတူတကွ အဖြေရှာကြည့်နိုင်ကြပါစေခင်ဗျာ။ 😊

(စာကြွင်း - စိတ်ဝင်စားလို့ ဒီ့ထက် ပိုအသေးစိတ်သိချင်ရင်တော့ Gary Chapman ရေးထားတဲ့ 📖 The 5 Love Languages ဆိုတဲ့ စာအုပ်လေးကို ရှာဖတ်ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။)

#BAWA101 #RelationshipAdvice #LoveLanguages

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။