ဘယ်အရာကိုမဆို အမြန်ဆုံးသင်ယူမှတ်မိလွယ်စေဖို့

သင်ယူတဲ့အခါဖြစ်ဖြစ်၊ တစ်ခုခုကို မှတ်သားရတာပဲဖြစ်ဖြစ် မှတ်လွယ်သင်လွယ်တဲ့အကျင့်ကို လူတိုင်းနီးပါးသဘောကျတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကတော့ အဲဒီလိုအကျင့်မရှိဘူးဆိုရင်လည်း ကိုယ့်ရဲ့ဦးနှောက်မှတ်ဥာဏ်ကို လေ့ကျင်ယူဖို့ မပျင်းရင် လေ့ကျင့်ယူလို့ရပါတယ်။ အဲဒါကြောင့် ဘယ်လိုလေ့ကျင့်ယူမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်နော်.။


၁) တပြိုင်တည်းအများကြီးမမှတ်ပါနဲ့။
တပြိုင်တည်း အများကြီး ဦးနှောက်ထဲစုမှတ်တာမျိုးက မှတ်မိမလွယ်ပါဘူး။ တစ်ခုကိုမှ ထိထိမိမိမမှတ်မိတာမျိုးဖြစ်နိုင်ပါသေးတယ်။ အဲဒါကြောင် မှတ်သားစရာတွေအများကြီးကို ခေါင်းထဲစုပြုံထည့်မှတ်လို့ကတော့ မှတ်မိမလွယ်စေပါဘူး။

၂) လေးနက်စွာမှတ်သားပါ။
တစ်ခုမှတ်မယ်လို့ ဆုံးဖြတ်ရင်လည်း သေချာလေးမှတ်သားပြီး သေချာလေးအာရုံစိုက်လိုက်ပါ။ ပထမတစ်ခုမှတ်သားလို့ သေချာမှတ်မိပြီဆိုမှ နောက်တစ်ခုကို ဆက်ပြီးမှတ်ပါ။ လေးနက်စွာ အာရုံစူးစိုက်မှတ်သားခြင်းက သင့်မှတ်လွယ်သင်လွယ်တဲ့ မှတ်ဥာစ်ဖြစ်ဖို့ အထောက်အကူပြုပါတယ်။

၃) မှတ်မိချင်တဲ့အရာကို ထပ်ခါထပ်ခါပြန်တွေးပါ။
ကိုယ်မှတ်မိချင်နေတဲ့အရာကို အချိန်မလပ်ပြန်တွေးကြည့်တာမျိုး တနည်းအားဖြင့် စာတွေပြန်နွေးသလိုမျိုးပေါ့၊ ကိုယ်မှတ်မိချင်နေတဲ့အရာကိုလည်း ခေါင်းထဲမှာ ထပ်ခါထပ်ခါပြန်တွေးကြည့်ပြီး စိတ်ထဲကနေ ‌ရေရွတ်ကြည့်လိုက်ပါ။ အဲဒါကလည်း မှတ်မိလွယ်စေပါတယ်။

၄) အချိန်ဇယားသတ်မှတ်ထားပါ။
မှတ်စရာတွေများလာတဲ့အခါ အဆင်မပြေမဖြစ်ဖို့အတွက် အချိန်ဇယားလေးနဲ့ မှတ်မိချင်တဲ့အရာတွေကို ပြန်နွေးဖို့ ရက်သတ်မှတ်တာမျိုးလုပ်လိုက်ပါ။ ဥပမာ။ တနင်္လာနေ့က အကြောင်းအရာကို ဗုဒ္ဓဟူးနေ့လောက်မှာ ပြန်နွေးမယ်လို့ သတ်မှတ်ပြီး ဗုဒ္ဓဟူးနေ့ မှတ်ရမယ့်အကြောင်းအရာကို သောကြာနေ့လောက်ပြန်နွေးမယ် ဒါမှမဟုတ် ပြန်တွေးမယ်လို့ ကိုယ့်ဟာကိုယ်သတ်မှတ်ထားတာမျိုးပေါ့။ အဲဒါက ပိုပြီးမှတ်မိလွယ်စေပြီး ပိုများများလည်း မှတ်လို့ရသွားစေပါတယ်။

၅) မှတ်စုဖြင့် ချမှတ်ပါ။
ဘယ်အရာကိုမဆို ကိုယ်က မေ့လွယ်သူဆိုရင် ဖုန်းထဲက မှတ်စုဖြစ်ဖြစ်၊ မှတ်စုစာအုပ်ဆောင်သွားတာပဲဖြစ်ဖြစ် ချရေးပြီးမှတ်လိုက်တာ အကောင်းဆုံးပါပဲ။ မေ့ချင်သလိုလိုဖြစ်လာရင်တောင် စာအုပ်ထဲပြန်ရှာပြီး ပြန်မှတ်လို့ ရနိုင်ပါတယ်။ အဲဒီလိုကျင့်ယူသွားရင်းကနေမှ တဖြည်းဖြည်းပြန်ပြီး မှတ်ဥာဏ်အားကောင်းလာတာကို အံ့အားသင့်ဖွယ်မြင်ရပါလိမ့်မယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။