ပိုက်ဆံကို သုံးနေတာမဟုတ်ဘဲ ဖြုန်းနေမှန်း သိသာစေသောအချက်များ
ကိုယ်တွေငယ်ငယ်က မိဘတွေပြောလေ့ရှိတဲ့စကားရှိပါတယ်။ အသုံးနဲ့အဖြုန်းကိုခွဲခြားနားလည်ရမယ်ဆိုတဲ့စကားပါ။ သုံးတယ်ဆိုတာက ကိုယ့်အတွက်တကယ်လိုအပ်တဲ့အရာတွေအတွက် မဖြစ်မနေ ဝယ်ယူရမှာမို့ဝယ်ယူရတာမျိုးပါ။ ဖြုန်းတယ်ဆိုတာကတော့ ဝယ်လည်းဖြစ်၊ မဝယ်လည်းဖြစ်တဲ့အရာတွေအတွက် ငွေကို အတိုင်းအဆမရှိသုံးပစ်လိုက်တာမျိုးပါ။ တကယ်မဖြစ်မနေလိုအပ်တဲ့အရာတွေမဟုတ်ဘဲ ငွေကိုလက်ထဲမထားဘဲ သုံးပစ်လိုက်တာမျိုးပေါ့။ ဖြုန်းတီးတတ်တဲ့အကျင့်ဟာ စွဲလွယ်ပါတယ်။ အဲဒါကြောင့် မစဉ်းစားဘဲ ဈေးဝယ်တတ်တဲ့အကျင့်ကို ပြုပြင်သင့်ပါတယ်။
သင်နဲ့အတူ ဆိုးတူကောင်းဖက် Long time friend လေးတွေရှိရင် မန့်ရှင်းခေါ်ကြပါအုံး???
သင်နဲ့အတူ ဆိုးတူကောင်းဖက် Long time friend လေးတွေရှိရင် မန့်ရှင်းခေါ်ကြပါအုံး???
Fake Friend မှန်းသိနိုင်တဲ့အချက်များ
Fake friend ဆိုတာမျိုးက ကိုယ့်အပေါ် တကယ့်စိတ်ရင်းနဲ့မဟုတ်ဘဲ ဟန်ဆောင်ပန်ဆောင်ဆက်ဆံတတ်ပြီး အခန့်မသင့်ရင် ပြဿနာတောင်ပေးတတ်ပါသေးတယ်။ ရှင်းရှင်းလင်းလင်း မခေါ်မပြောတဲ့လူထက်စာရင် ဟန်ဆောင်တတ်တဲ့လူတွေက ကိုယ့်ဘဝကို တခုမဟုတ်တခု ထိခိုက်အောင်လုပ်လာနိုင်ပါသေးတယ်။ အဲဒါကြောင့် ကိုယ့်ဆီမှာ fake friend များရှိနေသလားဆိုတာ အောက်ကအချက်တွေကြည့်ရင်သိနိုင်မှာပါ။
Productive ဖြစ်ဖို့ ခုချက်ချင်းပြုပြင်သင့်သောအကျင့်များ
အလုပ်သာလုပ်နေတာ စွမ်းရည်တေါလည်းမတိုးလာဘူး။ အလုပ်လည်း ထိရောက်တဲ့ရလဒ်မရဘူး၊ အလုပ်လည်းမပြီးဘူးဆိုတာမျိုး မဖြစ်ရအောင် ကိုယ့်ရဲ့အလုပ်လုပ်နေတဲ့ စွမ်းရည်ကို ပြန်လည်သုံးသပ်ဖို့လို ပါတယ်။ အဲဒါကြောင့် တကယ်လို့များ အလုပ်မှာ producitive မဖြစ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်သင့်တဲ့အကျင့်တွေကို အကြမ်းဖြင်းအားဖြင့် ဖော်ပြလိုက်ပါတယ်။
ဘ၀ကို သတ္တိရှိစွာ ရင်ဆိုင်ဖြတ်သန်းပါ ။
လူတိုင်းကတော့ ဘ၀ဆိုတာ ရလာတုန်းခဏမှာ အဆင်ပြေအောင်နေထိုင်ရင်း ကြိုးစားရုန်းကန်ရှင်သန်ကြရတာပါပဲ။ ဒီစကားလေးကိုကြားတုန်း အတွေးပွားမိသွားပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ဘ၀ကိုရှင်သန်ဖို့ရာ သတ္တိရှိဖို့ လိုတာလဲ။ လူတိုင်းဟာ ဘ၀ဆိုတဲ့တိုက်ပွဲကို ရင်ဆိုင်နေကြတာပါပဲတဲ့ ဒီစကားကို ကြားဖူးလို့ နားရည်ဝနေကျဖြစ်မှာပါ။ တကယ်တော့ ဒီစကားကို ဘဝရဲ့ ခက်ခဲတဲ့အချို့အချိန်တွေမှာ ပြန်တွေးမိဖို့လိုတာကြောင့်ပါပဲ။
အလုပ်ခွင်မှာမပျော်ရွှင်တဲ့အခါ ပြန်ဆန်းစစ်ကြည့်သင့်တဲ့အချက်များ
တကယ်တော့ အလုပ်ခွင်မှာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ အလုပ်ခွင်မှာပျော်ရွှင်ခြင်းက သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းတိုးတက်စေနိုင်ပြီး လုပ်ဆောင်ချက်တွေလည်း ကောင်းမွန်စေနိုင်ပါတယ်။ ပျော်စရာကောင်းတဲ့အလုပ်ခွင်ဖြစ်နေမှသာ အလုပ်သွားရမှာကိုလည်း ပျင်းရိနေတာမျိုး ကြောက်လန့်နေတာမျိုး မရှိမှာဖြစ်ပါတယ်။ အလုပ်သွားရမယ်လို့ဆိုလိုက်တာနဲ့ ပျော်ရွှင်တက်ကြွနေတာမျိုးမဟုတ်ဘဲ လေးကန်ကြောက်ရွံ့နေတာမျိုး ဖြစ်နေရင် အလုပ်ခွင်မှာ တိုးတက်မှူရှိမှာမဟုတ်သလို စိတ်ဖိစီးမှူပါ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့်အလုပ်ခွင်မှာ မပျော်တော့ဘူးဆိုတဲ့အချိန်မှာ သင့်ပြန်သုံးသပ်သင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။
ဘ၀ကိုသင်ခန်းစာပေးသောပုံပြင်တိုလေးများ (၅)
ဘ၀ကိုသင်ခန်းစာ ပေးတဲ့ပုံပြင်လေးတွေဖတ်ခြင်းအားဖြင့် ကိုယ့်ဘ၀အတွက် အတွေးအမြင်သစ်တွေရစေနိုင်သလို ကိုယ့်ရဲ့သားသမီးလေးတေါကိုလည်း ပြန်လည်ပြောပြ သင်ခန်းစာပေးနိင်ပါတယ်။ ပုံပြင်တွေကြိုက်တဲ့ကလေးငယ်တွေဟာ ဘ၀မှာ စာဖတ်နာတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။ စာဖတ်ကျင့်ဖြစ်လာတဲ့အခါ ဘ၀မှာပိုပြီအမြင်ကျယ်တဲ့လူလိမ္မာလေးတွေဖြစ်လာတာပေါ့။ အဲဒါကြောင့် ဘ၀ကိုသင်ခန်းစာပေးတဲ့ပုံပြင်တိုလေးတွေကို ဖတ်ကြည့်ပြီး သားသားမီးမီးတွေကိုလည်း စာဖတ်ကျင့်ရအောင် ပြန်လည်ပြောပြပေးသင့်ပါတယ်။
စွမ်းရည် ကလေးပြုစုပျိုးထောင်ခြင်း စိတ်ဓာတ်ခွန်အား ကိုးကားစာများ
Work Smart ဖြစ်ဖို့ လုပ်သင့်တဲ့နည်းလမ်းများ
အလုပ်များတယ်ဆိုတိုင်း အလုပ်တွေအများကြီးပြီးဆုံးအောင်လုပ်ဆောင်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အလုပ်များတယ်ဆိုတာ အလုပ်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို နားမလည်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အလုပ်များပေမယ့် အလုပ်ကို smart ကျကျ လုပ်နိုင်ပြီး စိတ်ဖိစီးမှုမများစေဘဲ အလုပ်ပြီးမြောက်နိုင်စေဖို့အတွက် work smart ဖြစ်ဖို့ လုပ်သင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်
ငယ်ငယ်တုန်းက စပြီးဖတ်ခဲ့ဖူးတဲ့စာအုပ်နာမည်လေး မှတ်မိကြလား ❓❓
ငယ်ငယ်တုန်းက စပြီးဖတ်ခဲ့ဖူးတဲ့စာအုပ်နာမည်လေး မှတ်မိကြလား ❓❓
သင့်အပေါ်ဘယ်လိုပြုမူပါစေ....သင်ကဘယ်လိုပြန်ပြုမူတယ်ဆိုတာသာ သင့်ပုံရိပ်ပါ။
သင့်အပေါ်ဘယ်လိုပြုမူပါစေ....သင်ကဘယ်လိုပြန်ပြုမူတယ်ဆိုတာသာ သင့်ပုံရိပ်ပါ။
ဒီနေ့ခေတ်မှာက အကုန်လုံးလိုလို ခေတ်ကို အမှီလိုက်ဖို့ ကြိုးစားရုန်းကန်နေရတာချည်းပဲမို့ အလုပ်များကြတဲ့လူတွေချည်းပါပဲ။ အဲဒီ့အခါမှာ မိသားစုကို အချိန်ပေးဖို့ရာ လျစ်လျူရှုထားသလိုဖြစ်လာပါတယ်။ တကယ်တော့ မိသားစုကို အချိန်ပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ မိသားစုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်တတ်ခြင်းက အလုပ်ခွင်မှာလည်း အလုပ်ပိုပြီးမြောက်စေဖို့ ၊ စိတ်တက်ကြွဖို့ရာ အထောက်အကူဖြစ်နေစေပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားလပ်ချိန်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်မှာ မိသားစုကို အချိန်ပြန်ပေးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် အချိန်ပေးလို့ရစေမယ့် အခြေအနေအပိုင်းအခြားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ အချိန်အတိအကျမတူနိုင်တာမို့ ကိုယ့်အတွက် အဆင်ပြေစေမယ့် အချိန်မျိုးကို ရွေးပြီး မိသားစုကို အချိန်ပေးဖို့ကြိုးစားကြည့်ပါနော်။
အမြဲကံကောင်းတဲ့လူဖြစ်စေဖို့ လုပ်သင့်တဲ့အကျင့်များ
ကံကောင်းတယ်ဆိုတာကို လူတော်တော်များများက လက်ခံပုံချင်းမတူကြပါဘူး။ တကယ်တမ်းတော့ ကံဆိုတာက သူ့ဟာသူရှိနေပြီး လူတစ်ယောက်ရဲ့ကောင်းခြင်းဆိုးခြင်းကို support လုပ်ပေးနေတာလို့ ကိုယ်တွေကတော့မခံယူပါဘူး။ ကံသည်အလုပ်၊ အလုပ်သည်ကံရယ်လို့ မှတ်ယူခြင်းက တနည်းအားဖြင့် “ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်လာမှာမို့ ကံကောင်းလာမှာပဲ” ရယ်လို့ တွေးပြီး အားတင်းနိုင်သေးတယ်လေနော်။ အဲဒီ့အတွက် အမြဲကံကောင်းဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ခံယူချက်က အရေးကြီးပါတယ်။ “မွေးကတည်းက ပါလာတဲ့ကံကိုက မကောင်းတာ” ဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်စိတ်ကို အတင်းဆွဲချပြီး စိတ်ဓာတ်ကျအောင်လုပ်တာမျိုး မတွေးဘဲ “အလုပ်သည်ကံ၊ ကံသည်အလုပ်” အလုပ်ကို ကြိုးစားပြီး ကံကောင်းလာအောင်လုပ်မယ်လို့တွေးတာက ပိုကောင်းပါတယ်။ အဲဒါကြောင့် တကယ်တမ်းကံကောင်းခြင်းဆိုတာကို ကိုယ်ကလုပ်ယူနိုင်ဖို့ ကိုယ့်ရဲ့အကျင့်အဖြစ်မွေးမြူရမယ့်အရာတွေရှိပါတယ်။