Productive ဖြစ်ဖို့ ခုချက်ချင်းပြုပြင်သင့်သောအကျင့်များ

အလုပ်သာလုပ်နေတာ စွမ်းရည်တေါလည်းမတိုးလာဘူး။ အလုပ်လည်း ထိရောက်တဲ့ရလဒ်မရဘူး၊ အလုပ်လည်းမပြီးဘူးဆိုတာမျိုး မဖြစ်ရအောင် ကိုယ့်ရဲ့အလုပ်လုပ်နေတဲ့ စွမ်းရည်ကို ပြန်လည်သုံးသပ်ဖို့လို ပါတယ်။ အဲဒါကြောင့် တကယ်လို့များ အလုပ်မှာ producitive မဖြစ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်သင့်တဲ့အကျင့်တွေကို အကြမ်းဖြင်းအားဖြင့် ဖော်ပြလိုက်ပါတယ်။


၁) အလုပ်တွေအများကြီးကို တပြိုင်တည်းအပြီးသတ်ချင်တဲ့ အကျင့်
တစ်ချိန်တည်းမှာ အလုပ်တွေအကုန်လုံးကို တပြိုင်တည်းပြီးချင်တဲ့အတွက် အလုပ်တစ်ခုကို ထိရောက်စွာလုပ်တာမျိုးမလုပ်နိုင်တော့ဘဲ အာရုံများတတ်ပါတယ် ။ အဲဒါကြောင့် အလုပ်တစ်ခုတောင်မှ ထိရောက်အောင်မပြီးဆုံးဘဲ ဟိုမရောက်ဒီမရောက်ဖြစ်တတ်ပါတယ်။ အဲဒါအပြင်လူကလည်း စိတ်ဖိစီးမှုပိုဖြစ်ပါတယ်။ အဲဒါကြောင့် တကယ်အရေးကြီးပြီးဆုံးချင်တဲ့အလုပ်ကိုလည်း နောက်ဆံငင်ပြီး လုပ်လက်စအလုပ်တွေကိုပါအာရုံမစိုက်နိုင်တော့ပါဘူး။

၂) တစ်နေ့တာလုံး အစီအစဉ်အသေးစိတ်ချမှတ်နေခြင်း
တခါတလေ အစီအစဉ်အသေးစိတ်ချမှတ်နေတာလည်း အလုပ်မစလုပ်ဖြစ်တော့ပါဘူး။ ချက်ချင်းထလုပ်လိုက်တာက ပိုပြီးထိရောက်စွာပြီးမြောက်ချင်ပြီးမြောက်သွားမှာဖြစ်ပေမယ့် အသေးစိတ်စီစဉ်နေတာနဲ့တင် အချိန်တော်တော်ကြာအောင် မလုပ်ဖြစ်တာမျိုးတွေဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် အကြမ်းဖြင်းအစီအစဉ်ရှိရင် သေချာထိရောက်နိုင်တယ်ဆိုရင်ကို စတင်လုပ်ဆောင်သင့်ပါတယ်။ မဟုတ်ရင်တော့ စီစဉ်လိုက်၊ ပြန်ပြင်လိုက်နဲ့တင် အလုပ်မပြီးတော့ပါဘူး။

၃) အလုပ်တစ်ခုနဲ့တစ်ခုကြား အားလပ်ချိန်မထားခြင်း
ဒါကလည်း လူကို အရမ်းဖိစီးစေပါတယ်။ အဲဒီ့အတွက် ဖိစီးမှုကြောင့်ကို နောက်ထပ်လုပ်မယ့်အလုပ်ကို အာရုံကောင်းစွာမစိုက်နိုင်တော့ဘဲ ပိုပြီးစိတ်ပင်ပန်းစေပါတယ်။ အဲဒါကြောင့် အလုပ်တစ်ခုပြီးမြောက်အောင်လုပ်ဆောင်နိုင်ပြီး အလုပ်တစ်ခုမစတင်ခင်ကြား ခဏစိတ်ကို relax လုပ်သင့်ပါတယ်။

၄) အမှားအယွင်းမရှိ perfect ဖြစ်ချင်လွန်းသောအကျင့်
အမှားလုံးဝမရှိတာကို စိတ်တ္တဇဖြစ်တတ်တဲ့အကျင့်လည်း အလားတူပါပဲ။ အမှားနည်းအောင်ကြိုးစားတာက ပြဿနာမရှိပေမယ့် အမှားလုံးဝမရှိဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် အမှားတွေကို အသေးစိတ် တခုချည်းလိုက်ရှာပြင်နေတာမျိုး၊ ဘာမှပြဿနာမဖြစ်နိုင်တဲ့ အမှားလို့မသတ်မှတ်နိုင်တာမျိုးကိုအစ လိုက်ပြုပြင်နေတာမျိုးတွေက အလုပ်ကို မပြီးမြောက်စေတော့ပါဘူး။

၅) အလုံးစုံပြီးပြည့်စုံသည်အထိ စောင့်ဆိုင်းနေခြင်း
အလုပ်တစ်ခုစတင်ဖို့အတွက် အခြေအနေတွေ၊ ပစ္စည်းတွေ ၊ အကြောင်းအရာတွေ၊ လူတွေ စသဖြင့် အားလုံးပြီးပြည့်စုံအောင်စောင့်ဆိုင်းနေတတ်တာလည်း ဆင်ခြေတစ်ခုပါပဲ။ အဲဒီ့ဆင်ခြေမျိုးက အလုပ်ကို မစတင်ဖြစ်အောင်နှောင့်နှေးစေပါတယ်။

အထက်က အချက်တွေအပြင် ဘယ်အချက်တွေက သင့်ကိုပိုပြီး productive မဖြစ်စေဘူးလို့ထင်စေပါသလဲ။ အခြားထင်မြင်ချက်လေးတွေရှိရင်လည်း ပိုပြီးဆင်ခြင်လို့ရအောင် မျှဝေခဲ့ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။