အလုပ်ခွင်မှာမပျော်ရွှင်တဲ့အခါ ပြန်ဆန်းစစ်ကြည့်သင့်တဲ့အချက်များ

တကယ်တော့ အလုပ်ခွင်မှာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ အလုပ်ခွင်မှာပျော်ရွှင်ခြင်းက သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းတိုးတက်စေနိုင်ပြီး လုပ်ဆောင်ချက်တွေလည်း ကောင်းမွန်စေနိုင်ပါတယ်။ ပျော်စရာကောင်းတဲ့အလုပ်ခွင်ဖြစ်နေမှသာ အလုပ်သွားရမှာကိုလည်း ပျင်းရိနေတာမျိုး ကြောက်လန့်နေတာမျိုး မရှိမှာဖြစ်ပါတယ်။ အလုပ်သွားရမယ်လို့ဆိုလိုက်တာနဲ့ ပျော်ရွှင်တက်ကြွနေတာမျိုးမဟုတ်ဘဲ လေးကန်ကြောက်ရွံ့နေတာမျိုး ဖြစ်နေရင် အလုပ်ခွင်မှာ တိုးတက်မှူရှိမှာမဟုတ်သလို စိတ်ဖိစီးမှူပါ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့်အလုပ်ခွင်မှာ မပျော်တော့ဘူးဆိုတဲ့အချိန်မှာ သင့်ပြန်သုံးသပ်သင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။


၁) အလုပ်တာဝန်တွေကို မနိုင်မနင်းဖြစ်နေသလား
သင့်တာဝန်အပြင် အခြားလူတွေရဲ့တာဝန်ကိုပါ တွဲယူနေရလို့ စိတ်ဖိစီးနေတာမျိုးလား။ ဒါမျိုးဆိုရင်တော့ လုပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့တိုင်ပင်တာဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့တိုက်ပင်တာဖြစ်ဖြစ် ကိုယ့်မနိုင်တာကို မနိုင်ကြောင်းပွင့်လင်းစွာပြောပြကြည့်ပါ။ ညှိ နှိုင်းပြီး ကိုယ့်ဝန်ကို လျော့ဖို့ကြိုးစားသင့်ပါတယ်။

၂) သင်လုံးဝစိတ်မဝင်စားတဲ့အလုပ်ဖြစ်နေတာကြောင့်လား
တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဒီအလုပ်ကို စိတ်ဝင်စားလောက်မယ်လို့ထင်ပြီး လုပ်ကိုင်ခဲ့ပေမယ့် တကယ်တမ်းလုပ်ကြည့်တဲ့အခါ ကိုယ်ဘယ်လိုမှ စိတ်မဝင်စား ၊ မနှစ်သက်တဲ့ခံစားချက်မျိုး ခံစားနေရတယ်ဆိုရင် အချိန်အကြာကြီး အကုန်ခံပြီး ထိုအလုပ်မှာ မနေသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ်စိတ်မဝင်စားတဲ့အတွက် အလုပ်ကိုလည်း သေချာသင်ယူဖို့ဝါသနာမပါ၊ စိတ်လည်မဝင်စားတာကြောင့် အလုပ်နဲ့ပတ်သက်ပြီးလည်း တိုးတက်မှူရှိမှာမဟုတ်သလို အချိန်အကြာကြီး အကုန်ခံပြီးနေနေခြင်းက သင်စိတ်ပါဝင်စားရာကိုလေ့လာဖို့ အချိန်ကုန်သွားစေပါတယ်။ တနည်းအာဖြင့် ဘာမှမထိရောက် အကျိုးမရှိဘဲ အချိန်ကုန်သွားနိုင်ပါတယ်။

၃) အလုပ်ခွင်မှာ အချင်းချင်း‌ဝေဖန်တိုက်ခိုက်တာမျိုးရှိနေသလား
အလုပ်ခွင်မှာ ဝန်ထမ်းအချင်းချင်း ချောက်ချတာမျိုးက အလုပ်ခါင်မှာ မပျော်ရွှင်ရတဲ့အကြောင်းတွေထဲမှ အဆိုးဆုံးပါ။ ကိုယ်ကို ဖေးမကူညီပြီး ချစ်ခင်စိတ်မထားတဲ့လုပ်ဖော်ကိုင်ဖက်မျိုးတွေကို အတတ်နိုင်ဆုံး‌ရှောင်ပါ၊ ဒါပေမယ့်မရှောင်နိုင်တဲ့အခါမှာတော့ ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုကြိုတွေးထားပြီး ပြင်ဆင်ထားတာမျိုး၊ ကိုယ့်ဘက်က ဟာကွက်မရှိအောင်ကြိုးစားပါ။ ဒါပေမယ့်လုံးဝအဆင်မပြေနိုင်ရင်တော့ ကိုယ့်ကို အတင်း‌ဝေဖန်တိုက်ခိုက်တဲ့အလုပ်ခွင်က ကိုယ်ကို စိတ်ဖိစီးရုံမက စိတ်ဓာတ်ကျလာတဲ့အထိ ဆိုးရွာနိုင်တာမို့ ထိုဝန်းကျင်ကနေ ထွက်လိုက်တာအကောင်းဆုံးပါပဲ။

၄) သင်မလုပ်နိုင်တဲ့ တာဝန် လို့တွေးထင်နေတာကြောင့်လား
တခါတလေကျရင် ကိုယ်မလုပ်နိုင်ဘူးလို့ ထင်တဲ့အလုပ်တာဝန်တွေလို့ ကိုယ့်ကိုယ်ကိုယ့် ယုံကြည်မှူမရှိတဲ့အခါမျိုးမှာလည်း အလုပ်ခွင်မှာ မပျော်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ့် ပြန်အားပေးဖို့လိုတာပါ။ တခါတလေကျရင် ကိုယ်တိုင်မလုပ်ကည့်ရသေးဘဲ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို အထင်သေးမိတတ်ပါတယ်။ တကယ်လုပ်ကည့်လိုက်တဲ့အခါမှာတော့ အံ့အာသင့်စရာကောင်းလောက်အောင် လုပ်ဆောင်နိုင်တာကို တွေ့ရတတ်ပါတယ်။ အဲဒါက‌ကြောင့် မလုပ်နိုင်ဘူးလို့ ထင်နေတဲ့စိတ်ကို ဖျောက်ပြီး အစွမ်းကုန်ကြိုးစားကြည့်မယ်ဆိုတဲ့စိတ်လေးမွေးရင်း တကယ်ကြိုးစားကြည့်လိုက်ပါ။

၅) သင့်ကိုယ်သင် အလုပ်ခွင်မှာ လူပိုတစ်‌ယောက်လိုခံစားနေရသလား
သင့်ကိုယ်သင် အလုပ်ခွင်မှာ နေရာမရဘူး။ အသုံးဝင်တဲ့လူတစ်ယောက်လိုမခံစားရဘူး ဆိုရင် သင်လုပ်ရမှာက ပိုကြိုးစားဖို့ပါပဲ။ ပိုအသုံးဝင်လာအောင်လုပ်ဖို့ လိုတာပေါ့။ ‘ီအကြောင်းရာကြောင့်ဆိုရင်တော့ အလုပ်မထွက်လိုက်ပါနဲ့။ သင့်ရဲံစိတ်ဓာတ်အခြေခံကိုသာပြောင်းလဲပစ်ရမှာပါ။ အလုပ်ခွင်မှာ ကိုယ်နားမလည်တာတွေကို ပိုနာလည်အောင်ကြိုးစားမယ်။ အလုပ်ခွင်မှာ တကယ်မရှိမြဖစ်? မသိတာမရှိတဲ့လူဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ တကယ်လေ့လာပြီး ကြိုးစားမယ်ဆိုရင် သင်လည်း နေရာတစ်ခုရလာမှာပါ။
တကယ်လို့ အလုပ်ခွင်မှာ အထက်က အချက်တွေကြောင့်မဟုတ်ဘဲ အခြားအချက်တွေကြောင့်မပျော်တာရှိရင်လည်း မန့်သွားခဲ့ပါအုံးနော် ။ အချင်းချင်းလည်း မျှဝေရင်း အခက်အခဲတွေကို သိသွားပြီး ‌ဖြေရှင်းနိုင်မယ့်နည်းလမ်းရှာနိုင်တာပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။