ဘ၀ကိုသင်ခန်းစာပေးသောပုံပြင်တိုလေးများ (၅)
ဘ၀ကိုသင်ခန်းစာ ပေးတဲ့ပုံပြင်လေးတွေဖတ်ခြင်းအားဖြင့် ကိုယ့်ဘ၀အတွက် အတွေးအမြင်သစ်တွေရစေနိုင်သလို ကိုယ့်ရဲ့သားသမီးလေးတေါကိုလည်း ပြန်လည်ပြောပြ သင်ခန်းစာပေးနိင်ပါတယ်။ ပုံပြင်တွေကြိုက်တဲ့ကလေးငယ်တွေဟာ ဘ၀မှာ စာဖတ်နာတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။ စာဖတ်ကျင့်ဖြစ်လာတဲ့အခါ ဘ၀မှာပိုပြီအမြင်ကျယ်တဲ့လူလိမ္မာလေးတွေဖြစ်လာတာပေါ့။ အဲဒါကြောင့် ဘ၀ကိုသင်ခန်းစာပေးတဲ့ပုံပြင်တိုလေးတွေကို ဖတ်ကြည့်ပြီး သားသားမီးမီးတွေကိုလည်း စာဖတ်ကျင့်ရအောင် ပြန်လည်ပြောပြပေးသင့်ပါတယ်။
၁) သင်တွေးသလို သင်ဖြစ်လာတာပါ။ လူတစ်ယောက်ဟာ လမ်းလျှာက်လာရင်း ဆင်တွေကို ထားတဲ့နေရာတစ်ခုကို ရောက်လာပါတယ်။ အဲဒီ့မှာ ထူးဆန်းတာတစ်ခုကိုတွေ့လိုက်ရတာကတော့ ဆင်အကြီးကြီးတွေက သူတို့ခြေထောက်ကို ကြိုးအသေးလေးတွေနဲ့ချည်နှောင်ထားတာကို မရုန်းကြတာကိုပါပဲ။ ချိန်းကြိုးအကြီးကြီးတွေသုံးစရာမလိုဘဲ၊ လှောင်အိမ်လည်းမလိုပါဘူး။ အချိန်မရွေး သူတို့ခြေထောက်က ကြိုးလေးတွေကို ဖြတ်တောက်လိုက်နိုင်ပေမယ့် သူတို့က မရုန်းကြပါဘူး။ အဲဒါနဲ့ ထိုလူဟာ ဆင်ထိန်းကို မေးကြည့်လိုက်ပါတယ်။ ဆင်ထိန်းကလည်း ပြန်ဖြေပါတယ်။ “ဟုတ်ပါတယ် သူတို့ငယ်စဥ် ဆင်ပေါက်လေးဘ၀ထဲက သူတို့ကို ကြိုးလေးနဲ့ပဲ ချည်နောင်ထားခဲ့ပါတယ်။ ထိုအရွယ်တုန်းကတော့ ထိုကြိုးကို ရုန်းဖို့ကြိုးစားကြည့်ကြတာပေါ့။ ဒါပေမယ့် သူတို့ရဲ့အားနဲ့ ရုန်းမရခဲ့ပါဘူး။ အခါခါ ကြိုးစားပေမယ့် မရတဲ့အခါ ဆင်တွေဟာ ထပ်ရုန်းကန်ဖို့မတွေးတော့ပါဘူး။ သူတို့အတွေးထဲမှာ ဒီကြိုးလေးဟာ သူတို့ကို ရုန်းလို့မရလောက်အောင် ချည်နှောင်ထားတာမို့ ဘယ်တော့မှ ရုန်းလို့ မရနိုင်ဘူးလို့ အထင်ရောက်သွားတာဖြစ်ပါတယ်လို့ ပြန်ဖြေလိုက်တဲ့အခါ ခရီးသွားဟာ အံ့အားသင့်နေပါတော့တယ်။ ဆင်လို အကောင်ကြီးတဲ့တိရိစ္ဆန်မျိုးဟာ ဘယ်အချိန်မဆို ဒီလို ကြိုးမျိုးကို ဖြတ်တောက်ပစ်နိုင်ရက်နဲ့ သူ့စိတ်ထဲမှာ စွဲနေတဲ့ “ငါမလုပ်နိုင်ဘူး” တဲ့အတွေးကြောင့် ဒီလိုဖြစ်တာပါလားလို့ တွေးလိုက်မိပါတယ်။ ပုံပြင်အနှစ်ချုပ်ကတော့ ကျွန်တော်တို့တွေရဲ့အတွေးဟာ ကျွန်တော်တို့ဘ၀အပေါ်သက်ရောက်မှုအများကြီးရှိနိုင်တယ်ဆိုတာပါပဲ။ တစ်ခါနှစ်ခါ ကြိုးစားကြည့်လို့မှ မဖြစ်နိုင်ဘူးလို့ ယုံကြည်လက်ခံလိုက်တယ်ဆိုရင် ခေါင်းထဲမှာ တရားသေ မလုပ်နိုင်ဘူးဆိုတဲ့စိတ်က စွဲသွားပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းကိုလည်း ထပ်တိုးဖို့ ကြိုစားတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သင်တွေးတဲ့အတိုင်း သင်ဖြစ်လာတယ်လို့ပြောတာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) လောဘကြီးသောခြသ့် ခြသေ တစ်ကောင်က ဆာလောင်စွာနဲ့ တောထဲလှည့်ပတ်အစာရှာပါတယ်/ အဲဒီ့ အချိန်မှာပဲ ယုန်သေးလေးတစ်ကောင်ကိုတွေ့ပြီး ဖမ်းလိုက်ပါတယ်။ ယုန်ကို လက်ထဲဖမ်းဆုပ်ထားရင်းနဲ့စဥ်းစားလိုက်ပါတယ် “ ဒီယုန်လောက်ကတော့ ငါ့ဗိုက်ဝမှာမဟုတ်ဘူး” လို့တွေးနေတုန်းမှာပဲ သမင်တစ်ကောင်ဟာ ခြသေ့ ရှေ့ကနေ ဖြတ်ပြေးသွားပါတယ်။ သမင်ကိုမြင်တဲ့အခါ ခြသေ့က တွေးလိုက်ပြန်ပါတယ်။ “ ယုန်ကို စားမယ့်အစား သမင်ကိုသာ မိအောင်ဖမ်းပြီး စားလိုက်တာက ဗိုက်ပြည့်မှာ” လို့ လောဘတကြီးနဲ့ တွေးရင်း လက်ထဲက ယုန်ကိုလည်း လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း သမင်နောက်ကို အမြန်လိုက်ပေမယ့် သမင်ကိုလည်း မတွေ့ရတော့ပြန်ပါဘူး။ လောဘကြီးတဲ့ခြသေ့ဟာ ယုန်လည်းမစားရ၊ သမင်လည်း ဖမ်းမမိနဲ့ အစာငတ်ရပါတော့တယ်။ ပုံပြင်လေးရဲ့အနှစ်ချုပ်ကတော့ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ရှိနေတဲ့ငှက်တစ်ကောင်က ချုံပုတ်ထဲမှာ ရှိနေတဲ့ငှက် ၂ကောင်ထက် ပိုတန်ဖိုးရှိတယ်ဆိုတဲ့စကားလိုပါပဲ။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ အခွင့်အရေးဟာ ကိုယ်မရနိုင်သေးတဲ့အခွင့်အရေးထက် ပိုတန်ဖိုးရှိလို့ တန်ဖိုးထားပါလို့ပြောချင်တာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့ လယ်သမားတစ်ယောက်ရဲ့ မြည်းဟာ ရေတွင်းဟောင်းအပျက်ထဲကိုပြုတ်ကျသွားပါတယ်။ လယ်သမားဟာ မြည်းကို အပေါ်ရောင်အောင်ပြန်တင်ဖို့ကြိုးစားပေမယ့်လည်း မရဘူးဖြစ်နေပါတယ်။ မြည်းဟာလည်း ဘယ်လိုမှ ကြိုးစားပြီး ရေတွင်းပေါ်ရောက်အောင် အားမထုတ်ဘဲ အော်ဟစ်ငိုကြွေးနေပါတော့တယ်။ မြည်းကို ကယ်တင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အဆုံး လယ်သမားဟာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ အဲဒီ့ ဆုံးဖြတ်ချက်ကတော့ မြည်းဟာလည်း အိုနေပါပြီ။ အဲဒီ့တော့ နောက်ထပ်တိရိစ္ဆာန်တွေ ရေတွင်းထဲမကျရအောင် ဒီရေးတွင်ကိုသာ ဖို့လိုက်တာ ကောင်းပါတယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါပဲ။ အဲဒီလိုနဲ့ လယ်သမားဟာ ရေတွင်းဖို့ဖိုံရန် အိမ်နီးနားချင်းတွေကို ခေါ် ပြီး ရေတွင်းကို မြေဖို့ပါတော့တယ်။ လွတ်မြောက်ဖို့ရာ ဘာမှအားမထုတ်တဲ့ မြည်းဟာ သူံကိုယ်ပေါ်ကို မြေကြီးတွေကျလာတဲ့အခါမှသာ သူ့သခင်ဘာလုပ်နေတာပါလိ့မ့်လို့တွေးပါတယ်။ အဲဒီ့အခါကျမှ သူ့ကို မကယ်တော့ဘဲ တခါတည်းမြေဖို့လိုက်မယ်ဆိုတာကို တွေးမိသွားပြီး သေမှာစိုးတဲ့စိတ်ကြောင့် ရေတွင်းနံရံ့ကို အတင်းကုတ်တွယ်တက်ပါတော့တယ်။ ရေတွင်းအပြင်ဘက်မှ လယ်သမားတွေက မြေကို ကြိုးစားဖို့လေ ရေတွင်းထဲက မြည်းဟာ သေမှာကြောက်လို့ သူ့ ကိုယ်ပေါ်ကျလာတဲ့မြေကြီးတွေကို ခါထုတ်လိုက်၊ အတင်း အပေါ်ရောက်အောင် တက်လေ နဲ့ နောက်ဆုံးမှာတော့ မြေပုံတွေကနေ တဆင့် မြည်းဟာ ရေတွင်းနှုတ်ခမ်းပေါ် ရောက်အောင် ခုန်တက်လိုက်နိုင်ပြီး အသက်ချမ်းသာရာ ရသွားပါတယ်တဲ့။ ပုံပြင်လေးရဲ့အနှစ်ချုပ်ကတော့ ကျွန်တော်တို့ရဲ့ဘ၀မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ စိတ်ညစ်စရာတွေနဲ့ နာကျင်စရာတွေက ကျွန်တော်တိုံကို အသေတိုက်ဖို့ တနည်းမဟုတ်တနည်းနဲ့ ကျွန်တော်တို့ ကျောပေါ်ကို ကျ ကျလာတတ်ပါတယ်။ အဲဒီ့လိုဘေးကြပ်နံကြပ်အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါမှာတော့ ကျောပေါ်ကျလာတဲ့စိတ်ညစ်စရာမှန်သမျှကို ခါထုတ်လိုက် လွတ်မြောက်ဖို့ကြိုးစားလိုက်နဲ့ နောက်ဆုံး ကိုယ်အသက်မသေဖို့ရာ ရုန်းကန်နေရတာပါပဲဆိုတဲ့အဓိပ္ပါယ်ပါပဲ။ လွတ်မြောက်သွားတဲ့မြည်းကို နမူနာယူပြီး ကျွန်တော်တို့လည်း လွတ်မြောက်အောင်ကြိုးစားကြရမှာပါ။
နောက်တစ်ပုံကိုယ်မသိတဲ့အခြားသူရဲ့ဘ၀ကို မဝေဖန်ပါနဲ့။ ဆရာ၀န်တစ်ယောက်က အရေးပေါ်ခွဲစိတ်စရာရှိတဲ့အတွက်ကြောင့် ဆေးရုံထဲ မောပန်းတကြီးနဲ့ ၀င်ချလာပါတယ်။ ခွဲစိတ်ခန်းထဲမ၀င်မီ ခွဲစိတ်ခံရမယ့်လူနာကလေးရဲ့အဖေဟာ ဆရာ၀န်အလာကို စိတ်ပူပန်စွာ ထိုင်စောင့်နေတာကို တွေ့လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ လူနာကလေးရဲ့အဖေဟာ ဆရာ၀န်ကို ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ “လူတစ်ဖက်သားရဲ့အသက်အန္တရာယ်ကို ကူသဖို့တာ၀န်ယူထားပြီး ဘာလို့ နောက်ကျနေရတာလဲ၊ တကယ်လို့များ ငါ့သား တခုခုဖြစ်သွားခဲ့ရင် မင်းတာ၀န်ယ” လို့ ပြောလိုက်ပါတယ်။ “ဟုတ်ကဲ့ခင်ဗျာ၊တောင်းပန်ပါတယ်။ ကျွန်တော်လည်း ဖုန်းရရခြင်းလာခဲ့တာပါပဲ။ စိတ်အေးအေးထားမှ ကျွန်တော်လည်း ခွဲစိတ်ခန်းကို စိတ်အေးလက်အေးနဲ့၀င်လို့ရမှာပါ” လို့ ဆရာ၀န်က ဖြောင်းဖျလိုက်ပါတယ်။ ‘ါပေမယ့် လူနာကလေးရဲ့အဖေကတော့ ဒေါသတကြီးဖြစ်နေတုန်ပါပဲ။ အချိန်ခွဲစိတ်ပြီးတဲ့အခါ ဆရာ၀န်က ခွဲခန်းထဲက ထွက်လာပြီး စိတ်ပူနေတဲ့အဖေကို ပြောလိုက်ပါတယ် “ ကျွန်တော်တို့အကောင်းဆုံးကြိုးစားပေးထားပါတယ်၊ ခင်ဗျားသားရဲအသက်ကို ကယ်နိုင်ပါပြီ” လို့ပြောလိုက်ပြီး လူနာရှင်ကလေးအဖေရဲ့စကားကိုတောင် ဆုံးအောင်နားမထောင်နိုင်တော့ဘဲ ဆေးရုံထဲကနေ ပြေးထွက်သွားပါတယ်။ မေးခွန်းတွေမေးချင်နေတဲ့ လူနာကလေးအဖေရဲ့အနားကို သူနာပြုဆရာမရောက်လာပြီး သူနာပြုဆရာမရဲ့စကားကို ကြားတဲ့အခါမှာ ကလေးအဖေဟာ ၀မ်းနည်းဆွံ့အသွားပါတော့တယ်။ “တကယ်တော့ ဆရာ့သားလေးဟာ မနေ့ကပဲ ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့တာပါ။ ဆရာ့သားလေးရဲ့အသုဘအခမ်းအနားမှာ ကျွန်မတို့က ဦးလေးသားခွဲစိပ်ဖို့အတွက် ဆရာ့ကိုဖုန်းဆက်ခေါ်ခဲ့တာပါပဲ။ အခု ဦးလေးသားရဲ့အသက်ကို ကယ်ပေးနိုင်ခဲ့ပေမယ့် ဆရာက သူ့သားလေးရဲ့အသက်ကိုတော့ မကယ်ပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုလည်း သူ့သားရဲ့မျက်နှာကို နောက်ဆုံးမြင်ရမယ့် အသုဘအခမ်းအနားကို ပြန်ပြေးသွားတာပါပဲ။ ပုံပြင်ရဲ့အနှစ်ချုပ်ကတော့ တခါတလေမှာ ကျွန်တော်တို့တွေဟာ ကိုယ်ဖြစ်လိုတာကိုသာတွေးပြီး တဖက်လူရဲ့အခြေအနေမျိုးတေါကို ထည့်မတွေးမိတတ်ကြပါဘူး။ ကိုယ်က အရေးပေါ်သေရေးရှင်ရေးရယ်လိုဖြစ်နေချိန်မှာ ကိုယ့်ကို မကူညီခဲ့ရင် စိတ်ကွက်တတ်ကြပေမယ့် တဖက်လူမှာရော ဘယ်လိုအခက်အခဲတွေရှိနေမလဲဆိုတာမျိုးတွေ ထည့်တွေးပေးဖို့လိုပါတယ်။ အဲဒီလို ထည့်တွေးတတ်သွားမယ်ဆိုရင် အချို့သောကိစ္စတွေမှာ နောင်တရမယ့်အဖြစ်ကနေ ကင်းဝေး သွားမှာအမှန်ပါပဲနော်။
နောက်တစ်ပုံဆင်းရဲသားရဲ့ကြွယ်၀ချမ်းသာခြင်း ရွာတစ်ရွာမှာ လူချမ်သားသာတစ်ယော်က်နဲ့ လူဆင်းရဲတစ်ယောက် ဘေးချင်းကပ်ရပ် နေထိုင်ကြပါတယ်။ လူချမ်းသာမှာ ငွေကြေးဥစ္စာ ပြည့်စုံပါလျက်နဲ့ ဘယ်တော့မှ အိပ်ကောင်းခြင်း စားကောင်းခြင်းမရှိရှာပါဘူး။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ပိုင်ဆိုင်သမျှတွေအတွက် ဘယ်သူတွေအလွဲသုံးစားလုပ်မလဲ၊ ဘယ်သူတွေ လိမ်ညာသွားမလဲရယ်လို့ တွေးတောပူပန်နေရတာပါပဲ။ ဒါပေမယ့် ဆင်းရဲသားကိုကြည့်လိုက်ရင်တော့ မရှိရှိတာ စားသောက်နေရင်းနဲ့ကို ပျော်ရွှင်နေတာကို လူချမ်းသာက အမြဲလို မြင်တွေ့နေရပါတယ်။ အဲဒီအခါ လူချမ်းသာဟာ သူပိုင်ဆိုင်တဲ့ပစ္စည်းအချို့ကို သေတ္တာတစ်လုံးနဲ့ထည့်ပြီး လူဆင်းရဲအိမ်ကို သွားပေးပါတယ်။ “ မင်းအတွက် လက်ဆောင်အဖြစ်ယူပါ? လိုသလို သုံးပါ” လို့ဆိုပြီး ပေးခဲ့ပါသတဲ့။ အဲဒီ့ ရတနာသေတ္တာရောက်လာတဲ့ညက စပြီး လူဆင်းရဲဟာ ကောင်းကောင်းအိပ်မပျော်တော့ပါဘူး။ စားလည်း မ၀င်နိုင်ပါဘူး။ သေတ္တာကို ဘယ်သူများသိသွားမလဲ။ ဘ,ယ်သူတွေခိုးယူမလဲဆိုတဲ့စိတ်တွေကြောင့်ပါပဲ ။ အဲဒီ့စိတ်နဲ့ပဲ လူဆင်းရဲဟာ တစ်ပတ်လောက်အကြာမှာ တမှိုင်မှိုင် တတွေတွေ ဖြစ်လာပါတော့တယ်။ ကြာလာတော့ လူဆင်းရဲဟာ ဒဏ်မခံနိုင်တော့ပါဘူး။ ထိုသေတ္တာကို လူချမ်းသာအိမ်ကိုသွားကာ ပြန်ပေးလိုက်ပါတယ်။ “မိတ်ဆွေရဲ့သေတ္တာကို ပြန်ယူလိုက်ပါတော့။ တကယ်တော့ ငွေကြေးနဲ့ရတနာတွေကြွယ်၀ချမ်းသာခြင်းဟာ တကယ့်ချမ်းသာခြင်းအစစ်မဟုတ်မှန်း ကျွန်တော်သဘောပေါက်သွားပါပြီ။ ဘာမှမရှိပေမယ့် ကျွန်တော့ရဲ့ချမ်းသာခြင်းအစစ်အမှန်ကိုသာ ကျွန်တော် ပြန်လိုချင်ပါတယ်။ အဲဒါကြောင်း ဒီသေတ္တာကို ပြန်ယူလိုက်ပါ” ဆိုပြီး လူချမ်းသာရဲ့သေတ္တာကို ပြန်ပေးလိုက်ပါတော့တယ်။ ပုပြင်အနှစ်ချုပ်ကတော့ ဆင်းရဲပေမယ့် ပူပန်မှူမရှိတဲ့ဘ၀ဟာ အမှန်တကယ် အေးချမ်းခြင်းသာဖြစ်ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။ တကယ်တော့ လိုချင်တပ်မက်တဲ့စိတ်မရှိတဲ့အခါ လောဘလည်းမဖြစ်ပေါ်နိုင်တာမို့ အမှန်တကယ်အေးချမ်းရတယ်ဆိုတာကို ပြောချင်တာဖြစ်ပါတယ်။