စွမ်းရည်

စွမ်းရည်

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

မနာလိုစိတ်ဟာ ထိိုစိတ်မွေးသူကိုသာ အရင်ဆုံးထိခိုက်စေတာပါ။

မနာလိုခြင်းဆိုတာကို ကြားလည်းကြားဖူး ကိုယ်တိုင်လည်း ကြုံဖူးကြမယ်ထင်ပါတယ်နော်။ တကယ်တော့ မနာလိုစိတ်ဖြစ်ပေါ်လာရခြင်းဟာ ကိုယ်ယှဥ်တွေးလိုက်တဲ့လူထက် တဆင့်နိမ့်နေတယ်လို့ ခံစားရတဲ့ သိမ်ငယ်စိတ်ကို အခြေခံပြီးဖြစ်လာတာပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ်ယှဥ်တွေးလိုက်တယ်ဆိုပါစို့။ အဲဒီ့လူထက် ကိုယ်ကသာနေတယ်ဆိုရင် အလိုလိုပျော်ရွှင်နေတတ်ပြီး ကိုယ်ကနိမ့်ကျနေတယ်လို့ခံစားရတဲ့အခါ ခံစားချက်က မပျော်တော့ပါဘူး။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘဝရဲ့အမှန်တရားများ (၆)

ဘဝမှာ ဘယ်တော့ဖြစ်ဖြစ် မှန်ကန်နေမယ့်အမှန်တရားတွေရှိပါတယ်။ အဲဒီ့အမှန်တရားတွေက ဘယ်ပြဌာန်းစာအုပ်မှာမှ မသတ်မှတ်ထားပေမယ့် လက်တွေ့ဘဝအတွက် အရမ်းမှန်တဲ့အမှန်တရားတွေပါပဲ။ ဘဝမှာ ရှင်သန်လာရင်းနဲ့မှ တဖြည်းဖြည်းသိလာရတဲ့အမှန်တရားတွေပါ။ ကိုယ့်နဲ့တိုက်ဆိုင်တဲ့စာသားလေးတွေရှိရင်ရှယ်သွားလိုက်ပါအုံး။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်စေမယ့် သင်တန်းတစ်ခုခုကို Scholarship အနေနဲ့ တက်ခွင့်ရမယ်ဆိုရင် စိတ်ဝင်စားကြလား ❓

အခုလိုအချိန်မှာ စိတ်ဖိစီးစေမယ့်အကြောင်းအရာတွေချည်းတွေးပူနေမယ့်အစား ကိုယ့်ဘဝတိုးတက်မှုအတွက် ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်ရာတခုခုကို တစိုက်မတ်မတ်ကြိုးစားနေသင့်ပါတယ်နော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

Stay home ကာလအတွင်းသင့်အစွမ်းအစတွေတိုးတက်ဖို့ လုပ်သင့်တဲ့အချက်များ

အခုလိုအချိန်မှာ လူတိုင်းလိုလို စိတ်ဖိစီးမှုရှိကြပါတယ်။ ကိုယ်စီစဥ်ထားတာတွေဖြစ်လာပါ့မလား၊ ကိုယ့်အစီအစဥ်တွေ လည်ပတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုးတွေနဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းအရာတွေ ကိုသာ တွေးပြီး ဒီကာလအတွင်းမှာ ဘာဆက်လုပ်ထားပြီး ဘာကိုပြင်ဆင်ထားရမှန်းမသိ ထူပူနေတတ်ပါတယ်။ အဲဒါကြောင့် ဒီကာလမှာ Comfort zone ထဲကနေ ကိုယ့်ဝါသနာ၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အစီအစဥ်တွေအတွက် စွမ်းရည်တစ်ခုခုတိုးအောင်ကြိုးစားတယ်လို့ ယူဆပြီး ကိုယ့်ရဲ့ လုပ်နိုင်တာကိုသာ အာရုံထားပြီးတစိုက်မတ်မတ်လုပ်နေတာပိုကောင်းပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ရိုးသားမှုဂုဏ်စားမကုန်ဆိုတာ......

ရိုးသားပါဆိုတဲ့စကားလုံးလေးက နည်းပေမယ့် အဓိပ္ပါယ်က အများကြီးလေးနက်သလို တည်ဆောက်ဖို့ရာလည်း ဒီဘက်ခေတ်မှာ ပိုခဲယဥ်းလာသလိုထင်ရပါတယ်။ တကယ်တော့ လူသားဆန်မှုအတွက် ရိုးသားမှုဟာလည်း မဖြစ်မနေလိုအပ်တယ်လိုထင်ပါတယ်။ အမှန်အတိုင်းရိုးသားခြင်းဆိုတာက တပါးသူအပေါ်မလိမ်မညာ၊ မကောက်ကျစ်၊ မယုတ်မာ၊ စိတ်ကောင်းစေတနာထားပြီး လိမ်ညာကောက်ကျစ်မှုကနေ ရလာမယ့်အကျိုးကို မမျှော်ကိုးဘဲ ကိုယ့်ခွန်ကိုယ်အားကိုးပြီး အမှန်တရားကိုသာ ကိုးကွယ်ခြင်းပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

လူတိုင်းကျေနပ်ဖို့ကြိုးစားပေးနေရတဲ့အခါ သင့်ကိုယ်သင်ထောင်ချထားတာနဲ့တူပါတယ်။

တခါတလေမှာ ဘာကြောင့်ရယ်မသိဘဲ အခြားသူတွေရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း နေမိတဲ့အခိုက်အတန့်မျိုးရှိမှာပါ။ အဲဒီ့ခဏလေးကတောင့် သင့်ကိုမွန်းကြပ်စေတယ်လို့ မထင်ရဘူးလား။ သင့်စိတ်ရှိတဲ့အတိုင်း နေထိုင်ခွင့်မရှိတဲ့ ခဏလေးကတောင် သင့်ကိုမွန်းကြပ်စေတယ်ဆိုရင် အခြားလူတိုင်း ကျေနပ်အောင် လိုက်ပြီး ကြိုးစားနေထိုင်နေရမယ်ဆိုရင် သင့်ကိုယ်သင်တောင် ငြီးငွေ့လာစေပြီး သင့်ကိုယ်သင် ချုပ်နှောင်ထားရသလိုခံစားရမှာအမှန်ပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ

သင်မနက်ခင်းတိုင်းလုပ်သင့်တဲ့ အကျင့်ကောင်းလေးများ

အခုအချိန်က သင့်ရဲ့စိတ်ကျန်းမာရေးအတွက်ရော၊ ကိုယ်ကျန်းမာရေးအတွက်ရော ဂရုစိုက်သင့်တဲ့အချိန်ပါပဲ။ အဲဒီ့အတွက် အိမ်ထဲမှာချည်းနေရလို့လည်း ငြီးငွေ့မနေဘဲ ကိုယ့်အတွက် လုပ်သင့်တာလေးတွေလုပ်ပါ။ ကိုယ့်ရဲ့ကိုယ်စိတ်ကျန်းမာရေးအတွက် နေ့တိုင်းလုပ်သင့်တဲ့အကျင့်လေးကို တခုတ်တ၇ သတိလေးထားပြီးလုပ်ကြည့်သင့်ပါတယ်။ အဲဒါက သင့်ရဲစိတ်ရောလူကိုပါလန်းဆန်းတက်ကြွစေပြီး ကျန်းမာဖို့အထောက်အကူပြုစေမှာပါ။ တစ်နေ့တာလုံးမှာလည်း ကိုယ့်ရဲ့အရည်အချင်းအတွက် သင်ယူသင့်တာကို အဆက်မပြတ်လေ့လာသင်ယူနေပေးပါ။ ရောဂါတွေပြီးဆုံးသွားတဲ့တစ်နေ့ ကိုယ့်ရည်မှန်းချက်တွေအကေင်အထည်ဖော်ဖို့ အားတင်းထားကြရအောင်ပါ။ ၁) မနက်စောစောအိပ်ရာထပါ ၂) ရေများများသောက်ပါ ၃) လေ့ကျင့်ခန်းကို မနက်ခင်းတိုင်း နာရီဝက် ခန့်လုပ်ပါ ၄) တရားထိုင်ပါ (သို့) ‌ယောဂကျင့်ပါ ၅) မနက်စာကောင်းကောင်းစားပေးပါ ၆) ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပါ ၇) ခံစားရသမျှကို ဂျာနယ်(သို့) ဒိုင်ယာရီရေးပါ ၈) စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စာအုပ်တွေဖတ်ပါ ၉) သီချင်းနားထောင်ပါ

စွမ်းရည် ကျန်းမာရေး အစားအစာ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ခြင်းဟာ သင့်ကိုယ်သင်ချစ်ခင်ခြင်းပါပဲ။

ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ခင်ခြင်းဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံနိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကိုယ့်ရဲ့ မလှပခြင်းအတွက် မခံစားရတော့ဘူး၊ ကိုယ့်ရဲ့အားနည်းချက်အတွက် ထူးပြီး မနာကျင်တော့ဘူး။ ကိုယ့်ရဲ့အသားအရောင်နဲ့ပတ်သက်ပြီး နိမ့်ကျတယ်လို့မထင်တော့ဘူး စတာတွေပေါ့။ ဘာလို့လဲဆိုရင် ကိုယ်ကိုယ်ကိုယ် လက်ခံနိုင်သွားလို့ပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

· ကိုယ်ကျင့်တရားကောင်းနေတဲ့အခါ လူတစ်ယောက်ရဲ့တန်ဖိုးဟာ အလိုလိုတန်ဖိုးတက်နေမှာပါ။

“Character is doing the right thing when nobody is looking” - J.C Watts ပြောခဲ့တဲ့စကားလိုပါပဲ။ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဟာ ဘယ်သူကမှ ကြည့်မနေရင်တောင်မှ မှန်ကန်တဲ့အရာကိုသာ ပြုလုပ်ခြင်းပါပဲတဲ့။ တနည်းအားဖြင့် ဘယ်သူက စောင့်ကြည့်သည်ဖြစ်စေ မစောင့်ကြည့်သည်ဖြစ်စေ မှန်ကန်တယ်ဆိုတဲ့အရာကို ရဲရဲကြီးလုပ်တာမျိုးပေါ့။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။