အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။

စိတ်ဓာတ်ခွန်အား

စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘဝရဲ့အမှန်တရားများ (၇)

ဘယ်ပြဌာန်းစာအုပ်ထဲမှာမှ မပါဘဲ ကိုယ်တိုင်ဘဝကို လျှောက်လှမ်းရတဲ့အခါ ရလာနိုင်တဲ့ သင်ခန်းစာအချို့က ဘဝအတွက် အသုံးတည့်လာတဲ့အမှန်တရားအချို့လည်းဖြစ်လာနိုင်ပါတယ်။ ဘယ်ပြဌာန်းစာအုပ်မှာမှ မပါတာမို့ ရင်ထဲက ခံစားချက်တွေချင်း တိုက်ဆိုင်ခဲ့သည်ရှိသော်် ရှယ်သွားနိုင်ဖို့ ဖော််််််ပြပေးလိုက်ပါတယ်နော််။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ကျန်းမာရေး, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

Covid ကနေ ရနိုင်တဲ့ ဘဝသင်ခန်းစာများ

Covid ကြောင့် လူတွေစိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေး အမျိုးမျိုးထိခိုက်ရတာမှန်ပေမယ့် ယူတတ်မယ်ဆိုရင် ဘဝအတွက်သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်နော်။ တကယ်တော့ ကျွန်တော်တို့တွေဟာ တစ်နေ့တစ်နေ့ ဘဝရှင်သန်ရပ်တည်ဖို့ကိုသာ ရုန်းကန်ကြိုးစားနေကြရာမှာ ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ ၊ အမုန်းတရားတွေလည်း တရိပ်ရိပ် တက်နေကြပါတယ်။ ကိုယ့်ရဲ့မကောင်းသောစိတ်ထားအကျင့်အကြံဟာ ကိုယ့်ကိုသာထိိခုက်စေတာကို မေ့လျော့မိနေတဲ့အခိုက်အတန့်လည်းရှိမှာပါပဲ။

စွမ်းရည် ကျန်းမာရေး လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင်လုပ်နိုင်တာကိုသာ အာရုံစိုက်ပါ။

ဒီစကားလေးက ကြားလိုက်ရင် ဘာမှမထူးဆန်းသလို ခံစားရပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင်တော့ အဓိပါ္ပယ်ရှိတာသိလာမှာပါ။ တခါတလေမှာ ကျွန်တော်တို့တွေက ဘဝရှင်သန်ရုန်းကန်မှုတွေကြားထဲ နစ်နေရင်းနဲ့ ကိုယ်မလုပ်နိုင်တာတွေကိုသာ မြင်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ အပြစ်မြင်ရတာ လွယ်သကိုး။ တခုခုဆိုရင် “မင်းက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဟိုက သူဌေးသားကွ” “နိုင်ငံခြားက ဘွဲ့ဘယ်ယူနိုင်ပါ့မလဲ၊ မင်းကို ဘယ်သူကကျောင်းထားပေးမှာမို့လို့လဲ” “မင်းလားဖြစ်မှာ……ဘယ်နေရာမှာများ ငွေပေါနေလို့လဲ” စသဖြင့် မဖြစ်နိုင်ဘူးဆိုတဲ့ ရှု့ထောင်ကနေ မြင်ဖို့ကလွယ်ပါတယ်။ တနည်းအားဖြင့် အဆိုးဘက်ကနေမြင်ဖို့လွယ်တယ်ပေါ့။ အဲဒီ့အခါမှာ ဘာဖြစ်လာသလဲဆိုရင် အဆိုးတွေကိုမြင်ခြင်း တနည်းအားဖြင့် ကိုယ်မတတ်နိုင်တာ၊ ကိုယ်မစွမ်းဆောင်နိုင်တာကိုသာ မြင်တဲ့အတွက် စိတ်ပျက်ပြီး လက်လျှော့ချင်စိတ်ဖြစ်လာပါတယ်။ အဲဒီ့အခါ မတတ်နိုင်ဘူးလို့ထင်တဲ့စိတ်အတိုင်းပဲ မကြိုးစားကြည့်တော့ဘဲ တကယ်မဖြစ်မြောက်လာတော့ပါဘူး။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား

ကံကောင်းတယ်ဆိုတာ အခြားသူတွေလက်လျော့လိုက်တဲ့အရာတစ်ခုအပေါ် ဇွဲမလျော့ဘဲ ပင်ပန်းတကြီးကြိုးစားခဲ့လို့ပါ။

ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။ “ဟာ....သူက အလုပ်ကောင်းကောင်းရတယ်၊ ကံကောင်းလိုက်တာ” “သူက လစာကောင်းတယ် ကံကောင်းလိုက်တာ” “ဟယ်.....နင်ကအရမ်းကံကောင်းတာပဲ လစာများများပေးတဲ့အလုပ်ရတယ်။” “ရာထူးတိုးသွားတာမြန်လိုက်တာ ကံကောင်းလိုက်တာ” စသဖြင့်ပေါ့။ တကယ့်တော့ အဲဒီ့ကံကောင်းလိုက်တာဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ ကျွန်တော်တို့မသိတဲ့ ကြိုးစားအားထုတ်မှုတွေရှိပါတယ်။ ဘယ်သူကိုမှ အထူးတလည်ကံတွေကောင်းပြိး ဥုံဖွရယ်လို့ ဖြစ်လာတာမရှိပါဘူး။ ရှိတယ်ထားအုံး.......မကြာခဏ ကံကောင်းနိုင်မှာမဟုတ်ပါဘူး။ ကံအများဆုံးကောင်းနိုင်လည်း ကံကောင်းလို့ရရင် တစ်ခါပေါ့။

စွမ်းရည် ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

လုပ်ငန်းခွင်မှာ ထူးချွန်ဖို့ ဘာတွေလုပ်သင့်သလဲ။

လုပ်ငန်းခွင်မှာ ထူးချွန်ခြင်းဟာ ကိုယ့်ရဲ့အလုပ်ခွင်မှာ ပျော်ရွှင်နိုင်ခြင်းနဲ့ဆက်စပ်နေပါတယ်။ အလုပ်ခွင်မှာ ထူးချွန်တယ်လို့နာမည်ကောင်းရသူဟာ အများရဲ့အားကိုးခြင်းကိုလည်းခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံတြည်မှုတိုးစေမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အခါ အလုပ်ခွင်က ပြဿနာတိုင်းကို ဖြေရှင်းနိုင်လာပြီး ပိုပျော်စရာကောင်းလာပါတယ်။ အလုပ်ခါင်မှာ ပျော်ရဤင်နေတဲ့အခါ မိသားစုဘဝမှာလည်း ပြန်ပြီး ပျော်ရွှင်မှုက သက်ရောက်နေစေပြန်ပါတယ်။ အဲဒါကြောင့် အလုပ်ခွင်မှာ ပျော်ရွှင်ဖို့နဲ့ ထူးချွန်ဖို့ကလည်း ဘဝအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အမှားကောင်းတွေအလကားမဖြစ်ပါစေနဲ့.။ အမှားတွေဆီကနေသင်ယူပါ။

တခါတလေကျရင် အမှားတွေက တန်ဖိုးမဖြတ်မနိုင်တဲ့အရာတွေဖြစ်နေတတ်ပါတယ်။ အဲဒါကြောင် အမှားကောင်းလို့ခေါ်တာပေါ့။ အမှားကောင်းဆိုတာမျိုးက သင့်အတွက် အရမ်းကြီးမားတယ်လို့ထင်ရတဲ့ ပြဿနာကနေမှ သင်ယူနိုင်တဲ့အရာမျိုးပါ။ သင့်ဘဝအတွက်အကြီးအကျယ်ဖြစ်တဲ့ပြဿနာဆိုတိုင်းလည်း သင့်အတွက်ပြဿနာဖြစ်ရကျိုးနပ်အောင် အမှားတွေကနေ သင်ခန်းစာပြန်ယူတတ်ရင် အလားတူအမှားမျိုးတွေမဖြစ်နိုင်တော့ဘဲ သင့်အတွက် အတွေ့အကြုံတစ်ခုတိုးပြီး ဆင်ခြင်တတ်လာစေပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ, ပုံပြင်တိုများ

Stay Home ကာလမှာ ကလေးငယ်တွေအတွက် ပုံပြင်တိုလေးများ

အခုလိုမျိုး အိမ်တွင်းအောင်းနေကြရတဲ့ကာလမှာ သားသားမီးမီးတွေ လက်လက်ထအောင်ဆော့လွန်းလို့ မေမေတွေစိတ်ညစ်နေကြပြီလား။ ကလေးတွေရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးတက်စေဖို့၊ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စေဖို့၊ ငြိမ်ငြိမ်လေးထိုင်ပြီး ပြောစကားနားထောင်နိုင်စေဖို့ ခုလိုအချိန်မျိုးမှာ ပုံပြင်လေးတွေပြောပြပေးပါ။ ပုံပြင်လေးတွေပြောပြပေးခြင်းဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်သလို နောင်တစ်ချိန်မှာ ကလေးရဲ့စာဖတ်ကျင့်ဖြစ်လာစေဖို့ အခြေခံအကြောင်းအရာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် Stay Home ကာလမှာ ကလေးငယ်တွေအတွက် ပုံပြင်တိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ ပုံပြင်တိုများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ရှိတာလေးနဲ့အကောင်းဆုံးကြိုးစားပါ။

ဒီစကားကိုကြားလိုက်တဲ့အခါ ဘာကိုတန်းတွေးမိသလဲ။ ကိုယ်တွေငယ်ငယ်က တခုခုကို ဘောင်ကျော်ပြီးလုပ်မရတာမျိုးကြုံတဲ့အခါ......... “ငါ့ကျမှ ဘာလို့ဒါတွေမရှိတာလဲ။” “ငါ့ကျမှ ဘာလို့ အဲဒီလိုအခွင့်အ‌ရေးမရတာလဲ။” “ငါ့ကျမှ ဘာလို့မဖြစ်နိုင်ရတာလဲ....” ဆိုတဲ့အတွးမျိုးတွေနဲ့ မဆီမဆိုင် အခြားလူတွေကိုလည်း အပြစ်မြင်မိပါတယ်။ ကံကြမ္မာကလည်း ကိုယ့်ကျမှ ဆိုးလိုက်တာလို့လည်း တွေးပြီး ဒေါသတွေထွက်ရပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။