ဘုရားပေးတဲ့အကောင်းဆုံးဆုလာဘ်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကို ပြန်လည်ရှင်သန်ထမြောက်ဖို့ပါပဲ။
ဘဝရဲ့အခက်အခဲ၊ ဒုက္ခတွေကြုံရတဲ့အခါ “ငါ့ကိုကျတော့ ကူကယ်မယ့်သူ မရှိပါလား” ရယ်လို့ တွေးပြီး စိတ်ဓာတ်ကျဖူးကြမှာပါ။ လူအတော်များများက အခက်အခဲ၊ အကြပ်အတည်းကြားမှာ ကယ်တင်ရှင်ကို မျှော်လင့်နေတတ်ကြတာချည်းပါပဲ။ နာကျင်ဝမ်းနည်းစရာကြုံရင်တောင် “ရင်ဖွင့်ရမယ့်သူဘယ်သူမှမရှိပါလား” “ကူညီမယ့်သူဘယ်သူမှမရှိပါလား” “ နားလည်ပေးတဲ့လူဘယ်သူမှမရှိပါလား” ဆိုပြီး တွေးတတ်ကြပါတယ်။ အဲဒီ့လို တွေးလိုက်တဲ့အခါ ပိုပြီးတော့တောင် ဝမ်းနည်းနာကျင်ရတယ်မဟုတ်လား။ အဲဒီလိုတွေးမိလေလေ ကိုယ်ကတစ်ယောက်တည်းပါလား......ဆိုတဲ့အတွေးနဲ့ ပိုနာကျင်ရလေလေ၊ ကိုယ့်ကိုယ်ကိုယ်ပိုပြီး သနားမိလာလေလေဖြစ်ရပါလိမ့်မယ်။ တကယ်တော့ အဲဒီလိုအတွေးမျိုးဟာ သင့်အတွက် အားမဖြစ်စေဘဲ သင့်ကိုပါ စိတ်ဓာတ်ကျအောင် ဆွဲချပြီး အင်အားလျော့စေပါတယ်။
အမှောက်မိုက်ဆုံးအချိန်ဟာ အလင်းရောင်ရှာဖို့ တွန်းအားပါ။
အမှောက်မိုက်ဆုံးအချိန်ဟာ အလင်းရောင်ရှာဖို့ တွန်းအားပါ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
ဘဝကိုတန်ဖိုးရှိစွာကုန်ဆုံးနိုင်စေဖို့........
ဘဝဟာ လုပ်စရာရှိတာတွေလုပ်ဖို့ရာ တိုတောင်းလွန်းပါတယ်။ အဲဒီ့အတွက်
စိန်ခေါ်မှုတွေက ဘဝကို စိတ်ဝင်စားစရာကောင်းလာစေပါတယ်။
စိန်ခေါ်မှုတွေက ဘဝကို စိတ်ဝင်စားစရာကောင်းလာစေပါတယ်။
ခက်ခဲတဲ့နေ့ရက်တိုင်းမှာ ပြန်ဖတ်သင့်တဲ့ ခွန်အားပေးစာသားများ
လူတိုင်းရဲ့နေ့ရက်တွေဟာတနည်းမဟုတ်တနည်းနဲ့ ခက်ခဲနေကြတာပါပဲ။ ဒါပေမယ့် ခက်ခဲတဲ့နေ့ရက်တိုင်းမှာ ကိုယ့်စိတ်ကို ပြန်ပြီးခွန်အားဖြစ်စေနိုင်အောင်ကြိုးစားနိုင်တဲ့သူဟာလည်း ကိုယ်ကိုယ်တိုင်ပါပဲ။ အဲဒါကြောင့် ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံး ခွန်အားဖြစ်စေမယ့် စာသားတွေကို ပြန်လည်ဖတ်ရှုအားတင်းနိုင်ဖို့ ခက်ခဲတဲ့နေ့ရက်တိုင်းမှာ ပြန်ဖတ်သင့်တဲ့ ခွန်အားပေးစာသားများကိုဖော်ပြပေးလိုက်ပါတယ်။ #BAWA101
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
အလုပ်အင်တာဗျူးတဲ့အခါ သိထားသင့်တဲ့အချက်တွေ
အလုပ်တစ်ခုရဖို့အတွက် အင်တာဗျူးအောင်ဖို့က အရေးကြီးပါတယ်။ အင်တာဗျူးမှာ တစ်ခဏလေးကြည့်ပြီးဆုံးဖြတ်တာမို့ ထိုအင်တာဗျူးမှာ ကိုယ့်ကို အမှတ်ပိုပေးပြီး အလုပ်ခန့်ချင်အောင် ပြင်ဆင်သွားသင့်တဲ့အချက်လေးတွေနဲ့ သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အနာဂတ်မှာ သင့်ကိုယ့်သင်ကျေးဇူးတင်နေမိမယ့်အရာတစ်ခုခုကို ဒီနေ့မှာ ပြုလုပ်လိုက်ပါ။
ဒီစကားလေးကတော့ ကိုယ့်မှာရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေရှိပေမယ့် အခြားသော စိတ်ထွေပြားစရာတွေနဲ့ကြုံရတဲ့အခါ မေ့လျော့သွားတတ်တာလေးကို သတိပေးဖို့ပါပဲ။ များသောအားဖြင့် ကျွန်မတို့ကိုယ်စီက နေ့စဥ်ဘဝမှာရှင်သန်ရင်း စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်ကြရင်း အချိန်ကုန်နေကြတာများပြီး ထိုကဲ့သို့ ရုန်းကန်နေရင်းနဲ့မှ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်က အာရုံနှောက်စရာတွေနဲ့ ကိုယ့်ရဲ့နေ့ဒဓူဝပြဿနာတွေကြားမှာ အာရုံထွေပြားတတ်ကြာပါတယ်။
အားကိုးရာမရှိတဲ့သူတွေဟာ ပိုပြီးသန်မာလာတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။
အရင်ကတော့ ဘယ်သူကမှ မကူညီတဲ့အခါ၊ ဒါမှမဟုတ် ကူညီဖို့ တာဝန်ရှိရက်နဲ့ တာဝန်ကိုလျစ်လျူရှုမသိယောင်ဆောင်တဲ့လူမျိုးကို ကြုံရတဲ့အခါ လူငယ်စိတ်နဲ့ စိတ်ဆိုးဒေါသထွက်ရပါတယ်။ “အမှန်ဆို......သူတို့ကူညီသင့်တာ၊ မကူညီကြဘူး” ပေါ့။ မိဘဆိုလည်း အလားတူပါပဲ၊ “မိဘတွေက ဒီလိုနေရာတွေမှာ အထောက်အပံ့ပေးသင့်တာ.......မိဘကမကူညီမထောက်ပံ့လို့ ပိုပင်ပန်းရတယ်”ဆိုတဲ့အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။
မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့.....
လူတိုင်းလိုလို မကောင်းတဲ့စိတ်ခံစားချက်ဖြစ်ပေါ်တတ်ကြပါတယ်။ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကောင်းအရာတခုခုကြောင့် စိတ်ထဲကုိ ဝင်လာတဲ့မကောင်းတဲ့အတွေးတွေခံစားချက်တေွကို စိတ်ထဲအမြဲထည့်ထားပြီး ဖြေဖျောက်ဖို့ မကြိုးစားရင်တော့ ကိုယ့်စိတ်ပျော်ရွှင်မှုကို ထိခိုက်နိုင်ပါတယ်။ အဲဒီ့အခါ စိတ်ညစ်မယ်၊ စိတ်ဖိစီးမယ်၊ မကောင်းတဲ့အပြုအမူတေွလုပ်မိလာမယ်၊ စသဖြင့်ဆိုးကျိုးကိုသာဖြစ်လာစေနိုင်ပါတဘ်။ အဲဲဲဒါကြောင့် မကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေဖြစ်လာတဲ့အခါ အောက်ပါအချက်လေးတေါကို လုပ်ကြည့်ဖို့ ကြိုးစားကြည့်ပါနော်။
စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ