ဘဝကို အကျိုးရှိရှိ ရှင်သန်နိုင်စေဖို့ လိုက်နာသင့်တဲ့နည်းလမ်း ၇ချက်

ဘဝမှာ ရှင်သန်ရတဲ့အခါ ကိုယ်တစ်ယောက်တည်းရှင်ရတာမဟုတ်ဘဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ မိသားစု၊ အပေါင်းအသ်ငးစတာတွေနဲ့ ပတ်သက်ထိတွေ့ ဆက်ဆံရတာပါပဲ။ အဲဒီ့အခါ အရာအားလုံးဟာ ကိုယ့်စိတ်တိုင်းျဖြစ်ချင်တဲ့အခါ ဖြစ်နိုင်သလို မဖြစ်နိုင်တဲ့အခါမျိုးလည်းရှိမှာပါ။ ကိုယ့်ဘဝအတွက် အဆင်ပြေနိုင်တဲ့လူတွေရှိသလို ကိုယ့်ဘဝအတွက် အဆင်မပြေနိုင်တဲ့သူတွေလည်းတွေ့နိုင်မှာပါ။ အဲဒါအပြင် လူတိုင်းဟာလည်း ကိုယ်နဲ့အတွေးအမြင်တစ်ထပ်တည်းကျနေလိမ့်မယ်လို့ မျှော်လင့်ထားလို့လည်း ဖြစ်နိုင်ပြန်ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘဝမှာ အခြားသောသူတွေကြောင့် စိတ်ဖိစီးတာ၊ နာကျင်တာ၊ ခံစားရတာ၊ ဝမ်းနည်းကြေကွဲတာတွေနဲ့ချည်း မြောပါအချိန်ကုန်နေတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့အတွက် ဘဝအတွက် မမေ့မလျော့ လက်ကိုင်ထားသင့်တဲ့အချက် ၇ချက်ကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကျရှုံးမှုတွေကို အစလို့မြင်အောင်ကြည့်ပါ။
ကျရှုံးမှုဆိုတာ အဆုံးသတ်မဟုတ်သေးပါဘူး။
၂) သင့်ရဲ့အတိတ်နဲ့ငြိမ်းချမ်းရေ ယူလိုက်ပါ။
အတိတ်ကို အတိတ်မှာသာ ထားခဲ့လိုက်ပါတော့။
၃) အလေ့အကျင့်ဆိုတာ သင့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
အဲဒါကြောင့် အလေ့အကျင့်ကောင်းတွေကိုသာ ကျင့်ကြံပါ။
၄) သင်လိုချင်တဲ့အရာအတွက် သင်မကြိုးစားဘူးဆိုရင်
အဲဒီ့အရာကိုလည်း သင်ရနိုင်မှာမဟုတ်ပါဘူး။
၅) မသုံးခင်မှာ စုဆောင်း၊ သိမ်းဆည်းပြီး ရင်းနှီးမြုပ်နှံဖို့ကြိုးစားပါ။
၆) အဆိုးမြင်တတ်တဲ့သူတွေကိုရှောင်ကျဥ်ပါ။
စိတ်ပျက်ခြင်းတွေနဲ့ချည်း ကုန်ဆုံးဖို့ရာ ဘဝက တိုတောင်းလွန်းတယ်လေ။
၇) အခြားလူတွေနဲ့ သင့်ကိုယ်သင်ဘယ်တော့မှ မနှိုင်းယှဥ်ပါနဲ့။
တာထွက်ခြင်းမတူလို့ ပန်းဝင်တာခြင်းလည်း တူချင်မှတူမှာပဲလေ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။