အဝေးတွင်သွားရောက်ပညာသင်ကြားမည့်သားသမီးများအတွက် မိဘများဘာတွေပြင်ဆင်ထားသင့်သလဲ။
အဝေးမှာ သွားရောက်ပညာသင်ကြားရတယ်ဆိုတာ သားသမီးတွေအတွက်ကော မိဘတွေအတွက်ကော လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မိဘလုပ်သူများမှာလည်း “ငါ့သားသမီး အဆင်ပြေပါ့မလား…..” “ငါ့သားသမီး ဘာတွေဖြစ်နေပြီလဲ….” “အပေါင်းအသင်းများမှားနေလား…” “စာကောကြည့်ဖြစ်ရဲ့လား…..ကျန်းမာရေးကော ဂရုစိုက်ရဲ့လား” စသည်ဖြင့် တွေးစရာတွေနဲ့ ပူပင်စရာတွေအများကြီးပါပဲ။ သားသမီးလုပ်သူများမှာလည်း နေရာအသစ်၊ ဝန်းကျင်အသစ်နဲ့ အဆင်ပြေပါ့မလား။ ကျောင်းမှာကော အဆင်ပြေပါ့မလား….စတဲ့ ပူပန်မှုတွေတော့အနည်းနဲ့အများရှိကြတာချည်းပါပဲ။ အဲဒါကြောင့် အဝေးမှာ ပညာသွားသင်ရမယ့် သားသမီးတွေအတွက် မိဘတွေအနေနဲ့ စိတ်မပူရအောင် ကြိုတင်ပြင်ဆင်ပေးသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
အိမ်ထောင်ဦးစီးကောင်းတစ်ယောက်က မိသားစုဘဝမှာ ဘယ်လောက်အရေးပါသလဲ
အိမ်ထောင်ဦးစီးဆိုတဲ့စကားလုံးက လေးလုံးထဲပေမယ့် အဓိပ္ပါယ်ရော၊ တာဝန်ရော က တော်တော်လေးနက်ပြီး တော်တော်တာဝန်ကြီးပါတယ်။ အိမ်ထောင်တစ်ခုကို ဦးစီးရတယ်ဆိုကတည်းက ထိုဦးစီးမကောင်းရင်မကောင်းသလို ထိုအိမ်ထောင်ပျက်စီးနိုင်ပါသေးတယ်။ အဲဒါကြောင့် မိသားစုတစ်ခုလုံးရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးဟာ အိမ်ထောင်ဦးစီးဖြစ်သူပေါ်မှာ အများကြီးမူတည်နေပါတယ်။
မေ့တတ်သူတွေအတွက် မှတ်ထားသင့်သောနည်းလမ်းကောင်းများ
လူတိုင်းနီးပါး မေ့တတ်ကြမယ်ထင်ပါတယ်။ အက်မင်ကတော့ မကြာခဏမေ့တတ်ပါတယ်။ တစ်ခုခုဆို လက်ထဲမှာလေးတင် မေ့ပြီး ဘယ်နားထားမိမှန်းမသိတော့တာမျိုး၊ ခုလေးတင်ထားပြီးလိုက်တာကို လိုက်ရှာနေတတ်တာမျိုး စသည်ဖြင့် မေ့တတ်တာတော့အမှန်ပါပဲ။ အဲဒါကြောင့် မေ့တတ်တဲ့အခါ အထူးသတိထားပြီး မှတ်ထားလို့ ရမယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။
ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံအတွက် အချက် ၁၁ချက်
နေ့စဉ်ဖြတ်သန်းနေတဲ့ နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်မှုရှိနေပါတယ်။ ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံရှိခြင်းက ပိုကောင်းတဲ့ကျန်းမာရေးကို ရရှိနိုင်မှာပါ။ အဲဒီတော့ ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံအတွက် နေထိုင်သင့်တဲ့အချက် ၁၁ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
စာဖတ်သူတို့ မတော်သော ဖိနပ်ကို စီးဖူးပါသလား။ အက်မင်ကတော့ စီးဖူးပါတယ်၊ အမြင်အာရုံအရ အရမ်းကြိုက်လို့ “နည်းနည်းလေးမတော်လဲ ဘာဖြစ်သလဲ…..စီးလို့ရလောက်ပါတယ်….” လို့တွေးပြီး အတင်းမရမက စီးဖူးပါတယ်။ အစပိုင်းမှာတော့ ကိုယ်လိုချင်တာလေးရလို့ ကျေနပ်ပျော်ရွှင်ရသလောက်၊ ကြာလေလေ….ဖိနပ်ပေါက်တဲ့ဒဏ်ကို ဖိနပ်စီးတိုင်း နာကျင်ခံစားရပါများလာတော့ ထိုဖိနပ်ကိုလည်း စိတ်ကုန်လာပါတယ်။ အဲဒီတော့ ဘာလုပ်ပစ်မယ်ထင်ပါသလဲ။ ဆက်ပြီး နာကျင်မှုကို တစိမ့်စိမ့်ခံစားလို့ ရှေ့ဆက်စီးသွားမလား….။ ဒါမှမဟုတ် ချက်ချင်းအသစ်လဲလို့ ကိုယ်နဲ့အဆင်ပြေတဲ့ဖိနပ်ကို ပြောင်းလဲစီးမလား။
ရိုးရှင်းပြီး ပိုမိုကောင်းမွန်သော ဘဝကိုပိုင်ဆိုင်နိုင်စေမည့် ရိုးရှင်းသော အကျင့်ကောင်းများ
တကယ်တော့ ဘဝက ရိုးရှင်းပါတယ်။ လူတွေကသာ ခက်အောင် လုပ်နေကြတာပါ။ ရိုးရှင်းတဲ့ဘဝမှာ ခုလက်ရှိဘဝထက် ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိဖို့ကလည်း အင်မတန်ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့တင်ရနိုင်ပါတယ်။ ဘယ်လိုရိုးရှင်းတဲ့နည်းလမ်းမျိုးလဲဆိုတာ အောက်က ပုံလေးတွေမှာ ဖော်ပြထားတဲ့ ကောက်နုတ်ချက်လေးတွေကို ဖတ်ကြည့်လိုက်ပါအုံး။#Bawa101
လက်ထပ်ပြီးပေမယ့် အမျိုးသမီးတွေ အပြင်ထွက် အလုပ်လုပ်ခြင်းရဲ့ကောင်းကျိုးများ
လက်ထပ်ပြီးသွားတဲ့တစ်ချို့အမျိုးသမီးတွေကတော့ ဘဝပေးအခြေအနေကြောင့် အပြင်ထွက်အလုပ်လုပ်ကြရပေမယ့် တစ်ချို့အမျိုးသမီးတွေကတော့ အပြင်ထွက်ပြီး အလုပ်မလုပ်ဖြစ်ကြတော့ပါဘူး။ လူတိုင်းမှာ မတူညီတဲ့အခြေအနေတွေရှိတာမို့ အလုပ်လုပ်သူကော၊ အလုပ်မလုပ်သူကော အားလုံးက သူ့အခြေအနေနဲ့သူပါပဲ။ တစ်ချို့အလုပ်လုပ်သူတွေက အိမ်မှာနေရသူတွေကို အားကျတတ်သလို၊ တစ်ချို့အိမ်မှာနေရသူတွေကလည်း အပြင်ထွက်အလုပ်လုပ်သူတွေကို အားကျတတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်သည် အိမ်ထောင်ကျပြီးနောက်လည်း အပြင်ထွက်ပြီး အလုပ်သင့်တယ်လို့ အက်မင်က ထင်ပါတယ်။
အဓိပ္ပါယ်မရှိဘူးဟုခံစားနေရသော မိမိဘဝကို အဓိပ္ပါယ်ရှိအောင် ဘယ်လိုနေထိုင်မလဲ။
တစ်ခါလာလည်း စားဝတ်နေရေးအတွက် ရှင်သန်လိုက်၊ အဆင်မပြေတဲ့ဘဝကနေ အဆင်ပြေဖို့ ရုန်းကန်လိုက်၊ မနက်အလုပ်သွား ညနေ အလုပ်ပြန် ရတဲ့ဘဝက အရမ်းကို အဓိပ္ပါယ်မရှိသလို ခံစားနေရပြီဆိုရင် ဒီပုံလေးတွေ တစ်ပုံချင်း ကလစ်ထောက်ကြည့်သွားလိုက်ပါ။ တစ်ခုခုတော့ ရသွားပါလိမ့်မယ်။ #Bawa101
အားကစားအမျိုးအစားများနှင့်သူတို့၏ကောင်းကျိုးများ
(ဘောလုံး၊ဘတ်စကတ်ဘော၊ကြက်တောင်၊ ရေကူး၊ မြားပစ်၊ ဂေါက်၊ Tennis ၊ Baseball) အားကစားလိုက်စားခြင်းသည် ကျန်းမာရေးအတွက် မကုန်ဆုံးနိုင်တဲ့ကောင်းကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ အားကစားနည်းတစ်ခုချင်းစီအလိုက် ကောင်းကျိုးအသီးသီးရှိကြပါတယ်။
သင့်ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုတွေများနေကြောင်း ပြသနေသော လက္ခဏာ ၁၀ချက်
လူတိုင်းမှာ တစ်ခါတစ်ရံ ရာသီဥတုအရ ခံစားချက်တွေအမျိုးမျိုးဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ စိတ်အနှောင့်အယှက်ဖြစ်နေသလို ခံစားနေရတာမျိုး ဆိုရင်တော့ သင့်ကျန်းမာရေးပြင်းထန်စွာထိခိုက်နေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်တာကတော့ စိတ်ဖိစီးမှုတွေကြောင့်ပါ။ ဆရာဝန်တော်တော်များများက စိတ်ဖိစီးမှုတွေကြောင့် မတူညီတဲ့ရောဂါတွေကိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။ သင့်ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုတွေများလာတဲ့အခါ အတွေ့များတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။