အားကစားအမျိုးအစားများနှင့်သူတို့၏ကောင်းကျိုးများ

(ဘောလုံး၊ဘတ်စကတ်ဘော၊ကြက်တောင်၊ ရေကူး၊ မြားပစ်၊ ဂေါက်၊ Tennis ၊ Baseball) အားကစားလိုက်စားခြင်းသည် ကျန်းမာရေးအတွက် မကုန်ဆုံးနိုင်တဲ့ကောင်းကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ အားကစားနည်းတစ်ခုချင်းစီအလိုက် ကောင်းကျိုးအသီးသီးရှိကြပါတယ်။


အကြမ်းဖျင်းအားဖြင့်
- ဘောလုံးကစားခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေတာကို သင်သိမှာပါ။ ဒါပေမယ့် ကျန်းမာရေးအတွက် အဓိကကောင်းမွန်စေတဲ့ကောင်းကျိုးလေးတွေကတော့
- ခံနိုင်ရည်ကောင်းစေခြင်း၊ ခန္ဓာကိုယ်သန်မာစေခြင်း၊ အဆီကျစေခြင်း၊ ခွန်အားဖြစ်စေခြင်း
နည်းဗျူဟာတွေကို ခွဲခြမ်းစိတ်ဖြာရတဲ့အတွက် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေခြင်း စတဲ့ကောင်းကျိုးတွေရှိလာပါတယ်။
- ဘတ်စကတ်ဘောကစားခြင်းကလည်း သင့်အတွက်ကောင်းမွန်တဲ့ကျန်းမာရေးကိုဖြစ်စေပါတယ်။ အဓိကအားဖြင့် - နှလုံးနဲ့ပတ်သက်သောရောဂါများဖြစ်ပွားခြင်းကိုလျော့ကျစေနိုင်ပါတယ်။
ပြေးခြင်းနဲ့ခုန်ခြင်းတွေကြောင့် သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ၁၆၅ပေါင်ရှိတဲ့လူတစ်ယောက်ကို ၆၀၀ကယ်လိုရီခန့်လောင်ကျွမ်းစေနိုင်ပြီး ၂၅၀ပေါင်ချိန်ရှိတဲ့သူတစ်ယောက်ဆိုရင် ၉၀၀ကယ်လိုရီခန့်လောင်ကျွမ်းစေနိုင်ပါတယ်။ တွန်းရဆွဲရတာတွေကြောင့် ကြွက်သားနဲ့အရိုးတွေကိုသန်မာစေပါတယ်။ ဘတ်စကတ်ဘောမှမဟုတ်ပါဘူး၊ အခြားသောအားကစားနည်းတွေအကုန်လုံးက စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အတွက် ခန္ဓာကိုယ်က စွမ်းအင်တွေပိုပြီးတိုးလာစေပါတယ်။ လူမှုဆက်ဆံရေးမှာလည်း အဆင်ပြေစေပြီး စိတ်ဓာတ်ကျရောဂါဖြစ်ပွားမှုကို တားဆီးပေးနိုင်ပြီး ခုခံစွမ်းအားတိုးစေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို အားကုန်သုံးပြီးဆော့ကစားရတာမို့ သင့်ခန္ဓာကိုယ်က ကြွက်သားတွေကိုသန်မာစေသလို၊ လက်ကောက်ဝတ်တွေ၊ လက်မောင်းတွေ၊ လက်တွေ၊ ခြေတွေကို သန်မာစေပါတယ်။
- ကြက်တောင်ရိုက်ကစားခြင်းကလည်း အပန်းပြေစေပြီး အရမ်းကြီး အပင်ပန်းခံကစားစရာမလိုတဲ့အားကစားနည်းတစ်မျိုးပါပဲနော်။ ကြက်တောင်ရိုက်ကစားခြင်းကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်ပါတယ်။ ကြက်တောင်ရိုက်ခြင်းကြောင့် သွေးထဲကသကြားဓာတ်ကို လျင်မြန်စွာလျော့ကျစေနိုင်ပါတယ်။ ဆီးချိုကာကွယ်တဲ့ပရိုဂရမ်တစ်ခုမှာ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးချိုရောဂါဖြစ်ပွားမှုကို ၅၈ရာခိုင်နှုန်းလျော့ကျစေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ လှုပ်ရှားမှုတွေကြောင့် အဆီတွေကို လောင်ကျွမ်းစေလို့ ဝိတ်ကျစေတာကတော့ ပြောဖို့လိုမယ်မထင်ပါဘူးနော်။
- တင်းနစ်ကစားခြင်းဆိုရင်လည်း အသက်အရွယ်မရွေးနဲ့ကိုက်ညီပြီး ကစားသင့်တဲ့အားကစားတစ်မျိုးပါပဲ။ တင်းနစ်ကစားခြင်းကြောင့် စိတ်ဖိစီးမှုလျော့ကျစေမယ်၊ သွေးဖိအားကို လျော့ကျစေမယ်၊
- ရေကူးခြင်းကလည်း စိတ်ပြေလက်ပြေဖြစ်စေပြီး သင့်ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားရတာဖြစ်တဲ့အတွက် သင့်ခန္ဓာကိုယ်ပျော့ပျောင်းစေပါတယ်။ ကြွက်သားတွေ အလိုက်အသင့်ဖြစ်စေပြီး ပျော့ပျောင်းစေပြီး လှုပ်ရှားရလွယ်ကူစေပါတယ်။ ရင်ကြပ်ရောဂါဖြစ်နေတဲ့သူတွေအတွက် လုပ်သင့်တဲ့အားကစားတစ်မျိုးဖြစ်ပါတယ်။ ကလေးတွေအတွက်လည်း သင့်တော်တဲ့အားကစားနည်းဖြစ်ပါတယ်။
- ဘေ့စ်ဘောကစားခြင်းက အလားတူပါပဲ။ ခြေတွေလက်တွေကို သန်မာစေပြီး နှလုံးနဲ့အဆုတ်ကြွက်သားတွေရဲ့လုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။ ချက်ချင်းဆုံးဖြတ်ချက်ချပြီး ကစားရတဲ့ကစားနည်းဖြစ်တဲ့အတွက် စိတ်အာရုံစူးစိုက်မှုပိုမို အားကောင်းလာစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။
အားကစားနည်းတစ်ခုချင်းစီအလိုက် ကောင်းကျိုးတွေရှိကြသလို ကစားနည်းအားလုံးကိုခြုံကြည့်မယ်ဆိုရင် အားကစားလုပ်ခြင်းကြောင့် ကိုယ်ခန္ဓာကသွက်လက်သန်မာစေနိုင်သလို၊ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တာကိုတွေ့ရပါတယ်။ ကစားနည်းတိုင်းမှာ ခန္ဓာကိုယ်က ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာခြင်းလည်း အတူတူပါပဲ။ လှုပ်ရှားမှုတွေကြောင့် ခန္ဓာကိုယ်က သွေးလှည့်ပတ်မှုကောင်းပြီး အိပ်ပျော်စေနိုင်တာလည်း အတူတူပါပဲ။ အဲဒါကြောင့် အားကစားလုပ်ခြင်းဟာ ခန္ဓာကိုယ်အတွက် မကုန်ဆုံးနိုင်တဲ့ကောင်းကျိုးတွေကို ပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကော ကောင်းကျိုးတွေရနိုင်ပါတယ်။ အဲဒါကြောင့် အားကစားလုပ်ဖို့အချိန်သတ်သတ်မပေးနိုင်ရင်တောင်မှ တစ်နေ့ကို နာရီဝက်ခန့် ပုံမှန်လမ်းလျှောက်ခြင်းက သင့်ကို ဝိတ်ကျဖို့ကူညီပေးနိုင်ခြင်း၊ သင့်စိတ်ဖိစီးမှုကိုပြေလျော့စေခြင်းနဲ့ အခြားသော နာတာရှည်ရောဂါများဖြစ်ပွားမှုကို လျော့ကျစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေအပြင် အခြားအကျိုးကျေးဇူးတွေအများကြီးရနိုင်ပါသေးတယ်။ အဲဒါကြောင့် ခုချိန်ကစပြီး အားကစားလုပ်ဖို့အချိန်မပေးနိုင်ဘူးလို့ ညည်းမနေတော့ဘဲ တစ်နေ့ကို ပုံမှန်နာရီဝက်ခန့်လမ်းလျှောက်တာမျိုးလောက်တော့ လုပ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။