ကလေးတွေ မိမိကိုယ်ကို အားကိုးတတ်ဖို့ သင်ပေးပါ။
သင့်ကလေးကို သင်ချစ်လွန်းလို့ ဘာမဆို အကုန်လိုတရဖြစ်အောင် လိုက်ဖြည့်ဆည်းပေးနေမိသလား။ ဒါမှမဟုတ် အိမ်မှာ ဘာမှမခိုင်းရက် မပြုရက်နဲ့ မင်းသားတစ်ပါးလိုထားနေမိသလား။ အဲဒါဆိုရင်တော့ သင်မှားနေပါပြီ။ အဲဒါက သင့်ကလေးကိုချစ်တာမဟုတ်ဘဲ နှစ်တာနဲ့အတူတူပဲဆိုတာ သင်သိပါရဲ့လား။
ဗိုက်တစ်ချိန်လုံးဆာနေလ ျှင်ဘာလုပ်မလဲ
ဖြစ်ဖူးကြမယ်ထင်ပါတယ်….အခုလေးတင် စားစရာတစ်ခုခုစားထားပြီး မကြာခင် နောက်ထပ် ဘာစားရမလဲ…တွေးနေတာမျိုး၊ ဘာစားချင်လို့ စားချင်နေမှန်းမသိတာမျိုး….၊ တစ်ချို့တွေအတွက်တော့ ဝိတ်ချမယ်…ဝိတ်ချမယ်….ပြောတတ်ပေမယ့် တကယ်တမ်း ဘာစားရမလဲ…..တွေးမှန်းတောင်မသိ၊ တွေးမိနေတာမျိုးတွေပေါ့။ ဘာပဲစားစား….ဗိုက်ပြည့်သွားတယ်လို့ မခံစားရဘဲ ဘာထပ်စားရမလဲ…ထပ်တွေးနေမိတာမျိုးက သင့်ရဲ့ခံစားချက်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာ သင်သိပါရဲ့လား။ ဟုတ်ပါတယ်…..ဗိုက်မကြာခဏဆာနေခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာဗေဒအရ ဗိုက်ဆာတာမျိုးမဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်သာဖြစ်ပါတယ်
အခြေအနေဆိုးတွေကြုံလာတဲ့အခါ အကောင်းဘက်ကနေတွေးနိုင်အောင် လုပ်သင့်သောအချက်များ
လူတိုင်းလိုလို ဆိုးဝါးလှတဲ့အခြေအနေတွေ ကြုံဖူးမှာပါ။ ဘဝက ကောင်းတလှည့်ဆိုးတလှည့်မဟုတ်လား။ ကောင်းတဲ့အခြေအနေမှာတော့ ပြဿနာမရှိပေမယ့် ဆိုးတဲ့အခြေအနေမှာတော့ ကိုယ့်ကိုကိုယ် မဆောက်တည်တတ်တာမျိုး၊ ယူကြုံးမရတာမျိုးတွေ ဖြစ်ရပါတယ်။ အဲလိုအခြေအနေဆိုးမျိုးကြုံရတဲ့အခါ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ဆောက်တည်ပြီး အကောင်းဘက်ကတွေးနိုင်အောင် လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
စိုးရိမ်မှုတွေကို လျော့ကျစေမယ့် နည်းလမ်း ၆ချက်
လူတိုင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ တွေးတော ပူပန်တတ်ကြတာမို့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း ၆ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
သင့်ကလေးကို နေ့စဉ်ပြောသင့်သော စကား ၉မျိုး
သင်ပြောလိုက်တဲ့စကားတွေက သင့်ရဲ့ကလေးအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ သင်ကောင်းကောင်းပြောဆိုလိုက်တဲ့စကားတစ်ခွန်းက ကလေးအတွက် အများကြီး အကျိုးရှိပြီး ကလေးကိုပြုပြင်ပေးနိုင်သလို၊ သင်ရဲ့ဆိုးဝါးတဲ့စကားတစ်ခွန်းကနေလည်း ကလေးအတွက် ဘဝတစ်ခုလုံးအထိ သက်ရောက်မှုရှိနေနိုင်ပါတယ်။ ကလေးတစ်ယောက်ကို ထိန်းကျောင်းတဲ့အခါ ချစ်ခင်မှုနဲ့အဓိကထားသွန်သင်ဆုံးမနိုင်တာမို့ ကလေးကို နေ့စဉ်ပြောသင့်သောစကားများကို ဖော်ပြလိုက်ရပါတယ်။
အရည်အချင်းလား ၊ ကြိုးစားမှုလား … ဘယ်ဟာကပိုအရေးကြီးသလဲ
လူတစ်ယောက် ဘဝမှာ အဓိကလိုအပ်ချက်က ဘာလဲ…..လို့တွေးဖူးကြမယ်ထင်ပါတယ်။ ဘဝအတွက်ရုန်းကန်ရတဲ့အချိန်မှာ လူတိုင်းနီးပါးပြောဖူးတာက ငွေရှိရင်အားလုံးအဆင်ပြေတယ်ဆိုတဲ့စကားပါပဲ။ ငွေကတကယ်တော့ အရေးကြီးပါသလား။ ဘဝမှာငွေကအရေးပါသင့်သလောက်တော့ ပါပါတယ်။ ဒါပေမယ့် ငွေကိုအရမ်းတပ်မက်ပြီး လိုချင်စိတ်တွေများလာပြီဆိုရင်တော့ ဘဝက လမ်းကြောင်းမှားဖို့များလာပါပြီ။ ငွေကိုသာ ရရင်ပြီးကော ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငွေသာအရေးကြီးဆုံး၊ ငွေကိုသာရအောင်ရှာမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝပျက်ဖို့ အနီးဆုံးဖြစ်နေပါပြီ။
စာဖတ်မယ်ဆို ဘယ်လိုစာအုပ်မျိုးရွေးဖတ်သင့်သလဲ
စာဖတ်သောလူမျိုးသည် တိုးတက်ပြီး တိုးတက်သောလူမျိုးသည် စာဖတ်ကြသည် ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ စာဖတ်တဲ့အခါ စဉ်းစားချင့်ချိန်ဉာဏ်ရင့်သန်ပြီး အမှားအမှန်ခွဲခြားနိုင်တာလည်း လူတိုင်းသိကြမှာပါ။ စာဖတ်ခြင်းက ရတဲ့အကျိုးကျေးဇူးတွေက အများကြီးရှိတဲ့အပြင် စာဖတ်သူနဲ့ စာမဖတ်သူူရဲ့ ဘဝကလည်း မတူကွဲပြားသွားလေ့ရှိပါတယ်။ ဟုတ်ပါပြီ။ စာဖတ်သူက စာဖတ်နေကျသူတစ်ယောက်ဆိုရင်တော့ ဘာမှထွေထွေထူးထူးပြောစရာမလိုပါဘူး။ ခုကတော့ စာမဖတ်တဲ့သူတွေအတွက်ပြောပြပေးချင်တာပါ။
သင့်ကိုယ်သင် ပျိုးထောင်ပါဆိုတဲ့စကားလေးက ပြောရလွယ်သလောက် လုပ်ရတာတော့ ခက်ပါတယ်။ ဒါပေမယ့် ခက်တာကို လုပ်ဆောင်နိုင်ခြင်းက ကိုယ့်ရဲ့အရည်အသွေးတွေကို ထက်မြက်လာစေနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဘာကြောင့် သင့်ကိုသင်ပျိုးထောင်ပါဆိုတဲ့ဆောင်းပါလေးကို ဖော်ပြပေးရသလဲဆိုရင် တော်တော်များများက ထိုအချက်ကို သိပါတယ်။ သိပေမယ့် နေ့စဉ်လူမှုကိစ္စအ၀၀နဲ့ ရှုပ်ထွေးနေတဲ့အခါမှာ သိနေရက်နဲ့ မလုပ်ဖြစ်ကြပါဘူး။
ဘယ်တော့မှ မိန်းကလေးတစ်ယောက်ကို မပြောသင့်သော စကားများ
မိန်းကလေးတစ်ယောက်ကို လုံးဝမပြောသင့်တဲ့စကားမျိုးတွေရှိပါတယ်။ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး၊ သူ့ရဲ့ပုံပန်းသဏ္ဍန်သွင်ပြင်ကို ချိုးနှိမ်ပြီးပြောဆိုတာမျိုး၊ သူမရဲ့အကျင့်စရိုက်ကို အပြစ်ပြောတာမျိုး စသည်ဖြင့်ပေါ့။ အဲဒီ့တော့ ဘယ်လိုစကားမျိုးတွေက မိန်းကလေးတွေကိုမပြောသင့်ဘူးလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။