ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံအတွက် အချက် ၁၁ချက်
နေ့စဉ်ဖြတ်သန်းနေတဲ့ နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်မှုရှိနေပါတယ်။ ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံရှိခြင်းက ပိုကောင်းတဲ့ကျန်းမာရေးကို ရရှိနိုင်မှာပါ။ အဲဒီတော့ ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံအတွက် နေထိုင်သင့်တဲ့အချက် ၁၁ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
စာဖတ်သူတို့ မတော်သော ဖိနပ်ကို စီးဖူးပါသလား။ အက်မင်ကတော့ စီးဖူးပါတယ်၊ အမြင်အာရုံအရ အရမ်းကြိုက်လို့ “နည်းနည်းလေးမတော်လဲ ဘာဖြစ်သလဲ…..စီးလို့ရလောက်ပါတယ်….” လို့တွေးပြီး အတင်းမရမက စီးဖူးပါတယ်။ အစပိုင်းမှာတော့ ကိုယ်လိုချင်တာလေးရလို့ ကျေနပ်ပျော်ရွှင်ရသလောက်၊ ကြာလေလေ….ဖိနပ်ပေါက်တဲ့ဒဏ်ကို ဖိနပ်စီးတိုင်း နာကျင်ခံစားရပါများလာတော့ ထိုဖိနပ်ကိုလည်း စိတ်ကုန်လာပါတယ်။ အဲဒီတော့ ဘာလုပ်ပစ်မယ်ထင်ပါသလဲ။ ဆက်ပြီး နာကျင်မှုကို တစိမ့်စိမ့်ခံစားလို့ ရှေ့ဆက်စီးသွားမလား….။ ဒါမှမဟုတ် ချက်ချင်းအသစ်လဲလို့ ကိုယ်နဲ့အဆင်ပြေတဲ့ဖိနပ်ကို ပြောင်းလဲစီးမလား။
ရိုးရှင်းပြီး ပိုမိုကောင်းမွန်သော ဘဝကိုပိုင်ဆိုင်နိုင်စေမည့် ရိုးရှင်းသော အကျင့်ကောင်းများ
တကယ်တော့ ဘဝက ရိုးရှင်းပါတယ်။ လူတွေကသာ ခက်အောင် လုပ်နေကြတာပါ။ ရိုးရှင်းတဲ့ဘဝမှာ ခုလက်ရှိဘဝထက် ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိဖို့ကလည်း အင်မတန်ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့တင်ရနိုင်ပါတယ်။ ဘယ်လိုရိုးရှင်းတဲ့နည်းလမ်းမျိုးလဲဆိုတာ အောက်က ပုံလေးတွေမှာ ဖော်ပြထားတဲ့ ကောက်နုတ်ချက်လေးတွေကို ဖတ်ကြည့်လိုက်ပါအုံး။#Bawa101
လက်ထပ်ပြီးပေမယ့် အမျိုးသမီးတွေ အပြင်ထွက် အလုပ်လုပ်ခြင်းရဲ့ကောင်းကျိုးများ
လက်ထပ်ပြီးသွားတဲ့တစ်ချို့အမျိုးသမီးတွေကတော့ ဘဝပေးအခြေအနေကြောင့် အပြင်ထွက်အလုပ်လုပ်ကြရပေမယ့် တစ်ချို့အမျိုးသမီးတွေကတော့ အပြင်ထွက်ပြီး အလုပ်မလုပ်ဖြစ်ကြတော့ပါဘူး။ လူတိုင်းမှာ မတူညီတဲ့အခြေအနေတွေရှိတာမို့ အလုပ်လုပ်သူကော၊ အလုပ်မလုပ်သူကော အားလုံးက သူ့အခြေအနေနဲ့သူပါပဲ။ တစ်ချို့အလုပ်လုပ်သူတွေက အိမ်မှာနေရသူတွေကို အားကျတတ်သလို၊ တစ်ချို့အိမ်မှာနေရသူတွေကလည်း အပြင်ထွက်အလုပ်လုပ်သူတွေကို အားကျတတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်သည် အိမ်ထောင်ကျပြီးနောက်လည်း အပြင်ထွက်ပြီး အလုပ်သင့်တယ်လို့ အက်မင်က ထင်ပါတယ်။
အဓိပ္ပါယ်မရှိဘူးဟုခံစားနေရသော မိမိဘဝကို အဓိပ္ပါယ်ရှိအောင် ဘယ်လိုနေထိုင်မလဲ။
တစ်ခါလာလည်း စားဝတ်နေရေးအတွက် ရှင်သန်လိုက်၊ အဆင်မပြေတဲ့ဘဝကနေ အဆင်ပြေဖို့ ရုန်းကန်လိုက်၊ မနက်အလုပ်သွား ညနေ အလုပ်ပြန် ရတဲ့ဘဝက အရမ်းကို အဓိပ္ပါယ်မရှိသလို ခံစားနေရပြီဆိုရင် ဒီပုံလေးတွေ တစ်ပုံချင်း ကလစ်ထောက်ကြည့်သွားလိုက်ပါ။ တစ်ခုခုတော့ ရသွားပါလိမ့်မယ်။ #Bawa101
လူသစ်၊ စိတ်သစ် ဘဝသစ်ဖြင့် စတင်ပါ။
စိတ်သစ်၊ လူသစ်ဆိုတဲ့စကားက လူတစ်ယောက်ကနေ အခြားလူတစ်ယောက်လို ချက်ချင်းပြောင်းလဲပစ်လိုက်ပြီး နေထိုင်သွားပါလို့ဆိုလိုချင်တာပါ။ လူတစ်ယောက်က တစ်သက်လုံးကိုယ်နေလာတဲ့ပုံစံကနေ လုံးဝမတူတဲ့လူတစ်ယောက်လို ချက်ချင်းပြောင်းလဲပစ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။
အခြေအနေဆိုးတွေကြုံလာတဲ့အခါ အကောင်းဘက်ကနေတွေးနိုင်အောင် လုပ်သင့်သောအချက်များ
လူတိုင်းလိုလို ဆိုးဝါးလှတဲ့အခြေအနေတွေ ကြုံဖူးမှာပါ။ ဘဝက ကောင်းတလှည့်ဆိုးတလှည့်မဟုတ်လား။ ကောင်းတဲ့အခြေအနေမှာတော့ ပြဿနာမရှိပေမယ့် ဆိုးတဲ့အခြေအနေမှာတော့ ကိုယ့်ကိုကိုယ် မဆောက်တည်တတ်တာမျိုး၊ ယူကြုံးမရတာမျိုးတွေ ဖြစ်ရပါတယ်။ အဲလိုအခြေအနေဆိုးမျိုးကြုံရတဲ့အခါ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ဆောက်တည်ပြီး အကောင်းဘက်ကတွေးနိုင်အောင် လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
နာမည်ကြီးမင်းသားကြီးများအချို့ ၏ ကောက်နုတ်ချက်များ
အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တွေရဲ့ ကောက်နုတ်ချက်တွေထဲမှာ ကျရှုံးခြင်းတွေ၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။#Bawa101
အရည်အချင်းလား ၊ ကြိုးစားမှုလား … ဘယ်ဟာကပိုအရေးကြီးသလဲ
လူတစ်ယောက် ဘဝမှာ အဓိကလိုအပ်ချက်က ဘာလဲ…..လို့တွေးဖူးကြမယ်ထင်ပါတယ်။ ဘဝအတွက်ရုန်းကန်ရတဲ့အချိန်မှာ လူတိုင်းနီးပါးပြောဖူးတာက ငွေရှိရင်အားလုံးအဆင်ပြေတယ်ဆိုတဲ့စကားပါပဲ။ ငွေကတကယ်တော့ အရေးကြီးပါသလား။ ဘဝမှာငွေကအရေးပါသင့်သလောက်တော့ ပါပါတယ်။ ဒါပေမယ့် ငွေကိုအရမ်းတပ်မက်ပြီး လိုချင်စိတ်တွေများလာပြီဆိုရင်တော့ ဘဝက လမ်းကြောင်းမှားဖို့များလာပါပြီ။ ငွေကိုသာ ရရင်ပြီးကော ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငွေသာအရေးကြီးဆုံး၊ ငွေကိုသာရအောင်ရှာမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝပျက်ဖို့ အနီးဆုံးဖြစ်နေပါပြီ။