အခြားသူများဆီက Respect လိုချင်လျှင်
ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ “အချင်းချင်း respect ရှိဖို့လိုတယ်…..” ဆိုတဲ့စကားက မကြာခဏကြားဖူးနေကျဖြစ်မှာပါ။အကြမ်းအားဖြင့် လူကြီးသူမတွေနဲ့ဖြစ်ဖြစ်၊ ကိုယ်ရဲ့အထက်လူကြီးနဲ့ဖြစ်ဖြစ်၊ ကိုယ့်ထက် အသက်အရွယ်အရ၊ ဝါအရ ကြီးတဲ့သူမျိုးဆိုရင် လေးစားစွာဆက်ဆံတတ်ရပါတယ်။အမှန်တော့ ရွယ်တူချင်းလည်း လေးစားမှုထားသင့်ပါတယ်။ ကိုယ်တိုင်က လေးစားသင့်တဲ့သူတွေကို လေးစားစွာဆက်ဆံတတ်သလိုပဲ၊ ကိုယ့်ကို အခြားသူတွေက ပြန်ပြီး လေးစားမှုထားတာမျိုးကို လူတိုင်းကလိုချင်တတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ကို အခြားသူများလေးစားအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။
ခေါင်းဆောင်ကောင်းမလုပ်ချင်လျှင် နောက်လိုက်ကောင်းဖြစ်အောင် ဘယ်လိုလုပ်မလဲ။
နောက်လိုက်ကောင်းဖြစ်မှ တစ်ချိန်မှာ ခေါင်းဆောင်ကောင်းဖြစ်နိုင်မှာပါ။ ဒါပေမယ့် တစ်ချို့တွေကျတော့ ခေါင်းဆောင်ကောင်းမဖြစ်ချင်ကြပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ယူရမယ့်တာဝန်တွေကို မယူချင်ကြလို့ပါ၊ တစ်ချို့တွေကျပြန်တော့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုတဲ့အရည်အချင်းတွေကို ဂဃဏနမသိဘဲ ခေါင်းဆောင်ဖြစ်ချင်လွန်းပြန်ပါတယ်။ အဲလိုလူမျိုးကျတော့လည်း ခေါင်းဆောင်ဖြစ်လာပြန်ရင် ခေါင်းဆောင်ကောင်းမဖြစ်နိုင်ပြန်ပါဘူး။ တာဝန်ကြီးမယူချင်လို့ ခေါင်းဆောင်ကောင်းမဖြစ်ချင်တဲ့သူများကျပြန်တော့ နောက်လိုက်ကောင်းတစ်ယောက်ရဲ့တာဝန်ကိုလည်း မသိဘဲ နောက်လိုက်ကောင်းဖြစ်အောင် မကြိုးစားနိုင်တာတွေ ရှိတတ်ပြန်ပါတယ်။ အဲဒါကြောင့် သင်က ဘယ်လိုလူအမျိုးအစားထဲမှာ ပါနေပါသလဲ။
အလုပ်ကြိုးစားတိုင်း အောင်မြင်တာမဟုတ်ပါဘူး။ အောင်မြင်သူတိုင်းတော့ အလုပ်ကြိုးစားကြပါတယ်။
“ သူဌေးဖြစ်ချင် ထီမထိုးပါနဲ့….အလုပ်ကြိုးစားပါ” ဆိုတဲ့စာသားလေးကို တစ်ချို့က အလုပ်ကြိုးစားတိုင်း သူဌေးဖြစ်တာမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ အလုပ်ကြိုးစားတိုင်း သူဌေးမဖြစ်နိုင်ပါဘူး၊ ဒါဆိုရင် အလုပ်မကြိုးစားဘဲ နေရင်ကော…..လို့မေးစရာရှိပါတယ်။ ပိုဆိုးတာပေါ့။ အလုပ်ကြိုးစားတာတောင် သူဌေးဖြစ်ချင်မှဖြစ်တာဆိုရင် လုံးဝအလုပ်မကြိုးစားရင် ဘယ်လိုလုပ် သူဌေးဖြစ်ဖို့ လမ်းစရှိပါ့တော့မလဲ။ ပိုတောင် ဝေးသွားတော့တာပါပဲ။
သင်ဒီနေ့သာ ဆုံးပါးသွားခဲ့မယ်ဆိုရင် လူတွေသင့်ကို ဘယ်လိုမှတ်မိစေချင်သလဲ။
စာဖတ်သူတွေကောတွေးဖူးရဲ့လား….. “ဒီနေ့သာ သင့်ဘဝရဲ့နောက်ဆုံးနေ့ဖြစ်နေခဲ့မယ်ဆိုရင်….” ဆိုတဲ့အတွေးမျိုးပေါ့။ တွေးကြည့်လိုက်ပါ။ အင်မတန် ကြောက်လန့်စရာကောင်းပါတယ်။ အဲဒါအပြင် ဆက်တွေးရမှာက အဲလိုသာတကယ်ဖြစ်နေခဲ့ရင် “ငါဘာတွေ လုပ်ပြီးပြီလဲ…” ဆိုတာပေါ့။ ဖြစ်ချင်တာတွေ ဘာမှမလုပ်ရသေးပါလား….ဆိုတဲ့အတွေးက ပိုပြီး ကြောက်စရာကောင်းနေမှာပါ။ လူတိုင်းမှာ ဖြစ်ချင်တာလေးတွေ၊ မသေခင်လုပ်ဖြစ်သွားရင်တော်ပါပြီ….ဆိုတဲ့အတွေးလေးတွေနဲ့ တွေးဖူးပြောဖူးကြမှာပါ။ ဒါပေမယ့် ဒီနေ့သာ အသက်ရှင်ဖို့နောက်ဆုံးဖြစ်ခဲ့ရင် အဲဒီ့လို မသေခင်လုပ်ဖြစ်ချင်တာလေးတွေ မလုပ်ရတော့ဘူးဆိုတာမျိုးကြတော့ ဘယ်သူမှ တော်တန်ရုံမတွေးတတ်ကြပါဘူး။ တကယ်တော့ တွေးသင့်ပါတယ်။ အဲလိုတွေးလိုက်မှသာ ကိုယ်ရည်ရွယ်ထားတာလေးတွေ၊ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ဖြစ်ဖို့ တွန်းအားတစ်ခုဖြစ်လာမှာပါ။
စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို ဘယ်လိုလက်တွဲကူမလဲ။
အရမ်းကို ခေတ်မီတိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ အရာရာတိုးတက်ပြီး လိုချင်တပ်မက်စရာတွေများလာပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ အားလုံးက တိုးတက်နေတာ ကောင်းပေမယ့် ဆိုးကျိုးတွေလည်း အများကြီး ဖြစ်လာပါတော့တယ်။ အဲဒီ့ထဲကမှ လူနေမှု၊ ပညာရေး၊ ငွေကြေး၊ စီးပွားရေးအစစမှာ အားလုံးတိုးတက်သလို ၊ လူတိုင်းက လိုက်မတိုးတက်နိုင်တဲ့အခါမှာ စိတ်ဓာတ်ကျဆင်းလာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုများလာတွေ ဖြစ်လာပါတော့တယ်။ သူများဝတ်သလို ဝတ်ချင်တယ်၊ မဝတ်နိုင်တဲ့အခါ အားငယ်မှု၊ သူများ စားသလိုစားချင်တယ်၊ မစားနိုင်တဲ့အခါ စိတ်ဓာတ်ကျမှု၊ သူများ စီးပွားရေးအဆင်ပြေတယ်၊ ကိုယ်က အဆင်မပြေတဲ့အခါ ၊ လိုချင်မှုတွေကို မဖြည့်ဆည်းနိုင်တဲ့အခါ အလိုလို အပျက်ဘက်ကို ရောက်လာပါတော့တယ်။ အဓိကကတော့ လူတွေရဲ့စိတ်တွေပါပဲ။ တိုးတက်မှုနောက်ကို လိုက်နိုင်တဲ့သူက ပျော်နေပေမယ့် ဆိုးကျိုးတွေရှိသလို၊ တိုးတက်မှုနောက်ကို မလိုက်နိုင်ခြင်းကလည်း ဆိုးကျိုးတွေမျိုုးစုံကို ဖြစ်လာစေတော့တာပါပဲ။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ စိတ်ဓတ်ကျခြင်းလို့ခေါ်တဲ့ depression ဆိုတာက ရောဂါတစ်မျိုးအဖြစ်တောင် နာမည်တပ်လာရတဲ့အထိပါပဲ။ သင့်ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့ စိတ်ဓာတ်ကျနေတဲ့ပြဿနာကို ရင်ဆိုင်နေရတဲ့ သူငယ်ချင်းမျိုးတွေ့တဲ့အခါ အားပေးကူညီပေးဖို့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။
စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား
ကမ္ဘာပေါ်မှာ တန်ဖိုးရှိဆုံးအရာ
ကမ္ဘာပေါ်မှာ လူတိုင်းပေါပေါများများရနေပြီး တန်ဖိုးအရှိဆုံးအရာတစ်ခုကို သဘာဝတရားကြီးက လူတိုင်းကိုမျှမျှတတပေးထားပါတယ်။ အသုံးချတတ်တဲ့သူက ပြည့်ဝစွာရရှိသွားပြီး အသုံးမချတတ်သူကတော့ အလကားကုန်ဆုံးသွားတော့တာပါပဲ။ ထိုအရာကတော့ စိန်စီထားသော နာရီများဆိုတဲ့ အချိန်ပါပဲ။ ငယ်ငယ်တုန်းက စိန်စီထားသော နာရီများဆိုတဲ့ အသုံးအနှုန်းကို အပြည့်အဝနားမလည်ခဲ့ပါဘူး။ ဘာလို့များတန်ဖိုးရှိတယ်ပြောတာလဲ ဆိုပြီး စဉ်းစားခဲ့ဖူးပါတယ်။
ရိုးရှင်းသောဘဝကိုနေထိုင်နိုင်ဖို့ ဒီအချက် ၄ ချက်ကိုလိုက်နာပါ။
အကောင်းမြင်ခြင်းနဲ့ အဆိုးမြင်ခြင်းကြားမှာ ခြားနားမှုရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ အဲဒါက အဖြူနဲ့အမည်း၊ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှားလိုပါပဲ။ အဲဒါကြောင့် ပိုကောင်းတဲ့ဘဝကို နေထိုင်နိုင်ဖို့ အကောင်းမြင်တတ်ဖို့ လိုပါတယ်။ အကောင်းမြင်တတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့က သင်ဘာလုပ်လုပ်၊ ဘယ်နေရာရောက်ရောက်၊ သင်ဘယ်သူပဲဖြစ်နေနေ သင့်ကိုယ်သင်ထိန်းချုပ်ဖို့ပဲ လိုတာပါ။ လောကမှာ ဘယ်အရာကိုမှ ကျွန်တော်တို့မထိန်းချုပ်နိုင်ဘူးမဟုတ်လား၊ အဲဒီ့တော့ ကိုယ့်ကိုကိုယ်ပဲ အကောင်းမြင်တတ်အောင် ထိန်းချုပ်လိုက်ရတာပေါ့။ အဲလိုထိန်းချုပ်နိုင်ဖို့အတွက် အရိုးရှင်းဆုံး အချက် ၄ချက် ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့အဆိုးမြင်နေတဲ့စိတ်တွေ အကောင်းဘက်ကို စတင်ပြောင်းလဲကြည့်လိုက်ပါ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
စိတ်ကြည်လင်နေစေဖို့ လုပ်ဆောင်သင့်အရာများ။
စိတ်ကြည်လင်နေခြင်းက အရာရာတိုင်းမှာ ပိုပြီးအာရုံစိုက်ရလွယ်ကူစေပါတယ်။ အဲဒါကြောင့် ကိုယ်လုပ်သမျှ အရာတိုင်း အလွယ်တကူပြီးမြောက်စေနိုင်ပါတယ်။ အကောင်းမြင်စိတ်လည်း ပိုတိုးလာပါတယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ လူမှုအသိုင်းအဝန်းမှာပဲဖြစ်ဖြစ် ပိုပြီးလည်း ပျော်ရွှင်ကျေနပ်စိတ်ဖြစ်စေမှာပါ။ အဲဒါကြောင့် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး စိတ်ကြည်လင်နေစေဖို့ လုပ်ဆောင်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား
လွတ်လပ်တဲ့ ဘဝက သိပ်ကို ချိုမြန်ပါတယ်။
လွတ်လပ်တဲ့ဘဝက ဘယ်လောက် စိတ်ချမ်းသာစရာကောင်းမှန်း လူတိုင်းသိကြမှာပါ။ လူတိုင်းက ရတာမလို၊ လိုတာမရ ဖြစ်တတ်ကြတာမို့ အိမ်ထောင်ပြုပြီးသူတွေကလည်း လွတ်လပ်သူတွေကို အားကျနေတတ်သလို၊ လွတ်လပ်သူတွေကျပြန်တော့ မိသားစုဘဝလေးက ဘယ်လောက်သာယာတာ ဆိုပြီး အားကျနေတတ်ပြန်ပါတယ်။ အမှန်တော့ ဘယ်လိုဘဝကို ပိုင်ဆိုင်ထားပါစေ ဘဝကို တန်ဖိုးထားတတ်ဖို့သာ လိုတာပါ။
ဖိအားများလာလျှင်ဘာဖြစ်လို့ ကျွန်တော်တို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တာလဲ။
အလုပ်ကဖိအားများတယ်….ဆိုပြီး တစ်ချို့တွေ ညည်းတတ်ကြတာ ကြားဖူးပါတယ်။ ဖိအားများတဲ့အလုပ်မှာ ဘာလို့ လူတွေ ကောင်းကောင်းအလုပ်ကို အာရုံမစိုက်နိုင်ရသလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်။ သိပြီးကြတဲ့အတိုင်းပါပဲ…..ဖိအားများတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။