မိန်းကလေးတွေ ဘတ်စ်ကားပေါ်မှာ မဖွယ်မရာလုပ်တတ်တဲ့လူမျိုးနဲ့ကြုံလာခဲ့ရင်လုပ်သင့်တဲ့အချက်များ
ဘတ်စ်ကားကြပ်ကြပ်တွေစီးရတဲ့အခါ မိန်းကလေးတွေ အတော်များများကြုံရတဲ့ပြဿနာကတော့ ထောက်လှမ်းရေးပြဿနာပါပဲ။ မြန်မာမိန်းကလေးအများစုက အဲဒီလိုကြုံတွေ့ရတဲ့အခါ အရှက်အကြောက်ကြီးစွာနဲ့ မပြောရဲမဆိုရဲဖြစ်နေတတ်ကြပြီး ရှက်ရွံ့နေတတ်ကြပါတယ်။ အချောင်သမားတွေကလည်း အဲဒီလိုကြောက်လန့်ပြီး အရှက်ကြီးမယ်ထင်ရတဲ့မိန်းကလေးမျိုးကို ပစ်မှတ်ထားတတ်ကြတာပါ။ အဲဒါမှသာ သူတို့အသားယူသမျှကို ထိုမိန်းကလေးတွေက ကြောက်လန့်တကြီးနဲ့ အရှက်ကွဲမခံဘဲ ကြိတ်ခံနေကြမှာမို့ပါ။ အဲဒါကြောင့် အဲဒီလို ဘတ်စ်ကားကြပ်ကြပ်မှာ အသားယူတတ်တဲ့အချောင်သမားမျိုးနဲ့ကြုံလာခဲ့ရင် လုံးဝ(လုံးဝ)ကို ရှက်ကြောက်စရာမလိုပါဘူး။
သင်တန်းဆင်းလက်မှတ်တွေအများကြီးရှိရထားပေမယ့် ဘာကြောင့်ခုထိအလုပ်မရသေးတာလဲ။
ခုခေတ်လူငယ်အချို့မှာ သင်တန်းပေါင်းစုံတက်ပြီး အလုပ်မရကြတာလည်း ပြဿနာတွေထဲက ပြဿနာအတစ်ခုအဖြစ်ပါဝင်မယ်ထင်ပါတယ်။ အလုပ်ခေါ်များတဲ့အလုပ်နေရာအတွက်လိုအပ်တဲ့သင်တန်းဆိုရင် ပြေးတက်လိုက်တာမျိုးများပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ကဘာလဲ၊ ကိုယ်တကယ်စိတ်ဝင်စားတဲ့ဝါသနာကဘာလဲ။ တစိုက်မတ်မတ်လေ့လာသင်ယူနိုင်ပါ့မလား၊ တနည်းအားဖြင့် သင်တန်းတက်ပြီးပေမယ့် ကိုယ်တိုင် စိတ်မပါရင် သင်တန်းကတက်လို့ လက်မှတ်ရတာသာရှိပြီး သင်တန်းကသင်သမျှကို တကယ်မကျွမ်းကျင်မတတ်ကျွမ်းတာမျိုးဖြစ်နိုင်ပါတယ်။ လက်မှတ်ရလို့ အလုပ်ရတာမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း တကယ်စိတ်ပါဝင်စားစွာလေ့လာသင်ယူ၊ သင်တန်းလည်းတက်ပြီး လက်မှတ်ရ၊ ကိုယ်တိုင်လည်း ကျွမ်းကျင်အောင်သင်ယူပါမှ အလုပ်ခွင်မှာ အဆင်ပြေနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် အချို့လူတွေအတွက် သင်တန်းဆင်းလက်မှတ်တွေအများကြီးရှိပေမယ့် ဘယ်အလုပ်ကိုလျှောက်ရမယ်မှန်းမသဲကွဲတာ၊ လျှောက်တဲ့အလုပ်တိုင်း မသေချာမရေရာတာမျိုးတွေမဖြစ်ဖို့အတွက် ပြန်လည်ဆင်ခြင်သုံးသပ်သင့်ပါတယ်။
နာကျင်မှုတွေများလာတဲ့အခါ သင့်ကိုယ်သင်ဘယ်လိုပြန်လည်ကုစားမလဲ။
ခန္ဓာကိုယ်နာကျင်မှုဆိုတာက ပြန်ပြီး ကုစားလို့ပျောက်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကတော့ ကုစားရတာ ပိုခက်ပါတယ်။ အဓိကက စိတ်ပိုင်းဆိုင်ရာနာကျင်သွားတဲ့အခါ ကာယကံရှင်ကိုယ်တိုင်က ပြန်လည်တွေးတောခံစားနေပြီး မဖျောက်ဖျက်နိုင်သရွေ့ ပြန်ပြီးအသစ်လိုခံစားနေရမှာပဲဖြစ်ပါတယ်။ အုဲါကြောင့် သင့်စိတ်ထဲက နာကျင်မှုဒဏ်ရာတွေကို အရှင်းပျောက်အောင် မပြုလုပ်နိုင်ပေမယ့် တဖြည်းဖြည်းချင်း ကုစားနိုင်မယ့်နည်းလမ်းလအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ပြင်မရတဲ့အမှားတွေလုပ်မိနေပြီလား......ပြန်သုံးသပ်ပါ။
လောကမှာ လူတိုင်းအမြဲတမ်းမှန်နေတယ်၊ ပြီးပြည့်စုံအောင် မှန်ကန်နေတဲ့လူဆိုတာ မရှိနိုင်ပါဘူး။ အမှားနဲ့မကင်းကြပါဘူး။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့အမှားက ပြင်လို့ရတဲ့အမှားရယ်၊ ပြင်လို့မရနိုင်တဲ့အမှားရယ်ဆိုပြီးပဲ ရှိပါတယ်။ အမှားတွေထဲက ပြန်ပြီး သင်ခန်းစာယူလို့ ရှေ့ဆက်မယ့်ဘဝလမ်းမှာ အလားတူအမှားမျိုးထပ်မမှားမှသာ ကိုယ့်ဘဝက အမှားနည်းလာမှာဖြစ်ပါတယ်။
ပထမဆုံး ကိုယ်ဝင်ငွေနဲ့ဝယ်ဖူးတဲ့စာအုပ်လေးကိုမှတ်မိလား❓
ပထမဆုံး ကိုယ်ဝင်ငွေနဲ့ဝယ်ဖူးတဲ့စာအုပ်လေးကိုမှတ်မိလား❓
ကိုယ့်ဘဝတိုးတက်ဖို့အတွက် ၂၀၂၁ ကိုမယူသွားဘဲ အခုချက်ချင်း ပြုပြင်သင့်တဲ့ အကျင့်ဆိုးများ
မကြာခင်အချိန်မှာပဲ နှစ်သစ်ကို အစပြုတော့မှာဖြစ်ပါတယ်။ နှစ်ဟောင်းမှာဘာတွေဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးကို ထားခဲ့လိုက်ပါတော့။ အထူးသဖြင့် မကောင်းတဲ့အရုံခံစားမှုတွေဆိုရင် ၂၀၂၀နဲ့အတူ အားလုံးကျန်ခဲ့ပြီလို့သာတွေးလိုက်ပါတော့။ အသစ်လာမယ့်ကိုယ့်အတွက် ၃၆၅ရက်မှာသာ အားသစ်ထည့်ပြီး ၂၀၂၀မှာမဖြစ်လာသမျှကို ၂၀၂၁မှာ ဖြစ်အောင်၂ဆကြိုးစားရမှာပါ။ အဲဒါကြောင့် အထူးသဖြင့် လုံးဝထားခဲ့သင့်တဲ့စိတ်ထားတွေကိုဖော်ပြပေးလိုက်ပါတယ်။
၂၀၂၁ မှာ ပိုကောင်းတဲ့ဘဝနေထိုင်မှုဖြစ်စေဖို့ ကျင့်သုံးသင့်သောအရာများ
မနက်ဖြန်ကစပြီး သင့်ဘဝရဲ့နေထိုင်မှုပုံစံတွေအားလုံးမှာ ပိုကောင်းတဲ့နေထိုင်မှုပုံစံဖြစ်ဖို့ ပြုပြင်ပြောင်းလဲလိုက်ပါတော့နော်။ စောစောပြုပြင်လေ စောစောအကျိုးရှိလေမို့ နှစ်သစ်ကိုအကျင့်ဟောင်းတွေမယူသွားဘဲ ကောင်းမွန်တဲ့အကျင့်သစ်တွေနဲ့အစားထိုးလိုက်ပါ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
ချမ်းသာကြွယ်ဝသူတို့ရဲ့ နိယာမ ၆ ချက်
ငွေကြေးဆိုင်ရာအားဖြင့် အသိဥာဏ်ကြွယ်ဝသူတွေဟာ အကြီးအကျယ်ချမ်းသာကြွယ်ဝတာမျိုးမဟုတ်ရင်တောင် ငွေကြေးနဲ့ပတ်သက်တဲ့အပူအပင်မရှိကြပါဘူး။ သူတို့မှာ ငွေကြေးအတွက် အမြဲပူပန်နေရတဲ့လူတွေနဲ့မတူတဲ့ အချက်တွေအများကြီးရှိပါတယ်။ အဲဒီ့အချက်တွေကိုသာ လေ့လာသင်ယူပြီး ကိုယ်တိုင်ကျင့်သုံးပြီး အလေ့လအကျင့်ဖြစ်လာမယ်ဆိုရင် ကိုယ်တိုင်ငွေကြေးအတွက် ပူပန်ရတဲ့ဘဝ၊ အကြွေးတွေနဲံ့ရှုပ်ထွေးနေရတဲ့ဘဝကနေ လွတ်မြောက်စေမှာပါ။ အဲဒါကြောင့် ချမ်းသာကြွယ်ဝသူတွေရဲ့ ငွေကြေးနဲ့ပတ်သက်တဲ့လက်ကိုင်ထားတဲ့ နိယာမ ၆ချက်ကို ဖော်ပြလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အစွန်းရောက်အထင်ကြီးလေ့ရှိသူတို့၏ စိတ်ထားများ
ကိုယ့်ကိုယ်ကိုယ်အစွန်းရောက်တဲ့အထိ အထင်ကြီးသူမျိုးကို ကြုံဖူးကြမှာပါ။ ကိုဘ်သာလျှင်အမှန်၊ ကိုယ်လုပ်တာမှအကောင်း၊ ကိုယ်သာလျှင်အတော်ဆုံးလို့ထင်ပြီး ကျန်တဲ့သူတွေကဘာပြောပြော လုံးဝ နားမထောင်တဲ့သူမျိုးပါ။ အဲဒါအပြင် အခြားသူတွေက ဖြစ်သင့်တာကို ထောက်ပြရင်လည်း လုံးဝလက်မခံဘဲ သူပြောတာကိုမှ “ငါ့စကားနွားရ” ပြောတတ်သူမျိုးပါ။ အဲဒီ့လိုလူတွေက များသောအားဖြင့် အမှားကို ထောက်ပြရင်တောင်လက်မခံတတ်ကြတဲ့အတွက် အမှန်ကိုလက်ခံဖို့ မလွယ်ပါဘူး။ အမှားကိုလည်း အမှားအတိုင်းချင်း အတင်းလက်ခံထားပြီး ခေါင်းမာမာနဲ့ တင်းခံထားတတ်သူမျိုးမို့ အမှားလည်းမှားပါတယ်။ အဲဒီ့လူတွေရဲံ အကျင့်စရိုက်နဲ့စိတ်ထားအချို့ကိုဖော်ပြလိုက်ပါတယ်။
"သူ့နေရာနဲ့သူ တန်ဖိုးရှိပါတယ်"
ဘလိတ်ဓားဟာ ထက်ပေမယ့် သစ်ပင်ခုတ်လို့ မရပါဘူး။ ပုဆိန်ဟာလည်း ထက်ပေမယ့် ဆံပင်ကိို ဖြတ်ဖို့တော့ မသုံးပါဘူး။ အဲဒီ့သဘောတရားလိုပါပဲ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ