သင်တန်းဆင်းလက်မှတ်တွေအများကြီးရှိရထားပေမယ့် ဘာကြောင့်ခုထိအလုပ်မရသေးတာလဲ။

ခုခေတ်လူငယ်အချို့မှာ သင်တန်းပေါင်းစုံတက်ပြီး အလုပ်မရကြတာလည်း ပြဿနာတွေထဲက ပြဿနာအတစ်ခုအဖြစ်ပါဝင်မယ်ထင်ပါတယ်။ အလုပ်ခေါ်များတဲ့အလုပ်နေရာအတွက်လိုအပ်တဲ့သင်တန်းဆိုရင် ပြေးတက်လိုက်တာမျိုးများပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ကဘာလဲ၊ ကိုယ်တကယ်စိတ်ဝင်စားတဲ့ဝါသနာကဘာလဲ။ တစိုက်မတ်မတ်လေ့လာသင်ယူနိုင်ပါ့မလား၊ တနည်းအားဖြင့် သင်တန်းတက်ပြီးပေမယ့် ကိုယ်တိုင် စိတ်မပါရင် သင်တန်းကတက်လို့ လက်မှတ်ရတာသာရှိပြီး သင်တန်းကသင်သမျှကို တကယ်မကျွမ်းကျင်မတတ်ကျွမ်းတာမျိုးဖြစ်နိုင်ပါတယ်။ လက်မှတ်ရလို့ အလုပ်ရတာမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း တကယ်စိတ်ပါဝင်စားစွာလေ့လာသင်ယူ၊ သင်တန်းလည်းတက်ပြီး လက်မှတ်ရ၊ ကိုယ်တိုင်လည်း ကျွမ်းကျင်အောင်သင်ယူပါမှ အလုပ်ခွင်မှာ အဆင်ပြေနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် အချို့လူတွေအတွက် သင်တန်းဆင်းလက်မှတ်တွေအများကြီးရှိပေမယ့် ဘယ်အလုပ်ကိုလျှောက်ရမယ်မှန်းမသဲကွဲတာ၊ လျှောက်တဲ့အလုပ်တိုင်း မသေချာမရေရာတာမျိုးတွေမဖြစ်ဖို့အတွက် ပြန်လည်ဆင်ခြင်သုံးသပ်သင့်ပါတယ်။


၁) စာတွေပဲရှိပြီး လက်တွေ့မကျွမ်းကျင်သေးခြင်း
သင်တန်းမှာတော့ သင်ပေးလိုက်တယ်ဆိုပေမယ့် တကယ်တမ်းလက်တွေ့့များများကျင့်နိုင်မှ ကျွမ်းကျင်လာတာချည်းပါပဲ။ ကွန်ပျဓတာသင်တန်းကအစ စာရင်းကိုင်သင်တန်းအဆုံးအခြားသင်တန်းတွေလည်းအလားတူပါပဲ။ အဲဒါကြောင့် သင်တန်းက ဘယ်လိုမျိုးသင်ပေးလိုက်သလဲဆိုတဲ့ပေါ်အခြေခံပြီး ကျွမ်းကျင်အောင် ကိုယ်ကလေ့ကျင့်ရပါမယ်။ ကိုယ်တက်ထားတဲ့သင်တန်းနဲ့အပ်စပ်တဲ့အလုပ်သင်နေရာမျိုးတွေမှာလည်း ဝင်ပြီးလေ့ကျင့်သင့်လေ့ကျင့်၊ အတွေ့အကြုံယူသင့်ယူရမှာပါ။

၂) သေချာတစိုက်မတ်မတ် မလေ့လာခြင်း
လူပြောများတဲ့သင်တန်းကိုသာ လိုက်တက်တဲ့အခါ ကိုယ်တိုင်စိတ်ပါဝင်စားတာမျိုးမဟုတ်ဘဲ အာရုံများပြီး ကိုယ်တကယ်လေ့လာချင်စိတ်မရှိတဲ့အတွက် မကျွမ်းကျင်ပါဘူး။ တစိုက်မတ်မတ်လေ့လာသင်ယူခြင်းမရှိရင် သင်တန်းတက်ထားပေမယ့် အချိန်တန် သင်ထားသမျှအားလုံးကို မေ့သွားမှာပဲဖြစ်ပါတယ်။

၃) သင်တန်းတက်လက်မှတ်ရရင် အလုပ်ရပြီဟုအထင်ရောက်ခြင်း
ဒီအတွေးကတော့ အချို့သောလူငယ်တွေတင်မက ၊ မိဘတွေမှာပါ အထင်ရောက်တတ်ကြပါတယ်။ သင်တန်းပေါင်းစုံတက်ပြီး လက်မှတ်တွေရလာတာနဲ့အလုပ်ရပြီလို့ သတ်မှတ်လို့မရသေးပါဘူး။ ကိုယ်တကယ်စိတ်ပါဝင်စားပြီး ကြိုးစားချင်တဲ့နယ်ပယ်နဲ့ အဲဒီ့နယ်ပယ်ထဲ အလုပ်ရနိုင်ဖို့ ကိုယ့်အတွက်တကယ်လိုအပ်တဲ့သင်တန်းလက်မှတ်အပြင် အဲဒီ့အလုပ်အပေါ်ကိုယ်တိုင်လေ့လာသုံးသပ်၊ သင်ယူချင်စိတ် ဗဟုသုတတွေကလည်း လိုအပ်ပါသေးတယ်။

၄) ကိုယ်နဲ့အပ်စပ်မယ့်နေရာကို သေချာမရွေးချယ်တတ်ခြင်း
နောက်တစ်ခုကတော့ အတော်များများက ဒီသင်တန်းတက်ပြီး အလုပ်လျှောက်ရင် လစာများများရတယ်ဆိုတာနဲ့ ပြေးတက်လိုက်တာမျိုးပါ။ ကိုယ်တိုင်စိတ်ပါဝင်စားမှုရှိမရှိ မသုံးသပ်တော့ဘဲ
လူပြောများတဲ့သင်တန်းကို တက်လိုက်တာမျိုးကလည်း ကိုယ့်ကို အလုပ်တစ်ခုသေချာမရစေဘဲ ယောင်ဝါးဝါးဖြစ်စေပါတယ်။

၅)လေ့လာစူးစမ်းမှုအားနည်းခြင်း
အထက်ကအချက်တွေထဲမှာပြောသလိုပေါ့ ကိုယ်လည်းစိတ်ပါဝင်စားမယ်၊ သင်တန်းလည်းတက်မယ်၊ ကိုယ်တိုင်လည်း ကိုယ်စိတ်ဝင်စားတဲ့အလုပ်အတွက် လေ့လာစူးစမ်းမှုရှိမယ်ဆိုရင် ကိုယ့်ဟာကိုယ်သင်ယူရင်း အများကြီးသိလာတာတွေရှိတဲ့အတွက် သင်တန်းချည်းတက်ပြီး ဘာမှမသိတဲ့လူထက်စာရင် အများကြီးကွာသွားပါတယ်။ အဲဒီ့အခါ အင်တာဗျူးတဲ့အခါ စကားပြောကြည့်လိုက်တာနဲ့ သိသာသွားပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲံအဓိက လေ့လာစူးစမ်းချင်စိတ်လည်း အရေးကြီးပါတယ်။ သင်တန်းတက်၊ လက်မှတ်တွေအများကြီးရတိုင်း အလုပ်ကောင်းကောင်းရတာမျိုး မဟုတ်ပါဘူးလို့ ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။