သန်းကြွယ်သူဋ္ဌေးတို့ ၏ထင်ရှားသောတူညီသည့်အကျင့်စရိုက် ၆ မျိုး

Bill Gate, Warrant Buffet နဲ့ Mark Zuckerberg တို့လို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေမှာ တူညီတဲ့အကျင့်စရိုက်တွေရှိကြပါတယ်။ သူဋ္ဌေးကြီးဖြစ်အောင်ကြိုးစားနေသူတွေပဲဖြစ်ဖြစ်၊ ဘဝကိုဒီထက်ပိုမိုကောင်းမွန်တိုးတက်အောင်ပြုလုပ်ခ ျင်သူတွေပဲဖြစ်ဖြစ်လေ့လာအတုယူနိုင်အောင်သူတို့ရဲ့ တူညီတဲ့အကျင့်စရိုက် ၆ မျိုးကိုအောက်မှာဖော်ပြပေးလိုက်ရပါတယ်။


၁) ပုံမှန်အလုပ်မစခင် ၃ နာရီခန့်စောထကြတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ တစ်နေ့တာမှာလုပ်ရမယ့် အလုပ်တွေကို မနက်ခင်းမှာ စနစ်တက ျ အစီအစဉ်ခ ျလေ့ရှိကြပါတယ်။

၂) လေ့က ျင့်ခန်းပုံမှန်လုပ်ကြသူတွေဖြစ်တယ်။ စက်ဘီးစီးခြင်း၊ လမ်းလေ ျှာက်ခြင်း၊ အနှေးပြေးခြင်းစတဲ့ လေ့က ျင့်ခန်းတွေကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းက သူတို့ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေတယ်လို့လည်းဆိုပါတယ်။

၃) စာဖတ်ရတာကို နှစ်ခြိုက်ကြတယ်။ ဝါသနာတစ်ခုအနေနဲ့ရော နေ့စဉ်လုပ်ရမယ့်အလုပ်တစ်ခုအနေနဲ့ပါ စွဲမြဲစွာစာဖတ်လေ့ရှိကြပါတယ်။

၄) မလိုအပ်ပဲ ပိုက်ဆံဖြုန်းလေ့မရှိကြဘူး။ သို့ပေမယ့် လူမှုအက ျိုးပြုလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကိုတော့ ရက်ရက်ရောရော လှူဒါန်းတတ်ကြပါတယ်။

၅) Social media, TV အစရှိတဲ့ ဖေ ျာ်ဖြေရေးအစီအစဉ်တွေကို လိုအပ်သလောက်ပဲသုံးကြပါတယ်။ အဲ့ဒီအစား သူတို့ကို စိတ်ဓာတ်တက်ကြွအောင်ပြုလုပ်ပေးနိုင်သူတွေနဲ့ အချိန်ပိုပေးဆက်ဆံလေ့ရှိပါတယ်။

၆) နောက်ဆုံးတစ်ခ ျက်ကတော့ပြောစရာလိုမယ်တောင်မထင်ပါဘူး။ အားလုံးအလုပ်ကြိုးစားကြသူတွေဖြစ်ကြပါတယ်။ ရည်မှန်းတစ်ခုကို အောင်မြင်အောင်လုပ်နိုင်သွားတာနဲ့ နောက်ထပ်ရည်မှန်းချက်တစ်ခုရှိနေတတ်ကြပါတယ်။#WhatBillionairesDo #BaWa101

? ( BaWa101 )

Source: cnbc.com / 9 habits of highly successful people
ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။