ပိုပြီးပျော်ရွှင်ဖို့အတွက် အလွယ်ဆုံးအချက် ၂၀

ဘဝမှာ ရှင်သန်ရတာ ပျော်စရာမကောင်းဘူး၊ နေ့စဉ် အသက်ရှင်သန်မှုအတွက် ရုန်းကန်ရတာနဲ့တင်အချိန်ကုန်နေတယ်ထင်ရင် အောက်ကအချက်လေးတွေကို ရသလောက် လိုက်နာကြည့်လိုက်ပါ။ တစ်ချို့အချက်လေးတွေက ရိုးရှင်းပြီး လွယ်ကူသလို၊ သင်ပျော်ရွှင်ဖို့ အကျိုးများပါတယ်။ လိုက်နာနိုင်သလောက် သင့်ဘဝပျော်ရွှင်လာစေပါလိမ့်မယ်။


၁) ပင်ပန်းတယ်လို့ခံစားရတဲ့အခါ အိပ်စက်ခြင်းက အကောင်းဆုံးပါ
၂) အခြားသူများကိုပျော်ရွှင်စေပါ။ ပျော်ရွှင်မှုက ကူးစက်စေပါတယ်။
၃) သင့်ရဲ့အသေးအဖွဲအောင်မြင်မှုအပေါ်မှာ ဂုဏ်ယူတတ်ပါ။
၄) အကောင်းတွေကို ရှာတတ်ပါစေ။
၅) နည်းပညာကနေ ခဏတစ်ဖြုတ် အနားယူပါ။
၆) မနက်ခင်း အိပ်ရာထချိန် snooze လုပ်တဲ့အကျင့်ကိုဖျောက်ပါ။
၇) ဂျာနယ်ရေးပါ။
၈) အသစ်တစ်ခုခုကို သင်ယူပါ။
၉) သင့်ကိုယ်သင်အချိန်ပေးပါ။
၁၀) ငိုစရာကိစ္စရပ်တွေမှာ ငိုချလိုက်ပါ။ မချုပ်တည်းပါနဲ့။
၁၁) အပြင်မှာ အချိန်ကုန်ပါစေ။ (ဗီတာမင် ဒီနဲ့ လေကောင်းလေသန့်ရပါစေ)
၁၂) ချွေးထွက်ပါစေ
၁၃) သင်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ပါစေ
၁၄) ကြိုတင်စီစဉ်ပါ။
၁၅) အစီအစဉ်အသေးလေးတွေနဲ့ သင့်ဘဝကို ဖွဲ့စည်းထားပါ။
၁၆ ) အကြောဆန့်ပါ။
၁၇) သက်တောင့်သက်သာရှိတဲ့ ဝန်းကျင်ကနေ ရုန်းထွက်ပါ။
၁၈) အတိတ်ကို တွေးပြီး ပူဆွေးတာကို ရပ်ပါ။ ခုလက်ရှိကို အကောင်းဆုံးလုပ်ပါ။
၁၉) မှန်ကြည့်ရင်း ကိုယ့်ကိုကိုယ် ပြုံးပြပါ။
၂၀) သင့်ပျော်ရွှင်မှုက သင့်ထံမှာသာ မူတည်တာကို သတိရပါ။
အတတ်နိုင်ဆုံး တစ်ခုချင်းကို သေချာလေးအဓိပ္ပါယ်ဖော်ကြည့်ပြီး လိုက်နာလို့ရတာလေးတွေလိုက်နာသင့်လိုက်ပါနော်။ ကိုယ့်ဘဝမှာ ပျော်ရွှင်မှုသေးသေးလေးတိုးလာတယ်ဆိုရင်တောင် အဲဒီ့ပျော်ရွှင်မှုသေးသေးလေးတွေများလာတဲ့အခါ သင့်ရဲ့တစ်နေ့တာ ဘဝက ပျော်ရွှင်စရာတွေနဲ့ချည်းပြည့်လာမှာပါ။
ပျော်ရွှင်မှု နှစ်ဆတိုးနိုင်ကြပါစေ။ #BAWA101

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။