ကမ္ဘာပေါ်မှာ လူတိုင်း စကားလေးတစ်ခွန်းကို ပြောဖူးကြတယ်။ ဒါဟာ “ တနင်္လာနေ့ကြီးကို မုန်းတယ်” တဲ့။

အမှန်ပါပဲ။ Monday တွေဆို လွန်ခဲ့တဲ့ တစ်နာရီလောက်က ကြည့်ထားတဲ့ နာရီက ၁၀: ၀၀ လို့ ပြနေပေမယ့် အခုတစ်ခါ ထပ်ကြည့်ပြန်တော့လဲ ၁၀: ၁၀ မိနစ်ဖြစ်နေတာမျိူးတွေ၊ ဘယ်က ဘာကို စလုပ်လို့ လုပ်ရမလဲ မသိ ၊ စိတ်မကြည်မလင်နဲ့ အချိန်တွေ ထိုင်ဖြုန်းမိနေတာမျိုးတွေ၊ Motivation အပြည့်နဲ့ အလုပ်လုပ်ချင်ယောင်ဆောင်နေရတာမျိုးတွေက အလုပ်တွေ လုပ်နေရတာထက် ပိုပင်ပန်းလှပါတယ်။ ဒီတော့ အခု ဖတ်နေတဲ့ စာကိုတောင်အလုပ်မှာ အိပ်ငိုက်ရင်းဖတ်နေမိတာပဲဖြစ်ဖြစ်၊ Monday တွေတိုင်း အလုပ်မှာ Energy အပြည့်နဲ့ ဘယ်လိုလုပ်ရပါ့မလဲ တွေးနေရင်ပဲ ဖြစ်ဖြစ် အောက်ပါ အချက်လေးတွေကို လုပ်ကြည့်ခြင်းအားဖြင့် အလုပ်တွေပြီးမြောက်သော တနင်္လာနေ့လေး တစ်နေ့ ဖြစ်လာမှာပါ။


၁) လုပ်ရမည့် အလုပ်တွေ အားလုံးကို ချရေးလိုက်ပါ။ ဆင်တူအလုပ်တွေကို ခေါင်းစဉ်တစ်ခု အောက်ထဲထားပါ။ ပြီးလ ျှင် ခေါင်းစဉ်တစ်ခု ချင်းစီကိုအပြီးဖြတ်ပါ။
၂) တနင်္လာနံနက်တွင် အလုပ်တစ်ခုခုကို မပြီးပြီးအောင်လုပ်ပါ။ ပြီးဆုံးသွားပါက အရာတစ်ခုကိုပြီးမြောက်အောင် လုပ်နိုင်လိုက်တယ်ဆိုတဲ့ ဖီလင်ကအင်မတန်မှ ကျေနပ်အားရစေပါတယ်။ နောင်အလုပ်တွေလုပ်ရန်လည်း ခွန်အားကိုပေးပါတယ်။
၃) ကိုယ်လုပ်စရာရှိတာတွေကို သေချာအချိန်ဇယား ဆွဲထားပါ။ အချိန်ဇယားမဆွဲထားပဲ အလုပ်အသစ်တွေ တစ်ချိန်တည်းပေးဖို့ လက်ခံမိတာမျိုး ၊ meeting တွေ့ရန် တစ်ချိန်တည်းချိန်းမိတာမျိုး ၊ ဘယ်ဟာကို အရင်ဆုံးအရေးပေးလုပ်ရမယ် စဉ်းစားရတာမျိုးတွေကို လူကို အင်မတန်မှ ဦးနှောက်ခြောက်စေပါတယ်။
၄) တစ်ပါတ်တာအတွက် တနင်္လာနေ့ထဲက ဈေးဝယ်ထွက်ပါ။ တစ်ပါတ်လုံး အလုပ်မှာ ကြိုးစားရုန်းကန်ဖို့ အားအင်ရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာသော အစားအစာတွေ စားသုံးနိုင်ဖို့ ကြိုတင်စီစဉ်ထားပါ။ ထိုကဲ့သို့ မလုပ်ထားလ ျှင် အလွယ်တကူ စားသောက်နိုင်တဲ့ မကျန်းမာတဲ့ အပြင်စာတွေကို ဝယ်စားရပါလိမ့်မယ်။
၅) အလုပ်တွေ တောက်လေ ျှာက်လုပ်နေရာကနေ ၁ နာရီခွဲတစ်လောက် ၁၀-၁၅ မိနစ်လောက် အနားယူပါ။ စိမ်းစိုနေတဲ့ မြင်ကွင်းတစ်ခုကို ခဏကြည့်ပါ။ မျက်စိကို အနားပေးပါ။ ဦးနှောက်ကို အနားပေးပါ။ ပြီးတော့မှ တစ်ကျော့ ပြန်အလုပ်တွေလုပ်ပါ။
၆) အလုပ်ရောက်ရောက်ချင်း စားပွဲကိုသန့်ရှင်းအောင် အလ ျှင်အမြန်ရှင်းလင်းပါ။ စားပွဲတွေရှုပ်နေလ ျှင် စိတ်ကိုပိုမိုရှုပ်ထွေးစေပါတယ်။
၇) နံနက်စောစောထဲက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရှိတဲ့ အစားအစာ တစ်ခုခုစားဖြစ်အောင်စားပါ။ နံနက်စာသည် တစ်နေ့တာအတွက် အလွန်မှအရေးကြီးလှပါတယ်။ အစားစားထားမှ ရှုပ်ထွေးလှတဲ့ တနင်္လာနေ့မှာ တစ်နေကုန်လှုပ်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
ကဲ ဒီတော့ ရက်သတ္တပတ်ရဲ့ ပထမဆုံး နေ့ကို ကိုယ့်ရဲ့ Productive အဖြစ်ဆုံးနေ့ ဖြစ်နေဖို့ဆို ဒီလို အချက်လေးတွေကို စမ်းကြည့်ပါလို့ အကြံပေးပါရစေ။
So It’s Monday Again !
Don’t Forget to be Awesome ! #BaWa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။