လူနေမှုဘဝ

လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အောင်မြင်သောသူများတွင် တွေ့ရသော နေ့စဉ်လုပ်လေ့လုပ်ထရှိသော အကျင့်ကောင်းများ

အောင်မြင်သူတွေနဲ့ ပုံမှန်လူတွေမှာ မတူညီတဲ့အချက်တွေရှိနေပါတယ်။ အဲဒါကြောင့်သာ လူတကာထက်အောင်မြင်သူတွေဖြစ်လာတာမဟုတ်လား။ သင်ကော အောင်မြင်သူတွေက ဘယ်လိုအခြေခံအကျင့်ကောင်းတွေ နေ့စဉ်ကျင့်သုံးပြီး အောင်မြင်လာကြသလဲဆိုတာ မသိချင်ဘူးလား။ အောင်မြင်သူတွေနေ့စဉ်လုပ်လေ့လုပ်ထရှိသောအကျင့်ကောင်းလေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်နော်။ ၁) နေ့စဉ်စာဖတ်ခြင်း အောင်မြင်သူတွေမှာ နေ့စဉ်စာဖတ်ချိန်သတ်မှတ်ထားပြီး စာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းကြောင့် သူတို့ရဲ့ဘဝမှာပြုပြင်ဖို့လိုအပ်နေတာတွေသိလာနိုင်သလို၊ အသိပညာ ဗဟုသုတတွေ အမြဲရှာမှီးပြီးသားဖြစ်နေစေပါတယ်။ အောင်မြင်သူတွေက သူတို့ကိုယ်သူတို့နေ့စဉ် အသိပညာ၊ ဗဟုသုတတစ်ခုမဟုတ်တစ်ခုရစေဖို့ အမြဲစာဖတ်တတ်ကြပါတယ်။ ၂) မနက်စောစောထတတ်ခြင်း အောင်မြင်သူတွေက နေ့တစ်နေ့ရဲ့ မနက်ခင်းဟာ တစ်နေ့တာအတွက် စီစဉ်ဖို့ အကောင်းဆုံးအချိန်ဆိုတာ သိကြပါတယ်။ အဲဒါကြောင့် မနက်ကိုစောစောထပြီး ကိုယ့်အတွက်အချိန်ပိုယူတတ်သလို စီစဉ်စရာကို ခေါင်းအေးအေးနဲ့စီစဉ်တတ်ကြပါသေးတယ်။ ၃) အချိန်ဇယားဆွဲထားတတ်ခြင်း၊ ဘယ်အလုပ်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာမျိုး လုပ်ခါနီးမှ ဇဝေဇဝါဖြစ်မနေရအောင် ကြိုတင်စီစဉ်ထားတတ်ကြပါတယ်။ တစ်နေ့တာလုပ်ရမယ့်အလုပ်များကို အချိန်ဇယားဆွဲထားတတ်သလို၊ တစ်လစာလုပ်ရမယ့်အလုပ်များ၊ နှစ်ပြည့်ရင် ဘာဆက်လုပ်မလဲဆိုတာမျိုးတွေနဲ့ ပုံစံတကျဘဝကိုဖြတ်သန်းတတ်ကြလို့ အောင်မြင်ကြတာပါ။ ၅) အချိန်ကို စီမံတတ်ခြင်း အောင်မြင်သူတွေက သာမန်လူတွေထက်အောင် အလုပ်များတတ်ကြပါတယ်။ အဲလိုများပြားတဲ့အလုပ်တာဝန်တွေကို အချိန်နဲ့တပြေးညီပြီးဆုံးအောင်လည်း လုပ်နိုင်ဖို့ အချိန်ကို စီမံတတ်ကြပါသေးတယ်။ အဲဒါကြောင့် အချိန်ကုန်သက်သာပြီး အလုပ်လည်းမြန်မြန်ပြီးလို့ အောင်မြင်သူတွေက အောင်မြင်သထက်အောင်မြင်လာတာပါ။ ၆) နေ့စဉ်ရည်မှန်းချက်သတ်မှတ်ထားခြင်း၊ လစဉ်ရည်မှန်းချက်သတ်မှတ်ထားတတ်ခြင်း နေ့စဉ် ပြီးဆုံးသင့်သော ရည်မှန်းချက်သတ်မှတ်ထားတတ်ပါတယ်။ အဲဒါမှ သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေပြီးဆုံးလား၊ မပြီးဆုံးလား ရှင်းလင်းစွာသိမြင်လာတဲ့နောက်တော့ ဘာဆက်လုပ်ရမလဲဆိုတာ ရှင်းလင်းစွာသိမြင်လာမှာပါ။ ၆) အတွေးအခေါ်အကြံဉာဏ်များ ဖလှယ်တတ်ခြင်း သာမန်လူတွေက လူတွေအကြောင်းကိုဆွေးနွေးပြီး အောင်မြင်သူတွေကတော့ အကြံဉာဏ်တွေအကြောင်းဆွေးနွေးတတ်ကြပါတယ်။ အောင်မြင်သူချင်းလည်း ရန်သူပြိုင်ဘက်လို့ ဘယ်တော့မှမမြင်တတ်ကြဘဲ မိတ်ဆွေဖွဲ့တတ်ကြပြီး မိမိရဲ့အသိအမြင်နဲ့ အခြားသူရဲ့အသိအမြင်ကို ဖလှယ်ပြီးကိုယ်တိုင်ရဲ့အသိအမြင်ထပ်တိုးပွားအောင် ပညာယူတတ်ကြပါတယ်။ ၇) မိမိထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာသာ အာရုံစိုက်ခြင်း အောင်မြင်သူတွေက သူတို့မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ အချိန်ကုန်ခံပြီး ညည်းတွားမနေတတ်ကြပါဘူး။ သူတို့ထိန်းချုပ်နိုင်တဲ့အရာပေါ်မှာသာ အလေးအနက်အာရုံစိုက်ပြီး တိုးတက်အောင် လုပ်မယ့်နည်းလမ်းကို ရှာဖွေတတ်ကြပါတယ်။ ၈) လေ့ကျင့်ခန်းလုပ်ခြင်း အောင်မြင်သူတွေက ရေရှည်မှာ ဆက်လက်အောင်မြင်ဖို့ ကျန်းမာရေးက အရေးကြီးတယ်ဆိုတာလည်း သိကြပါတယ်။ ကျန်းမာရေးလည်း လိုက်စားတတ်ကြပါသေးတယ်။ ၉) ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်တတ်ခြင်း ကျန်းမာရေးအရေးကြီးကြောင်းသိသလို ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်လည်း စားသောက်တတ်ကြပါတယ်။ ၁၀) အခြားသူများကို ခွင့်လွှတ်တတ်ပြီး၊ ချီးကျူးတတ်ခြင်း အောင်မြင်သူတွေမှာ အခြားသူတွေကို ခွင့်လွှတ်တတ်တဲ့အကျင့်လည်းရှိတတ်ပါသေးတယ်။ အခြားသူများရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုတတ်ကြပြီး ချီးကျူးတတ်ကြပါသေးတယ် ၁၁) ဘဝအတွက်ရည်မှန်းချက်ပန်းတိုင်များ ချမှတ်တတ်ခြင်း သူတို့ဘဝမှာ ဘာဖြစ်လာရမယ်ဆိုတဲ့ရည်မှန်းချက် တိတိကျကျသတ်မှတ်ထားတတ်ကြပါတယ်။ အဲလိုသတ်မှတ်ထားတတ်ပြီး ဖြစ်မြောက်အောင်လည်းလုပ်ဆောင်တတ်ကြပါတယ်။ ၁၂) ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခြင်း နေ့စဉ်လိုလို သူတို့ကိုသူတို့ပြန်လည်သုံးသပ်တတ်ပြီး အမှားရှိရင်လည်း ချက်ချင်းပြုပြင်တတ်ကြပါသေးတယ်။ အဲလို အမြဲကိုယ့်ကိုကိုယ်ပြန်သုံးသပ်တတ်ခြင်းကြောင့် ဘာတွေလိုအပ်နေလဲ၊ ဘာတွေထပ်လုပ်ရမလဲ၊ ဆိုတာမျိုးကို ပြန်မသုံးသပ်တတ်သူထက် ကိုယ့်ကိုကိုယ်ရှင်းလင်းစွာပြန်မြင်နိုင်ပါတယ်။ ၁၃) ပြောင်းလဲ၊ ပြင်လွယ်ခြင်း ကိုယ့်ကိုကိုယ်ပြုပြင်ယူဖို့ နောက်မတွန့်တတ်ကြပါဘူး။ ပြောင်းလဲပစ်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး။ အမှားတစ်ခုတွေ့တာနဲ့ ချက်ချင်းပြောင်းလဲပစ်လိုက်ဖို့၊ ပြုပြင်လိုက်ဖို့ ဝန်မလေးတတ်ကြလို့လည်း အောင်မြင်တတ်ကြပါတယ်။ ကိုယ်တိုင်လည်း အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အောင်မြင်သူတွေရဲ့အကျင့်ကောင်းလေးတွေကို ဖတ်ကြည့်ပြီး ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးကြည့်လို့ရပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ ကိုယ်တိုင်ပြောင်းလဲလာတာကိုလည်း အံ့အားသင့်ဖွယ်မြင်တွေ့ရပါလိမ့်မယ်နော်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကျောင်းချိန်ပြီးသွားလျှင် ကျောင်းသားတွေအနေနဲ့ ဘာတွေဆက်လုပ်သင့်ပါသလဲ။

ခုလက်ရှိ ခေတ်ရဲ့တိုးတက်မှုတွေက မြန်ဆန်လွန်းတဲ့အတွက် ခေတ်ကိုအမှီလိုက်နိုင်ဖို့ကို အချိန်နဲ့တပြေးညီကြိုးစားလာကြရပါတယ်။ အဲဒီ့အခါ ကျောင်းသားလူငယ်တွေလေးတွေပါ ခေတ်ကိုအမှီလိုက်နိုင်ဖို့ ကျောင်းချိန်ပြီးတာနဲ့ အခြားနည်းပညာသင်တန်းများ၊ ဘာသာစကားသင်တန်းများပါ တက်ထားကြရပါတော့တယ်။ အချိန်နဲ့တပြေးညီတိုးတက်ချင်လာတာနဲ့အမျှ အချိန်နဲ့တပြေးညီ ဖိစီးလာကြတော့တာပါပဲ။ ကျောင်းချိန်ပြီးတာနဲ့ ကျောင်းသားတွေအနေနဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် ဆက်လုပ်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) စိတ်လွတ်ကိုယ်လွတ်နားပါ။ ကျောင်းမှာ စာတွေကို အာရုံစိုက်လာရတဲ့အတွက် အိမ်ရောက်တဲ့အချိန်တစ်နာရီလောက်ကို စိတ်လွတ်ကိုယ်လွတ်အနားယူသင့်ပါတယ်။ အဲဒါမှသာ နောက်ထပ်အာရုံစိုက်ရမယ့်ကိစ္စတွေမှာ အာရုံစူးစိုက်မှုအားကောင်းလာမှာဖြစ်ပါတယ်။ ကျောင်းကပြန်၊ တခြားသင်တန်း တန်းတက်၊ ကျူရှင်ဆက်တက် စသည်ဖြင့် လုပ်လိုက်ခြင်းက ဦးနှောက်ကို ပိုပြီး ဖိစီးလာအောင်လုပ်လိုက်တာဖြစ်တဲ့အတွက် ဦးနှောက်ရဲ့အာရုံစိုက်နိုင်စွမ်းကျဆင်းလာပါတယ်။ ၂) ရေချိုးပါ။ ရေချိုးပစ်လိုက်တာက လန်းဆန်းသွားစေနိုင်ပါတယ်။ ဆက်လုပ်မယ့်အလုပ်တွေကိုလည်း အာရုံစိုက်မှုပိုကောင်းပါတယ်။ ၃) စာဖတ်ပါ။ စာဖတ်တဲ့ကလေးတစ်ယောက်ကို စာအုပ်တွေက ထိန်းကျောင်းပေးသွားနိုင်ပါတယ်။ စာဖတ်ရင်း အလိုလိုသုံးသပ်ဖြစ်နေတဲ့အတွက် သူ့ဘဝမှာ သူ့ကိုယ်သူသုံးသပ်ဖို့ အကျင့်ရပြီးသားဖြစ်စေပါတယ်။ အဲဒါကြောင့် မကောင်းတာလုပ်မိရင်တောင် ပြုပြင်ဖို့ ပြောစရာမလိုတော့ပါဘူး။ စိတ်ကိုလည်း တည်ငြိမ်စေတဲ့အတွက် စာဖတ်တဲ့ကလေးက အလိုလိုတည်ငြိမ်ပြီးသားဖြစ်နေစေပါတယ်။ ၄) သီချင်းနားထောင်ပါ။ စိတ်အပန်းဖြေဖို့အတွက် သီချင်းနားထောင်ပါစေ။ ကျောင်းကပြန်လာတဲ့အချိန်မှာ တစ်နာရီနှစ်နာရီခန့်က သူတို့စိတ်ကြိုက်လုပ်ချင်ရာလုပ်ခွင့်ပေးထားခြင်းက စာလုပ်သင့်တဲ့အချိန်မှာ စာလုပ်ဖို့အတွက် ပိုပြီးနာခံတတ်စေပါတယ်။ အဲဒီ့တော့ စိတ်အပန်းဖြေဖို့သီချင်းနားထောင်တာမျိုးလုပ်ခွင့်ပေးပါ။ ၅) အားကစားလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပါစေ။ သူတို့စိတ်ပါဝင်စားတဲ့အားကစားတစ်ခုခုလုပ်ပါစေ။ ဘောလုံးကန်တာမျိုး၊ ကြက်တောင်ရိုက်တာမျိုး၊ ရေကူးတာမျိုး၊ ဘောလီဘောပုတ်တာမျိုး စသည်ဖြင့် တစ်ခုခုကို စိတ်ပါလက်ပါ လုပ်ပါစေ။ အဲဒါက သူတို့ကို စိတ်ဖိစီးမှုကနေ လွတ်မြောက်စေပါတယ်။ ၆) ဝါသနာပါရာ တစ်ခုခုလုပ်ခွင့်ပေးပါ။ သီချင်းရေးတာ ဝါသနာပါရင် သီချင်းရေးတာမျိုး၊ ပန်းချီဆွဲတာ ဝါသနာပါရင် ပန်းချီဆွဲတာမျိုး၊ သူဝါသနာပါရာတစ်ခုခုကို ဖန်တီးခွင့်ပေးလိုက်ပါ။ ကိုယ်လုပ်ချင်တာလေးလုပ်နေရတဲ့အတွက် ပင်ပန်းတယ်လို့မထင်ဘဲ အပန်းဖြေသလိုဖြေစေပါတယ်။ စိတ်ကူးဉာဏ်လည်း ကွန့်မြူးလာနိုင်ပါတယ်။ ၇) မိဘကို ဝိုင်းကူခိုင်းပါ။ အမေဟင်းချက်နေတဲ့အချိန် သားသမီးကို ဝိုင်းကူခိုင်းတာမျိုးက မိဘနဲ့လည်း ပိုပြီး နွေးထွေးချစ်ခင်လာနိုင်သလို အမေဖြစ်သူ အိမ်အလုပ်တွေအလုပ်နိုင်တဲ့အချိန်မျိုးမှာ အကူအညီဖြစ်စေနိုင်ပါတယ်။ ဟင်းချက်ရင်း ဘယ်လိုချက်ပြုတ်ရတယ်၊ ဘာတွေထည့်သုံးရတယ် စသည်ဖြင့် သူတို့နဲ့ ပေါ့ပေါ့ပါးပါးလေးပြောပြရင်း သင်ပေးပြီးသွားဖြစ်သွားစေမှာပါ။ အိမ်သန့်ရှင်းရေးလုပ်ခိုင်းတာမျိုးလည်း လုပ်ခိုင်းလို့ရပါသေးတယ်။ အဲဒါမှ နောက်ဆို မိဘကိုယ်တိုင်မလုပ်ဖြစ်တဲ့အချိန်မျိုးမှာ သူတို့အသိစိတ်ဓာတ်လေးနဲ့သူတို့ လုပ်ဖြစ်သွားမှာပါ။ ၈) အပင်စိုက်ခိုင်းပါ။ သားသမီးအတွက် ကိုယ်ပိုင်အပင်လေးတွေစိုက်ခွင့်ပေးပါ။ ပန်းပင်လေးတွေ၊ သီးပင်စားပင်လေးတွေစိုက်တာမျိုးပေါ့၊ သူတို့ကိုယ်ပိုင်အပင်ကို သူတို့ဂရုစိုက်မိတဲ့အချိန်ဟာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေပြေလျော့စေတဲ့အချိန်ပါပဲ။ ပန်းပင်လေးတွေဆိုလည်း ပန်းပွင့်လာတဲ့အချိန်မှာ ရတဲ့ခံစားချက်မျိုး၊ အသီးအနှံလေးတွေ သီးပွင့်လာတဲ့အချိန်မှာ ရတဲ့ခံစားချက်မျိုးကို ခံစားတတ်သွားရင် စိတ်ဓာတ်လည်း နူးညံ့ပျော့ပျောင်းသွားတတ်ပါသေးတယ်။ သဘာဝကိုခံစားတတ်တဲ့စိတ်တွေ၊ အပင်တွေကို ချစ်ခင်တတ်တဲ့စိတ်တွေ ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေအောင် ဂရုစိုက်တတ်တဲ့ သားသမီးလေးတွေဖြစ်လာမှာပါ။ အဲလိုမျိုး သဘာဝကိုခံစားတတ်ပြီး စိတ်သဘောထားပျော့ပျောင်းသွားတဲ့သူမျိုးက ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ ရိုင်းစိုင်းသူဖြစ်မလာနိုင်တော့ပါဘူး။ သူတို့ရဲ့စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့ပြီးသားလည်းဖြစ်၊ ယဉ်ကျေးလိမ္မာတဲ့ကလေးငယ်လေးတွေလည်း ဖြစ်အောင် ပျိုးထောင်ပြီးသားဖြစ်တာပေါ့။ ကျောင်းစာအပြင် တခြားသောသင်တန်းတွေအတွက် ကျောင်းသားလူငယ်တွေကို အချိန်စီမံပေးဖို့ မိဘများမှာ တာဝန်ရှိပါတယ်။ အချိန်ကို စနစ်တကျစီမံပေးနိုင်မှသာ ဖိစီးမှုကင်းဝေးမှာဖြစ်ပြီး တိုးတက်သင့်သလောက်တိုးတက်မှာလည်းဖြစ်ပါတယ်။ #BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ငွေများ ကြက်ပျောက်ငှက်ပျောက် ပျောက်စေသည့် အကြောင်းအရင်း ၁၂ မျိုး

လက်ထဲမှာ ဒီနေ့ပဲလစာထုတ်လာတယ်……ဒီနေ့ပဲ သားရေကွင်းပဲကျန်တော့တယ်ဆိုတာမျိုး ဖြစ်ဖူးတယ်မလား။ ကြားလည်း ကြားဖူးကြမှာပါနော်။ ဘာအကြောင်းရင်းတွေကြောင့် အဲလိုမျိုးဖြစ်သွားရတာလဲလို့ အကြောင်းရင်းကိုစဉ်းစားမိဖူးရဲ့လား။ အကြောင်းရင်းတွေထဲက သေချာသလောက်ဖြစ်နိုင်မယ့် အကြောင်းရင်းကို ရေးပေးထားပါတယ်နော်။ #BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ

ဘာကြောင့် ရံဖန်ရံခါ စိတ်လွတ်ကိုယ်လွတ် ကသင့်လဲ။

တစ်ခါတစ်ရံမှာ စိတ်လွတ်ကိုယ်လွတ် ကခြင်းက သင့်အတွက် ကျန်းမာရေးအရ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ၁) စိတ်ဖိစီးမှုပြေပျောက်စေခြင်း စိတ်ထဲမှာ အမြဲတင်းကြပ်မှုတွေခံစားရတာများလာပြီဆိုရင်တော့ သေချာပါတယ် သင်စိတ်ဖိစီးနေပါပြီ။ စိတ်ဖိစီးမှုကို ပြေပျောက်စေဖို့ သင်စိတ်လွတ်ကိုယ်လွတ်ကကြည့်သင့်ပါတယ်။ သင့်စိတ်ထဲမှာ တင်းကြပ်သမျှ ပြေပျောက်စေနိုင်တာမို့ သင့်ရဲ့စိတ်ဖိစီးမှုတွေလည်း အဝေးဆုံးပြေးသွားပါလိမ့်မယ်။ ၂) ပြန်လည်နုပျိုမှုကို ခံစားနိုင်ခြင်း ကျွန်တော်တို့ရဲ့အသက်တွေက တစ်နေ့ထက်တစ်နေ့ အိုမင်းလာသလိုခံစားနေရတယ်ဆိုရင် စိတ်လွတ်ကိုယ်လွတ်တစ်ခါလောက်ကကြည့်လိုက်ပါ။ သင့်အသက်ပြန်ငယ်သွားရသလို ခံစားရပါလိမ့်မယ်။ ၃) ကျန်းမာစေခြင်း စိတ်ဖိစီးမှုကင်းသွားပြီဆိုမှတော့ သင်စိတ်ချမ်းသာနိုင်ပါပြီ။ စိတ်ကျန်းမာနေတဲ့နောက်တော့ ကိုယ်ကျန်းမာခြင်းနဲ့တိုက်ရိုက်ပတ်သက်နေတာပါပဲ။ ၄) ပျော်ရွှင်စေခြင်း စိတ်လွတ်ကိုယ်လွတ်ကလိုက်တဲ့နောက်တော့ သင့်အတွက် ရယ်မောပျော်ရွှင်မိမှာ အမှန်ပါပဲနော်။ ၅) မှတ်ဉာဏ်မကောင်းခြင်းမှ ကာကွယ်နိုင်ခြင်း တစ်ပတ်မှာ ၃ခါ (သို့) ၄ခါ ကလေ့ရှိသူဟာ လုံးဝကိုမကသူထက်စာရင် ရူးသွပ်ခြင်းရောဂါဖြစ်ပွားမှုအန္တရာယ်ကနေ ၇၆ရာခိုင်နှုန်းထိတောင် ကာကွယ်ပေးနိုင်ပါတယ်။ ၆) ကယ်လိုရီလောင်ကျွမ်းနိုင်ခြင်း၊ ဝိတ်ကျစေနိုင်ခြင်း စိတ်လွတ်ကိုယ်လွတ်ကလိုက်တဲ့အချိန်မှာ သင့်ရဲ့ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။ သင်ကတဲ့အကအမျိုးအစားပေါ်မူတည်ပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုက မတူနိုင်ပါဘူး။ ကယ်လိုရီလောင်ကျွမ်းမှုပမာဏပေါ်မူတည်ပြီး သင့်ခန္ဓာကိုယ်ဝိတ်ကျနိုင်ပါတယ်။ ၇) အရိုးပွရောဂါဖြစ်နိုင်ချေလျော့နည်းစေခြင်း ခန္ဓာကိုယ်ကိုလှုပ်ရမ်းပြီး ကခြင်းက အရိုးသိပ်သည်းမှုကို ကူညီပေးနိုင်တဲ့အတွက် အရိုးပွရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ထိရောက်မှုရှိတဲ့ အတွက် ကသင့်တယ်ဆိုတာကို သိသွားလောက်ပြိထင်ပါတယ်နော်။ အားလုံးပဲ ကျန်းမာကြပါစေ။ #BAWA101

ကျန်းမာရေး လူနေမှုဘဝ

စွမ်းရည်, လူနေမှုဘဝ

နောက်လိုက်ကောင်း တစ်ယောက်တွင် ရှိသော အရည်အချင်းများ

အဖွဲ့အစည်းဆိုတဲ့အတိုင်းပဲ အဖွဲ့အစည်းမှာ လက်အောက်ငယ်သားတွေ၊ အထက်လူကြီးတွေ၊ အဆင့်အမျိုးမျိုးနဲ့ရာထူးသတ်မှတ်ထားတဲ့လူတွေပေါင်းစည်းထားတာဖြစ်မှာပါ။ လူအမျိုးမျိုးစိတ်အထွေအထွေမဖြစ်ရဘဲ အားလုံတစ်စိတ်တည်းတစ်ဝမ်းဖြစ်ခြင်းက အဖွဲ့အစည်းကောင်းဖြစ်စေပါတယ်။ အဖွဲ့အစည်းကောင်းတစ်ခုက အလုပ်တွေအမြန်ဆုံးပြီးဆုံးအောင် ဖန်တီးနိုင်လို့ အမြန်ဆုံးလည်း တိုးတက်နိုင်တဲ့အဖွဲ့အစည်းဖြစ်နိုင်ပါသေးတယ်။ အဲလိုအမြန်တိုးတက်ဖို့ ဆရာကောင်းရှိဖို့လိုသလို ဆရာကောင်းအတွက် နောက်လိုက်ကောင်းတွေရှိဖို့လည်း လိုပါတယ်။ နောက်လိုက်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေကို ခုပဲ ဖော်ပြပေးလိုက်ပါတယ်။ ၁) စီမံမှုကို နာခံလွယ်ခြင်း အထက်လူကြီးက စီမံပေးလိုက်တဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နာခံတတ်ခြင်းက အလုပ်ပြီးမြောက်ဖို့ အချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ ၂) တာဝန်ကျေခြင်း အလုပ်ကို အလုပ်လို့သဘောမထားဘဲ မိမိရဲ့တာဝန်တစ်ရပ်အနေနဲ့ ပြီးဆုံးသည်အထိ အားခဲပြီး လုပ်တတ်တဲ့နောက်လိုက်တွေများလာတဲ့အခါ အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာပါတယ်။ ၃) အဖွဲ့အစည်းရဲ့အကျိုးကို မိမိရဲ့အကျိုးကဲ့သို့တွေးခြင်း တစ်ချို့နောက်လိုက်တွေက အလုပ်ချိန်မှာ မလွဲမရှောင်သာအလုပ်လုပ်နေရပေမယ့် အလုပ်ချိန်ပြီးမြောက်ရင်တော့ ဘာမှထပ်မတွေးတော့ပါဘူး။ အချိန်ပြည့်အလုပ်ကိုတွေးပြီး ဖိစီးနေတာမျိုးတော့မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ဒီအလုပ်အောင်မြင်ခြင်းသည် ရလဒ်ကို မျှဝေခံစားနိုင်ခြင်း အကျိုးကို အဖွဲ့အစည်းတစ်ခုလုံးခံစားရမှာကို နားလည်သင့်တာပါ။ အဲလိုနားလည်မှ အားကြိုးမာန်တက်စည်းလုံးစွာကြိုးစားတဲ့အဖွဲ့က အကျိုးရလဒ်တွေ များသထက်များလာပြီး အဖွဲ့အစည်းကလည်း ပိုတိုးတက်လာနိုင်မှာပါ။ ၄) စည်းလုံးမှုရှိခြင်း၊ တက်ကြွမှုရှိခြင်း နောက်လိုက်တွေ စည်းလုံးမှုရှိတဲ့အခါ အဖွဲ့အစည်းက ပိုပြီး တက်ကြွလာပါတယ်။ အလုပ်မြန်မြန်ပြီးနိုင်ပါတယ်။ အလုပ်မြန်မြန်ပြီးတော့ ပိုပြီတက်ကြွနိုင်သလို စိတ်ဓာတ်ခွန်အားလည်းဖြစ်လာသလို ယုံကြည်မှုတွေတိုးလာပါတော့တယ်။ အဲဒီ့တော့ ထိုကဲ့သို့အဖွဲ့အစည်းက အောင်မြင်လာပြီပေါ့။ အဲဒါကြောင့်နောက်လိုက်တွေမှာ စည်းလုံးဖို့လဲလိုပါတယ်။ ၅) အချောင်ခိုချင်စိတ်မရှိခြင်း နောက်လိုက်တစ်ဦးချင်းက ကိုယ့်တာဝန်ကိုယ်ကျေအောင် ကြိုးစားကြတဲ့အခါ အပြစ်လွှဲချမှုမျိုးမရှိနိုင်တော့ပါဘူး။ တစ်ချို့သော နောက်လိုက်တွေက အချောင်ခိုချင်တဲ့စိတ်မျိုးရှိနေတဲ့အခါ တစ်ဦးကိုတစ်ဦးအပြစ်လွှဲချတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲလိုမျိုးကြုံလာတဲ့အခါ အဖွဲ့အစည်းမှာ စည်းလုံးမှုပျောက်နိုင်ပါတယ်။ စည်းလုံးမှုပျောက်တဲ့အခါ အဖွဲ့အစည်းမတိုးတက်နိုင်တော့ပါဘူး။ အဲဒါကြောင့် နောက်လိုက်တစ်ဦးချင်း အချောင်ခိုချင်စိတ်မရှိဖို့အရေးကြီးပါတယ်။ ၆) အမှားပြင်တတ်ခြင်း အမှားမရှိတဲ့သူက အလုပ်မလုပ်လို့ပါပဲ။ အမှားတွေကြုံလာတဲ့အခါ ပြုပြင်ဖို့ ကြိုးစားခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းပါပဲ။ အမှားတွေထဲက သင်ယူမယ်၊ နောက်မမှားအောင်ကြိုးစားမယ်၊ ပြင်ဆင်မယ် အဲဒါမှ နောက်လိုက်ကောင်းဖြစ်နိုင်တာပါ။ ၇) အလုပ်ခွင်မှာ ပျော်ရွှင်ခြင်း တစ်ချို့သောနောက်လိုက်တွေက အလုပ်ကို မဖြစ်မနေလုပ်နေတာမျိုးမို့ အလုပ်ခွင်မှာ လုံးဝပျော်ရွှင်မှုမရှိပါဘူး။ အလုပ်ကိုမပျော်ရွှင်တဲ့အခါ အလုပ်ကို ဝတ်ကျေတန်းကျေပဲလုပ်ပါတော့တယ်။ အဲဒီ့အခါ အလုပ်တွေမပြီးမြောက်နိုင်တော့ပါဘူး။ ထိုကဲ့သို့ နောက်လိုက်တွေများလာတဲ့အခါ အဖွဲ့အစည်းလည်း မတိုးတက်နိုင်တော့ပါဘူး။ အလုပ်ခွင်မှာ ပျော်ရွှင်ခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းတစ်ခုပါပဲ။ ၈) အလုပ်ခွင်မှာ သင်ယူချင်စိတ်ရှိခြင်း လုပ်ငန်းခွင်ကနေ ကိုယ်မသိသေး၊ မတတ်သေးတာတွေကို အစွမ်းကုန်သင်ယူချင်စိတ်ရှိခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပါ။ သင်ယူချင်စိတ်ရှိမှ သင်ယူတဲ့အခါပိုပြီး တတ်လွယ်နိင်ပါတယ်၊ အရည်အချင်းတွေတိုးတက်လာနိုင်ပါတယ်။ ၉) အခြားသူများနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း လုပ်ငန်းခွင်မှာ ကိုယ်တစ်ယောက်တည်းလုပ်ကိုင်ရတာမဟုတ်တဲ့အတွက် ဆက်ဆံရေးပြေပြစ်ဖို့လည်းလိုပါသေးတယ်။ ဆက်ဆံရေးမပြေပြစ်တဲ့အခါ အဖွဲ့အစည်းက စည်းလုံးမှုမရှိနိုင်ပါဘူး။ ၁၀) အကြံဉာဏ်ကောင်းများပေးနိုင်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က ဆရာလုပ်သူကို လိုအပ်တဲ့နေရာမှာလည်း အကြံဉာဏ်ကောင်းများပေးနိုင်ပါသေးတယ်။ တိုင်ပင်တတ်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလည်း အကြံဉာဏ်ကောင်းများပေးတတ်ခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းပဲဖြစ်ပါတယ်။ ၁၁) အကောင်းမြင်တတ်ခြင်း အကောင်းမြင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်ခွင်အမြဲအကောင်းတွေချည်းကြုံနေမှာမဟုတ်သလို အဆိုးတွေချည်းလည်းကြုံနေမှာမဟုတ်ပါဘူး။ အဆိုးတွေကြုံလာတဲ့အခါ စိတ်ပျက်လက်လျှော့ခြင်းနဲ့နောက်မဆုတ်တတ်စေဖို့ အကောင်းမြင်တတ်ခြင်းလည်း လိုပါတယ်။ ၁၂) ရိုးသားဖြောင့်မတ်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က ရိုးသားဖို့လဲလိုပါသေးတယ်။ အလုပ်အပေါ်မှာ ရိုးသားမှာသာ စောင့်ထိန်းသင့်တာစောင့်ထိန်းနိုင်မှာပါ။ မရိုးသားတဲ့နောက်လိုက်တစ်ယောက်လောက်သာ အဖွဲ့အစည်းမှာပါလာခဲ့ရင် ထိုအဖွဲ့အစည်းအတွက် အရမ်းကိုအန္တရာယ်များနိုင်ပါတယ်။ ၁၃) မျှဝေခံစားနိုင်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က အလုပ်ခွင်မှာ ဆိုးခြင်း၊ ကောင်းခြင်းကို မျှဝေခံစားတတ်တဲ့အကျင့်ရှိဖို့လိုပါတယ်။ နောက်လိုက်အချင်းချင်း မျှဝေခံစားတတ်မှသာ နောက်လိုက်အချင်းချင်းစည်းလုံးပြီး အဖွဲ့အစည်းတိုးတက်နိုင်မှာပါ။ ၁၄) အလုပ်နှင့်ပတ်သက်ပြီး ဂုဏ်ယူတတ်ခြင်း အလုပ်နဲ့ပတ်သက်ပြီး အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသော စိတ်လေးထားတတ်ဖို့လိုပါသေးတယ်။ အလုပ်နဲ့ပတ်သက်ပြီး ဂုဏ်ယူတတ်မှသာ အလုပ်ကို တက်ကြွစွာလုပ်ချင်စိတ်ရှိမှာပါ။ အဖွဲ့အစည်းတစ်ခုအောင်မြင်တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းရှိဖို့လိုသလို နောက်လိုက်ကောင်းလည်းရှိဖို့လိုပါတယ်။ အဲဒါမှသာ ပိုမိုတိုးတက်အောင်မြင်သော အဖွဲ့အစည်းဖြစ်လာနိုင်မှာပါ။ နောက်လိုက်ကောင်းတွေဖြစ်နိုင်ကြပါစေ။ #BAWA101

စွမ်းရည် လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ

တောင်ပေါ်ဒေသလေးတွင် အသက်ကြီးလာရင် သွားရောက်နေထိုင်သင့်သည့် အချက် ၈ ချက်

သဘာဝရဲ့အသံလှိုင်းတွေက သင့်ရဲ့အာရုံကြောစနစ်ကို ပြေလျော့စေနိုင်ပါတယ်။ သဘာဝတရားနဲ့နီးကပ်စွာနေခြင်းက သွေးဖိအားကိုလျော့ကျစေပြီး ပိုပြီးကျန်းမာစေနိုင်ပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အသက်ကြီးလာတဲ့အခါ သွားရောက်နေထိုင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ အေက်မှာဖော်ပြပေးထားပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အောင်မြင်နေသော စီးပွားရေးသမားများတွင်တွေ့ရသော ပိုက်ဆံနှင့်ပါတ်သက်သည့် အလေ့အကျင့် ဓလေ့စရိုက်များ

အောင်မြင်နေသော စီးပွားရေးသမားများမှာ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုအလေ့အကျင့်ကောင်းတွေရှိနေသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်ကြီးမှာ လူတိုင်းလိုလိုက လိုချင်တပ်မက်စရာတွေနောက်ကိုလိုက်ရင်း ငွေတွေကို မသုံးချင်ဘဲ သုံးမိ၊ ရှာသလောက်မလောက်ငတာမျိုးတွေ ပိုပြီး ကြုံနေကြတယ်မဟုတ်လား။ အဲဒီ့တော့ အောင်မြင်သူတွေနဲ့ ကိုယ်တွေနဲ့ ငွေကြေးဆိုင်ရာခြားနားချက်တွေကို လေ့လာကြည့်ပြီး ဆင်ခြေစရာလေးတွေ ဆင်ခြင်လို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။ ၁) ငွေကြေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်သတ်မှတ်ထားတတ်ပါတယ်။ ဒီတစ်လမှာ ငွေဘယ်လောက်စုမယ်၊ ဆိုတဲ့ ငွေကြေးနဲ့ဆိုင်တဲ့သတ်မှတ်ချက်မျိုး သတ်မှတ်ထားတတ်ကြပါတယ်။ ၂) ခြိုးခြံချွေတာတတ်ကြပါတယ်။ ခြိုးခြံချွေတာတာနဲ့ ကပ်စေးနှဲတာ မတူပါဘူးနော်။ မကုန်သင့်တဲ့နေရာမကုန်အောင် ထိန်းသိမ်းပြီး သုံးတာက ခြိုးခြံချွေတာတာပါ။ သုံးသင့်တဲ့နေရာလည်း မသုံးချင်၊ ကုန်သင့်တဲ့နေရာမျိုးမှာလည်း မကုန်ချင်တာကတော့ ကပ်စေနှဲတာပါ။ အောင်မြင်သူတွေက ကပ်စေးမနှဲပါဘူး၊ သုံးသင့်တဲ့နေရာမှာ သုံးပေမယ့် မသုံးသင့်တဲ့နေရာမျိုးကျ အကုန်အကျသက်သာအောင် ခြိုးခြံတတ်ကြပါတယ်။ ၃) ဦးစားပေးသင့်တဲ့ကုန်ကျစရိတ်ကို သတ်မှတ်ထားကြပါတယ်။ ငွေဆိုတာကတော့ မစဉ်းစားဘဲ သုံးပစ်လိုက်ရင် သုံးစရာနေရာတွေချည်းပါပဲ။ ဒါပေမယ့် တကယ်ကုန်ကျသင့်တဲ့နေရာမျိုးကို ဦးစားပေးလိုက်ရင် မကုန်သင့်တဲ့နေရာတွေမှာ ကုန်ကျတာ လျော့ပါးသွားနိုင်ပါတယ်။ အောင်မြင်သူတွေက ထိုသဘောတရားကို ကောင်းကောင်းကြီးအသုံးချတတ်ပါတယ်။ မကုန်မဖြစ် ဦးစားပေးရမယ့်နေရာမျိုးမှာ ကုန်ကျစရိတ်ကို သတ်မှတ်ထားတတ်ပါတယ်။ ၄) ) အသုံးစရိတ်တွေ သတ်မှတ်ထားတတ်ပါတယ်။ တစ်လကို ဘယ်လောက်သုံးမယ်ဆိုတဲ့ အသုံးစရိတ်သတ်မှတ်ချက်မျိုး ထားတတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ပမာဏအတွင်း သုံးတတ်သွားတဲ့အခါ အပိုငွေတွေထွက်လာတတ်ပါတယ်။ အသုံးစရိတ်မသတ်မှတ်ထားရင် ဘာအတွက်ဘယ်လိုသုံးဖြစ်မှန်းတောင်မသိလိုက်ရဘဲ လက်ထဲရှိရင်ရှိသလောက် ကုန်သွားတာမျိုးဖြစ်တတ်ပါတယ်။ အောင်မြင်သူတွေကတော့ သူတို့အတွက် သတ်မှတ်ထားတဲ့အသုံးစရိတ်အတွင်းမှာသာ သုံးဖြစ်တဲ့အတွက် တစ်လစာအသုံးစရိတ်ဘယ်လောက်ရှိမှန်း တွက်ချက်နိုင်ကြပါတယ်။ ၅) ငွေကြေးနဲ့ဆိုင်တဲ့ နည်းလမ်းတွေကို အမြဲလေ့လာသင်ယူတတ်ပါတယ်။ ငွေကြေးတွေ အရမ်းသုံးမိနေတတ်သလား၊ ငွေကြေးတွေ အဝင်အထွက်မမျှဘူးဖြစ်နေသလား၊ စုငွေကနည်းနေသလား၊ ရင်းနှီးငွေက ဘယ်လောက်၊ အမြတ်ငွေက ဘယ်လောက်စသည်ဖြင့် သူတို့မှာက အမြဲစာရင်းဇယားနဲ့ ရှိပါတယ်။ ပြန်လည်သုံးသပ်တတ်ကြသလို သူတို့ရဲ့လိုအပ်ချက်တွေရှိရင်လည်း ဘယ်လိုပြုပြင်ရမလဲ၊ ဘယ်လိုသင်ယူရမလဲဆိုတာ နားလည်ကြပါတယ်။ သူတို့ထက်ပိုပြီး အောင်မြင်သူတွေက ဘယ်လိုစနစ်တကျအသုံးချနေသလဲဆိုတာမျိုးလည်း အမြဲနားစွင့်ပြီး မေးမြန်းသင်ယူတတ်ကြပါတယ်။ ၆) ပုံမှန်စုဆောင်းတတ်ကြပြီး ရင်းနှီးမြုပ်နှံတတ်ပါတယ်။ အောင်မြင်သူတွေက ငွေကြေးနဲ့ပတ်သက်တဲ့အမျှော်အမြင်ရှိကြပါတယ်။ ဒီနေ့ဘယ်လောက်ရင်းနှီးမြုပ်နှံသင့်လဲ၊ ဘယ်လောက်စုဆောင်းမလဲ။ စုဆောင်းထားတာတွေကို ဘယ်လိုပြန်အသုံးချဖို့လဲ။ ရင်းနှီးမြုပ်နှံခြင်းက ဘာအကျိုးတွေပြန်ရမှာလဲ စသည်ဖြင့် ငွေကြေးနဲ့ပတ်သက်ပြီး ရေရှည်ကို ကြိုတင်လှမ်းမျှော် စီစဉ်ထားတတ်ကြပါတယ်။ အဲဒါကြောင့် အောင်မြင်သူတွေမှာ ပုံမှန်စုဆောင်းငွေရှိတတ်ကြပြီး ပုံမှန်ရင်းနှီးမြုပ်နှံမှုလည်းရှိကြပါတယ်။ ၇) ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်ရှာဖွေနိုင်တဲ့အစွမ်းအစရှိကြပါတယ်။ အောင်မြင်နေတဲ့သူတွေက သမရိုးကျအတိုင်း အလုပ်သွား၊ လစာရ ဆိုပြီး ပုံမှန်လိုဝင်လာမယ့်ဝင်ငွေတစ်ခုတည်းကို စောင့်မျှော်နေတတ်ကြသူတွေမဟုတ်ပါဘူး။ သူတို့မှာ ငွေကြေးနဲ့ပတ်သက်တဲ့ အိုင်ဒီယာ၊ ကိုယ်တိုင်ရှာဖွေနိုင်တဲ့ အစွမ်းအစရှိကြပါတယ်။ ပြောချင်တာက လစဉ်ရမယ့်လစာရှိမယ်ဆိုရင် လစာအပြင်တခြားဘယ်နည်းလမ်းနဲ့ ငွေကိုရှာနိုင်သေးလဲ (မတရားသောနည်းလမ်းမျိုးမဟုတ်ဘဲ) ဆိုတာမျိုးကို သူတို့က သိကြပါတယ်။ ၈) ရှာနိုင်တာထက် ပိုပြီး မသုံးတတ်ကြပါဘူး အောင်မြင်သူတွေက ဝင်ငွေထွက်ငွေကို မျှတအောင် ညှိတတ်ကြပါတယ်။ တစ်လဝင်ငွေထက် ပိုပြီး သုံးခြင်းကို စိတ်မဝင်စားကြပါဘူး။ ဘာလို့ဆို အောင်မြင်သူတွေအတွက် အကောင်းစားတွေဝတ်၊ အကောင်းဆုံးတွေ ဆင်ယင်ထားခြင်းက မလိုအပ်တဲ့အသုံးစရိတ်တွေဆိုတာ သူတို့က ပိုနားလည်ကြပါတယ်။ ငွေတွေကို ဖောဖောသီသီသုံးခြင်းက ကိုယ်တိုင်အတွက်မဟုတ်ပါဘူး။ ပိုစုဖို့ကြိုးစားတာနဲ့ ပိုပြီး ရင်းနှီးမြုပ်နှံနိုင်ခြင်းက ကိုယ်တိုင်အတွက် နောင်တချိန်ရလာမယ့်အသီးအပွင့်တွေဖြစ်တယ်ဆိုတာ သူတို့က သိကြပါတယ်။ အဲဒါကြောင့် သူတို့က ဘယ်တော့မှ ရှာနိုင်တာထက် ပိုမသုံးဘဲ၊ ထပ်ပြီးရှာဖို့နဲ့ ထပ်စုဖို့ ထပ်ပြီးရင်းနှီးဖို့ပဲ စဉ်းစားကြပါတယ်။ အထက်ပါအချက်တွေကတော့ အောင်မြင်သူတွေလုပ်လေ့ရှိတဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေပါ။ အဲဒီ့အကျင့်တွေကို ဆွဲကိုင်ကျင့်သုံးရင်း သူတို့ဘဝတွေက အောင်မြင်သထက်အောင်မြင်လာကြတာပါ။ စာဖတ်သူတွေလည်း နမူနာယူပြီး လိုက်နာကျင့်သုံးနိုင်ကြပါစေ။#BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

လောင်းကစားစွဲနေလျှင် ဘယ်လိုဖြတ်မလဲ။

သင့်ပတ်ဝန်းကျင်မှာ လောင်းကစားအသည်းအသန် မက်တဲ့သူမျိုးမြင်ဖူးမှာပါ။ လောင်းကစားကို နှစ်သက်ခုံမင်နေသူဆိုရင် လောင်းကစားကိုဘယ်သူကမှ ဖြတ်ပေးလို့မရသလို၊ ဘယ်လိုနည်းလမ်းနဲ့မှ ပြတ်အောင်လုပ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် သင်ကိုယ်တိုင်ကိုက တကယ်ပြတ်ချင်ပါတယ်ဆိုရင်တော့ သင့်အတွက် နည်းလမ်းလေးတွေရှိပါတယ်။ ၁) ကိုယ့်စိတ်ကိုထိန်းပါ။ လောင်းကစားကြောင့် ဘဝတွေပျက်ရတယ်၊ အကြွေးတွေတင်နေပါတယ် စိတ်ညစ်လို့တကယ်ပြတ်ချင်ပါတယ်ဆိုတဲ့စိတ်လေး အမှန်တကယ်ရှိဖို့တော့လိုပါတယ်။ အဲဒီ့တော့ သင့်ကိုသင် လောင်းကစားတကယ်ပြတ်ချင်ရင် လောင်းကစားဆိုတဲ့အသံကြားတာနဲ့ ထပြီးထိပ်ဆုံးက မလောင်းမိဖို့ သတိပေးပါ။ ကိုယ့်စိတ်ကိုကိုယ်ထိန်းပါ။ ၂) လောင်းကစားပတ်ဝန်းကျင်ကို ဝေးဝေးရှောင်ပါ။ သင့်ပတ်ဝန်းကျင်မှာ လောင်းကစားနဲ့ပတ်သက်တာမှန်သမျှကို ယောင်လို့တောင် အနားမသွားမိပါစေနဲ့။ အသံကြားတာနဲ့ ယွစိစိဖြစ်နေတဲ့ သင့်စိတ်ကိုထိန်းပါ။ ကြည့်ရုံကြည့်မှာပါ……လို့တွေးလိုက်တာနဲ့ သင့်စိတ်က ၅၀ရာခိုင်နှုန်းလောက်ပြန်စိတ်ပါဖို့သေချာနေပါပြီ။ အဲဒီ့တော့ လောင်းကစားလုပ်မိဖို့လွယ်သွားပါတယ်။ ဒါကြောင့် လောင်းကစားလုပ်တတ်တဲ့ပတ်ဝန်းကျင်ကိုရှောင်၊ လောင်းကစားလုပ်ဖို့ဆွယ်တဲ့အပေါင်းအသင်းကိုရှောင်ရပါမယ်။ ၃) နည်းနည်းလေးပဲလုပ်မှာပါ ဆိုတဲ့စိတ်ကို လုံးဝဖျောက်ပါ။ အရင်လိုဘဝပျက်အောင်၊ အကြွေးတွေတင်အောင်မလုပ်တော့ပါဘူး၊ ဒါပေမယ့် နည်းနည်းလောက်တော့ လုပ်အုံးမယ် ဆိုရင်တော့ သင်ဘယ်တော့မှ ဒီနွံထဲကလွတ်မှာမဟုတ်ပါဘူး။ လောင်းကစားက အရက်လို နည်းနည်းချင်း မျှင်းဖြတ်လို့ရတဲ့အရာမဟုတ်တာကို မှတ်ထားပါ။ နည်းနည်းလောက်လုပ်စ ရှိရင် များများပြန်ဖြစ်လာတာပါပဲ။ အဲဒီ့တော့ လောင်းကစားကို လုံးဝကိုအစပြန်မလုပ်မှ ရမှာပါနော်။ ၄) ကိုယ်ကိုကိုယ် သတိပေးနေပါ။ အမြဲ သင့်ကိုသင် alrm လုပ်နေဖို့ လိုပါတယ်။ လောင်းကစားလုပ်ဖို့ ဆွယ်တဲ့သူဖြစ်ဖြစ်၊ ကိုယ်တိုင်ကိုက လောင်းကစားလုပ်ဖို့ တွေးမိနေရင်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်သတိပေးပါ။ “လောင်းကစားလုံးဝမလုပ်တော့ဘူး……..လောင်းကစားလုံးဝမလုပ်တော့ဘူး” ဆိုတဲ့စကားကို စိတ်ထဲကနေ ထပ်တလဲလဲ ရေရွတ်ပါ။ စိတ်က အဲဒီ့အပေါ်အာရုံစိုက်မိရင် လောင်းကစားအပေါ်အာရုံမေ့သွားပါလိမ့်မယ်။ ၅) ဦးနှောက်ကို အလုပ်ပေးနေတာတစ်ခုခုလုပ်ပါ။ လောင်းကစားသမားတော်တော်များများက အလုပ်မရှိတာတွေ့ဖူးပါတယ်။ အလုပ်ရှိရက်နဲ့ လောင်းကစားလုပ်သူရှိရင်လည်းရှိမှာပါ….အကြမ်းဖျင်းပြောရရင်တော့ လောင်းကစားသမားတွေက အလုပ်မရှိတော့ ငွေရမယ့်အလွယ်နည်းကို ရှာရင်း လောင်းကစားလုပ်မိသွားတာမျိုးပါ။ အဲဒီ့တော့ စိတ်ကိုအားနေအောင်မထားပါနဲ့၊ ဦးနှောက်ကို ချက်စ် ဆော့တာမျိုး၊ ဂိမ်းဆော့နေတာမျိုး တစ်ခုခုလုပ်လိုက်ပါ။ လောင်းကစားကို စိတ်ရောက်မိတဲ့အခါမျိုးမှာပေါ့။ ၆) အလုပ်တစ်ခုလုပ်ပါ။ အလုပ်မရှိလို့ ငွေကို အလွယ်နည်းနဲ့လိုချင်လို့ လောင်းကစားဝိုင်းတွေချည်းသွားမိနေတယ်ဆိုရင် အလုပ်တစ်ခုလုပ်ပါ။ ကိုယ့်အတွက် ငွေလည်းရ အာရုံလည်းပြောင်းသွားတာမျိုးဖြစ်အောင်ပါ။ အလုပ်ကပြန်လာတာနဲ့ တခြား ဝါသနာပါရာတစ်ခုခုကိုလုပ်နေလိုက်ပါ။ ၇) အာရုံပြောင်းပစ်ပါ။ တစ်ချို့ကျတော့ အလုပ်လုပ်တယ်။ ရလာသမျှ ငွေတွေကို လောင်းကစားဝိုင်းမှာ သွားပြီး ဆော့ကြတာတွေ့ဖူးပါတယ်။ အဲဒါကတော့ သူတို့ကိုယ်တိုင်ကိုက အပြောသာရှိပြီး လက်တွေ့မရှိလို့ပါ။ ပြီးတော့ ပိုက်ဆံရလာတာနဲ့ လောင်းကစားသွားလုပ်မယ့်အာရုံကို လက်ခံထားလို့ပါ။ သင်ကတကယ်ဖြတ်ချင်တဲ့သူဆိုရင်တော့ လောင်းကစားလုပ်ချင်စိတ်ပေါ်လာတိုင်း တခြားကို အာရုံပြောင်းပစ်ဖို့လိုပါတယ်။ တစ်ခါပေါ်လာတိုင်းတစ်ခါ မရရအောင်ဖျောက်မယ်စိတ်ထားပါ၊ အခါခါပေါ်လာတိုင်း အခါခါဖျောက်ပါ။ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းနိုင်မှသာ ဘယ်နေရာမှမဆို တိုးတက်နိုင်မယ့်သူဖြစ်လာမှာပါ။ စိတ်အလိုလိုက်ပြီး လုပ်ချင်ရာလုပ်ရင်တော့ ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး။ အထက်ပါအချက်တွေကို ဖော်ပြပေးထားပေမယ့် ကိုယ်တိုင်တကယ်လုပ်ကြည့်ပြီး တကယ်ကို စိတ်ပိုင်းဖြတ်နိုင်မှ ပြတ်မှာပါ။ လောင်းကစားကို နိုင်တဲ့စိတ်ဖြစ်အောင် အကျင့်လုပ်ပြီး မွေးမြနိုင်မှ လောင်းကစားအကျင့်က ပျောက်မှာပါ။ အားလုံးပဲ လောင်းကစားနဲ့ကင်းပါစေ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

လေလည်ကောင်းအောင် ဘာအစားအစာတွေ စားသင့်သလဲ နှင့် လေလည်ခြင်း၏ အကျိုးကျေးဇူးများ။

လေမလည်တဲ့အခါ နေရထိုင်ရခက်တာ ကြုံဖူးကြမှာပါ။ လေလည်ဖို့အတွက်စားသင့်တဲ့အစားအစာတွေကတော့ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ငှက်ပျောသီး၊ ပန်းသီး၊ မက်မွန်သီး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊ ဂျုံပေါင်မုန့်၊ အုတ်ဂျုံ နှင့် ပဲအမျိုးမျိုး စသည်တို့ဖြစ်ပါတယ်။ လေလည်ခြင်းက ကျန်းမာရေးနဲ့ ဘာကြောင့်ညီညွတ်စေလဲဆိုတာ အောက်ကအချက်လေးတွေ ဖတ်ကြည့်လိုက်ပါအုံး။ ၁) ပြည့်တင်းခြင်းကိုလျော့ကျစေခြင်း အစားအစာတွေကို ပြည့်အင့်နေအောင် စားပြီးတဲ့အခါ သင့်ရဲ့ဝမ်းဗိုက်တစ်ဝိုက်မှာ ပြည့်တင်းမှုကို ခံစားရမှာပါ။ ဂတ်စ်တွေ မထုတ်လွှတ်ခြင်းက အဓိက တရားခံပါပဲ။ အဲဒီ့အခါ သင်နေရထိုင်ရ ကသိကအောက်ဖြစ်နေမှာပါ။ ထိုကဲ့သို့အချိန်မျိုးမှာ လေလည်လိုက်ခြင်းက သင့်ရဲ့ပြည့်တင်းမှုတွေကို ပြေလျော့သွားစေပါတယ်။ ၂) အူမကြီးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း သင့်ရဲ့အစာအိမ်ထဲမှာ ဂတ်စ်တွေ ပြည့်အင့်နေပြီး လေမလည်ခြင်းက သင့်ကို အူမကြီးနဲ့ဆိုင်တဲ့ကျန်းမာရေးပြ ဿနာတွေဖြစ်ပွားစေနိုင်ပါတယ်။ လေအောင့်တာလိုမျိုး မခံချိမခံသာဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် လေလည်လိုက်ခြင်းအားဖြင့် အူမကြီးဆိုင်ရာပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်စေပါတယ်။ ၃) အူကျန်းမာရေးနဲ့ အူထဲက ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေနိုင်ခြင်း ကာဗွန်ဟိုက်ဒရိုတ်ပါတဲ့အစားအစာတွေက လေလည်စေပါတယ်။ လေလည်စေတဲ့အစားအစာတွေကို မစားဘူးဆိုရင် အူထဲမှာ အစာသယ်ယူစနစ်အတွက်လုပ်ဆောင်ပေးနေတဲ့ ဘက်တီးရီးယားလေးတွေကို မရှင်သန်စေတော့ပါဘူး။ အဲဒါကြောင့် အူလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်ပွားနိုင်ပြီး အစာချေစနစ်ကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ အဲဒါကြောင့် လေလည်တဲ့အစားအစာတွေကို စားသင့်ပြီး လေလည်ခြင်းက အူကျန်းမာရေးနဲ့ အူထဲက ဘက်တီးရီးယားတွေကို ရှင်သန်စေနိုင်ပါတယ်။ ၄) ကျန်းမာရေးကောင်းကြောင်း အချက်ပြခြင်း လေလည်ခြင်းက ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ လေလည်တဲ့ပေါ်မူတည်ပြီး သင့်ကျန်းမာရေးအခြေအနေကို ခန့်မှန်းနိုင်ပါသေးတယ်။ လေလည်တဲ့အခါ အနံဆိုးဝါးပြီး ဗိုက်အောင့်တတ်တာမျိုး၊ မကြာခဏအကြိမ်ရေများများဆက်တိုက်လေလည်တာမျိုးက သင့်ရဲ့ကျန်းမာရေးမကောင်းဘူးဆိုတာကို ပြောပြနေတာပါ။ ၅) သင့်ရဲ့အစားအစာကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မတူညီနိုင်တဲ့ အစားအစာမျိုးစုံက ဂတ်စ်မျိုးစုံက ထုတ်ပေးနိုင်ပါတယ်။ သင့်အူထဲမှာ ဘယ်လိုအစာမျိုးကို လိုအပ်နေသလဲဆိုတာကိုလည်း သင်ခန့်မှန်းနိုင်ပါသေးတယ်။ ဥပမာ၊ သင်က လေလည်တာနည်းနေတယ်ဆိုရင် သင်စားမယ့်အစားအစာထဲမှာ ပဲနီလေး၊ ပဲတောင့်ရှည်၊ ကိုက်လန် စသည်တို့ကို စားဖို့လိုနေပါပြီ။ ၆) သင့်ရဲ့လေလည်တဲ့အနံက သင့်အတွက်ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ အမှန်ပါပဲ၊ လေလည်လိုက်တဲ့အခါ ထွက်လာတဲ့ hydrogen sulfide ဓာတ်က သင့်အတွက် နေမကောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၇) နေရထိုင်ရသက်သာစေပါတယ်။ ဂတ်စ်တွေအများကြီးကို သင်သယ်ဆောင်ထားရတဲ့အခါ သင့်မှာမအီမသာဖြစ်တတ်ပါတယ်။ သင့်မျက်နှာထားကလည်း ဆိုးဝါးတဲ့သဏ္ဍာန်ဖြစ်နေမှာပါ။ သက်တောင့်သက်သာမရှိ၊ အာရုံစူးစိုက်မှုမရှိဖြစ်ပြီး နေထိုင်ရခက်စေပါတယ်။ လေလည်လိုက်တဲ့အခါ သင့်အတွက် နေထိုင်ရသက်သာသွားစေမှာပါ။ လေလည်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးတွေတော့ သိသွားလောက်ပါပြီနော်။ https://www.littlethings.com/farting-health-benefits/ မှ ဘာသာပြန်ပြီး ကိုးကားဖော်ပြပါတယ်။ #BAWA101

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ

ဦးနှောက်ကို ဘယ်လိုအနားပေးမလဲ။

တစ်နေ့တာ လှုပ်ရှားမှုမှန်သမျှ၊ တွေးခေါ်မှုမှန်သမျှ၊ ဖိစီးမှုမှန်သမျှကို ကျွန်တော်တို့ရဲ့ဦးနှောက်က သယ်ပိုးပေးထားရပါတယ်။ အဲဒီ့အတွက် ဦးနှောက်က အခြားသောအဂါၤရပ်များထက်ကို ပိုပြီး ဖိစီးမှုခံရပါတယ်။ ဦးနှောက်ကဖိစီးမှုတွေများလာတဲ့အခါ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်ခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်းစသည့် ဆိုးကျိုးတွေဖြစ်ပေါ်လာပြီး ကျန်းမာရေးနဲ့မညီညွတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် တစ်နေ့တာ လှုပ်ရှားရုန်းကန်ပြီးတဲ့အခါ ဦးနှောက်ကို ဘယ်လိုအနားပေးမလဲဆိုတဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။ ၁) တရားထိုင်ပါ။ အားလုံးကို ရပ်တန့်ပစ်လိုက်ပြီးတဲ့နောက်မှာ တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်သွားစေပြီး သင့်ဦးနှောက်ကိုလည်း တည်ငြိမ်စေပါတယ်။ ထိုင်ခါစမှတော့ အာရုံလွှင့်နေအုံးမှာဖြစ်ပေမယ့် နာရီဝန့်ခန့်ထိုင်လိုက်တဲ့အခါ အားလုံးတည်ငြိမ်သွားနိုင်ပါပြီ။ အဲဒါက သင့်ဦးနှောက်ကို အနားပေးခြင်းတစ်မျိုးပါပဲ။ ၂) အလုပ်ကို အလုပ်မှာပဲထားခဲ့ပါ။ အလုပ်မှာ မပြီးမသတ်သေးတဲ့ အလုပ်အကြောင်းတွေးတဲ့ အတွေးတွေက သင့်ဦးနှောက်ကို ဖိစီးစေပါတယ်။ တစ်ယောက်တည်းပူပန်နေတာက သင့်ကိုစိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ အလုပ်ရောက်မှ အလုပ်အကြောင်းကို ဆက်စဉ်းစားတာက အကြောင်းဆုံးပါ။ အိမ်ရောက်တဲ့အခါ အလုပ်အားလုံးကို အလုပ်မှာထားခဲ့ပြီးတော့ လွတ်လပ်စွာနေပါ။ အဲဒါက သင့်ဦးနှောက်ကို ငဲ့ညှာပြီး အနားပေးခြင်းတစ်မျိုးပါပဲ။ ၃) သီချင်းနားထောင်ပါ။ ပူပန်မှုတွေက သင့်ဦးနှောက်ကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။ အဲဒီ့တော့ ပူပန်မှုတွေကို မတွေးတော့ဘဲ အိမ်မှုကိစ္စတွေ၊ အိမ်မှာလုပ်စရာရှိတာတွေကို သီချင်းအေးအေးလေးဖွင့်ထားပြီး လုပ်စရာရှိတာတွေလုပ်ရင်း နားထောင်ပါ။ သီချင်းအေးလေးတွေက သင့်ဦးနှောက်ကို အနားယူတဲ့အချိန်မှာ နားထောင်သင့်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့သီချင်းလေးတွေ နားထောင်တာမျိုးကလည်း သင့်အတွက် ပူပန်မှုတွေကို လျော့စေနိုင်ပါတယ်။ ၄) တစ်နေ့တာလုံးကို ပြန်သုံးသပ်ပါ။ ကဖင်းဓာတ်များတဲ့ကော်ဖီ၊ လက်ဖက်ရည်တွေအများကြီးသောက်မိနေလား၊ ခွန်အားဖြည့်အချိုရည်တွေအများကြီးသောက်မိနေလား၊ အဲဒါတွေက သင့်ကိုခေါင်းကိုက်စေတာမျိုးတွေဖြစ်စေပါတယ်။ ပြီးတော့ဘာအကြောင်းအရာတွေက သင့်ကိုပူပန်နေစေတာလဲ၊ ဘာအကြောင်းတွေက စိတ်ဖိစီးစေတာလဲ၊ မကြာခဏ စိတ်တိုဒေါသထွက်လွယ်နေမိလား၊ ဖိစီးမှုတွေဖြစ်လာတိုင်း ဘာကိုမှ တည်ငြိမ်အောင်ဆောက်တည်လို့မရလောက်အောင် စိတ်တွေ ကယောက်ကယက်ဖြစ်နေမိလား စသည်ဖြင့် ပြန်ပြီး သုံးသပ်ကာ အဲဒါတွေကို လျော့ချနိုင်သလောက် လျော့ချဖို့ ဆုံးဖြတ်ပါ။ အဲဒီ့လိုဖိစီးမှုမှန်သမျှကို လက်ခံထားပြီး သင့်ဦးနှောက်ကမခံမရပ်နိုင်တဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်တွေက အဲဒါတွေထက်ပိုဆိုးဝါးပါတယ်။ အဲဒီ့တော့ အနားယူနေတဲ့အချိန်မှာ အေးဆေးသုံးသပ်ပါ။ သင့်ရဲ့ဦးနှောက်ကို ဒီထက်မဖိစီးခင် ဒီထက်မထိခိုက်အောင် လျော့ချပစ်လိုက်ပါ။ မေ့ပစ်လိုက်ပါ။ အဲဒါကလည်း သင့်ဦးနှောက်ကို အနားပေးနိုင်မယ့်နည်းလမ်းတစ်မျိုးပါပဲ။ ၅) ရေနွေးနဲ့ရေချိုးပါ။ ရေနွေးက သင့်ကိုကောင်းစွာအိပ်ပျော်စေပါတယ်။ ရေနွေးလေးနဲ့ရေချိုးပြီးတဲ့အခါ အားလုံးကို မေ့နိုင်သွားမှာပါ။ ပြီးမှ လုပ်ချင်တာလေးတွေ ဆက်ပြီးလုပ်ပါ။ မနက်ဖြန်ရုံးတက်မယ့် အဝတ်အစားတွေပြင်ဆင်ထားတာမျိုး၊ ဒိုင်ယာရီရေးတာမျိုးလေးတွေ လုပ်ပါ။ အဲဒါတွေက ဦးနှောက်အတွက်ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အရာလေးတွေပဲမို့ ဦးနှောက်ကို အနားပေးသလိုပါပဲ။ ၆) အားလုံးကို ရပ်ပစ်လိုက်ပါ။ အိပ်စက်ချိန်မတိုင်မီ နာရီဝက်ခန့်အလိုလောက်မှာ ကတည်းက သင့်ရဲ့စာအုပ်၊ ဖုန်း၊ ရေဒီယို၊ တီဗီ စသည်တို့ကို အားလုံးရပ်ပစ်လိုက်ပါ။ အဲဒါတွေက သင့်ရဲ့အာရုံကြောကို လှုံ့ဆော်နေတာကြောင့်ပါ။ နာရီဝက်ခန့်ကြိုနားခြင်းက သင့်ဦးနှောက်ကို အနားပေးဖို့ အရှိန်ယူလိုက်တာပါပဲ။ ၇) အိပ်ရာကို အိပ်စက်တဲ့အချိန်မှသာ အသုံးပြုပါ။ တစ်ချို့က အိပ်ရာထဲမှာ စာဖတ်တာမျိုး၊ အိပ်ရာထဲမှာ လုပ်လက်စအလုပ်ကို လက်တော့နဲ့ဆက်လုပ်နေတတ်တာမျိုးလုပ်တတ်လို့ပါ။ အဲဒါမျိုးက သင့်ရဲ့အာရုံကြောတွေကို လှုံ့ဆော်ပေးစေပါတယ်။ အဲဒီ့တော့ ဦးနှောက်ကို အနားပေးသလိုမဖြစ်ပါဘူး။ တီဗီကြည့်မယ်၊ ကွန်ပျူတာကြည့်မယ်၊ စာဖတ်အုံးမယ်ဆိုရင် အိပ်ခန်းရဲ့အပြင်ဘက်မှာသာ လုပ်သင့်ပြီး အိပ်ရာဝင်မယ်ဆိုမှသာ အိပ်ရာမှ လဲလျောင်းအိပ်စက်ခြင်းက သင့်ရဲ့ဦးနှောက်ကို အနားပေးသလိုဖြစ်ပြီး သင်လည်း ကောင်းစွာအိပ်ပျော်စေမှာပါ။ သင့်ဦးနှောက်ကို သင်အနားပေးလိုက်တဲ့အခါ နောက်တစ်နေ့မနက်မှာ သင်လန်းဆန်းစွာနိုးထနိုင်မှာပါ။ ကြိုတင်ပူပန်ပြီး ဖိစီးမှုတွေဖြစ်နေတာက နောက်နေ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လည်း စွမ်းဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ အဲဒီ့တော့ အလုပ်ကိုအလုပ်မှာထားခဲ့ပြီးအိမ်ပြန်ပါ။ နောက်တစ်နေ့အလုပ်ကို တက်ကြွစွာသွားပြီး အလုပ်တွေအမြန်ဆုံးပြီးဆုံးအောင်လုပ်နိုင်ဖို့ ဦးနှောက်ကိုမဖိစီးစေပါနဲ့တော့။#BAWA101

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

မိန်းမလိုက်စားခြင်းကြောင့် ဘဝမည်သို့ပျက်နိုင်ပါသလဲ။

အပျော်အပါးလိုက်စားခြင်းက ဘယ်လိုမျိုးဘဝတွေကိုပျက်စေနိုင်ပါသလဲ၊ တော်တော်များများက သိပြီးသားဖြစ်ပေမယ့် တစ်ချို့ကသတိမမူတတ်ကြပါဘူး။ အိမ်ထောင်ဦးစီးတစ်ယောက်က မိန်းမလိုက်စားလိုက်တဲ့အခါ အဲဒီ့အိမ်ထောင်ဦးစီးတစ်ယောက်တည်းရဲ့ဘဝတစ်ခုတည်း ပျက်ရတာမဟုတ်ပါဘူး။ ထိုအိမ်ထောင်ဦးစီးနဲ့ပတ်သက်တဲ့ မိသားစုဝင်အားလုံးရဲ့ဘဝတွေပါ ပျက်စီးသွားနိုင်ပါတယ်။ အိမ်ထောင်ဦးစီးတော့မဟုတ်ဘူး ……ကိုယ်တွေက တစ်ယောက်တည်းသမားမို့ မိန်းမလိုက်စားတယ်၊ ဘာမှမဖြစ်ဘူးလို့များမထင်ပါနဲ့။ သင့်ဘဝကို သင်ကိုယ်တိုင်ဖျက်ဆီးပစ်နေတာနဲ့အတူတူပါပဲ။ အဲဒါအပြင် သင့်က တကယ်ချစ်ခင်နှစ်သက်သဘောကျလို့ လက်ထပ်ယူမယ့်အမျိုးကောင်းသမီးတွေ့လာတဲ့အခါ သင့်ကပါ သူ့ကို ဖျက်ဆီးသွားတဲ့တရားခံတောင်ဖြစ်နိုင်ပါသေးတယ်နော်။ အဲဒါအပြင် သင့်ရဲ့အနေအထိုင်မဆင်ခြင်မှုက သင့်ရဲ့မိဘ၊ ဆွေမျိုးအပေါင်းအသင်းတွေကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ ဟုတ်ပါပြီ…..မိန်းမလိုက်စားရုံလောက်နဲ့များ ဘာလို့ဘဝတွေအများကြီး ပျက်စီးရမှာလို့ မေးစရာရှိပါတယ်။ အဓိက ပျက်စီးစေမယ့်အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကို ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ

သန်စွမ်းသော ဆံပင်များ မဆုံးရှုံးရလေအောင် မည်သို့ထိန်းသိမ်းမလဲ။

သန်စွမ်းသောဆံပင်များ မဆုံးရှုံးရလေအောင် ဘယ်လိုထိန်းထိမ်းရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။ အများအားဖြင့် သိသလို ရှိကြပေမယ့် သတိမမူမိကြတဲ့အချက်လေးတွေပါ။ ၁) သင့်ရဲ့ဦးရေပြားကို သန့်ရှင်းအောင်ထားပါ။ သင့်ဦးရေပြားက သင့်ဆံပင်ကောင်းခြင်းမကောင်းခြင်းအတွက် အရေးကြီးပါတယ်နော်။ သင့်ဦးရေပြားမှာ ဗောက်တွေ၊ သန်းတွေ၊ အညစ်အကြေးတွေနဲ့ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ဆံပင်တွေကို ပိုပြီး အကျျွတ်များစေနိုင်ပါတယ်။ ၂) ခေါင်းစည်းတဲ့အခါ တင်းကြပ်နေအောင်မစည်းနှောင်ပါနဲ့။ သင့်ရဲ့ဆံပင်ကို စည်းနှောင်မယ်ဆိုရင် လုံးဝပွယောင်းမနေနိုင်အောင် အရမ်းကြီး တင်းကြပ်အောင် စည်းနှောင်ခြင်းက သင့်ဆံပင်တွေကို နာစေပါတယ်။ သင့်ဆံပင်တွေက ဦးရေပြားကနေ ဆောင့်ဆွဲထားသလို ဖြစ်နေတာမို့ သင့်ရဲ့ဦးရေပြားလည်း နာကျင်စေနိုင်ပါတယ်။ သင့်ဆံပင်တွေလည်း နာတဲ့အတွက် အကျွတ်များစေပါတယ်။ ခေါင်းစည်းတဲ့အခါ ခေါင်းစည်းကြိုးနဲ့ တော်သင့်ရုံစည်းနှောင်တာအကောင်းဆုံးပါပဲ။ ၃) ပုံစံတစ်မျိုးတည်းစည်းနှောင်းခြင်းမလုပ်ပါနဲ့။ အမြဲတစ်စေ ဆံပင်ကို ဒီပုံစံအတိုင်းပဲ အမြဲစည်းနှောင်တာက သင့်ဆံသားကို ထိခိုက်နိုင်ပါတယ်။ စည်းနှောင်နေကျနေရာက အမြဲထိုနေရာကိုထိတာများလာတဲ့အခါ ထိုနေရာတစ်ဝိုက်က သင့်ဆံသားတွေက ပိုပြီးပျက်စီးလွယ်ပါတယ်။ အဲဒါကြောင့် ဆံပင်ကို မကြာခဏ စည်းနှောင်တဲ့ပုံစံပြောင်းလဲသင့်ပါတယ်။ ၄) ပျော့ဆေးကို ပုံမှန်သုံးပါ။ ခေါင်းလျှော်တဲ့အခါတိုင်းပျော့ဆေးသုံးသင့်ပါတယ်။ ပျော့ဆေးက သင့်ဆံပင်ကို လိုသလိုပျော့ပြောင်းစေတဲ့အတွက် ဖြီးရခက်ပြီး ဆံပင်ကျွတ်ထွက်တာတွေ၊ ပြတ်ထွက်တာတွေ မဖြစ်နိုင်တော့ပါဘူး။ အဖျားနှစ်ခွဖြစ်တာတွေ၊ ဆံသားကြမ်းတာတွေကိုလည်းပျော့ဆေးက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ၅) အပူအလွန်အကျွံ့မပေးပါနဲ့။ ခေါင်းလျှော်ပြီး dryer နဲ့မှုတ်တဲ့အခါ ခြောက်ချင်ဇောနဲ့ အပူတွေ လွန်ကဲစွာပေးခြင်းက သင့်ဆံပင်ကို ပျက်စီးစေပါတယ်။ အပူများတဲ့အခါ ဆံသားတွေခြောက်သွေ့ခြင်းဖြစ်နိုင်ပါတယ်။ အဲဒါအပြင် နေပူထဲသွားရင်လည်း နေပူဒဏ်ကာကွယ်နိုင်တဲ့ ဦးထုပ်၊ ထီး အကာအကွယ်ဆောင်သွားသင့်ပါတယ်။ ပြီးတော့ ဆံသားကောက်မယ်၊ ဖြောင့်မယ်ဆိုရင်လည်း အပူဒဏ်ခံနိုင်တဲ့ဆေးတွေအရင်သုံးပြီးမှ ကောက်တာဖြောင့်တာပိုကောင်းပါတယ်။ ၆) အဖျားနှစ်ခွဖြစ်နေတာမျိုးကို ညှပ်ပစ်ပါ။ သင့်ဆံပင်မှာ နီကျင်ကျင်လေးတွေဖြစ်ပြီး အဖျားနှစ်ခွဖြစ်နေတာမျိုးဆို ဆံပင်အဖျားလေးတွေကို တိပစ်လိုက်ပါ။ အဲဒါက ပိုကောင်းပါတယ်။ အဖျားနှစ်ခွဖြစ်နေတာမျိုးတွေက မတိမိတဲ့အခါ ဆံပင်က ရှည်လာပေမယ့်လည်း ခြောက်သွေ့အက်ကွဲနေတဲ့ဆံသားမျိုးဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် ဆံသားခြောက်သွေ့အက်ကွဲခြင်းကို ကာကွယ်ဖို့ အဖျားလေးတွေ တိပေးပါ။ ၇) ကိုယ့်ဆံသားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်၊ ပျော့ဆေးရွေးသုံးပါ။ သင့်ဆံပင်က ခြောက်သွေ့တဲ့အမျိုးအစားလား၊ ဆီပြန်တဲ့အမျိုးအစားလား၊ စသည်ဖြင့် မတူနိုင်ပါဘူး။ ခေါင်းလျှော်ရည်ဝယ်တဲ့အခါ ကိုယ်နဲ့ကိုက်တဲ့ခေါင်းလျှော်ရည်၊ ပျော့ဆေး ဝယ်သုံးမှသာ ငွေကုန်ရကျိုးနပ်ပြီး ကိုယ့်ဆံသာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ၈) စိုနေတဲ့ဆံပင်ကို ဘီးမဖြီးသင့်ပါ။ သင့်ဆံသားတွေ စိုနေတဲ့အချိန်မှာ ဘီးနဲ့အတင်းမရမကမဖြီးသင့်ပါဘူး။ ဆံသားတွေက စိုနေတဲ့အချိန်မှာ ပိုပြီး ပျက်ဆီးလွယ်လို့ပါ။ တဘက်လေးနဲ့ ခြောက်သွားအောင် လုပ်ပြီးတော့ဖြစ်ဖြစ် အနည်းငယ်ခြောက်သွေ့ချိန်မှသာ ဘီးအသွားကျဲကျဲနဲ့ အရင်ဖြီးသင့်ပါတယ်။ အဲဒါက သင့်ဆံပင် အထွေးလိုက်ကျွတ်ထွက်ခြင်းက ကာကွယ်နိုင်ပါတယ်။ အထက်ပါအချက်လေးတွေကတော့ ဆံပင်ကို မပျက်စီးအောင် ကာကွယ်ရမယ့် ယေဘုယျအချက်လေးတွေပါ။ ဆံသားကာကွယ်ဖို့ တကူးတက ဘာမှမလုပ်ချင်ဘူးဆိုရင်တော့ အထက်ပါအချက်လေးတွေလောက်ကို လိုက်နာလိုက်ရင်ပဲ သင့်ဆံပင်တွေ မပျက်စီးနိုင်တော့ပါဘူးနော်။ #BAWA101

ကျန်းမာရေး လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။