နောက်လိုက်ကောင်း တစ်ယောက်တွင် ရှိသော အရည်အချင်းများ

အဖွဲ့အစည်းဆိုတဲ့အတိုင်းပဲ အဖွဲ့အစည်းမှာ လက်အောက်ငယ်သားတွေ၊ အထက်လူကြီးတွေ၊ အဆင့်အမျိုးမျိုးနဲ့ရာထူးသတ်မှတ်ထားတဲ့လူတွေပေါင်းစည်းထားတာဖြစ်မှာပါ။ လူအမျိုးမျိုးစိတ်အထွေအထွေမဖြစ်ရဘဲ အားလုံတစ်စိတ်တည်းတစ်ဝမ်းဖြစ်ခြင်းက အဖွဲ့အစည်းကောင်းဖြစ်စေပါတယ်။ အဖွဲ့အစည်းကောင်းတစ်ခုက အလုပ်တွေအမြန်ဆုံးပြီးဆုံးအောင် ဖန်တီးနိုင်လို့ အမြန်ဆုံးလည်း တိုးတက်နိုင်တဲ့အဖွဲ့အစည်းဖြစ်နိုင်ပါသေးတယ်။ အဲလိုအမြန်တိုးတက်ဖို့ ဆရာကောင်းရှိဖို့လိုသလို ဆရာကောင်းအတွက် နောက်လိုက်ကောင်းတွေရှိဖို့လည်း လိုပါတယ်။ နောက်လိုက်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေကို ခုပဲ ဖော်ပြပေးလိုက်ပါတယ်။ ၁) စီမံမှုကို နာခံလွယ်ခြင်း အထက်လူကြီးက စီမံပေးလိုက်တဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နာခံတတ်ခြင်းက အလုပ်ပြီးမြောက်ဖို့ အချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ ၂) တာဝန်ကျေခြင်း အလုပ်ကို အလုပ်လို့သဘောမထားဘဲ မိမိရဲ့တာဝန်တစ်ရပ်အနေနဲ့ ပြီးဆုံးသည်အထိ အားခဲပြီး လုပ်တတ်တဲ့နောက်လိုက်တွေများလာတဲ့အခါ အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာပါတယ်။ ၃) အဖွဲ့အစည်းရဲ့အကျိုးကို မိမိရဲ့အကျိုးကဲ့သို့တွေးခြင်း တစ်ချို့နောက်လိုက်တွေက အလုပ်ချိန်မှာ မလွဲမရှောင်သာအလုပ်လုပ်နေရပေမယ့် အလုပ်ချိန်ပြီးမြောက်ရင်တော့ ဘာမှထပ်မတွေးတော့ပါဘူး။ အချိန်ပြည့်အလုပ်ကိုတွေးပြီး ဖိစီးနေတာမျိုးတော့မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ဒီအလုပ်အောင်မြင်ခြင်းသည် ရလဒ်ကို မျှဝေခံစားနိုင်ခြင်း အကျိုးကို အဖွဲ့အစည်းတစ်ခုလုံးခံစားရမှာကို နားလည်သင့်တာပါ။ အဲလိုနားလည်မှ အားကြိုးမာန်တက်စည်းလုံးစွာကြိုးစားတဲ့အဖွဲ့က အကျိုးရလဒ်တွေ များသထက်များလာပြီး အဖွဲ့အစည်းကလည်း ပိုတိုးတက်လာနိုင်မှာပါ။ ၄) စည်းလုံးမှုရှိခြင်း၊ တက်ကြွမှုရှိခြင်း နောက်လိုက်တွေ စည်းလုံးမှုရှိတဲ့အခါ အဖွဲ့အစည်းက ပိုပြီး တက်ကြွလာပါတယ်။ အလုပ်မြန်မြန်ပြီးနိုင်ပါတယ်။ အလုပ်မြန်မြန်ပြီးတော့ ပိုပြီတက်ကြွနိုင်သလို စိတ်ဓာတ်ခွန်အားလည်းဖြစ်လာသလို ယုံကြည်မှုတွေတိုးလာပါတော့တယ်။ အဲဒီ့တော့ ထိုကဲ့သို့အဖွဲ့အစည်းက အောင်မြင်လာပြီပေါ့။ အဲဒါကြောင့်နောက်လိုက်တွေမှာ စည်းလုံးဖို့လဲလိုပါတယ်။ ၅) အချောင်ခိုချင်စိတ်မရှိခြင်း နောက်လိုက်တစ်ဦးချင်းက ကိုယ့်တာဝန်ကိုယ်ကျေအောင် ကြိုးစားကြတဲ့အခါ အပြစ်လွှဲချမှုမျိုးမရှိနိုင်တော့ပါဘူး။ တစ်ချို့သော နောက်လိုက်တွေက အချောင်ခိုချင်တဲ့စိတ်မျိုးရှိနေတဲ့အခါ တစ်ဦးကိုတစ်ဦးအပြစ်လွှဲချတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲလိုမျိုးကြုံလာတဲ့အခါ အဖွဲ့အစည်းမှာ စည်းလုံးမှုပျောက်နိုင်ပါတယ်။ စည်းလုံးမှုပျောက်တဲ့အခါ အဖွဲ့အစည်းမတိုးတက်နိုင်တော့ပါဘူး။ အဲဒါကြောင့် နောက်လိုက်တစ်ဦးချင်း အချောင်ခိုချင်စိတ်မရှိဖို့အရေးကြီးပါတယ်။ ၆) အမှားပြင်တတ်ခြင်း အမှားမရှိတဲ့သူက အလုပ်မလုပ်လို့ပါပဲ။ အမှားတွေကြုံလာတဲ့အခါ ပြုပြင်ဖို့ ကြိုးစားခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းပါပဲ။ အမှားတွေထဲက သင်ယူမယ်၊ နောက်မမှားအောင်ကြိုးစားမယ်၊ ပြင်ဆင်မယ် အဲဒါမှ နောက်လိုက်ကောင်းဖြစ်နိုင်တာပါ။ ၇) အလုပ်ခွင်မှာ ပျော်ရွှင်ခြင်း တစ်ချို့သောနောက်လိုက်တွေက အလုပ်ကို မဖြစ်မနေလုပ်နေတာမျိုးမို့ အလုပ်ခွင်မှာ လုံးဝပျော်ရွှင်မှုမရှိပါဘူး။ အလုပ်ကိုမပျော်ရွှင်တဲ့အခါ အလုပ်ကို ဝတ်ကျေတန်းကျေပဲလုပ်ပါတော့တယ်။ အဲဒီ့အခါ အလုပ်တွေမပြီးမြောက်နိုင်တော့ပါဘူး။ ထိုကဲ့သို့ နောက်လိုက်တွေများလာတဲ့အခါ အဖွဲ့အစည်းလည်း မတိုးတက်နိုင်တော့ပါဘူး။ အလုပ်ခွင်မှာ ပျော်ရွှင်ခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းတစ်ခုပါပဲ။ ၈) အလုပ်ခွင်မှာ သင်ယူချင်စိတ်ရှိခြင်း လုပ်ငန်းခွင်ကနေ ကိုယ်မသိသေး၊ မတတ်သေးတာတွေကို အစွမ်းကုန်သင်ယူချင်စိတ်ရှိခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပါ။ သင်ယူချင်စိတ်ရှိမှ သင်ယူတဲ့အခါပိုပြီး တတ်လွယ်နိင်ပါတယ်၊ အရည်အချင်းတွေတိုးတက်လာနိုင်ပါတယ်။ ၉) အခြားသူများနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း လုပ်ငန်းခွင်မှာ ကိုယ်တစ်ယောက်တည်းလုပ်ကိုင်ရတာမဟုတ်တဲ့အတွက် ဆက်ဆံရေးပြေပြစ်ဖို့လည်းလိုပါသေးတယ်။ ဆက်ဆံရေးမပြေပြစ်တဲ့အခါ အဖွဲ့အစည်းက စည်းလုံးမှုမရှိနိုင်ပါဘူး။ ၁၀) အကြံဉာဏ်ကောင်းများပေးနိုင်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က ဆရာလုပ်သူကို လိုအပ်တဲ့နေရာမှာလည်း အကြံဉာဏ်ကောင်းများပေးနိုင်ပါသေးတယ်။ တိုင်ပင်တတ်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလည်း အကြံဉာဏ်ကောင်းများပေးတတ်ခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းပဲဖြစ်ပါတယ်။ ၁၁) အကောင်းမြင်တတ်ခြင်း အကောင်းမြင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်ခွင်အမြဲအကောင်းတွေချည်းကြုံနေမှာမဟုတ်သလို အဆိုးတွေချည်းလည်းကြုံနေမှာမဟုတ်ပါဘူး။ အဆိုးတွေကြုံလာတဲ့အခါ စိတ်ပျက်လက်လျှော့ခြင်းနဲ့နောက်မဆုတ်တတ်စေဖို့ အကောင်းမြင်တတ်ခြင်းလည်း လိုပါတယ်။ ၁၂) ရိုးသားဖြောင့်မတ်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က ရိုးသားဖို့လဲလိုပါသေးတယ်။ အလုပ်အပေါ်မှာ ရိုးသားမှာသာ စောင့်ထိန်းသင့်တာစောင့်ထိန်းနိုင်မှာပါ။ မရိုးသားတဲ့နောက်လိုက်တစ်ယောက်လောက်သာ အဖွဲ့အစည်းမှာပါလာခဲ့ရင် ထိုအဖွဲ့အစည်းအတွက် အရမ်းကိုအန္တရာယ်များနိုင်ပါတယ်။ ၁၃) မျှဝေခံစားနိုင်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က အလုပ်ခွင်မှာ ဆိုးခြင်း၊ ကောင်းခြင်းကို မျှဝေခံစားတတ်တဲ့အကျင့်ရှိဖို့လိုပါတယ်။ နောက်လိုက်အချင်းချင်း မျှဝေခံစားတတ်မှသာ နောက်လိုက်အချင်းချင်းစည်းလုံးပြီး အဖွဲ့အစည်းတိုးတက်နိုင်မှာပါ။ ၁၄) အလုပ်နှင့်ပတ်သက်ပြီး ဂုဏ်ယူတတ်ခြင်း အလုပ်နဲ့ပတ်သက်ပြီး အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသော စိတ်လေးထားတတ်ဖို့လိုပါသေးတယ်။ အလုပ်နဲ့ပတ်သက်ပြီး ဂုဏ်ယူတတ်မှသာ အလုပ်ကို တက်ကြွစွာလုပ်ချင်စိတ်ရှိမှာပါ။ အဖွဲ့အစည်းတစ်ခုအောင်မြင်တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းရှိဖို့လိုသလို နောက်လိုက်ကောင်းလည်းရှိဖို့လိုပါတယ်။ အဲဒါမှသာ ပိုမိုတိုးတက်အောင်မြင်သော အဖွဲ့အစည်းဖြစ်လာနိုင်မှာပါ။ နောက်လိုက်ကောင်းတွေဖြစ်နိုင်ကြပါစေ။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။