ညဘက်ဗိုက်ဆာလာရင် မစားဖြစ်အောင်ထိန်းသိမ်းမည့်နည်းများ
ညဘက်ဗိုက်ဆာလာရင် မစားဖြစ်အောင်ထိန်းသိမ်းမည့်နည်းများ #BAWA101
လူတိုင်းက ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ရတာပါ။ ကိုယ့်ဘဝကိုကောင်းမွန်စွာတည်ဆောက်ချင်တဲ့အခါ ကောင်းမွန်တဲ့သူတွေနဲ့သာ ဝန်းရံထားဖို့လိုပါတယ်။ ကိုယ်တိုင်ကလည်း လူကောင်းတစ်ယောက်ဖြစ်ဖို့လိုသလို ကိုယ့်ပတ်ဝန်းကျင်မှာလည်း လူကောင်းတွေနဲ့သာ ဝန်းရံထားခြင်းက ကောင်းမွန်တဲ့ဘဝတစ်ခုတည်ဆောက်ဖို့ အဓိက လိုအပ်ချက်ပါပဲ။ အဲဒါကြောင့် သင့်ဘဝအတွက် မပတ်သက်သင့်တဲ့လူအမျိုးအစားတွေကို ဖော်ပြလိုက်ပါတယ်။ ၁) သူတို့အကျိုးအတွက် သူများဘဝကို နင်းချေတတ်သူမျိုး ထိုသူမျိုးကို ပတ်သက်ပေါင်းသင်းမိနေပြီဆိုရင်တော့ အမြန်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။ ထိုသူမျိုးဟာ သင့်အပေါ်မှာ အခုနေကောင်းနေပေမယ့် သူတို့အကျိုးရှိမယ်ဆိုရင် တစ်ချိန်ချိန်မှာ သင့်ဘဝကို နင်းချေသွားဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ၂) နောက်ကျော ဓားနဲ့ထိုးမယ့်သူမျိုး ထိုသူမျိုးကတော့ သင့်အပေါ်မှာ အရမ်းကိုယုံကြည်ရအောင် နေပြမယ့်သူမျိုးပါပဲ။ သင်ရင်ဖွင့်သမျှ၊ သင်အခက်အခဲ အကြပ်အတည်းကြုံလာသမျှ သင့်ကို နားထောင်ပေးပါလိမ့်မယ်။ အဲဒါကို သင့်က ယုံကြည်နေမိပြီး သူ့အပေါ်မှာ သင်ကိုယ်တိုင်ချွင်းချက်မရှိယုံကြည်နေတတ်တဲ့အချိန်မျိုးကျမှ သင့်ရဲ့မကောင်းသောအတင်း၊ သင့်ရဲ့အားနည်းချက်၊ သင့်ရဲ့ ဝမ်းနည်းမှု၊ သင့်ရဲ့အားငယ်မှုကိုအားလုံးကို သူများထက်ပိုသိထားတဲ့အတွက်ကို သင့်ကိုအားလုံးချိုးနှိမ်ပြီးမှ သင့်အနားကထွက်သွားမယ့်သူမျိုးပါ။ ၃) သနားတတ်ပြီး မုဒိတာမပွားတတ်သူမျိုး ထိုသူမျိုးကတော့ အင်မတန်မှ သင့်အပေါ်သနားပေးမယ့်သူပါပဲ။ သင့်အဆင်မပြေရင် သင့်ကိုကူညီပေးပါလိမ့်မယ်။ သင်အခက်အခဲကြုံလာရင် သူက ဝင်မဖြေရှင်းပေးနိုင်ပေမယ့် အားပေးပါလိမ့်မယ်။ သင်အဆင်မပြေချိန်မှ သူတို့လိုလူမျိုးနဲ့ အဆင်ပြေနေမှာပါ။ သင်က သူ့ထက်သာလွန်တဲ့အခြေအနေတစ်ခု ရသွားပြီဆိုပါစို့…..။ အဲလိုအခြေအနေမှာမှ သူ့ရဲ့ စိတ်ဓာတ်ကပေါ်လာတတ်တာပါ။ သင်ကတော့ သင့်ကိုအမြဲအားပေးတတ်သူ၊ သနားပေးတတ်သူမို့ သင့်ရဲ့ကျားကုတ်ကျားခဲကြိုးစားထားပြီးရလာတဲ့အောင်မြင်မှုကို သင်က သူ့ကိုအားရဝမ်းသာပြောပြမိတဲ့အခါမျိုးကျမှသာ သူကတော့ သင့်အပေါ်သနားစိတ်မထားနိုင်တော့ဘဲ သင့်နဲ့လည်းထပ်တူဝမ်းမသာနိုင်မယ့်သူမျိုးပါ။ သင်အောင်မြင်လာလေ သူကတော့ သင့်နဲ့ထပ်တူမုဒိတာမပွားနိုင်၊ ဟန်ဆောင်တောင်မပြုံးပြနိုင်တော့ဘဲ သင်နဲ့အဝေးဆုံးကို ထွက်သွားပြီး မကောင်းပြောနေမယ့်သူမျိုးပေါ့။ ၄) ပျက်စီးခြင်းလမ်းကြောင်းပေါ် အပါခေါ်မယ့်သူမျိုး ထိုလူမျိုးကတော့ သင့်အပေါ်မှာ အရမ်းကိုကောင်းပြမယ့်သူမျိုးပါပဲ။ ဒါပေမယ့် သင့်ကိုသူတို့ရဲ့မကောင်းသောအကျင့်တွေကို ထုတ်ပြမှာတော့မဟုတ်ပါဘူး။ သင့်ကိုအရမ်းရင်းနှီးအောင်ပေါင်းပြပါလိမ့်မယ်။ သင်က သူတို့အပေါ်အကောင်းချည်းမြင်နေပြီဆိုတဲ့အချိန်ကျရင်တော့ သူတို့ရဲ့မကောင်းသောအကျင့်စရိုက်တွေထဲ သင့်ကိုစတင်ဆွဲခေါ်တော့မှာပါ။ ဥပမာ။ စိတ်ကြွဆေးသုံးနေတဲ့ သူတစ်ယောက်ကို သင်ကမသိဘဲ ပေါင်းသင်းမိနေတယ်ဆိုပါစို့။ သင့်အပေါ်မှာ သူကအနွံအတာခံလွန်းလို့ သင်ကသူ့ကို အရမ်းကိုခင်မင်နေပြီဆိုမှ သူသုံးနေတဲ့ စိတ်ကြွဆေးကို သုံးကြည့်ဖို့ဆွယ်လာပါတော့တယ်။ အရက်သောက်တတ်သူလည်း ထိုနည်းလည်းကောင်းပါပဲ။ ထိုသူမျိုးကတော့ သူတို့ဘဝပျက်စီးရတာတင် နောင်တမရနိုင်ဘဲ ဘေးပတ်ဝန်းကျင်ပါ သူတို့လိုပျက်စီးအောင်ဖျက်ဆီးပစ်မယ့်သူမျိုးပါ။ ၅) ရသမျှ ယူတတ်သူမျိုး ထိုသူမျိုးက သင့်မှာ သူတို့အတွက် ပေးနိုင်ကမ်းနိုင်တာရှိနေသရွေ့ သင့်ဆီကရသလောက်ယူနေမှာမို့ သင့်အပေါ်မှာကောင်းနေအုံးမှာပါ။ သင့်ဆီက သူတို့အတွက် ရစရာမရှိတော့ဘူးဆိုရင်တော့ သင့်အပေါ်မှာ ဘာမှမကောင်းနိုင်တော့သလို ဟန်ဆောင်ပန်ဆောင်တောင် သင့်အနားမှာနေတော့မှာမဟုတ်ပါဘူး။ ထိုသူမျိုးက သင့်အပေါ်မှာကောင်းနေတယ်ဆိုရင်တော့ စိတ်ချပါ သင်ထံက သူတို့လိုချင်တာရနေလို့ပါ။ ၆) ကိုယ့်အတွက်သာကြည့်တတ်သူမျိုး သင့်ထံ သူတို့ရဲ့အခက်အခဲတွေ၊ ပြ ဿနာတွေ၊ အကြပ်အတည်းတွေကို မကြာခဏလာလာပြီး ပြောပြအကူအညီတောင်းဖူးတဲ့သူတွေရှိမှာပါ။ ဒါပေမယ့် သင်အခက်အခဲကြုံရတဲ့အခါ သူတို့က သင့်အပူတွေကို ဘယ်လိုမှဝင်မခံစားပေးနိုင်ဘဲ သူတို့အပူသာသင့်ထံသယ်လာရင်ဖွင့်တာမျိုးပေါ့။ သူတို့အပူဒုက ္ခ ကြုံနေချိန်မှာ သင်ကနားလည်ခံစားပြီး သင့်အပူလို့သဘောထားဖြေရှင်းပေးတတ်ခဲ့ပေမယ့် သင့်အပူကြုံရတဲ့အလှည့်ကျတော့ မသိချင်ယောင်ဆောင်နေတဲ့အပြင် နားထောင်ပေးဖို့နေနေသာသာ သူတို့ကိုအပူလာမပေးစေချင်တဲ့သူမျိုးပါ။ ပြောရရင်တော့ တကိုယ်ကောင်းဆန်တတ်သူများပါပဲ။ ၇) မပြုပြင်တတ်သူမျိုး ထိုသူမျိုးကတော့ သင့်ကိုစိတ်ရှုပ်စေမယ့်သူမျိုးပါ။ ပြ ဿနာတွေကြုံလာတိုင်း သင့်ကိုလာညည်းပါလိမ့်မယ်။ သင်ကလည်း သနားပြီး ကူညီဖြေရှင်းပေးလိုက်မယ်ဆိုပါစို့။ မပူပါနဲ့ အဲလိုလူမျိုးက မကြာခဏ သင့်ထံလာပြီးဖြေရှင်းခိုင်းမယ်၊ ညည်းတွားမယ်၊ သူတို့ကိုယ်တိုင်တော့ သူတို့အမှားတွေကို ပြုပြင်ယူဖို့၊ စဉ်းစားမှာမဟုတ်ပါဘူး။ အဲလိုလူမျိုးကျတော့ ခိုနဲ့တူပါတယ်။ အမြဲညည်းတွားနေပြီး အဆင်ပြေဖို့ ဘာကိုမှ ကြိုးစားပြုပြင်မှာမဟုတ်ပါဘူး။ ကြာလာတော့ သင်သာ စိတ်ရှုပ်မှုကို ခံစားရပါလိ့မ်မယ်။#BAWA101
လမ်းလျှောက်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ
ဒီနေ့ခေတ်မှာ အလုပ်တွေပိုပြီး ကြိုးစားလာကြရတဲ့အတွက် လေ့ကျင့်ခန်းသတ်သတ်လုပ်ဖို့ အချိန်မပေးနိုင်ကြတာများပါတယ်။ လေ့ကျင့်ခန်းကို အထူးတလည်အချိန်မပေးနိုင်သူများအတွက် အလွယ်တကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါပဲ။တစ်နေ့မှာ ၁၅မိနစ်ခန့်လမ်းလျှောက်ရုံနဲ့တင် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။#BAWA101
အွန်လိုင်းပေါ်မှ ကြိုက်နှစ်သက်သော ကောက်နုတ်ချက်များ
ဒီနေ့အတွက် အွန်လိုင်းပေါ်တွင် ကြိုက်နှစ်သက်သော ကောက်နုတ်ချက်။
အဆီများသော အစားအစာများ မစားသင့်သည့် အကြောင်းအရင်းများ
အဆီများသော အစားအစာများ မစားသင့်သည့် အကြောင်းအရင်းများ #BAWA101
ဘဝကိုလက်လျှော့အရှုံးပေးချင်နေလျှင် ဘာတွေလုပ်ရမလဲ
၁) ကိုယ့်ကိုကိုယ်အားပေးပါ။ လောကမှာ သင့်ကိုသင်ဆွဲချနိုင်တာလဲ သင်ကိုယ်တိုင်ပါပဲ။ အမြင့်ဆုံးရောက်အောင် တွန်းပို့နိုင်တာလည်း သင်ကိုယ်တိုင်ပါပဲ။ အဲဒီတော့ ဘဝကိုလက်လျှော့အရှုံးပေးချင်လာတဲ့အခါ ဘယ်သူကမှ လာပြီးအားပေးတာကို မျှော်လင့်မနေပါနဲ့။ လောကမှာ လူတိုင်းက သူ့အပူနဲ့သူအနည်းအများ ရှိကြတာချည်းပါ။ ကိုယ့်ကိုကိုယ် ပြန်အားပေးမှသာ သင်ကိုတကယ်ပြန်ဆွဲတင်နိုင်မှာပါ။ “ငါလုပ်နိုင်ပါတယ်…..” ဆိုတဲ့စကားကို သင်ကိုယ်တိုင်ပြန်ကြားနိုင်အောင် ရေရွတ်ကြည့်ပါ။ အားပြန်တက်လာသလို ခံစားရပါလိမ့်မယ်။ ၂)အရှုံးမပေးနိုင်ဘူးလို့ ပြန်တွေးပါ။ တကယ်တမ်းအရှုံးပေးနိုင်လား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ အရှုံးပေးလိုက်တဲ့နောက်ဘာတွေဆက်ဖြစ်လာမလဲ…..ကိုယ့်အတွက်အနာချည်းပါပဲနော်။ အတွေးနဲ့တင် ခံစားချက်က တော်တော်ဆိုးဝါးပါတယ်။ အရှုံးပေးလိုက်ပြီလို့ တွေးမှသာ တကယ်ရှုံးသွားတာပါ။ အခုက ရှုံးသွားပြီလို့ သင်ထင်နေတာပါ။ အရှုံးမပေးသေးသရွေ့ သင်အနိုင်ရနိုင်ပါသေးတယ်။ “ငါဘာလို့အရှုံးပေးရမှာလဲ…ငါအနိုင်ယူနိုင်ပါတယ်” လို့ထပ်ခါထပ်ခါတွေးပါ။ ကိုယ့်ကိုကိုယ်ကြားအောင် ထပ်ခါထပ်ခါပြောကြည့်ပါ။ အရှုံးချင်လာတိုင်း ထိုကဲ့သို့ ရေရွတ်နေပါနော်။ ၃) အရှုံးမပေးနိင်ရင် ဘာဆက်လုပ်သင့်မလဲတွေးပါ။ အရှုံးမပေးချင်တဲ့နောက်တော့ အနိုင်ပြန်ရအောင်လုပ်မယ့်နည်းလမ်းတွေ တစ်ခုပြီးတစ်ခုစဉ်းစားပါ။ အရှုံးပေးချင်တဲ့အာရုံတွေ ပြောင်းသွားတာပေါ့။ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ…..ဆိုတာကိုသာ တွေးနေပါ။ အကြံရတာနဲ့ ထိုအတွေးအတိုင်းသာ ချက်ချင်းထလုပ်ပစ်လိုက်ပါ။ ၄) အခက်အခဲကို အောင်မြင်မှုဆီသွားမယ့် လမ်းကြောင်းလို့်မှတ်ပါ။ လူတိုင်းအခက်အခဲပေါင်းစုံရှိကြတာပဲလို့တွေးပါ။ လောကမှာ အခက်အခဲမရှိတဲ့သူဆိုတာ မရှိပါဘူး။ အနည်းအများပဲကွာတာပါ။ အဲဒီ့တော့ ခုသင်ကြုံနေရတာတွေကလည်း လူတိုင်းကြုံနေကျအခက်အခဲမျိုးစုံတွေထဲက တစ်ခုပါပဲ။ ပြီးတော့ ခုကြုံနေရတဲ့အခက်အခဲတွေထက် တစ်ချို့သူတွေဆိုရင် ပိုကြီးမားတဲ့အခက်အခဲတွေတောင် ကြုံနေရပါသေးတယ်။ ကိုယ့်ထက်ပိုပြီးအခက်အခဲကြီးမားစွာကြုံနေတဲ့သူတွေကို ရှာပါ။ သူတို့နေရာမှာသာ ကိုယ်ဆိုရင် ဘယ်လိုလုပ်မလဲတွေးပါ။ ကိုယ်ကြုံတွေ့နေရတာက သူတို့ထက်စာရင် အများကြီးတော်ပါသေးတယ်လို့ တွေးပါ။ အဲဒီ့တော့ သင့်အခက်အခဲကို သင်ဖြေရှင်းနိုင်ပါသေးတယ်။ ၅) အကောင်းဘက်တွေးနိုင်သမျှ တွေးပေးပါ။ “ငါတော့ ကျရှုံးသွားပါပြီ….” လို့တွေးတာက ကိုယ့်ကိုကိုယ်ပိုပြီး စိတ်ဆင်းရဲအောင်ဆွဲချနေပါလိမ့်မယ်။ “တစ်ခါကျရှုံးတော့ ဘာဖြစ်သေးလဲ၊ နောက်တစ်ခါ ကြိုးစားတာပေါ့” လို့ တွေးတတ်အောင်တွေးပါ။ အမှားတွေ အရှုံးတွေထဲက သင်ခန်းစာယူတတ်အောင် ယူပါ။ အဲဒါကသာ အရှုံးတစ်ခါကြုံရလေ သင်ခန်းစာတစ်ခါတိုးလေမို့ သင့်ဘဝကို ပိုပြီး အတွေ့အကြုံများပြီး ရင့်ကျက်လာစေမှာပါ။ ၆) တရားထိုင်ပါ။ စာဖတ်ပါ။ စိတ်တည်ငြိမ်သွားစေမယ့် တစ်ခုခုကိုလုပ်လိုက်ပါ။ တရားထိုင်ခြင်းကလည်း စိတ်ကိုငြိမ်စေပါတယ်။ စာဖတ်တာမျိုး၊ ကိုယ်စိတ်ပါဝင်စားတဲ့အရာတစ်ခုခုကို လုပ်နေတာမျိုးက စိတ်ကိုတည်ငြိမ်သွားစေတဲ့အတွက် အခြားမကောင်းသော အတွေးတွေမဝင်စေနိုင်တော့ပါဘူး။ အဲဒီ့အခါကျမှ ကိုယ့်ကိုကိုယ် ပြန်တွေးပြီး ပြန်သုံးသပ်နိုင်မှာပါ။ ၇) ပန်းတိုင်အသေးလေးတွေချမှတ်တာက ပန်းတိုင်အကြီးကြီးဆီ သွားနိုင်မှာပါ။ ဒီတစ်ခါတော့ ကျရှုံးခဲ့ရတယ်။ နောက်တစ်ခါမကျရှုံးဖို့ အသေးစားပန်းတိုင်လေးတွေအရင်ချရေးသတ်မှတ်ပါ။ ပန်းတိုင်အသေးလေးတွေ တဆင့်ပြီးတဆင့်တည်ဆောက်သွားတာက သင့်ကိုသင်ပိုပြီး ယုံကြည်မှုရလာမှာဖြစ်သလို ပန်းတိုင်အကြီးကြီးဆီရောက်ဖို့ ခွန်အားတွေဖြစ်လာမှာပါ။ ၈) ကျရှုံးမှုတွေကြုံလာတိုင်း သင့်ကိုသင်အသုံးမကျသူတစ်ယောက်လို့မတွေးပါနဲ့။ ကျရှုံးမှုနဲ့ အောင်မြင်မှု နှစ်ခုပဲရှိတဲ့နောက်တော့ သင်ကျရှုံးမှုကြုံလာရတာဘာဆန်းသေးလဲ။ ကျရှုံးမှုမကြုံရတော့ရင် အောင်မြင်မှုနဲ့ကြုံလာရမှာပဲလေ။ ကျရှုံးမှုကြုံလာရတာက အောင်မြင်မှုရလာဖို့အတွက် ခွန်အားပါ။ ကျရှုံးဖူးမှ အောင်မြင်မှုကို ပိုပြီးလိုချင်လာမှာလေ။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲတွေးပါ။ ကျရှုံးရတာက အောင်မြင်ဖို့အတွက်ပဲမို့ ကျရှုံးရတာနဲ့တန်အောင် ပြန်ကြိုးစားလိုက်ပေါ့။ ဘယ်လောက်ပဲရှုံးရှုံးအရေးမကြီးဘူး သင်တကယ်အရှုံးမပေးဖို့ကသာ တကယ်အရေးကြီးတာပါ။#BAWA101
ကလေးများငယ်ငယ်ထဲက မဖြစ်မနေသင်ယူသင့်ကော အကျင့်ကောင်းလေးများ။
အခုခေတ်ကြီးထဲမှာ မေမေတို့ဖေဖေတို့တတွေ ကလေးငယ်ငယ်ထဲက အင်္ဂလိပ်စာ သင်တန်းတွေထားမယ်။ ကျောင်းစာတွေ စောသင်ခိုင်းထားမယ်။ ဒါမှမဟုတ် အနုပညာနဲ့ ပါတ်သက်တဲ့ တူရိယာတွေ တီးမှုတ် အသုံးပြုတတ်အောင် သင်တန်းတွေ ပို့ထားကြပါတယ်။ သားသားမီးမီးတို့ ရှေ့ ရေးကောင်းဖို့အတွက် ကောင်းမယ်ထင်တဲ့ သင်တန်းတွေကို ငွေ၊အချိန်၊လူအင်အားများစွာ ကုန်ကြခံပြီးတော့ကို ထားနေကြတာ တွေ့ရပါတယ်။ ဘဝမှာ ကိုယ့်သားသမီးလေးတွေ သူတစ်ပါးထက် နှာတစ်ဖျားသာအောင် လိုချင်တဲ့ရည်မှန်းချက်တွင် အလွယ်တကူ ရောက်ရှိနိုင်အောင် အကူအညီပေးမည့် ဘာသာရပ်တွေ အတတ်ပညာတွေကို ကလေးတွေ ငယ်ငယ်ထဲကနေ သင်ယူနိုင်ဖို့ ကြိုးစားနေကြတဲ့ မိဘတွေရဲ့ စေတနာက တကယ့်ကိုအံ့မခန်းပါပဲဗျာ။ ထိုကဲ့သို့ သင်တန်းများကိုထားတာကလည်း ထားရမှာပဲဖြစ်သလို လူတစ်ယောက်ဖြစ်လာရင် လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်တဲ့ အခြားသော စိတ်ဓါတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို တိုးတက်လာအောင် လုပ်ပေးဖို့လည်း လွန်စွာမှ အရေးကြီးတယ်လို့ ထင်ပါတယ်။ အချို့ ကပညာတွေ အရမ်းတော်ပါတယ် ဒါပေမယ့် ရဲရင့်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ အရည်အချင်းမရှိလ ျှင်တော့ ဘဝမှာခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ထိုနည်းတူ ပညာတွေတတ် အရည်အချင်းတွေရှိပြီး အခြားသူတွေနဲ့အတူ အင်တိုက်အားတိုက် အလုပ်ပြီးမြောက်အောင် လက်တွဲပြီး မလုပ်နိုင်ဘူးဆိုရင်လည်း ဘဝမှာ လုပ်ငန်းကြီးတွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ထို့ကြောင့်ပုံတွင်ဖော်ပြထားတဲ့အတိုင်း ဘဝမှာ အရေးကြီးတဲ့ ၁) လိုက်လျောညီထွေနေတတ်သော အကျင့် ၂) ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာ ပြောဆိုတတ်သော အကျင့် ၃) အဖွဲ့အစည်းဖြင့်လုပ်ဆောင်တတ်သော အကျင့် ၄) ပြသာနာကို လ ျှင်မြန်စွာ ဖြေရှင်းနိုင်ခြင်း ၅) ကိုယ့်ကိုယ်ကို စီမံခံခွဲနိုင်ခြင်း ၆) စူးစမ်းမေးမြန်းတတ်သော အကျင့် ၇) ကိုယ်ချင်းစာတတ်သော အကျင့် ၈) ဖန်တီးခြင်း နှင့် ဆန်းသစ်တီထွင်တတ်ခြင်း အစရှိသော အကျင့်ကောင်းများကို ဖေဖေတို့မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေ သင်ယူလေ့လာနိုင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာအောင်လည်း ဖန်တီးပေးရမှာ ပဲဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဒီလိုအကြောင်းအရာတွေနဲ့ ပါတ်သက်ပြီး အားနည်းတယ်လို့ ခံစားရတယ်ဆိုရင်လည်း ထိုကဲ့သို့ ဘဝအတွက် တန်ဖိုးရှိတဲ့ အရည်အသွေး(Value) တွေကို နားလည်အောင် သင်ကြားပို့ချပေးနေတဲ့ သင်တန်းကောင်းတွေ ရွေးချယ်တတ်ဖို့လိုပါလိမ့်မယ်။ မြင့်မြတ်သော စိတ်ထားရှိတဲ့ လူတော်လူကောင်းလေးတွေရဲ့ မေမေဖေဖေတွေ ဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ #BAWA101
ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား
နိုင်ငံပေါင်း ၅၀ မှာ I Love You လို့ပြောနိုင်ရန်
နိုင်ငံပေါင်း ၅၀ မှာ I Love You လို့ပြောနိုင်ရန် #SpreadTheLove #BAWA101
စီးပွားရေးလုပ်ငန်းရှင်ကြီး Jack Ma ၏မှတ်သားဖွယ်စကားမျာ
စီးပွားရေးလုပ်ငန်းရှင်ကြီး Jack Ma ၏မှတ်သားဖွယ်စကားများ#BAWA101
တစ်ပါတ်စာအတွက် လိုအပ်နေသော ခွန်အားများပေးနိုင်ရန် ကောက်နုတ်ချက်များ
တစ်ပါတ်စာအတွက် လိုအပ်နေသော ခွန်အားများပေးနိုင်ရန် ကောက်နုတ်ချက်များ#BAWA101
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
စိတ်ဖိစီးမှုများပြေပျောက်စေသော လုပ်ဆောင်ချက် ၁၂ ချက်
စိတ်ဖိစီးမှုများပြေပျောက်စေသော လုပ်ဆောင်ချက် ၁၂ ချက်#BAWA101