ကိုးကားစာများ

ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

"ကိုဗစ်ကာလအတွင်းမှာ ကျန်းမာရေးအတွက် ဂရုတစိုက်လိုက်နာပြီး နေထိုင်စားသောက်သင့်တဲ့ပုံစံ”

အခုဆိုရင် ကိုဗစ်ကာလက အင်မတန်ရှည်ကြာခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုဗစ်ကိုကြောက်လန့်ပြီး အိမ်ပြင်မထွက်ဘဲလည်း နေလို့မရတဲ့အနေအထားတစ်ခုဖြစ်လာပါပြီ။ စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်သင့်ရင်ထွက်ရမယ့်ကိစ္စတွေ၊ ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းတွေကို ပြန်ပြီးလည်ပတ်ဖို့ကိစ္စတွေ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ကိုထွက်ရတဲ့အခါ ကိုဗစ်နဲ့အတူယှဥ်တွဲနေထိုင်သွားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရတော့မှာဖြစ်ပါတယ်။ တနည်းအားဖြင့် New Normal lifestyle ကို လက်ကိုင်ထားပြိး လုပ်သင့်လုပ်ထိုက်တာကို လုပ်မှဖြစ်တော့မှာပါ။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်ပြီးသားဖြစ်အောင် ကိုယ့်ရဲ့လုပ်ငန်းတွေနဲ့ စားဝတ်နေရေးအခြားသောကိစ္စတွေအတွက်လည်း လည်ပတ်နိုင်အောင် အောက်ပါနည်းလမ်းတွေကို ပုံမှန်လုပ်ရိုးလုပ်စဥ်လို ကျင့်သုံးနေထိုင်သွားသင့်ပါတယ်။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

သင့်စိတ်ခံစားချက်တွေက သင့်ခန္ဓာကိုယ်မှာ ဘယ်လိုထိခိုက်စေနိုင်သလဲ။

စိတ်ခံစားချက်တွေက သင့်ရဲ့ကျန်းမာ‌ရေးအပေါ်မှာလည်း အများကြီးထိခိုက်မှုရှိပါတယ်။ စိတ်ဆောင်ရင် ဘယ်အရာကိုမဆို ကျော်််််လွှားလိုစိတ်ဖြစ်လာစေနိုင်တာပါ။ အဲဲဲဒါကြောင့်စိတ်ခံစားချက်တွေက အများကြီး ကျန်းမာ‌ရေးကို သက်ရောက်စေနိုင်တာပေါ့။ Dopamine., Serotonin., Oxytocin, Endorphins စတဲ့ ဟေ်မုန်းအမျိုးမျိုးက စိတ်ခံစားချက်တွေပေါ််မူတည်ပြီး ခန္ဓာကိုယ်မှာ ပေါ်ထွက်လာနိုင်တာဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

"ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ။"

တစ်နေ့တာအချိန်ကို သေချာခွဲတမ်းချပြီး စီမံခန့်ခွဲနိုင်ခြင်းက သင့်ရဲ့အလုပ်ပြီးမြောက်မှုအပေါ်် အကျိုးသက်‌ရောက်မှုရှိစေပါတယ်။ အဲဒါကြောင့် အလုပ်ပြီးမြောက်လေ အချိန်ပိုထွက်လာလေလေ နဲ့ သင့်ကိုသင့် အခြားနေရာတစ်ခုခုလုပ်နိုင်ဖို့ရာ အချိန်ရလာစေပါတယ်။ အဲဒါအပြင် တစ်နေ့တာရဲ့အချိန်ကို အကျိုးရှိရှိနဲ့စနစ်တကျအသုံးချနိုင်လာတဲ့အတွက် ရက်မှလ နှစ်ပြောင်းသောအခါ အကျင့်ကောင်းကြောင့် သင့်ဘဝက အခြားအချိန်ကိုအလကားဖြုန်းတီးနေသူတွေထက် အဆပေါင်းများစွာ ပိုသာနေပါလိ့မ်မယ်။ အဲဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို စီမံခန့်ခွဲဖို့ရာ နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်နော််။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

အောင်မြင်နေတဲ့သူတွေရဲ့ သူတို့ကိုယ်သူတို့ မြင်ကြတဲ့အမြင်များ

အောင်မြင်နေတဲ့သူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုလူအဖြစ်မြင်ကြသလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်.။ တနည်းအားဖြင့်တော့ သူတို့အောင်မြင်လာကြတဲ့အပေါ်အဲဒီ့အမြင်တွေက အများကြီးအ‌ထောက်အကူပြုနေတာပါပဲ။ အဲဒါကြောင့် သူတို့ကိုယ့်သူတို့ ပြန်တွေးတတ်ကြတဲ့အတွေးအခေါ်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

Covid ကာလအတွင်း နေ့တိုင်းလိုမပါမဖြစ်စားသင့်သောအစားအစာ (၅)မျိုး

Covid ကာလအတွင်းမှာ ခန္ဓာကိုယ်က ခုခံအားကောင်းနေဖို့လိုပါတယ်.။ ဒါမှသာ သာမန်တုတ်ကွေးအဖျားတွေနဲ့ အခြားသော‌ရောဂါတွေဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မှာြဖစ်ပါတယ်။ အဲဒီ့အတွက် ဒီကာလမှာ နေ့တိုင်းစားတဲ့အစားအစာလေးတွေကို အောက်ပါအာဟာရဓာတ်ပါဝင်တဲ့အစားအစာတွေ မဖြစ်မနေပါဝင်အောင်စားသုံးပေးလိုက်ရင် ကိုယ်ခံအားအတွက် စိတ်ချရမှာပါ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သင်ခက်ခဲစွာ သင်ယူရမယ့် လူတွေအကြောင်း

ဘဝမှာ ရှင်သန်ရတဲ့အခါ လူတွေဆီကနေပဲ သင်ခန်းစာတွေအများကြီးပြန်သင်ယူရပါတယ်။ သင်ယူတတ်ရင်တတ်သလို သင်ခန်းစာများစွာကို ကိုယ်တိုင်သင်ယူလိုက်၊ အခြားသူတွေမှားခဲ့ဖူးတာတွေကိုသင်ယူလိုက်၊ ကိုယ်ပေါင်းသင်းဆက်ဆံ၇တဲ့ပတ်ဝန်းကျင်ကလူတွေကို ကြည့်ပြီးသင်ယူရင်းနဲ့ပဲ ရင့်ကျက်လာရတာဖြစ်ပါတယ်။ အဲဒါကြောင့် လူတွေဆီကနေ ရတဲ့သင်ခန်းစာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

ဘဝအတွက် အကောင်းဆုံးအကြံပေးချက်များ

ဘဝမှာ မဖြစ်မနေ သတိလေးထားပြီး လုပ်သင့်တဲ့အကြံပေးချက်တွေကို လိုက်နာထားသင့်ပါတယ်။ အဲဒါမှသာ ပြုပြင်မရတဲ့အမှားမျိုးကို မလုပ်မိစေဖို့ သတိထားနိုင်မှာဖြစ်ပါတယ်။ အဲဒီ့လို အကောင်းဆုံးအကြံပေးချက်တွေထဲက အချို့သောအချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သင့်ရဲ့အဆင့်အတန်းကိုသတ်မှတ်ပေးသောအရာများ

အဆင့်အတန်းလို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်ကြပါသလဲ။ အပေါ်ယံသာ အထင်ကြီးတတ်သူ အတော်များများကတော့ ရုပ်ရည်၊ အဝတ်အစား၊ ရာထူး၊ ဝင်ငွေ စတာတွေကို အဆင့်အတန်းလိုထင်မြင်နေတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်အတွက် အဆင့်အတန်းကိုသတ်မှတ်ပေးနေတဲ့အရာတွေကတော့ အောက်ပါအတိုင်းပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။