အောင်မြင်နေတဲ့သူတွေရဲ့ သူတို့ကိုယ်သူတို့ မြင်ကြတဲ့အမြင်များ

အောင်မြင်နေတဲ့သူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုလူအဖြစ်မြင်ကြသလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်.။ တနည်းအားဖြင့်တော့ သူတို့အောင်မြင်လာကြတဲ့အပေါ်အဲဒီ့အမြင်တွေက အများကြီးအ‌ထောက်အကူပြုနေတာပါပဲ။ အဲဒါကြောင့် သူတို့ကိုယ့်သူတို့ ပြန်တွေးတတ်ကြတဲ့အတွေးအခေါ်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုချစ်ခင်ဖို့ဆိုတာ အခြားသူတွေရဲ့အလုပ်မဟုတ်ဘူး......။ ကိုယ့်အလုပ်သာဖြစ်တယ်။
၂) တစ်စုံတစ်ယောက်ကို အားကျလို့ ပုံတူကူးချပြီးဖြစ်ချင်ခြင်းက သင်ဘယ်သူဖြစ်တယ်ဆိုတာကို အလကားဖြစ်သွားစေပါတယ်။
သင့်မှာ သင်ကိုယ်ပိုင်စတိုင်လ်နဲ့ သင်ကိုယ်ပိုင်အရည်အချင်းရှိပြီးသားပဲမို့ သင်ဟာသင်ဖြစ်ကြောင်းသာ ရဲရဲဝင့်ဝင့်ပြနိုင်အောင် ကြိုးစားဖို့သာလိုတာပါ။
၃) သင့်တန်ဖိုးကိုမသိ၊ နားမလည်တဲ့လူတွေအတွက် သင့်အချိန်တွေကို ဖြုန်းတီးပစ်ခြင်းဟာ အချိန်တွေအလကားဖြစ်စေပါတယ်။
၄) ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်လာခြင်းဟာ အခြားသူတွေက ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာမျိုးတွေးမပူဘဲ နေတတ်လာခြင်းသာဖြစ်ပါတယ်။
အခြားလူတွေ သင့်ကိုဘယ်လိုတွေးလဲဆိုတာက အရေးမကြိးပါဘူး ။ သင့်ကိုယ်သင်သာ ဘယ်လိုတွေးသလဲဆိုတာ ပိုအရေးကြီးပါတယ်။
၅) အဆိုးဝါးဆုံး အထီးကျန်ခြင်းဆိုတာက ကိုယ့်ဟာကိုယ်တစ်ယောက်တည်းရှိနေပြီးတောင် အဆင်မပြေတာပါပဲ။ တနည်းအားဖြင့် ကိုယ့်စိတ်နဲ့ကိုယ်ရန်ဖြစ်နေတာမျိုးပေါ့။
၆) အခြားလူတွေဆီက အာရုံစိုက်မှုလိုချင်နေခြင်းဟာ သင့်ကိုယ်သင်ချစ်ခင်ခြင်းရဲ့ ရန်သူသာဖြစ်ပါတယ်။ အခြားသူတွေရဲ့ချစ်ခင်မှုကို လိုချင်နေလို့ပါပဲ။
၇) ကိုယ့်ကိုယ်ကိုယ်ချစ်ခင်မှုမရှိဘဲ တိုးတက်အောင် ကြိုးစားခြင်းဟာ သဲထဲမှာအိမ်ဆောက်သလိုပါပဲ။ ထပ်ခါထပ်ခါဆောက်လေ သဲထဲမြုပ်သွားလေလေနဲ့ပေါ့။ တနည်းအားဖြင့် အဓိပ္ပါမရှိတဲ့ကြိုးစားမှုဖြစ်နေတာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။