"ကိုဗစ်ကာလအတွင်းမှာ ကျန်းမာရေးအတွက် ဂရုတစိုက်လိုက်နာပြီး နေထိုင်စားသောက်သင့်တဲ့ပုံစံ”

အခုဆိုရင် ကိုဗစ်ကာလက အင်မတန်ရှည်ကြာခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုဗစ်ကိုကြောက်လန့်ပြီး အိမ်ပြင်မထွက်ဘဲလည်း နေလို့မရတဲ့အနေအထားတစ်ခုဖြစ်လာပါပြီ။ စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်သင့်ရင်ထွက်ရမယ့်ကိစ္စတွေ၊ ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းတွေကို ပြန်ပြီးလည်ပတ်ဖို့ကိစ္စတွေ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ကိုထွက်ရတဲ့အခါ ကိုဗစ်နဲ့အတူယှဥ်တွဲနေထိုင်သွားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရတော့မှာဖြစ်ပါတယ်။ တနည်းအားဖြင့် New Normal lifestyle ကို လက်ကိုင်ထားပြိး လုပ်သင့်လုပ်ထိုက်တာကို လုပ်မှဖြစ်တော့မှာပါ။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်ပြီးသားဖြစ်အောင် ကိုယ့်ရဲ့လုပ်ငန်းတွေနဲ့ စားဝတ်နေရေးအခြားသောကိစ္စတွေအတွက်လည်း လည်ပတ်နိုင်အောင် အောက်ပါနည်းလမ်းတွေကို ပုံမှန်လုပ်ရိုးလုပ်စဥ်လို ကျင့်သုံးနေထိုင်သွားသင့်ပါတယ်။


၁) စျေးကဝယ်လာသမျှကို ဆေးကြောပါ။
မဖြစ်မနေသွားကိုသွားရတာကတော့ စျေးပါပဲ။ နေ့တိုင်းမဟုတ်တောင် တစ်ပတ်စာဖြစ်ဖြစ် ကြိုပြီး ဝယ်ယူဖို့ရာ သွားကိုသွားရမှာဖြစ်ပါတယ်။ အဲဒါကြောင့် စျေးသွားတဲ့အခါ Mask / faceshield သေချာလုံအောင်တပ်ဆင်သွားပါ။ စျေးကနေပြန်လာတာနဲ့ တယ်လာသမျှကို ဆပ်ပြာနဲ့ဆေးကြောနိုင်တာဆေးကြောပါ။ တချို့အသီးအနှံတွေအတွက်လည်း ဆေးကြောတာ၊ ဆားရည်စိမ်တာမျိုးတွေလုပ်နိုင်ပါတယ်။ အပြင်ကပါလာတဲ့ပလပ်စတစ်မှန်သမျှကို ပိုးသတ်ပြီး စွန့်ပစ်ပါ။ စျေးကဝယ်ယူလာသမျှကို သေချာဆေးကြောပြီးမှသာ သိမ်းဆည်းခြင်းနဲ့၊ မလိုအပ်သမျှကို ပိုးသတ်ဆေးဖြင့် ဖြန်းပြီးမှ အမှိုက်ပုံးထဲထည့်ဖို့ သတိထားရမှာဖြစ်ပါတယ်။

၂) အပြင်က ပါလာသမျှကို ပိုးသတ်ပါ။
နောက်တစ်ခုက အပြင်က ပြန်လာတိုင်း ပါလာသမျှပစ္စည်းတွေကို ပိုးသတ်တာမျိုး၊ ကိုယ်လက်ဆေးကြောတာမျိုး မဖြစ်မနေကို လုပ်သင့်တာပါပဲ။ အပြင်ကပါလာသမျှကို အမှတ်တမဲ့ ယူလိုက်တာထက်စာရင် ပိုးသတ်ခြင်း၊ ဆေးကြောခြင်းကို သတိလေးကပ်ပြီးလုပ်ရမှာဖြစ်ပါတယ်။

၃) အတတ်နိုင်ဆုံး အိမ်မှာသာပူပူနွေးနွေးချက်ပြုတ်စားသောပါ။
အတတ်နိုင်ဆုံး အပြင်က ပါဆယ်ဝယ်တာမျိုးထက်စာရင် အိမ်မှာတင် ပူပူနွေးနွေးချက်ပြုတ်စားသောက်ခြင်းက ပိုပြီး ကျန်းမာရေးအတွက်သင့်တော်စေပါတယ်။ delivery နဲ့အစားအသောက်မဖြစ်မနေဝယ်စားမယ်ဆိုတဲ့အခါမှာလည်း အပြင်က ပါလာတဲ့ ပါဆယ်၊ ဗူး စတာတွေကို အသုံးမပြုဘဲ လဲလှယ်ပြီးမှ စားသုံးတာမျိုးပြုလုပ်သင့်ပါတယ်။

၄) ၆ပေခွာ၊ Mask ၊ Faceshield မဖြစ်မနေတပ်ပါ။
ဒီအချက်ကတော့ အမြဲလို ကျင့်သုံးရမယ့် နေထိုင်မှုပုံစံသစ်ဖြစ်သွားပါပြီ။ လူတစ်ဦးနဲ့တစ်ဦး ၆ပေခွာ၊ Mask တပ်ရုံနဲ့တင် မပြည့်စုံဘဲ ၊ Faceshield ပါမဖြစ်မနေတပ်ဖို့ လုံးဝ သတိမမေ့ဘဲ ကျင့်သုံးရပါမယ်။

၅) အာဟာရပြည့်ဝစွာစားသုံးပါ။
အသင့်စားအစားအစာတွေ၊ အချိုအစိမ့် ၊အငန်စာတွေအလွန်အကဲ စားသုံးတာထက်စာရင် ကိုယ်တိုင်အာဟာရပြည့်ဝစွာ ချက်ပြုတ်စားသုံးတာ အကောင်းဆုံးပါပဲ။

၆) ရေဓာတ်ပြည့်ဝပါစေ။
ရေဓာတ်ကိုလည်း တစ်နေ့တာ လိုအပ်တဲ့ပမာဏရအောင် သောက်သုံးသင့်ပါတယ်။

၇) အိပ်ရေးဝဝအိပ်စက်ပါ။
အိပ်ရေးဝဝအိပ်စက်ခြင်းက ကိုယ်ခံအားကို အထောက်အကူပြုတာမို့ မဖြစ် မနေ လုပ်သင့်တဲ့အချက်ပဲဖြစ်ပါတယ်။

၈) လတ်ဆတ်တဲ့အသီးအနှံစားပေးပါ။
လတ်ဆတ်တဲ့အသီးအနှံ တွေ များများစားပေးသင့်ပါတယ်။ အသီးအရွက်တွေ စုံလင်အောင်လည်း စားပေးသင့်ပါတယ်။
အာဟာရပြည့်ဝအောင် အသီးအရွက်နဲ့ အသီးအနှံစားပေးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ရေဓာတ်ပြည့်ဝအောင် သောက်သုံးခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေးဂရုစိုက်ခြင်းနဲ့ လူစုလူဝေးရှောင်ပြီး ၆ပေခွာ၊ Mask ၊ Faceshield မဖြစ်မနေတပ် ဆိုတဲ့ နေထိုင်မှုပုံစံနည်းအသစ်တွေကို မဖြစ်မနေကျင့်သုံးရင်း ကိုဗစ်နဲ့အတူ အတတ်နိုင်ဆုံး ဘဝရဲ့နေ့ရက်တွေကို ကျင်လည်ကြပါလို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။