မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့.....

လူတိုင်းလိုလို မကောင်းတဲ့စိတ်ခံစားချက်ဖြစ်ပေါ်တတ်ကြပါတယ်။ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကောင်းအရာတခုခုကြောင့် စိတ်ထဲကုိ ဝင်လာတဲ့မကောင်းတဲ့အတွေးတွေခံစားချက်တေွကို စိတ်ထဲအမြဲထည့်ထားပြီး ဖြေဖျောက်ဖို့ မကြိုးစားရင်တော့ ကိုယ့်စိတ်ပျော်ရွှင်မှုကို ထိခိုက်နိုင်ပါတယ်။ အဲဒီ့အခါ စိတ်ညစ်မယ်၊ စိတ်ဖိစီးမယ်၊ မကောင်းတဲ့အပြုအမူတေွလုပ်မိလာမယ်၊ စသဖြင့်ဆိုးကျိုးကိုသာဖြစ်လာစေနိုင်ပါတဘ်။ အဲဲဲဒါကြောင့် မကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေဖြစ်လာတဲ့အခါ အောက်ပါအချက်လေးတေါကို လုပ်ကြည့်ဖို့ ကြိုးစားကြည့်ပါနော်။


၁) ပြဿနာရဲ့အ၇င်းမြစ်ကိုရှာပါ။
သင့်ကိုလွှမ်းမိုးနေတဲ့အတွေးတွေကို ပြန်သုံးသပ်ပါ။ မကောင်းတဲ့ခံစားချက်တွေကို မတုံ့ပြန်ခင် သင့်အတွေးတွေကို ပြန်မေးခွန်းထုတ်ကြည့်လိုက်ပါ။ အဲဒီ့အခါမှာ ပြဿနာရဲ့အရင်းမြစ်ကို သင်တွေ့လာနိုင်ပါတယ်။ အဲဒီ့အခါ အဲဒီ့ပြဿနာအရင်းမြစ်ကနေ ကျော်လွှားနိုင်ဖို့ အဖြေတွေ့လာမှာပါ။

၂) ဖြေရှင်းဖို့ကို အာရုံစိုက်ပါ။
ဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆိုတာကိုသာ အာရုံစိုက်တဲ့အခါ အဖြေကို နည်းလမ်းပေါင်းများစွာနဲ့သိလာနိုင်ပါတယ်။ မဟုတ်ရင် အခြားသောအရာအားလုံးကို အာရုံစိုက်ပြီး အဖြေကိုရှာမတွေ့နိုင်ဘဲ မကောင်းတဲ့ခံစားချက်တွေကနေ ရှောင်လွဲနိုင်မှာမဟုတ်ပါဘူး။

၃) အကောင်းမြင်တတ်တဲ့လူတွေကိုသာ ပေါင်းသင်းပါ။
သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေဟာ သင့်ကို အများကြီးသက်ရောက်စေပါတယ်။ သင့်ပတ်ဝန်းကျင်ကလူတွေကောင်းရင် သင့်စိတ်ကောင်းမှာဖြစ်သလို သင့်ပတ်ဝန်းကျင်ကလူတွေမကောင်းရင် သင့်စိတ်ခံစားချက်ဆိုးမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် သင့်စိတ်ကောင်းမွန်ဖို့အတွက် အကောင်းမြင်တတ်တဲ့လူတွေနဲ့သာ သင့်ကိုယ်သင်ဝန်းရံပါ။

၄) ဖြစ်နိုင်တာကိုသာ လက်ခံပါ၊ မျှော်လင့်ချက်တွေကို လျှော့ချပါ။
မဖြစ်နိုင်တာကို အများကြီးမျှော်လင့်ထားခြင်းဟာ မျှော်လင့်ထားပြီး သင့်ကို စိတ်ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်တာကိုပဲ လက်ခံပါ၊ မဖြစ်နိုင်တာကို လက်ခံမိရင် အများကြီးမျှော်လင့်ပြီး စိတ်ညစ်ရပါမယ်၊ မကောင်းတဲ့ခံစားချက်မဖြစ်လာအောင် မျှော်လင့်ချက်တွေကို လျှော့ချတာအကောင်းဆုံးပါပဲ။

၅) သင့်ရဲ့အကြင်နာတရားကိုသာ ပြသပါ။
သင့်ပတ်ဝန်းကျင်မှာဘယ်လောက်ဆိုးဝါးမှုကိုပဲ ကြုံကြုံ အဲဒါက သင်ကိစ္စမဟုတ်ပါဘူး။ အကောင်းဆုံးပြုမူတုံ့ပြန်ခြင်းဟာ သင်ကိစ္စဖြစ်ပြီး ဆိုးဝါးမှုကိုပြုမူသူဟာ သူ့ရဲ့အဆင့်အတန်းကိုပြသနေတာပဲဖြစ်ပါတယ်။ သင့်ဘက်က အကောင်းဆုံးဖြစ်အောင် ပြုမူပြနိုင်လေလေ သင်နိုင်လေပါပဲ။

၆) တစ်ခုတည်းကိုသာအာရုံစိုက်ပါ။
ပိုကောင်းတဲ့အတွေးအမြင်၊ ခံစားချက်ကို အာရုံစိုက်လိုက်ပါ။ အဲဒါဆိုရင် မကောင်းတဲ့အတွေးတွေ ပြယ်သွားနိုင်ပါတယ်။ ကောင်းမွန်တဲ့အတွေးသေးသေးလေးကနေ ပိုကောင်းတဲ့အတွေးတွေအများကြီးဖြစ်လာပါလိမ့်မယ်။

၇) လက်ခံလိုက်ပါ၊ ဒါမှမဟုတ် လက်လွှတ်လိုက်ပါ။
အရှိကို အရှိအတိုင်းလက်ခံသင့်တာကိုလက်ခံလိုက်ပါ။ လက်မခံနိုင်ဘူးဆိုရင် အဲဒီ့အတွေးတွေအားလုံးကို လွှတ်ချလိုက်ပါ။ ဆက်မတွေးပါနဲ့တော့၊ ကိုယ့်အတွက်ပူလောင်မှုမယ်၊ ကိုယ့်စိတ်ထိခိုက်ပြီး ကိုယ့်ကိုဆိုးကျိုးတွေချည်းဖြစ်စေမယ်ဆိုရင် လက်မခံနိုင်တော့ဘူး ။ လက်လွှတ်လိုက်မယ်လို့တွေးလိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။