လူနေမှုဘဝ

လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

ဆေးလိပ်ဖြတ်နည်း ၈ နည်း။

လေ့လာချက်များအရ အသည်းကင်ဆာဖြစ်သူ ၁၂၅ယောက်တိုင်းတွင် ထက်ဝက်နီးပါးသည် aဆးလိပ်သောက်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ aဆးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ အသည်းကင်ဆာဖြစ်ပွားမှု အလားအလာပိုများနိုင်ပါတယ်။ ၁) အကြောင်းပြချက်ရှာပါ ဆေးလိပ်ဖြတ်ရမယ့် အကြောင်းပြချက်တစ်ခု ချရေးလိုက်ပါ။ ကိုယ့်မိသားစုအတွင်းမှ ကလေးငယ်တွေအတွက်၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားမှု စသည်ဖြင့် ဆိုးကျိုးများကိုပါ ရေးထားပါ။ ဆေးလိပ်သောက်ချင်လာတိုင်း ဘာကြောင့်ဆေးလိပ်ဖြတ်သင့်တာလဲဆိုတာကို ပြန်သတိရပါ။ ၂) ရေနှင့် သစ်သီးဖျော်ရည် ပြောင်းသောက်ပါ ရေနှင့်သစ်သီးဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့်အပြင် အရက်စွဲခြင်းကို လျှော့ကျစေသည်။ အစာစားပြီတိုင်း ဆေးလိပ်သောက်လေ့ရှိသူများသည် သွားတိုက်ခြင်း/ပီကေဝါးခြင်း/သူငယ်ချင်းထံစာပို့ခြင်း/လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ဆေးလိပ်သောက်လိုစိတ်ကို မေ့ဖျောက်နိုင်ပါသည်။ ၃) ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ဦးနှောက်ထံမှ ဆေးလိပ်သောက်လိုစိတ်ကို လျှော့ကျစေသည့်ဒြပ်ပေါင်းများ ထွက်စေကြောင်းတွေ့ရသည်။ ဆေးလိပ်သောက်လိုစိတ်ဖြစ်ပေါ်လာပါက လမ်းလျှောက်ခြင်း သို့မဟုတ် ခပ်ရွရွလေးပြေးခြင်းဖြင့် စိတ်ဖြေနိုင်သည်။ မိမိခွေးနှင့် လမ်းလျှောက်ထွက်ခြင်း/ အိမ်ရှေ့ ပန်းခြံတွင် ပေါင်းသင်မြက်နှုတ်ခြင်း အစရှိသည့် သက်သာသော လေ့ကျင့်ခန်းများကလည်း ဆေးလိပ်သောက်လိုစိတ်ကို လျှော့ချပေးသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်သည်။ ၄) ဆေးလိပ်နံ့ထွက်နေသော အဝတ်အထည်များ အသုံးပြုခြင်း၊ ဆေးလိပ်နှင့်ပတ်သက်သမျှ အနီးအနားမှာထားခြင်း ရှောင်ပါ။ ကိုယ်မျက်စိရှေ့မှာ မြင်နေရတာမျိုး၊ အနံရနေတာမျိုးက ဆေးလိပ်သောက်ချင်စိတ်ကိုပြန်ပြီး လှုံ့ဆော်နိုင်ပါသည်။ အမှန်တကယ် စိတ်ပြတ်သွားစေဖို့ ဆေးလိပ်နှင့်ပတ်သက်သမျှ အနီးအနားမှာမထားတာ အကောင်းဆုးံပါ။ ၅) တစ်ခုခု အစားထိုးပါ။ နီကိုတင်းအစားထိုးကုထုံးဟာ သင့်ရဲ့ဆေးလိပ်ဖြတ်ဖို့အစီအစဉ် အောင်မြင်မှုနှုန်းကို နှစ်ဆတိုးစေလိမ့်မည်။ နီကိုတင်းကပ်ခွာ/သောက်ဆေး/ငုံဆေး/ပီကေနှင့် နှာတွင်းဖျန်းဆေး စသဖြင့် မျိုးစုံရှိသည်။ ရှူဘူးနှင့် အီးစီးကရက်ကဲ့သို့ ထုတ်ကုန်များလည်း အသုံးပြုနိုင်သည်။ ဆေးလိပ်သောက်ချင်စိတ်ပြင်းပြလာတဲ့အခါ ငုံဆေး၊ ပီကေ၊ ဖျော်ရည်တစ်ခုခု စသဖြင့် အစားထိုးပါ။ ၆) သူငယ်ချင်း၊ မိသားစုများကို အသိပေးထားပါ။ ဆေးလိပ်ဖြတ်မည့်အကြောင်းကို ပတ်ဝန်းကျင်က လူတွေကိ ုအသိပေးထားပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေထဲမှာ ဆေးလိပ်သောက်သူပါနေခဲ့လျှင် ကိုယ်ပါ ဆေးလိပ်ပြန်သောက်ချင်စိတ်ဖြစ်လာနိုင်တဲ့အတွက်ပါ။ ဆေးလိပ်သောက်တတ်သည့်ပတ်ဝန်းကျင်ကို ရှောင်လိုက်တာက ဆေးလိပ်ဖြတ်ချင်သူအတွက်အကောင်းဆုံးပါ။ ၇) အရက်သောက်ခြင်း၊ ဂတ်စ်ပါသောအချိုရည်သောက်ခြင်း၊ လက်ဖက်ရည် ကော်ဖီသောက်ခြင်းရှောင်ပါ။ သတိထားရမှာက အရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်ရန်ပိုမိုခက်ခဲစေလိမ့်မည်။ Cokeကဲ့သို့ ဂတ်စ်ပါသော အချိုရည်များကလည်းေ ဆးလိပ်ဖြတ်ဖို့ခက်ခဲစေသည်။ လက်ဖက်ရည်နှင့် ကော်ဖီတို့ကလည်း ဆေးလိပ်အရသာကို ပိုကောင်းစေသည်။ အဲဒါကြောင့်ဆေးလိပ်ဖြတ်ချင်သူအနေဖြင့် ဂစ်ပါသောအချိုရည်များ၊ လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းရှောင်တာက ဆေးလိပ်ဖြတ်ဖို့ပိုထိရောက်ပါလိ့မ်မည်။ ၈) အလုပ်ရှုပ်နေပါစေ။ ဆေးလိပ်သောက်ချင်စိတ်အရမ်းပြင်းထန်လာလျှင် စိတ်ကို အာရုံများစေမည့်အလုပ်တစ်ခုခုလုပ်နေလိုက်ပါ။ အလုပ်တစ်ခုပြီးရင် ဘာဆက်လုပ်ရမလဲ…တွေးနေတာမျိုးနှင့် အလုပ်ရှုပ်နေတာက ဆေးလိပ်အရမ်းသောက်ချင်လာသောစိတ်ကို မေ့သွားစေပါလိမ့်မည်။#BAWA101  

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ

ယောကျာ်းလေးများအောက်ခံဘောင်းဘီဝတ်သင့်သောအကြောင်းရင်း

ယောကျာ်းလေးများအောက်ခံဘောင်းဘီဝတ်သင့်သောအကြောင်းရင်း#BAWA101

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အလုပ်ရပ်ပြီး စနေ၊တနင်္ဂနွေမှာ သင်ဘာကြောင့် အနားယူသင့်ပါသလဲ။

၁) စိတ်ဖိစီးမှုတွေကို လျော့ကျဖို့အချိန်ပေးနိုင်ခြင်း တစ်ပတ်လုံး အလုပ်ဖိအား၊ မိသားစုကိစ ္စမျိုးစုံဖိအား၊ ငွေကြေးကိစ ္စ ပေါင်းစုံဖိအား စသည်ဖြင့် ဖိအားအများကြီးအောက်ကနေ စနေ၊ တနင်္ဂနွေအားလပ်ရက်လေးမှာ အားလုံးကို ခဏတဖြုတ်နားလိုက်သင့်ပါတယ်။ ထိုကဲ့သို့အနားယူလိုက်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျဖို့အချိန်ပေးလိုက်သလိုဖြစ်သွားစေပါတယ်။ ၂) စိတ်ပိုင်းဆိုင်ရာစွမ်းအင်များ ပြန်လည်ဖြည့်တင်းနိုင်ခြင်း အလုပ်တွေဖိစီးမှုများလာတဲ့အခါ ကိုယ်ရောစိတ်ရော ထုံထိုင်းသွားတတ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက် အနားယူသင့်ပါတယ်။ ၃) ဖိစီးမှုများကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန ္တရာယ်များမှ လျော့ကျစေနိုင်ခြင်း တစ်ပတ်လုံးဖိစီးမှုများကြောင့် နှလုံးရောဂါနှင့်ဆိုင်တဲ့ရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။ စနေ၊ တနင်္ဂနွေနေ့မျိုးမှာ အနားယူခြင်းက ဖိစီးမှုတွေကို သက်သာစေတဲ့အတွက် နှလုံးရောဂါဖြစ်ပွားနိုင်တဲ့ အန ္တရာယ်များမှလျော့ကျစေနိုင်ပါတယ်။ ၄) ရှေ့ဆက်ပြီး လုပ်ရမယ့်အလုပ်တွေအတွက် အကြံသစ်၊ အမြင်သစ်တွေ ရနိုင်ခြင်း ဦးနှောက်ကို ဆက်တိုက်ဖိအားပေးခြင်းကနေ အနားယူလိုက်တဲ့အတွက် အကြံသစ်တွေ၊ အမြင်သစ်တွေ ထပ်ပြီးပေါ်ထွက်လာနိုင်ပါတယ်။ ၅) အလုပ်ကိစ ္စများမှ ကိုယ့်ကိုကိုယ်အနားပေးလိုက်ခြင်းကြောင့် ပိုပြီးဖန်တီးနိုင်လာခြင်း ဆက်တိုက်အလုပ်လုပ်လိုက်ခြင်းက ဦးနှောက်ကို ပိုပြီးထူပူစေတဲ့အတွက် ဘာကိုမှ ထပ်ပြီး ဖန်တီးနိုင်တော့မှာမဟုတ်ပါဘူး။ အသစ်တွေထပ်ပြီးဖန်တီးနိုင်ဖို့အတွက် စနေ၊ တနင်္ဂနွေနေ့လိုမျိုးမှာ အနားယူလိုက်ပါ။ တနင်္လာနေ့ရုံးတက်ချိန်မှာ အသစ်တွေထပ်ပြီး ဖန်တီးနိုင်မှာပါ။ ၆) ကိုယ်ခံစွမ်းအားစနစ်(immune system)ကို တိုးစေခြင်း တစ်ပတ်တစ်ခါ အလုပ်ကိစ ္စ တွေမှ အနားယူလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျသွားစေတဲ့အတွက် ကျန်းမာရေးလည်းပိုကောင်းလာစေသလို၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးလာစေပါတယ်။ ၇) မှတ်ဉာဏ်စွမ်းအား ကောင်းစေခြင်း အလုပ်တွေအရမ်းဖိစီး၊ အရမ်းတွေများလာတဲ့အခါ မကြာခဏ ဟိုဟာမေ့…..ဒီဟာမေ့တာမျိုးကြုံဖူးကြမှာပါ။ အားလပ်ရက်မှာ အလုပ်တွေအားလုံးမေ့ထားပြီး နားနေလိုက်ခြင်းက မှတ်ဉာဏ်စွမ်းအားကိုတိုးစေပါတယ်။#BAWA101

ကျန်းမာရေး လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အသက်အရွယ်ကြီးရင့်သောသူများကို ဂရူစိုက်ပါ

အသက်အရွယ်ကြီးရင့်လာသော အဖိုးအဖွားများ ငယ်ရွယ်စဉ်ကတော့ စိတ်သွားတိုင်းကိုယ်ပါနိုင်ပေမယ့် အသက်ကြီးရင့်လာတဲ့နောက် ကိုယ်လုပ်ချင်တာတွေရှိပေမယ့်မလုပ်နိုင်တော့တာမျိုး၊ ကိုယ်မှန်းထားတာတွေရှိပေမယ့် မလုပ်နိုင်တော့လို့ ဖြစ်မလာနိုင်တာမျိုး၊ သားသမီး မြေးမြစ်တွေအတွက် ဖြစ်ချင်ပေမယ့် ဖြစ်မလာတာမျိုးတွေဖြစ်လာတဲ့အခါ သူတို့ကိုယ်သူတို့အတွက်ကော သူတို့ပတ်ဝန်းကျင်မှသူများအတွက်ကော စိတ်တိုင်းမကျဖြစ်လာတတ်ပါတယ်။ အဲဒီ့အခါ ကိုယ်ကျန်းမာရေးအရကော စိတ်ကျန်းမာရေးအရကော အဆင်မပြေမှုတွေခံစားရလာနိုင်ပါတယ်။ အဲဒီအခါမှာ သူတို့တွေရဲ့စိတ်ကို နားလည်ပေးနိုင်ပြီး ရုပ်ပိုင်းကော စိတ်ပိုင်းကောကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ခုအချိန်မှာ အားမသန်တော့တဲ့ အဖိုးတွေအဖွားတွေ သက်ကြီးရွယ်အိုတွေက အရင်တစ်ချိန်မှာ သင့်ကိုဂရုစိုက်ခဲ့ပြီး သင့်အတွက်အရေးပါခဲ့သောသူများဖြစ်ခဲ့တယ်ဆိုတာ သင်မမေ့ပါစေနဲ့။ ခုချိန်မှာတော့ သူတို့ဟာ သင့်ရဲ့ဂရုစိုက်မှုကို ပြန်လည်လိုအပ်နေတဲ့သူတွေဖြစ်ပါတယ်နော်။ ၁) ပစ်မထားဘဲ အရေးတယူဆက်ဆံပေးပါ။ အချိန်တန် ထမင်းစားဖို့၊ သုံးဖို့စွဲဖို့ အဆင်သင့်၊ လုံလုံလောက်လောက်ပေးထားတာနဲ့တင် လုံလောက်ပြီထင်ရင် သင်မှားနေပါပြီ။ သင်ငယ်ရွယ်စဉ်က အသေးစိတ်ကအစ ဂရုစိုက်ခဲ့တာသူတို့ပါ။ သင့်အတွက် စားစရာ၊ ကစားစရာ၊ ငွေကြေး၊ လုံလောက်အောင် ပေးရုံနဲ့ ပြည့်စုံပြီထင်ခဲ့ရင် သင်တောင်ခုလို အရွယ်ရောက်လာမှာမဟုတ်ပါဘူး။ ငယ်စဉ်တုန်းက အလုပ်တွေ၊ လူမှုရေးတွေ၊ ငွေကြေးကိစ ္စတွေ၊ သင့်ဝေယျာဝစ ္စတွေနဲ့ သူတို့မှာ အထီးကျန်ချိန်တောင်ရှိခဲ့မှာမဟုတ်ပါဘူး။ ခုလိုအချိန်မျိုးမှာ သူတို့ဟာ ပိုပြီး အထီးကျန်နေတတ်ပါတယ်။ အဲဒီတော့ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကောကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အရေးတယူဆက်ဆံပေးတာမျိုးလုပ်ပေးပါနော်။ ဥပမာ။ အဖိုးအဖွားထမင်းစားချိန်နဲ့တိုးလျှင် “အဖိုးဘာဟင်းနဲ့စားနေလဲ…၊စားရတာအဆင်ပြေရဲ့လား။ ဘာစားချင်လဲ…..၊ ခုချက်ချင်းသွားဝယ်ပေးမှာပေါ့” ဆိုတာမျိုးပါ။ သူတို့အတွက်ဆို ကိုယ်က ဦးစားပေးတာကို သူတို့သိအောင်လုပ်ပေးပါ။ အဲဒါဆိုရင် သူတို့အတွေးမှာ “ငါ့ကိုဦးစားပေးအရေးစိုက်သား….” ဆိုတာမျိုးက သူတို့ကို ပျော်ရွှင်ပါစေလိမ့်မယ်။ ၂) စကားစမြည်ပြောဖို့ အချိန်ပေးပါ။ လူကြီးတွေကို ကိုယ်ဖတ်ထားတဲ့စာအုပ်က ဘယ်လို…..ဘာတွေပါတယ်ဆိုတာမျိုးပြောပြရင်း “အဖိုးတို့တုန်းကကော ဘာစာအုပ်တွေဖတ်ဖြစ်တာလဲ….” လို့ အရေးတယူစပ်စုတာမျိုးလုပ်ပေးပါ။ သူတို့က ခုချိန်မှာ စကားများများပြောချင်နေတဲ့သူတွေပါ။ သူတို့က လောကမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ကျော် နီးပါး နေထိုင်ခဲ့ပြီးလို့ အတွေ့အကြုံတွေ၊ ပြောစကားတွေ အများကြီးရှိပါတယ်။ သူတို့ပြောပြတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေက အရမ်းစိတ်ဝင်စားဖို့ကာင်းသလို၊ သင့်အတွက် ဗဟုသုတတောင်ရနိုင်ပါသေးတယ်။ ၃) လေ့ကျင့်ခန်းအတူလုပ်ပေးပါ။ ဥပမာ။ လမ်းလျှောက်ထွက်ဖို့ ကိုယ်ကစခေါ်တာမျိုးပါ။ သူတို့တွေက ခုချိန်မှာ အားလပ်ချိန်ရှိနေပေမယ့် အဖော်လုပ်ပေးမယ့်သူမရှိတာမျိုးပါ။ ကိုယ်ကဘယ်လောက်အလုပ်များများ ကိုယ့်အတွက်အားလပ်ချိန်ပေးတဲ့အချိန်မျိုးမှာ အဖိုးအဖွားကိုပါ အဖော်ခေါ်လိုက်ပါ။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်နိုင်တော့တဲ့အတွက် အတူစကားပြောရင်းလမ်းလျှောက်စေခြင်းက ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ၄) အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပါ။ ကိုယ်တွေက အဆင်ပြေသလို စားလိုက်လို့ ခံနိုင်ရည်ရှိပေမယ့် လူကြီးတွေအတွက်ကတော့ မလွယ်တဲ့အခြေအနေပါ။ ကလေးလေးတွေကို ဂရုစိုက်သလို ဂရုစိုက်သင့်ပါတယ်။ ခုချိန်မှာ သူတို့က တဖန်အားငယ်တတ်သူတွေဖြစ်နေတဲ့အချိန်ပါ။ သူတို့စားချင်တာလေးတွေမေးပြီး တကူးတကချက်ပြုတ်ကျွေးတာမျိုးလုပ်ပေးပါ။ ပြီးတော့ အသက်အရွယ်ကြီးရင့်သူတွေ အဖြစ်များတဲ့ရောဂါတွေကိုသတိထားပြီး အာဟာရပြည့်ဝအောင်ချက်ပြုတ်ကျွေးမွေးပေးပါ။ ၅) လုပ်ချင်တာလေးတွေ လုပ်ခွင့်ပေးပါ။ လူကြီးတွေက ခုချိန်မှာ ဘာမှလုပ်စရာမရှိတော့တဲ့အခါ သူတို့ကိုယ်သူတို့ လူပိုကြီးတစ်ယောက်လို ခံစားလာရရင် ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ မီးဖိုချောင်အတွက် အပင်ငယ်လေးတွေ စိုက်တာမျိုးလုပ်ချင်ရင် လုပ်ခွင့်ပေးပါ။ ခြံရှင်းတာမျိုးလုပ်ချင်လည်း လုပ်ခွင့်ပေးလိုက်ပါ။ သိုးမွေးထိုးတာမျိုးလုပ်ချင်လုပ်ခွင့်ပေးလိုက်ပါ။ ဂရုစိုက်တဲ့အနေနဲ့ အညောင်းထိုင်မယ်၊ ခါးနာမယ်၊ ဘာမှမလုပ်ပါနဲ့လို့ ပြောပြီး ဆူနေမယ့်အစား ဝါသနာပါတာလေးတွေလုပ်နေရင်းနဲ့အချိန်ကုန်သွားတာက သူတို့အတွက် ပိုပြီး သက်တောင့်သက်သာဖြစ်စေတာပါ။ စိတ်ဓာတ်ကျရောဂါမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။ ၆) စိတ်ရှည်ပေးပါ။ အသက်အရွယ်ရလာတဲ့အခါ မှတ်ဉာဏ်မကောင်းတော့တာမျိုး ကြုံလာရမှာပါပဲ။ ကိုယ်က နားလည်ပြီး ထပ်ခါထပ်ခါရှင်းပြပေးပါ။ မေ့သွားလည်း မငြိုငြင်ဘဲ နောက်တစ်ခေါက်ပြန်ပြောပေးတာမျိုး လုပ်လိုက်ပါ။ လူကြီးတွေအတွက် white board လေးတစ်ခုနဲ့ မမေ့အောင် စာရေးပေးခဲ့တာမျိုးလေး လုပ်ပေးနိုင်ရင် အများကြီးမတိုးတက်တောင် အခြေအနေတစ်ခုထိတော့ မှတ်မိနိုင်ပါသေးတယ်။ ၇) နားလည်ပေးပါ။ လူကြီးတွေအတွက် နားလည်မှုလည်းလိုအပ်ပါတယ်။ အိမ်နားဝန်းကျင်မှာ အဖိုးအဖွားနဲ့ရွယ်တူသက်ကြီးရွယ်အိုတွေရှိရင် အပြန်အလှန်စကားပြောကြပါစေ။ လူကြီးတွေအတွက် ရွယ်တူခြင်းက ပိုပြီးစကားပြောလို့ အဆင်ပြေမှာပါ။ လူကြီးတွေကိုယ်တိုင်လည်း အထီးကျန်တယ်လို့ ခံစားရတော့မှာမဟုတ်ပါဘူး။#BAWA101

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

လုပ်ဖော်ကိုင်ဖက်အချင်းချင်း မပြုလုပ်သင့်သောအရာများ

လုပ်ဖော်ကိုင်ဖက်အချင်းချင်း မပြုလုပ်သင့်သောအရာများ#BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။