ပျော်ရွှင်သောဘဝ

ပျော်ရွှင်သောဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စကားလုံး ၃ လုံးထဲဖြင့် တိုတိုရှင်းရှင်းနှင့်ဘဝအတွက်အလွန်အရေးပါသောတိုက်တွန်းအကြံပြုချက်များ။

စကားလုံး ၃ လုံးထဲဖြင့် တိုတိုရှင်းရှင်းနှင့်ဘဝအတွက်အလွန်အရေးပါသောတိုက်တွန်းအကြံပြုချက်များ။#BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စကားလုံး ၃ လုံးထဲဖြင့် တိုတိုရှင်းရှင်းနှင့်ဘဝအတွက်အလွန်အရေးပါသောတိုက်တွန်းအကြံပြုခ ျက်မ ျား - ၂

စကားလုံး ၃ လုံးထဲဖြင့် တိုတိုရှင်းရှင်းနှင့်ဘဝအတွက်အလွန်အရေးပါသောတိုက်တွန်းအကြံပြုခ ျက်မ ျား - ၂

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ယဉ်ကျေးသိမ်မွေ့သူ လူတော်လူကောင်းတို့တွင် တွေ့ရသော အကျင့်စရိုက်ကောင်းများ။

ယဉ်ကျေးသိမ်မွေ့သူ လူတော်လူကောင်းတို့တွင် တွေ့ရသော အကျင့်စရိုက်ကောင်းများ။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ရုံးပိတ်ရက်မှာ မိသားစုနှင့်အတူ ဘယ်လိုအချိန်ကုန်ဆုံးစေရင် ကောင်းမလဲလို့ စဉ်းစားဖူးကြလား။

နေ့ရက်တိုင်းမှာ အလုပ်၊ ငွေကြေး၊ လူမှုရေး အထွေထွေကိစ ္စပေါင်းများစွာနဲ့ ရှုပ်ထွေးလွန်းတဲ့လောကကြီးမှာ တစ်ပတ်မှာတစ်ရက်အားလပ်ရက်အနေနဲ့မိသားစုကို အချိန်ပေးပြီး ပျော်ရွှင်စွာနေခြင်းက စိတ်ဖိစီးမှုတွေကိုပြေပျာက်စေမှာပါ။ ခရီးတွေထွက်၊ ငွေတွေအများကြီးအကုန်ကျခံစရာမလိုဘဲ မိသားစုနှင့်အတူ အဖိုးတန်တဲ့ အချိန်တွေကို ပျော်ရွှင်စရာအမှတ်တရ အချိန်လေးတွေဖြစ် ဘယ်လိုဖန်တီးနိုင်မယ့်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ၁) မိသားစုနှင့်အတူ ဈေးဝယ်ထွက်ခြင်း တစ်ပတ်စာအတွက် အစားအသောက်စီမံရအောင်၊ အိမ်မှာလိုအပ်နေတာလေးတွေဖြည့်ပြီးသားဖြစ်အောင် ဈေးဝယ်ထွက်ခြင်းက မိသားစုအတွက် အပန်းလဲပြေသလို နောက်တစ်ပတ်အတွက်ပါ စီစဉ်ထားပြီးသားဖြစ်သွားမှာပါ။ အမျိုးသမီးကလည်း သူနဲ့အတူ အဖော်လုပ်ပေးလို့ သိပ်သဘောကျမှာပါ။ ၂) မိသားစုနှင့်အတူ အိမ်သန့်ရှင်းရေး လုပ်ခြင်း တစ်ပတ်လုံးအလုပ်တွေများလို့ အိမ်မရှင်းဖြစ်ဘူးလား။ စိတ်မပူပါနဲ့…..တစ်ယောက်တစ်လှည့်အားလုံးဝိုင်းကူပြီး အိမ်သန့်ရှင်းရေးလေးလုပ်ကြည့်လိုက်ပါ။ အိမ်လည်း သန့်ရှင်းပြီးသွားသလို တစ်ယောက်တစ်လှည့်ကူလုပ်ကြတာမို့ပျော်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ မမောမပန်းဘဲ သန့်ရှင်းရေးလုပ်ပြီးသွားမှာပါ။ ၃) မိသားစုနှင့်အတူ ချက်ပြုတ်စားသောက်ကြခြင်း ချက်ပြုတ်တဲ့နေရာမှာလည်း ထိုနည်းတူပါပဲ။ တစ်ယောက်ကို တစ်ယောက်ကူပြီး ထူးထူးဆန်းဆန်းတွေ ဝိုင်းဝန်းချက်ပြုတ်ခြင်းက ပျော်စရာ အင်မတန်မှကာင်းပါတယ်။ ချက်ပြုတ်ပြီးတဲ့အခါမှာလည်း သန့်ရှင်းဖို့၊ ဆေးကြောဖို့ ဝိုင်းကူလုပ်ကြတဲ့အခါ မြန်မြန်ရှင်းလင်းပြီးသွားလို့ အားလုံးအတွက်လည်း ပင်ပန်းရကောင်းမှန်းတောင်သိလိုက်မှာမဟုတ်ပါဘူး။ ၄) မိသားစုနှင့်အတူ မုန့်စားရင်း ရုပ်ရှင်ကြည့်ခြင်း စားချင်တဲ့မုန့်တွေဝယ်ထားပြီး အိမ်မှာ မိသားစုနဲ့အတူ ရုပ်ရှင်အေးဆေးကြည့်ခြင်းကလည်း အပန်းဖြေခြင်းတစ်မျိုးပါပဲ။ ရယ်စရာဟာသကားမျိုးဆိုရင် မိသားစုတွေစုံစုံလင်လင်နဲ့မို့ တဝါးဝါးတဟားဟားရယ်မောလိုက်ခြင်းက လွတ်လပ်စေမှာပါ။ ဒရမ်မာကားမျိုး ဆိုလည်း အားလုံးအတူမျှဝေခံစားပြီး အပြန်အလှန်ဆွေးနွေးလို့ရစေမှာပါ။ ဒါမှမဟုတ် အနီးနားက ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်တာမျိုးကလည်း အကုန်အကျသက်သာသလို မိသားစုကြားပျော်ရွှင်မှုလည်း တိုးစေမှာပါ။ ၅) မိသားစုနှင့်အတူ ကစားကွင်း (သို့မဟုတ်) ပန်းခြံ တစ်ခုခုသွားခြင်း မိသားစုနှင့်အတူ လေကောင်းလေသန့်ရမယ့်ပန်းခြံတစ်ခုခုသွားခြင်းက ပိတ်လှောင်မှုတွေကနေ လွတ်မြောက်စေမှာပါ။ ကလေးငယ်ရှိခဲ့ရင်လည်း ကစားကွင်းမှာ ပြေးလွှားဆော့ကစားခြင်းက ကလေးကိုသန်မာစေသလို လေကောင်းလေသန့်ရစေလို့ ကျန်းမာရေးအတွက်ကောင်းစေပါတယ်။ ကိုယ်တိုင်လဲ နည်းပညာလောကကြီးက ခဏတဖြုတ်ထွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေမှာပါ။ ၆) မိသားစုနှင့်အတူ စာဖတ်ခြင်း၊ စာအုပ်အကြောင်းအပြန်အလှန်ဆွေးနွေးပြောပြခြင်း အပြင်ကိုမသွားချင်ဘူးဆိုရင်လည်း ဖတ်ထားတဲ့စာအုပ်အကြောင်း ဝိုင်းဝန်းဆွေးနွေးကြခြင်းက စိတ်ဖိစီးမှုကိုသက်သာစေမှာပါ။ ဘယ်စာအုပ်ကတော့ ဘာအတွက်ဖတ်သင့်တယ်….ဆိုတာမျိုးက မိသားစုထဲက အငယ်တွေအတွက် လမ်းညွှန်ပေးနိုင်သလို၊ ဖတ်ပြီးသွားတဲ့အခါ ဆွေးနွေးခိုင်းခြင်းက သူတို့ရဲ့ စာဖတ်စွမ်းရည်ကို တိုးတက်စေလို့ ဗဟုသုတတိုးစေမှာပါ။ ၇) အမျိုးများထံ အလည်သွားခြင်း တစ်ပတ်လုံးအလုပ်ကိစ ္စ အထွေထွေကိစ ္စပေါင်းများစွာနဲ့ ရှုပ်ထွေးနေမိလို့ နှစ်ဖက်မိဘအဖိုးအဖွားတွေဆီ သာကြောင်းမာကြောင်းလေးတောင် မေးဖြစ်ချင်မှမေးဖြစ်မှာပါ။ ငွေကြေးထက်အရေးကြီးတာ မေတ ္တာတရားဆိုတာ မေ့ထားလို့မရပါဘူး။ ငယ်စဉ်က ကိုယ့်အပေါ်မေတ ္တာထားခဲ့တဲ့အဖေအမေအဖိုးအဖွားများဆီ လက်ဆောင်လေးတွေဝယ်ပြီး အလည်သွားလိုက်ပါ။ သူတို့ သိပ်ပျော်သွားကြမှာပါ။ အရိုးရှင်းဆုံးနည်းလမ်းလေးတွေသုံးပြီး ဒီတစ်ပတ်အားလပ်ရက်ကို ကိုယ်ချစ်ရသောသူတွေ နဲ့ တန်ဖိုးရှိသော အချိန်များ ပျော်ရွှင်စွာကုန်ဆုံးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အပြင်ချည်းပဲသွားနေတဲ့ အလုပ်တွေချည်းပဲ ကြိုးစားနေတဲ့ ကိုယ်ရဲ့ လက်တွဲဖော်တွေသိအောင်လည်း ကိုယ့်စာမျက်နှာမှာရှယ်ပြီး သူတို့ သိသွားအောင် Tag လုပ်ပေးလိုက်ပါအုန်း။ #BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စစ်မှန်တဲ့အလှတရားဆိုတာ…..ဘာများဖြစ်မှာပါလိမ့်။

တခါတလေ ဘဝမှာ အဲဒီလိုအတွေးမျိုးများဝင်ဖူးကြမလား။ လူတိုင်းလူတိုင်းဟာ လူတကာကြားထဲမှာ ထင်းခနဲထင်ပေါ်နေလောက်အောင် လှပတဲ့အလှတရားမျိုးကို လိုချင်ကြမှာပါ။ ရှေးဘဝက ကုသိုလ်ကြောင့် ယခုဘဝမှာ အများကြားထင်ပေါ်ကျော်ကြားသလို လှပတဲ့အလှတရား၊ ရုပ်ရည်သွင်ပြင်ပိုင်ဆိုင်ထားသူကတော့ ကံကောင်းသူလို့ပြောလို့ရပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။