နူးညံပေမယ့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝပြီး စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဘာလုပ်သင့်သလဲ။

ခေတ်အဆက်ဆက်မှာ မိန်းကလေးဆိုရင် အားနွဲ့သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ မိန်းကလေးမို့ အားနွဲ့တယ်ဆိုပြီး “တပါးသူကို အားကိုးရမယ်၊ စာဆိုရင် သေစာရှင်စာလောက်ပဲတတ်ရင်တော်ပြီ၊ အချိန်တန် အိမ်ထောင်ပြု၊ အမျိုးသားကိုအားကိုရုံပဲ” ဆိုတဲ့ ဘယ်သူစပြီးသတ်မှတ်ခဲ့မှန်းမသိတဲ့အတွေးအမြင်တော်တော်များများကို အချိန်အတော်ကြာကြာဆုပ်ကိုင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ အတော်များများကလည်း ပွင့်လင်းလွတ်လပ်မြင်သာလာပြီမို့ မိန်းကလေးမှန်ရင် နူးညံပျော့ပျောင်းတာမှန်ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း လိုအပ်လာပြီး ‌ောကျ်ားတွေနဲ့တန်းတူရင်ဘောင်တန်းလာကြပါပြီ။ အဲဒါကြောင့် အမျိုးသမီးမို့ နူးညံ့ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ဖို့ရာ အတွက် အမြဲ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်နေဖို့လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာသပ်ရပ်သန့်ရှင်းဖို့ လှပဖို့ ပြင်ဆင်သလိုပဲ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ပိုပြီး ပြင်ဆင်ထားဖို့လိုပါတယ်။ အဲဒါကြောင့် အများနဲ့တန်းတူထက် ပိုသာပြီး အရည်အချင်းရှိတဲ့အမျိုးသမီးတွေဖြစ်ဖို့ လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ်ပိုင်အရည်အချင်းပြည့်ဝအောင် ကြိုးစားပါ။
များသောအားဖြင့် အမျိုးသမိးတွေဟာ အိမ်ထောင်ကျပြီးတဲ့နောက် အမျိုးသားကိုသာ အားကိုးရမယ်ဆိုတဲ့အမြင်ကို စွန်လွတ်နေကြပြီး အမျိုးသားာနဲ့အပြိုင်ရင်ဘေင်တန်းနိုင်အောင်ကြိုးစားနေကြပါပြီ။ ဒါပေမယ့် အနည်းစုတော့ ရှိနေတုန်းပါပဲ။ အဲဒါကြောင့် အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးသွားပေမယ့်လည်း ကိုယ့်ရဲ့အရည်အချင်းတွေကို အမြဲမပြတ်တိုးတက်အောင် ကြိုးစားနေဖို့လိုပါတယ်။ အမျိုးသမီးမှရယ်၊ အမျိုးသားမှရယ်မဟုတ်ပါဘူး၊ ပုံမှန်ကိုယ်ရပ်တည်ရှင်သန်ရမယ့်အသိုင်းအဝိုင်းမှာ ကိုယ့်နဲ့ပတ်သက်တဲ့စွမ်းရည်၊ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခုနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အရည်အချင်းကို အမြဲ တိုးတက်နေအောင် တခုမဟုတ် တခုမှာတော့ ကြိုးစားနေသင့်ပါတယ်။ အဲဒီလိုကြိုးစားနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးစေသလို၊ စိတ်ဓာတ်လည်း တည်ငြိမ်ပါတယ်။ အခြားအာရုံနောက်စရာတွေကိုလည်း အာရုံမရှိနိုင်တော့ဘဲကိုယ့်ဘဝတိုးတက်ရာကိုသာ တစိုက်မတ်မတ် ပိုရှင်းလင်းမြင်သာလာပါတယ်။

၂) အရှိအတိုင်းလက်ခံပါ၊ လက်ခံလို့မရရင် စွန့်လွှတ်လိုက်ပါ။
နောက်တစ်ခုကတော့ အမျိုးသမီးတွေမှာ ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး “အတွင်းမိးအပြင်မသယ်နဲ့” ဆိုတဲ့ ဘယ်သူစပြောခဲ့မှန်းမသိတဲ့ စကားပုံကို တွင်တွင်ကြီး လက်ကိုင်ထားကြတာပါပဲ။ အဲဒီ့အခါ ကိုယ့်ရဲံအပူသောကမှန်သမျှကို ရဲရဲရင်မဆိုင်၊ မဖြေရှင်းရဲတော့ဘဲ ကြိတ်ပြီးခံစားရင်း တစ်ဘဝလုံး အချိန်ကုန်၊ အနာဂတ်ပျောက်သွားရတဲ့အမျိုးသမီးလေးတွေရှိပါတယ်။ အဲဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်ပြီး အရည်အချင်းပြည့်ဝတဲ့အမျိုးသမီးဖြစ်ဖို့အတွက် ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အခြေအနေကို အရှိအတိုင်းလက်ခံသင့်ရင်လက်ခံပြီး “အဲဒီအခြေအနေထဲကနေမှ ကိုယ့်အတွက် ဘာလုပ်နိုင်မလဲ”ဆိုတာစဥ်းစားပြီးကြိုးစားပါ။ အဲလိုမဟုတ်ဘူး.....လက်မခံနိုင်တဲ့အခြေအနေမျိုးဆိုရင်လည်း လုံးဝလက်မခံဘဲ စွန့်လွှတ်ဖို့ ပြတ်သားစွာရွေးချယ်ပါ။ စောစောပြတ်သားလေ ကိုယ့်ဘဝအတွက် လုပ်သင့်တာကို စောစောလုပ်ဖို့အချိန်ရလေပါပဲ။ ဒါက အမျိုးသမီးမှမဟုတ်ဘဲ အမျိုးသားမှာလည်း အလားတူပါပဲနော်။ လူတိုင်းမှာ ဘေးကြပ်နံကြပ်အခြေအနေဆိုတာမျိုးကြုံလာရင် ဒီအတိုင်း ပြတ်သားစွာကျင့်သုံးသင့်ပါတယ်။

၃) အမြဲ ကိုယ့်အားကိုယ်ကိုးပါ။
အများသတ်မှတ်သလို ကိုယ်က အားနွဲ့တယ်၊ ရှက်တယ်၊ ကေြာက်တယ်ဆိုတာကို နေရာတိုင်းမှာ မခံယူပါနဲ့၊ မြန်မာမိန်းကလေးမို့ အမှန်တကယ်ရှက်သင့်ကြောက်သင့်တဲ့နေရာမှာ ရှက်ကြောက်တတ်ပါစေ။ ဒါပေမယ့် ရဲဝင့်သင့်တဲ့နေရာမှာလည်း ရဲဝင့်ရပါမယ်။ ဥပမာ၊ ဘတ်စ်ကားပေါ်မှာ ကိုယ့်ကိုမဖွယ်မရာလုပ်နေတာကို ရှက်လို့ဆိုပြီး ငြိမ်ခံနေစ၇ာမလိုပါဘူး၊ ဒါက ပြုလုပ်သူသာရှက်ရမယ့်ကိစ္စမို့ ရဲဝင့်စွာ ဖြေရှင်းပစ်လိုက်တာမျိုးလုပ်သင့်ပါတယ်။ ဘတ်စ်ကားမှတ်တိုင်မကျော်ခင် ဘဲလ်တီးလို့ မမြည်ရင် အသံကျယ်ကျယ်နဲ့မှတ်တိုင်အော်ပြောရမှာ ရှက်လို့မအော်ဘူးဆိုတာမျိုးက မရှက်သင့်တဲ့ကိစ္စမျိုးပါပဲ။ ခပ်ကျယ်ကျယ်နဲ့ကိုယ်ဆင်းမယ့်မှတ်တိုင် ကိုယ်အော်ပြောရမှာ လုပ်သင့်တဲ့ကိစ္စလုပ်တာမို့ ရှက်စရာမလိုပါဘူး။ အစရှိသဖြင့်ပေါ့။ ရှက်သင့်တဲ့ကိစ္စနဲ့ မရှက်သင့်တဲ့ကိစ္စမျိုးကိုခွဲခြားနားလည်ပြီး ကိုယ့်အားကိုယ်ကိုးဖို့ ကြိုးစားတာ အကောင်းဆုံးပါ။ ကိုယ့်အားကိုယ်ကိုးတဲ့လူက အချိန်တစ်ခုကြာလေ ပိုပြီး စွမ်းရည်ထက်မြက်လာလေပါပဲ။ အဲဒါကြောင့် အမြဲကိုယ့်အားကိုယ်ကိုးပါ။

၄) ခေတ်ကိုမျက်ခြေမပြတ်ပါစေနဲ့။
“ငါကတော့ ကလေးအမေမို့၊ ငါကတော့ အိမ်ထောင်သည်မို့၊ ငါကတော့ အပြင်အလုပ်ထါက်လုပ်စရာမလိုတော့ဘူး” ဆိုတဲ့အတွေးမျိုးတွေဖယ်ထားပါ။ အမြဲခေတ်ကို မျက်ခြေမပြတ်ဘဲ ဘာတွေတိုးတက်လာသလဲ၊ ဘာတွေကို ထပ်ပြီးသင်ယူထားသင့်သလဲ၊ ဘယ်ပညာရပ်တွေဆိုရင် ထပ်ပြီးလေ့လာလို့ ရအုံးမလဲစသဖြင့် ကိုယ့်အရည်အချင်းတိုးတက်ဖို့ရာ ခေတ်ကိုမျက်ခြေမပြတ်ဖို့လည်း လိုပါတယ်။

၅) ပညာရပ်တစ်ခုကိုကွမ်းကျင်အောင်သင်ယူထားပါ။
အဓိကကတော့ အပြင်ထါက်အလုပ်မလုပ်ရလို့၊ အိမ်ထောင်သည်ဖြစ်သါားလို့၊ ကလေးအမေဖြစ်သွားလို့ဆိုတဲ့အတေါးမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်မပျောက်ဆုံးဖို့လိုပါတယ်။ ကိုယ်ကိုယ်ကိုယ်မပျောက်ဆုံးအတွက်က ကိုယ့်အတွက် ပညာရပ်တစ်ခုကို တဖက်ကမ်းခတ်ကျွမ်းကျင်အောင် သင်ယူနေသင့်ပါတယ်။ အဲဒီ့ပညာရပ်က ကိုယ့်အတွက် ခွန်အားဖြစ်လာနိုင်သလို၊ ကိုယ့်အတွက် ဝမ်းစာလည်းဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် စက်ချုပ်သင်တာ၊ ပန်းအလှပြင်တာ၊ အလှပြင်သင်တန်း ၊ ဘာသာစကား စသဖြင့် ကိုယ့်အတွက် ထိ‌ေ၇ာက်တဲ့ပညာရပ်တစ်ခုခုကို အမြဲ သင်ယူကျွမ်းကျင်ပါစေ။
အထက်ကအချက်တွေကို လက်ကိုင်ထားပြီး မိန်းကလေးမို့ နူးညံတာလက်ခံပါ၊ ဒါပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့်တော့ အရှုံးမပေး ကြံ့ကြံ့ခိုင်မာတဲ့အမျိုးသမိးဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ထားပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အထက်ပါအချက်တွေက အမျိုးသမီးတွေတင်မကဘဲ သူတပါးကို အမြဲအားမကိုးဘဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် လက်ခံကျင့်သုံးသင့်တဲ့အချက်တွေမို့ အမျိုးသားတွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်နော်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။