Super Sunday အားလပ်ချိန်မှာ ဘာတွေလုပ်မလဲ။

Super Sunday မှာဘာတွေလုပ်ဖြစ်ကြလဲ။ ခုလိုအချိန်မှာ အပြင်လည်းလျှောက်သွားလို့အဆင်မပြေဘူးဆိုတော့ကာ တစ်ယောက်တည်းအဆင်ပြေသလို အပန်းဖြေပါ။ တစ်ပတ်လုံး အားကြိုးမာန်တက်နဲ့ ရုန်းကန်ရတာမို့ ကိုယ့်ကိုယ်ကိုယ်ဒီတစ်ရက်တော့ အချိန်ပေးအပန်းဖြေဖို့ တိုက်တွန်းလိုက်ပါတယ်။ အဓိကက ကိုယ့်ရဲ့စိတ်ကို relax ဖြစ်စေတဲ့အရာတွေကို ကိုယ်တိုင်သိပြီးနားလည်ရင် ကိုယ့်ကိုယ်ကိုယ်အချိန်ပေးတတ်သွားပါပြီ။ အောက်မှာဖော်ပြထားတဲ့အချက်တွေဆို အင်မတန်ရိုးရှင်းပေမယ့် စိတ်ကို relax ဖြစ်စေပါတယ်။ ငွေကုန်ကြေးကျလည်းမများပါဘူး။ ကိုယ်တိုင်ကိုယ့်ကိုယ်ကိုယ်ဘယ်လိုနည်းလမ်းတွေနဲ့ relax လုပ်ဖြစ်လဲဆိုတာလေး အခြားသူတွေသိအောင် မျှဝေသွားပါအုံးနော်။


သီချင်းငြိမ့်ငြိမ့်လေးတွေ နားထောင်မယ်။
ဖုန်းတွေမသုံးဘဲ နေကြည့်မယ်။
ကော်ဖီ ဒါမှမဟုတ် အသီးဖျော်ရည် ဖျော်သောက်မယ်။
တရေးတမောအိပ်စက်မယ်။
ခရီးထွက်ခဲ့တုန်းက ဓာတ်ပုံတွေပြန်ကြည့်မယ်။
တရားထိုင်မယ်၊ ဒါမှမဟုတ် ယောဂကျင့်မယ်။
ကိုယ်ကြိုက်နှစ်သက်ရာလေးတွေလုပ်မယ်။
ဥပမာ ။ အပင်စိုက်တာ၊ အလှပန်းအိုးထိုးတာ၊ ပန်းချီဆွဲတာ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။