မိတ်ဆွေကောင်းဘယ်တော့မှ မရနိုင်မယ့်လူတွေရဲ့အကျင့်ဆိုးများ
လောကမှာ မိတ်ဆွေကောင်းရှိခြင်းက ရွေရှိတာထက်ပိုတန်ဖိုးရှိပါတယ်။ ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာကို ရဖို့ကလည်း ရွှေဝယ်ရတာထက် ပိုခက်ပါတယ်နော်။ ကိုယ့်ဘဝရဲ့အခက်အခဲ၊ အကြပ်အတည်းပေါင်းများစွာကို ရင်ဆိုင်နေရချိန်မျိုးမှာ အားငယ်စိတ်ဓာတ်ကျခြင်းတွေကို လူတိုင်းနီးပါးခံစားကြရမှာပါ။ ထိုအချိန်မျိုးမှာ ကိုယ့်ကို တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ အားကိုးအားထားပြုနိုင်တဲ့သူ၊ ကိုယ့်ရဲ့အမှားကို အမှားလို့ အမုန်းခံပြီး ကိုယ့်အကျိုးအတွက်ပြောပေးမယ့် သူငယ်ချင်းမိတ်ဆွေစစ်ဆိုတာ တကယ့်ကို လိုအပ်ပါတယ်။ ကိုယ်တိုင်ကတော့ မိတ်ဆွေစစ်ဆိုတာ……လိုချင်ကြတဲ့သူချည်းပါပဲ။ ဒါပေမယ့် မိတ်ဆွေစစ်ကိုလိုချင်ရင် ကိုယ်တိုင်မိတ်ဆွေစစ်ပီသအောင် နေရမယ်ဆိုတာကိုတော့ မေ့နေတတ်ကြပါတယ်။ ကိုယ်တိုင်က အခြားသူငယ်ချင်းတွေအတွက် မိတ်ဆွေစစ်ပီသစွာ ဖေးမကူညီတတ်တဲ့သူဖြစ်တဲ့အခါ တစ်နေ့တစ်ချိန်မှာတော့ ကိုယ့်လိုစစ်မှန်စွာ ပေါင်းသင်းမယ့်သူမျိုးက သင့်ထံရောက်လာမှာပါ။ သင်နဲ့စိတ်ထားချင်းထပ်တူညီပြီး သင့်လိုလူမျိုးတွေက သင်ထံကိုပဲ ရောက်လာမှာဖြစ်ပါတယ်။ အဲဒါကို တန်ပြန်သက်ရောက်မှုရှိခြင်းလို့ခေါ်ပါတယ်။ သင်ကိုယ်တိုင်တောင်မှ လိုအပ်မှ မိတ်ဆွေကိုပေါင်း၊ အလိုရှိမှ မျက်နှာချိုသွေးတတ်သူဆိုရင်တော့ သင့်ထံကိုလည်း သင့်လိုလူတွေပဲရောက်လာပါလိမ့်မယ်။ အဲဒါကြောင့် သင့်မှာ ထိုကဲ့သို့အကျင့်ဆိုးတွေရှိနေရင် ပြုပြင်နိုင်အောင် မိတ်ဆွေကောင်းမရနိုင်တဲ့သူရဲ့အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ဘဝကိုပိုပြီးဟန်ချက်ညီအောင်ဖန်တီးနိုင်မယ့် အဆင့် ၄ဆင့်
ကျွန်တော်တို့အတွက် ခြေလှမ်းမှန်အောင်လှမ်းဖို့က အများကြီးတွေးတောနေစရာမလိုပါဘူး။ ငယ်စဉ်ကလေးဘဝတုန်းကတော့ ခြေလှမ်းကို ဟန်ချက်ညီအောင်လှမ်းဖို့ ကြိုးစားခဲ့ရပါတယ်။ အရွယ်ရောက်ပြီးတဲ့အခါမှာတော့ လဲကျမှာကို စိုးရိမ်စရာကိုမလိုတော့ပါဘူးနော်။ အလုပ်နဲ့မိသားစုဘဝကို ဟန်ချက်ညီအောင်လုပ်ရတာက ပြုတ်မကျအောင်ထိန်းပြီးလျှောက်ရတာနဲ့တူပါတယ်။ အာရုံစူးစိုက်ဖို့လိုသလို ၊ အထူးဂရုစိုက်ဖို့လိုပါတယ်။ ပျက်စီးလွယ်သလို၊ တခါတရံမှာ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကိုလည်း မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် သင့်အတွက်အရေးကြီးဆုံးက ဘာလဲဆိုတာကို ပြန်တွေးပါ။ အောက်မှာဖော်ပြထားတဲ့အချက်လေးချက်ကို လိုက်နာသင့်တာလိုက်နာ၊ ရှောင်ကျဉ်သင့်တာရှောင်ကျဉ်လိုက်ပါ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
သင့်စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသင့်တဲ့အကျင့်လေးတွေ
ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေက အခြားသူတွေနဲ့ဆက်ဆံရေးတည်ဆောက်တဲ့အခါ ပြုမူလှုပ်ရှားမှုပေါ်မူတည်ပြီး ပြန်တွေးတဲ့အတွေးတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့က အဲဒါကို ထိန်းချုပ်နိုင်ပါတယ်။ ပြောင်းလဲဖို့ ကျွန်တော်တို့ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့ပြောင်းလဲနိုင်တဲ့အသေးအဖွဲလေးတွေကနေ ကျွန်တော်တို့ဘဝကို ကြီးမားတဲ့ပြောင်းလဲမှုဖြစ်စေနိုင်ပါတယ်။
သင့်ရဲ့နေ့စဉ်အချိန်ဇယားမှာ စာဖတ်ဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲ။
သင့်ရဲ့ညဘက်အချိန်တွေမှာ သင်ဖတ်လက်စ စာအုပ်ကို ပြန်ဖွင့်မဖတ်ဖြစ်တာကြာပြီလား။ ဒါမှမဟုတ် တလလုံးမှာ စာအုပ်ကို ကောက်မကိုင်ဖြစ်တာတောင်ကြာနေပြီလား။ စာဖတ်ဖို့အချိန်သီးသန့်သတ်မှတ်ရတာ ခက်ခဲပါတယ်။ သင်အလုပ်ရှုပ်နေတဲ့အခါ ပိုဆိုးတာပေါ့။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ တကယ်တော့မဟုတ်ပါဘူး။ အခုဖော်ပြမယ့်နည်းလမ်းအချို့ကတော့ အလုပ်များပြီး အောင်မြင်နေပါတယ်ဆိုသူတွေရဲ့ စာကိုဘယ်လိုမရရအောင် အချိန်ပေးပြီးဖတ်သလဲဆိုတဲ့နည်းလမ်းပါပဲ။ ထိုနည်းလမ်းတွေကို အသုံးပြုပြီး ဒီနေ့ကစပြီး စာဖတ်ကြရအောင်ပါ။
ဆုံးဖြတ်ချက်ချရာတွင် အကောင်းဆုံးဖြစ်ဖို့ နည်းလမ်း ၃ချက်
နေ့စဉ်နေ့တိုင်းမှာ ဘဝရဲ့အခြေအနေအကြောင်းအရာတွေကို ကျွန်တော်တို့ရင်ဆိုင်နေရပါတယ်။ ကောင်းတာလည်း ဖြစ်နိုင်သလို၊ ဆိုးတာလည်း ဖြစ်နိုင်တာပါပဲ။ အဲဒါအကြောင်းအရာတွေကို ကျွန်တော်တို့ ရွေးချယ်မှုလုပ်ဖို့လိုအပ်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း မှန်ရာကိုရွေးချယ်ဖြစ်ဖို့လိုပြန်တယ်။ အဲဒါကြောင့် ဘဝရဲ့ကောင်းခြင်းဆိုးခြင်းကို ရွေးချယ်ရမယ့်နေရာမျိုးမှာ အဖြေက ကျွန်တော်တို့ရဲ့ဘဝကို ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ မုန်းတီးခြင်းကြားမှာရှိနေတာဖြစ်ပါတယ်။ ဘာကိုမှမစဉ်းစားတဲ့သူမျိုးကတော့ ကိုယ့်ဘဝထိခိုက်လည်း ဂရုစိုက်မှာတောင်မဟုတ်ပါဘူး။ ကိုယ့်ဘဝကိုချစ်တဲ့သူတွေက ကိုယ့်ဘဝထိခိုက်နိုင်မယ့် ဆုံးဖြတ်ချက်မျိုးဆိုရင် ရှောင်ကျဉ်ပါလိမ့်မယ်။ အဲဒါကြောင့် သင့်ဘဝမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေပဲချမှတ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
မနက်ခင်းမှာ အလောသုံးဆယ်မဖြစ်စေဖို့ အလွယ်ဆုံးနည်းလမ်းများ
မနက်ခင်းကျ စောစောထရမယ်ဆိုပြီး ညဘက်ကို ညနက်ထိ ဟိုလုပ်ဒီလုပ်နဲ့ အချိန်ကုန်သွားတတ်တဲ့သူတွေရှိတယ်မဟုတ်လား။ တခါတလေ ကိုယ်တွေတောင် ဘာမှထိထိရောက်ရောက်မလုပ်ဖြစ်လိုက်ဘဲ ညနက်သွားတတ်ပြီး မနက်ကျ အိပ်ရာမထနိုင်တော့တာမျိုးရှိတတ်ပါတယ်။ အဲဒါကြောင့် ညကတည်းကနေ စီစဉ်ထားသင့်တာစီစဉ်တာမျိုး၊ မနက်ကျ စောစောအိပ်ရာထနိုင်အောင် လုပ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
မဖြစ်သေးတာကို ကြိုတွေးပြီးပူပန်နေခြင်းကို ဘယ်လိုထိန်းချုပ်မလဲ။
အတွေးလွန်ခြင်း တနည်းအားဖြင့် မဖြစ်သေးတာကို ကြိုတွေးပြီး ပူပန်နေခြင်းက သဘာဝဖြစ်ရပ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ထိုအတွေးတွေထဲမှာပဲ အာရုံစိုက်နေပြီး အခြားသောကိစ္စအ၀၀ကို အာရုံမစိုက်နိုင်တော့တဲ့အခါမှာတော့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အတွေးတွေမှာ မကောင်းတဲ့အတွေးမျိုးတွေ အမြဲတစေ ကြိုတွေးပြီး ပူပန်နေတာမျိုးမဖြစ်ရအောင်တော့ သတိထားပြီး အကျင့်လုပ်ပြုပြင်သင့်ပါတယ်။ သင့်ရဲ့အတွေးနဲ့ အပြုအမူတွေကို သတိထားပြီး ကိုယ့်ကိုကိုယ်သတိပေးတဲ့အခါ သင့်ရဲ့အတွေးလွန်ခြင်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာများနဲ့ ဖြေရှင်းနည်းများ (၂)
သင့်မှာ အငြင်းသန်ပြီး၊ ခေါင်းမာတတ်တဲ့ကလေးမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဘယ်လိုဖြေရှင်းမလဲ။ ထိုအပြုအမူမျိုးက ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာမျိုးပဲဖြစ်ပါတယ်။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အပြုအမူဆိုင်ရာပြဿနာတွေနဲ့ ထိုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ချို့ကိုသိထားခြင်းက ဖြေရှင်းနိုင်လွယ်စေပါတယ်။ ကလေးတွေမှာ အများအားဖြင့် အတွေ့များတဲ့ အပြုအမူဆိုင်ရာပြဿနာတွေကတော့ လိမ်ညာတတ်ခြင်း၊ ပြန်ပြောခြင်း၊ screen ကြည့်ချိန်များခြင်း၊ အစားအစာစားခြင်းဆိုင်ရာပြဿနာများ၊ မလေးမစားလုပ်ခြင်း၊ အော်ငိုခြင်း၊ ပြောစကားနားမထောင်ခြင်း၊ ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ အိပ်စက်ချိန်နဲ့ပတ်သက်ပြီး ခက်ခဲခြင်း စတဲ့ပြဿနာမျိုးတွေရှိနိုင်ပါတယ်။
ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာများနဲ့ ဖြေရှင်းနည်းများ (၁)
သင့်မှာ အငြင်းသန်ပြီး၊ ခေါင်းမာတတ်တဲ့ကလေးမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဘယ်လိုဖြေရှင်းမလဲ။ ထိုအပြုအမူမျိုးက ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ယေဘုယျအပြုအမူပြဿနာမျိုးပဲဖြစ်ပါတယ်။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အပြုအမူဆိုင်ရာပြဿနာတွေနဲ့ ထိုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ချို့ကိုသိထားခြင်းက ဖြေရှင်းနိုင်လွယ်စေပါတယ်။ ကလေးတွေမှာ အများအားဖြင့် အတွေ့များတဲ့ အပြုအမူဆိုင်ရာပြဿနာတွေကတော့ လိမ်ညာတတ်ခြင်း၊ ပြန်ပြောခြင်း၊ screen ကြည့်ချိန်များခြင်း၊ အစားအစာစားခြင်းဆိုင်ရာပြဿနာများ၊ မလေးမစားလုပ်ခြင်း၊ အော်ငိုခြင်း၊ ပြောစကားနားမထောင်ခြင်း၊ ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ အိပ်စက်ချိန်နဲ့ပတ်သက်ပြီး ခက်ခဲခြင်း စတဲ့ပြဿနာမျိုးတွေရှိနိုင်ပါတယ်။
ကိုယ့်ကိုကိုယ် သိရက်နဲ့မပြုပြင်နိုင်တဲ့အကျင့်ဆိုးတွေ
လူတိုင်းမှာ အကျင့်ဆိုးလေးတွေတော့ ရှိတတ်ကြပါတယ်နော်။ တခါတလေလည်း ပြုပြင်တတ်ကြပေမယ့် တခါတလေကျတော့လည်း လျစ်လျူရှုထားမိတတ်ကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် အရမ်းကြီးဘဝကိုထိခိုက်မိစေတဲ့အကျင့်ဆိုးမျိုးကတော့ မရရအောင်ပြုပြင်လိုက်မှ အဆင်ပြေပါလိမ့်မယ်။ အရမ်းကြီးမထိခိုက်ဘဲ ကိုယ်တိုင်မှားမှန်းသိရက်နဲ့ လုပ်မိတတ်တဲ့အကျင့်ဆိုးလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေမှာလည်း သိရက်နဲ့မပြုပြင်နိုင်သေးတဲ့အကျင့်ဆိုးလေးတွေရှိရင် ကိုယ့်ကိုကိုယ်သတိပေးတဲ့အနေနဲ့ ပွင့်လင်းစွာ မန့်သွားပေးကြပါအုံး။
Comfort zone ထဲက ရုန်းထွက်နိုင်မယ့်နည်းလမ်း ၅ချက်
သင့်ရဲ့comfort zone ထဲကရုန်းထွက်ဖို့ စဉ်းစားလိုက်တဲ့ အချိန်တိုင်း ကိုယ့်အတွက် မသက်သာတဲ့ကိစ္စတွေ၊ အဆင်မပြေနိုင်တဲ့ကိစ္စတွေကို အရင်ဆုံးပြေးမြင်လိုက်ပြီး comfort zone ထဲကထွက်ဖို့ ကြောက်လန့်သွားတတ်ကြပါတယ်။ ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်ဆိုတဲ့စကားလိုပါပဲ။ ဘယ်အရာကိုမဆို မကြောက်သင့်တာကို ကြောက်နေရင်တော့ သင်ဖြစ်ချင်တာတွေလည်း ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့အကြောက်တရားတွေကို ဖယ်ရှားပစ်မှ comfort zone ထဲက ထွက်ခွာနိုင်ပြီး သင့်ဘဝတိုးတက်နိုင်မှာပါ။
ပတ်ဝန်းကျင်မှာတွေ့ရတတ်သော လွှဲမှားနေသောအပြုအမူများ (၂)
တခါတလေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမှန်အဖြစ်လက်ခံကျင့်သုံးနေပြီး တကယ်တမ်းကျတော့ မှားယွင်းနေတဲ့အချက်တော်တော်များများရှိပါတယ်။ အမှားတွေကို လူတော်တော်များများက အမှန်အဖြစ်လက်ခံကျင့်သုံးနေတဲ့အခါ အမှန်တွေတဖြေးဖြေး ကွယ်ပျောက်လာပြီး အမှားတွေကသာ အမှန်ကဲ့သို့ ကြီးစိုးလာပါတော့တယ်။ အမှန်တရားတွေကတော့ အမှားအဖြစ်နေရာလွှဲနေကြပါတော့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့ဓဒူဝမြင်နေကျဖြစ်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။