၀က်ခြံအမာရွတ်တွေကို ဘယ်လိုဖယ်ရှားမလဲ။

ခန္ဓာကိုယ်ကတော့ ပုံမှန်သဘာဝအားဖြင့် အချိန်တစ်ခုအရောက်မှာ အမာရွတ်တွေကို ပြန်လည်ဖြူဖျော့သွားပြီး ပျောက်ကွယ်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အမာရွတ်တွေကို လျှင်မြန်စွာ ပျေက်ကင်းချင်တယ်ဆိုရင်တော့ သဘာဝအိမ်တွင်းနည်းလမ်းလေးတွေတော့ ရှိပါတယ်။


၁) ရှောက်ရည်ဖြင့် အမာရွတ်ဖယ်ရှားခြင်း
ရှောက်ရည်မှာ အရေပြားကို လင်းစေတဲ့အစွမ်းရှိပါတယ်။ အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် အနက်ရောင်အစက်အပြောက်တွေကို ပါးလာစေနိုင်ပါတယ်။ ရှောက်သီးစိတ်၂စိတ်ခန့်လှီးပါ။ အရည်ကို ညှစ်ပြီး ဂွမ်းလေးနဲ့ တို့ကာ ဝက်ခြံအမာရွတ်တွေအပေါ်သုတ်လိမ်းပေးပါ။ ၁၀မိနစ်ကနေ မိနစ် ၃၀ခန့်ထားပြီးရေဆေးလိုက်ပါ။ တစ်နေ့လျှင် နှစ်ကြိမ်ခန့်လုပ်ပါ။ ၆ပတ်လောက်ကြာတဲ့အထိ စွဲလုပ်သင့်ပါတယ်။ သင့်ရဲ့ဝက်ခြံအမာရွတ်တွေ တဖြေးဖြေးပါးလာတာကို တွေ့ရပါလိမ့်မယ်။
ရှောက်ရည်နဲ့ ဗီတာမင်အီးအဆီလေးကို ဆတူရောပြီး ဝက်ခြံအမာရွတ်ရှိတဲ့အပေါ်မှာ သုတ်လိမ်းပေးလို့လည်း ရပါတယ်။ ဗီတာမင်အီးအဆီက သင့်ရဲ့အရေပြားအရောင်ကို ပြန်လည်လှပလာစေပြီး လန်းဆန်းမှုကိုခံစားရပါလိမ့်မယ်။ တစ်နေ့မှာ ၂ကြိမ် ၊ ၃ကြိမ်ခန့်လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီလိုမလိမ်းကျံခင်မှာတော့ မျက်နှာကိုသန့်ရှင်းအောင် ဆေးကြောထားသင့်ပါတယ်နော်။
ရှောက်ရည်နဲ့ သင့်အရေပြားကို သုတ်လိမ်းထားချိန်မှာ နေရောင်ခြည်ရဲ့ အပူရှိန်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားသင့်ပါတယ်။

၂) အာလူးဖြင့် အမာရွတ်ဖယ်ရှားခြင်း
အာလူးကရတဲ့အရည်က ဝက်ခြံအမာရွတ်ဖယ်ရှားဖို့အတွက် အကောင်းဆုံးအာနိသင်ပါဝင်ပါတယ်။ အာလူးကို ပါးပါးလေးလှီးလိုက်ပါ။ လှီးထားတဲ့အာလူးနဲ့ အမာရွတ်ရှိရာကို ပွတ်တိုက်ပေးပါ။ အာလူးရဲ့အစေးက အရေပြားထဲကိုစိမ့်ဝင်သွားပါလိမ့်မယ်။ အစေးမရှိတော့ဘူးလို့ ခံစားရတဲ့အထိ ပွတ်ပေးပါ ။ ၁၀ မိနစ် နဲ့ မိနစ် ၂၀ကြားကြာအောင် ပွတ်တိုက်ပေးပါ။ နေ့စဉ်ပြုလုပ်လို့ရပါတယ်။ သင့်ရဲ့အမာရွတ်တွေ လျင်မြန်စွာ ပါးလာတာကိုတွေ့ရမှာပါ။ ၁၀မိနစ်ခန့်ကြာတဲ့အခါမှာတော့ ရေနဲ့ဆေးချလိုက်လို့ရပါပြီ။

၃) Apple Cider Vinegar ဖြင့် အမာရွတ်ဖယ်ရှားခြင်း
Apple cider vinegar က ဝက်ခြံအတွက်ကော၊ ဝက်ခြံအမာရွတ်အတွက်ကော သုံးနိုင်ပါတယ်။ အရေပြားက အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အတွက် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့အက်ဆစ်ဓာတ်ကြောင့် အရေပြားကို ပိုပြီး လင်းလက်လာစေနိုင်ပါတယ်။ Apple Cider Vinegar တစ်ဇွန်းကို ရေနဲ့ ရောပြီး ဂွမ်းလေးနဲ့ဆွတ်ပြီးလိမ်းနိုင်ပါတယ်။ ၁၀မိနစ် ၁၅မိနစ်ခန့်မှာ ရေနဲ့ဆေးကြောနိုင်ပါတယ်။
၄) လက်ဖက်ဆီ
လက်ဖက်ပင်ကရတဲ့အဆီက ဆေးဘက်ဝင်ပြီး အခြားအကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ မှိုနဲ့ပတ်သက်တဲ့ပြဿနာတွေ၊ ဘက်တီးရီးယားပြဿနာတွေအတွက် မရှိမဖြစ်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် ဝက်ခြံအမာရွတ်အတွက် အသုံးပြုလို့ ရပါတယ်။ လက်ဖက်ဆီ ၂စက် ၃စက်ခန့်ကို ရေနဲ့ရောပြီး အမာရွတ်ပေါ်သုတ်လိမ်းပေးနိုင်ပါတယ်။ သင့်အသားအရေစိုပြေဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အရေပြားကို ရေဓာတ်ပြည့်ဝစေပါတယ်။

၅) မုန့်ဖုတ်ဆော်ဒါ
အက်ဆစ်ဓာတ်ပါဝင်တဲ့ပစ္စည်းတွေနဲ့ မတူဘဲ အကျိုးရလဒ်ကောင်းတွေရှိပါတယ်။ အရေပြားကို အကျိုးသက်ရောက်မှုရှိစေပြီး အမာရွတ်ကို ဖယ်ရှားနိုင်ပါတယ်။ အရေပြားက အနက်ရောင်အစက်အပြောက်တွေကို ဖယ်ရှားစေနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ပျစ်ပျစ်လေးဖော်ပြီး အမာရွတ်တစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။ ရေနွေးလေးနဲ့ ဆေးကြောပစ်ပါ။ တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ် အိပ်ရာမဝင်မီလုပ်ပေးနိုင်ပါတယ်။
https://www.homeremediesforall.com/natural-remedies/home-remedies-for-acne-scars.html လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။