ရှမ်းနံနံရဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

ရှမ်းနံနံကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲမှာ ထည့်ပြီးချက်ပြုတ်ကြပါတယ်။ ရှမ်းနံနံမှာ ကယ်လဆီယမ်၊ သံဓာတ်၊ carotene နဲ့ riboflavin တို့ပါဝင်ပြီး ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့ ဆေးဘက်ဝင်အရွက်ဖြစ်ပါတယ်။ ရှမ်းနံနံရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) ခံတွင်းအနံဆိုးထွက်ခြင်းကို သက်သာစေခြင်း
တရုတ်နံနံကဲ့သို့ အရွက်တွေက ခံတွင်းအနံဆိုးထွက်ခြင်းကို သက်သာစေပါတယ်။ ရှမ်းနံနံမှာလည်း ထိုကဲ့သို့အာနိသင်ရှိပါတယ်။ အရွက်ကို အစာစားပြီးနောက် ဝါးစားပေးခြင်းက ခံတွင်းအနံဆိုးတွေဖြစ်ပေါ်စေတဲ့ Sulphur compounds တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၂) ကလူးကိုစ့်တွေကို လျော့ချပေးခြင်း
တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာချက်အရ အရွက်နဲ့ပင်စည်လေးတွေက သွေးထဲကသကြားဓာတ်ကို လျော့ကျစေတယ်လို့တွေ့ရပါတယ်။ Vitamin B2 (Riboflavin) ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ကလူးကို့စ်ကို လျှော့ချစေနိုင်ပါတယ်။ အသည်းလုပ်ဆောင်ချက်ကို မြင့်တင်ပေးပြီး အင်ဆူလင်ဟော်မုန်းတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကျန်းမာတဲ့အသည်းကနေ ခန္ဓာကိုယ်အတွက် ညီမျှတဲ့သကြားဓာတ်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

၃) ရင်ကြပ်ခြင်းကို သက်သာစေခြင်း
ရင်ကြပ်ခြင်းက အဆုတ်နဲ့ပတ်သက်တဲ့ရောဂါဖြစ်ပါတယ်။ လေထုညစ်ညမ်းပြီး စက်မှုဇုံလိုနေရာမျိုးမှာနေထိုင်တဲ့လူတွေအဖြစ်များပါတယ်။ အဆိပ်ဖြစ်စေတဲ့ သတ္တုဓာတ်တွေ၊ ဖုန်မှုန့်၊ အဆိပ်ဖြစ်စေတဲ့ဓာတ်ငွေ့ထုတ်လွှတ်ခြင်းတွေကြောင့် အဖြစ်များပါတယ်။ မကြာသေးမီကလေ့လာချက်အရ ဆေးဘက်ဝင်အစွမ်းတွေရှိနေတဲ့အပင်တစ်ချို့ထဲမှာ ရှမ်းနံနံလည်းပါဝင်ပါတယ်။ ရှမ်းနံနံက ရင်ကြပ်ခြင်းကိုသက်သာစေတဲ့ဆေးဘက်ဝင်အပင်ဖြစ်ပါတယ်။

၄) နာကျင်မှုတွေကို သက်သာစေခြင်း
ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းခြင်းကိုလျှော့ကျစေပါတယ်။ ဥပမာ အဆစ်ရောင်ခြင်း၊ နာခြင်း၊ ကြွက်တက်ခြင်း၊ အခြားသောခန္ဓာကိုယ်နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ နာကျင်မှုကိုသက်သာစေတဲ့ ဆေးဘက်ဝင်အပင်ဖြစ်ပါတယ်။
၅) အာရုံကြော ရောင်ရမ်းခြင်းကို ကာကွယ်ပေးခြင်း
ပုံမှန်စားသုံးခြင်းက ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေအတွက် ကူညီပေးနိုင်ပါတယ်။ အာရုံကြောဆိုင်ရာရောဂါတွေအထူးသဖြင့် အင်ဇီုင်းမား၊ ပါကင်ဆန် ရောဂါမျိုးတွေကို ကာကွယ်ဖို့အကျိုးသက်ရောက်စေပါတယ်။ ဦးနှောက်ဆဲလ်တွေရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၆) အဆိပ်တောက်ကင်းစေခြင်း
vitamin B2 ပါဝင်ခြင်းကြောင့် ပုံမှန်စားသုံးခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျှော့ချဖို့ အကူအညီဖြစ်စေပါတယ်။ အသည်းလုပ်ဆောင်ချက်ကောင်းမွန်စေပါတယ်။ အသည်းလုပ်ဆောင်ချက်ကောင်းမွန်ခြင်းက ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တဲ့အဆိပ်တွေကို ဖယ်ရှားသန့်စင်တဲ့လုပ်ဆောင်ချက်ကို ကူညီပေးနိုင်ပါတယ်။
https://www.healthbenefitstimes.com/culantro/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။