သင့်မျက်လုံးကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ။

မျက်လုံးက လူတစ်ယောက်ရဲ့အမြင်အာရုံအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အမြင်အာရုံပျက်စီးခြင်းက လူတစ်ယောက်အတွက် ဘယ်လိုမှပြန်ပြီးအစားထိုးမနိုင်တဲ့ဆုံးရှုံးမှုမျိုးဖြစ်ပါတယ်။ အဲဒါကြောင့် အမြင်အာရုံကို ဂရုစိုက်သင့်ပါတယ်။ သင့်မျက်လုံးကျန်းမာရေးအတွက် ဘယ်လိုအချက်လေးတွေကို လိုက်နာရင်း ဂရုစိုက်နိုင်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) အာဟာရပြည့်ဝအောင်စားသုံးပါ။
မျက်လုံးကျန်းမာရေးက သင့်ပန်းကန်ထဲက အစားအစာနဲ့ပတ်သက်နေပါတယ်။ အာဟာရဓာတ်တွေ အထူးသဖြင့် omega-3 fatty acids ၊ lutein ၊ zinc ၊ vitamins C နဲ့ E ကဲ့သို့ ပါဝင်တဲ့အစားအစာတွေကို စားသုံးပေးခြင်းက သင့်အမြင်အာရုံနဲ့ပတ်သက်တဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာ၊ အသက်အရွယ်ကြောင့် အမြင်အာရုံချွတ်ယွင်းလာခြင်း၊ တိမ်စွဲခြင်းကဲ့သို့ရောဂါများ။ အဲဒါကြောင့် သင့်စားနေကျ အစားအစာတွေထဲမှာ
• အစိမ်းရောင်ဟင်းသီးအရွက်တွေ ဥပမာ၊ ကိုက်လန်၊ မုန်ညင်း၊ ဂေါ်ဖီထုပ်
• ဆော်လမွန်ငါး၊ တူနာငါးနဲ့အခြား အဆီများသော ငါးများ
• ကြက်ဥ၊ အခွံမာသီးများ၊ ပဲအမျိုးမျိုးနဲ့ အသားမဟုတ်ဘဲ ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာများ
• လိမ္မော်သီးနဲ့အခြား အချဉ်ဓာတ်ပါသောအသီး ဗီတာမင်စီပါဝင်သောအသီးများ
အာဟာရနဲ့ ပြည့်ဝအောင်စားသုံးခြင်းက သင့်ကို ကျန်းမာအောင် ကူညီနိုင်သလို သင့်ရဲ့ဝိတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ အဝလွန်ခြင်းက ဆီးချိုရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဆီးချိုရောဂါကြောင့် အရွယ်ရောက်သူတွေမှာ အမြင်အာရုံချို့ယွင်းခြင်းမျိုးဖြစ်နိုင်ပါတယ်။

၂) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက မျက်လုံးအတွင်းတိမ်စွဲခြင်းဖြစ်ဖို့အလားအလာများပါတယ်။ အမြင်အာရုံကြောတွေကို ပျက်စီးစေတဲ့အတွက်ကြောင့်ပါ။ ဆေးလိပ်သောက်တဲ့အကျင့်ကိုဖြတ်လိုက်ခြင်းက သင့်ရဲ့အမြင်အာရုံကို မထိခိုက်စေတော့ပါဘူး။ ဆေးလိပ်ဖြတ်ဖို့အကြိမ်များစွာ ကြိုးစားတိုင်းမအောင်မြင်ဘူးဆိုရင် သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး အကူအညီယူသင့်ပါတယ်။

၃) နေရောင်ခြည်ထဲသွားရင် မျက်မှန်တပ်ပါ။
အကာအကွယ်အနေနဲ့မျက်မှန်တပ်ခြင်းက သင့်မျက်လုံးကို ကာကွယ်ဖို့ကူညီပေးပါတယ်။ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြင်တွေကြောင့် သင့်မျက်လုံးပျက်စီးနိုင်ပါသေးတယ်။ နေရောင်ကို ကြာကြာထိတွေခြင်းက မျက်ကြည်လွှာကိုပျက်စီးစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ၉၉ရာခိုင်နှုန်း ဒါမှမဟုတ် ၁၀၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့မျက်မှန်မျိုးကို တပ်ဆင်ခြင်းက သင့်မျက်လုံးကို ကာကွယ်ခြင်းပါပဲ။

၄) စိတ်ချရတဲ့ မျက်မှန်မျိုးတပ်ဆင်ပါ။
သင့်ရဲ့အလုပ်ခွင်မှာ၊ ရုံးမှာ ဒါမှမဟုတ် အိမ်မှာပဲဖြစ်ဖြစ် မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ စိတ်ချရတဲ့ မျက်မှန်မျိုးတပ်ဆင်သင့်ပါတယ်။ အထူးသဖြင့် ကွန်ပျူတာသမားတွေ၊ တချို့အားကစားသမားတွေ၊ ဝရိန်အလုပ်သမားတွေဆို ပိုပြီးတပ်သင့်ပါတယ်။

၅) ကွန်ပျူတာကနေ အဝေးကို မကြာခဏကြည့်ပေးပါ။
ကွန်ပျူတာနဲ့ ဖုန်းကို အချိန်ကြာမြင့်စွာကြည့်ခြင်းက သင့်ကို မျက်လုံးကိုက်ခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ အဝေးကိုကြည့်တဲ့အခါ မမြင်ရခြင်း၊ မျက်သားခြောက်သွေ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောက်တက်ခြင်းနဲ့ နောက်ကျော၊ ပခုံးနာကျင်ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။
အဲဒါကြောင့် သင့်ရဲ့အမြင်အာရုံကို အမြဲလိုစစ်ဆေးပါ။ ပါဝါတိုးမတိုးစစ်ပြီး မျက်မှန်ကို လဲသင့်မလဲသင့် တိုင်ပင်ပါ။ မျက်လုံးကိုက်တဲ့အခါ သင့်ဆရာဝန်ကိုပြောပြပါ။ ကွန်ပျူတာအကြည့်များတဲ့အခါ မျက်မှန်လုပ်ထားပါ။ သင့်မျက်လုံးနဲ့ ကွန်ပျူတာကို အရွေ့အပြောင်းလုပ်ပေးပါ။ ပြတင်းပေါက်ကနေ တဆင့် သင့်မျက်လုံးကို အလင်းရောင်ကျရောက်တာမျိုးကို ရှောင်ပါ။ သက်တောင့်သက်သာဖြစ်စေတဲ့နေရာကိုရွေးပါ။ မျက်လုံးစပ်ခြင်း၊ မျက်သားခြောက်ခြင်းဖြစ်တဲ့ အခါ မျက်တောင်ခတ်ပေးပါ။ မျက်စဉ်းခတ်ပေးပါ။ မိနစ် ၂၀ပြည့်တိုင်း မျက်လုံးကိုအနားပေးပါ။ ၂နာရီခြားတစ်ခါ ကွန်ပျူတာကနေ အဝေးကို ကြည့်ပေးပါ။
https://www.webmd.com/eye-health/good-eyesight#1လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။