ဂေါ်ရခါးညွှန့်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ဂေါ်ရခါးညွှန့်ဟာ နှလုံးအတွက် အထောက်အကူဖြစ်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ဂေါ်ရခါးညွှန့်မှာပါဝင်တဲ့အာဟာရဓာတ်တွေက ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးအများကြီးရနိုင်ပါတယ်။


၁) နှလုံးကျန်းမာစေခြင်း
သွေးထဲမှာ အမိုင်နိုအက်ဆစ်များနေခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်ပွားနိုင်ချေများပါတယ်။ Folate နဲ့ Vitamin B ပါဝင်ခြင်းကြောင့် နှလုံးကျန်းမာစေပါတယ်။

၂) ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်ခြင်း
Antioxidants တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီပါဝင်ခြင်းကြောင့် free radicals တွေကို တိုက်ဖျက်နိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်ချေလျော့ကျစေပါတယ်။

၃) စွမ်းအင်တိုးစေခြင်း

Manganese ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ထဲရောက်တဲ့အခါ protein နဲ့ fat ကနေ စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

၄) ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ခြင်း
အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးကို ပုံမှန်လှုပ်ရှားမှုဖြစ်စေပါတယ်။

၅) သိုင်းဂျွိုက်ကျန်းမာရေးကိုအထောက်အကူပြုခြင်း
copper ပါဝင်ခြင်းက သိုင်းဂျွိုက်ကျန်းမာရေးနဲ့ ဆက်စပ်နေတာမို့ သိုင်းဂျွိုက်ကိုကျန်းမာစေပါတယ်။ ဟော်မုန်းထုတ်လုပ်ခြင်း နဲ့ စုပ်ယူခြင်းတွေကို အဓိက ပြုလုပ်ပါတယ်။

၆) ဝက်ခြံထွက်ခြင်းကိုကာကွယ်နိုင်ခြင်း
အရေပြားမှာ အဆီထုတ်လုပ်မှု ဟော်မုန်းကိုထိန်းချုပ်နိုင်တဲ့ zinc ပါဝင်ခြင်းကြောင့် ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။

၇) အရိုးသန်မာစေခြင်း
Vitamin K ဟာ အရိုးပွရောဂါနဲ့ဆက်စပ်နေပြီး Vitamin K ကြောင့် အရိုးတွေကို သန်မာစေတယ်လို့ဆိုပါတယ်။

၈) သွေးဖိအားကိုထိန်းပေးနိုင်ခြင်း
Potassium ပါဝင်ခြင်းကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။

၉) ဦးနှောက်မှတ်ဉာဏ်ကောင်းစေခြင်း
Vitamin B6 က ဘယ်လိုအသက်အရွယ်မှာမဆို မှတ်ဉာဏ်တိုးစေတယ်လို့ဆိုပါတယ်။ ဂေါ်ရခါးညွှန့်မှာ Vitamin B6 ပါဝင်ခြင်းကြောင့်ဦးနှောက်မှတ်ဉာဏ်ကောင်းစေပါတယ်။

၁၀) ကြွက်သားနာကျင်ခြင်းကိုကာကွယ်ပေးခြင်း
ကြွက်သားနာကျင်ခြင်းကို ကူညီပေးနိုင်တဲ့ Magnesium ပါဝင်တာကြောင့် ကြွက်သားနာကျင်ခြင်းတွေကို သက်သာစေပါတယ်။
https://berylsverve.wordpress.com/veggies/chayote-health-benefits-recipes/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။